La Liga Match Report Serie A

ရာသီကြိုနောက်ဆုံးပွဲစဉ်မှာ ဂျူဗင်တပ်ကို အနိုင်ယူပြီး ပထမဆုံးနိုင်ပွဲရခဲ့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ စနေနေ့ညက ကယ်လီဖိုးနီးယားမှာ ကစားခဲ့တဲ့ ဂျူဗင်တပ်နဲ့ပွဲစဉ်မှာ ကာရင် ဘန်ဇီးမား၊ အဆန်စီယိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘန်ဇီးမားဟာ ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ အစောပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ဂိုးရရှိခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဘန်ဇီးမားဟာ သိသိသာသာ လူကျွံနေခဲ့တယ်လို့ စည်းကြပ်ဒိုင်က သေချာနေခဲ့တာကြောင့် VAR ကြားဝင်စရာတောင် မလိုခဲ့တာဖြစ်ပြီး ပထမပိုင်း ၁၉ မိနစ်မှာ ဗင်နီးရှပ် ဂျူနီယာကို ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်တို့ ပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပထမပိုင်း ၄၅ မိနစ်မှာ ဘောလုံးပိုင်ဆိုင်မှု ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းရဲ့ အန္တရာယ်ရှိတဲ့ ထိုးဖောက်မှုဆိုလို့ ဘိုနူချီရဲ့ အလွတ်တည်ကန်ဘောက ဂိုးဘားတန်း ထိသွားခဲ့တဲ့တစ်ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်ကွင်းလယ်လူ ကွက်ဒရာဒိုဟာ ဒုတိယပိုင်းအစမှာ ဒီမာရီယာရဲ့ နေရာမှာ လူစားဝင်ကစားခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ အသင်းဟောင်းနဲ့ပွဲစဉ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

၆၃ မိနစ်မှာ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ကစားသမား လဲလှယ်မှု ၁၁ ခု ပြုလုပ်ခဲ့ပြီး နောက်ထပ် ၅ မိနစ်အကြာမှာ ဗလယ်ဟိုက ပင်နယ်တီဧရိယာထဲမှာ ရှိနေတဲ့ အဆန်စီယိုကို ဘောလုံးပေးပို့ခဲ့ရာမှာ စပိန်ကြယ်ပွင့်က ဒုတိယမြောက် ဦးဆောင်ဂိုးကို သက်တောင့်သက်သာ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂျူဗင်တပ်အသင်းကို အနိုင်ရရှိခဲ့တဲ့ စနေနေ့ညပွဲစဉ်မတိုင်ခင် အမေရိကရာသီကြိုပွဲစဉ်တွေမှာ အနိုင်ရရှိခဲ့ခြင်းမရှိခဲ့ဘဲ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပြီး ကလပ်အမေရိကနဲ့ သရေကျခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္အသင္းဟာ စေနေန႔ညက ကယ္လီဖိုးနီးယားမွာ ကစားခဲ့တဲ့ ဂ်ဴဗင္တပ္နဲ႔ပြဲစဥ္မွာ ကာရင္ ဘန္ဇီးမား၊ အဆန္စီယိုတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ဘန္ဇီးမားဟာ ပထမပိုင္းမွာ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ အေစာပိုင္းမွာ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ ဂိုးရရွိခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဘန္ဇီးမားဟာ သိသိသာသာ လူကြၽံေနခဲ့တယ္လို႔ စည္းၾကပ္ဒိုင္က ေသခ်ာေနခဲ့တာေၾကာင့္ VAR ၾကားဝင္စရာေတာင္ မလိုခဲ့တာျဖစ္ၿပီး ပထမပိုင္း ၁၉ မိနစ္မွာ ဗင္နီးရွပ္ ဂ်ဴနီယာကို ပင္နယ္တီဧရိယာထဲမွာ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္တို႔ ပင္နယ္တီရရွိခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ပထမပိုင္း ၄၅ မိနစ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး ဂ်ဴဗင္တပ္အသင္းရဲ႕ အႏၲရာယ္ရွိတဲ့ ထိုးေဖာက္မႈဆိုလို႔ ဘိုႏူခ်ီရဲ႕ အလြတ္တည္ကန္ေဘာက ဂိုးဘားတန္း ထိသြားခဲ့တဲ့တစ္ႀကိမ္သာ ရွိခဲ့တာ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ကြင္းလယ္လူ ကြက္ဒရာဒိုဟာ ဒုတိယပိုင္းအစမွာ ဒီမာရီယာရဲ႕ ေနရာမွာ လူစားဝင္ကစားခဲ့ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ အသင္းေဟာင္းနဲ႔ပြဲစဥ္မွာ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

၆၃ မိနစ္မွာ ရီးရဲလ္မက္ဒရစ္နည္းျပ အန္ဆယ္ေလာ့တီက ကစားသမား လဲလွယ္မႈ ၁၁ ခု ျပဳလုပ္ခဲ့ၿပီး ေနာက္ထပ္ ၅ မိနစ္အၾကာမွာ ဗလယ္ဟိုက ပင္နယ္တီဧရိယာထဲမွာ ရွိေနတဲ့ အဆန္စီယိုကို ေဘာလုံးေပးပို႔ခဲ့ရာမွာ စပိန္ၾကယ္ပြင့္က ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သက္ေတာင့္သက္သာ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ဂ်ဴဗင္တပ္အသင္းကို အႏိုင္ရရွိခဲ့တဲ့ စေနေန႔ညပြဲစဥ္မတိုင္ခင္ အေမရိကရာသီႀကိဳပြဲစဥ္ေတြမွာ အႏိုင္ရရွိခဲ့ျခင္းမရွိခဲ့ဘဲ ဘာစီလိုနာကို ရႈံးနိမ့္ခဲ့ၿပီး ကလပ္အေမရိကနဲ႔ သေရက်ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.