International

အီကွေဒါသား နိုင်ငံမှားနေတယ်လို့ စွပ်စွဲပြီး ကမ္ဘာ့ဖလား မကစားရအောင် ဖျက်နေတဲ့ ချီလီ

ချီလီဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ အမှတ်ပေးဇယားရဲ့ စတုတ္ထနေရာကနေ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့တဲ့ အီကွေဒေါလက်ရွေးစင်အသင်းကို လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားခွင့် မရှိဘူးလို့ ဖီဖာရဲ့ မူလဆုံးဖြတ်ချက်ကို ထပ်မံ အယူခံဝင် ကန့်ကွက်နေခဲ့ပြန်ပါတယ်။

အီကွေဒေါအသင်းရဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်တွေဖြစ်တဲ့ ပါရာဂွေး၊ ချီလီ၊ ဥရုဂွေး၊ ဘိုလီဗီးယား၊ ဗင်နီဇွဲလား၊ အာဂျင်တီးနားတို့နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ် ၈ ပွဲမှာ အသုံးပြုခဲ့တဲ့ တောင်ပံကစားသမား ဘိုင်ရွန် ကက်စတီယိုဟာ နိုင်ငံသားတစ်ယောက် မဟုတ်ဘဲ ကိုလံဘီယာသားဖြစ်နေကြောင်း ချီလီဘက်က ပြဿနာရှာခဲ့တာဖြစ်ပြီး တကယ်တော့ ပြဿနာက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

ဖီဖာဘက်က စုံစမ်းမှုတွေ ပြုလုပ်အပြီးမှာ ကက်စတီယိုကို ဆက်လက်ကစားခွင့်ပေးခဲ့ပေမယ့် ချီလီကတော့ တောက်လျှောက်ပြဿနာရှာနေခဲ့ပြီး အဆင့် ၇ နဲ့ ခြေစစ်ပွဲ မအောင်တော့ချိန်မှာတော့ ကန့်ကွက်မှုက ပိုမိုဆိုးရွားလာခဲ့သလို ဒီအမှုကိုတော့ ဖီဖာက ဇွန်လ ၁၀ ရက်နေ့မှာ ပိတ်သိမ်းခဲ့ပြီး အီကွေဒေါဘက်က ရပ်တည်ခဲ့တာပါ။

တောင်အမေရိကဇုန်က ထိပ်ဆုံးလေးသင်းဖြစ်တဲ့ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ဥရုဂွေးနဲ့ အီကွေဒေါတို့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပြီး ကာတာရဲ့ အုပ်စုအဆင့်ကနေ ကစားခွင့် ရခဲ့ချိန်မှာ အဆင့် ၅ က ပီရူးကတော့ Play-off မှာ ဩစတေးလျကို ပင်နယ်တီနဲ့ ရှုံးနိမ့်သွားခဲ့ပြီး အားလုံး အခြေတကျ ဖြစ်နေခဲ့ချိန်မှာ ချီလီတို့ တစ်စခန်းထလာခဲ့တာဖြစ်ပါတယ်။

သခွတ်ပင်က မီးတကျီကျီလုပ်နေတဲ့ ချီလီတို့ရဲ့ လုပ်ရပ်ကတော့ ရှက်စရာကောင်းတယ်လို့ပဲ သုံးသပ်ရမှာဖြစ်ပြီး အီကွေဒေါကို ခြေစစ်ပွဲက ထုတ်ရင် အကျိုးသက်ရောက်မယ့် အဆင့် ၅ နဲ့ ၆ က ပီရူးနဲ့ ကိုလံဘီယာတို့ကတောင် တစ်စုံတစ်ရာ မပြောဘဲ နှုတ်ဆိတ်နေချိန်မှာ အဆင့် ၇ က အသင်းက ထပြီး ပြဿနာရှာတာကတော့ ကိုယ်အမြီးပြတ်သလို သူများကို ပြတ်စေချင်တဲ့ မြေခွေးနဲ့ပဲ အလားသဏ္ဍာန် တူနေခဲ့တာပါ။

ဒီလိုမျိုးသာ လုပ်ကြေးဆိုရင် တောင်အမေရိက ခြေစစ်ပွဲစဉ် ၆ အဖြစ် ကစားခဲ့တဲ့ ဘရာဇီးလ်မြေက ဘရာဇီးလ်-အာဂျင်တီးနားပွဲဟာ ခုထက်ထိ ပြန်မကစားရသေးတာဖြစ်ချိန်မှာ အာဂျင်တီးနားတို့က ဒီပွဲကိုသာ သူတို့နိုင်ခဲ့ရင် ဘရာဇီးလ်တွေ စိတ်ဓာတ်ပျက်ပြားပြီး အဆင့် ၁ က ပြုတ်သွားမယ်ဆိုပြီး တရားပြန်စွဲရင်တောင် ဖီဖာအနေနဲ့ လက်ခံပေးရမလိုဖြစ်နေခဲ့ပါသေးတယ်။

ဒါကြောင့် ချီလီတို့အနေနဲ့ ဘယ်သူ့မှ အကျိုးမရှိတဲ့ ကိစ္စကို အမုန်းတရားနဲ့ စိတ်ဓာတ်ညံ့ဖျင်းမှု အကြောင်းခံပြီး ပြဿနာရှာနေခဲ့တာဟာ ဘောလုံးလောကနဲ့ တောင်အမေရိက အသိုင်းအဝိုင်းအတွက်တော့ သိက္ခာကျ မျက်နှာပျက်စရာ ကိစ္စတစ်ခုဖြစ်နေတာကြောင့် ဘယ်သူကများ ဒီဆိုးဆိုးရွားရွား အငြင်းသန်သူတွေရဲ့ ပါးစပ်ကို ပိတ်ပေးနိုင်မလဲဆိုတာ စိတ်ညစ်ညစ်နဲ့ ညည်းတွားရမလိုဖြစ်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ီလီေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ ၿပီးခဲ့တဲ့ ေတာင္အေမရိကဇုန္ ေျခစစ္ပြဲမွာ အမွတ္ေပးဇယားရဲ႕ စတုတၳေနရာကေန တိုက္႐ိုက္ေျခစစ္ပြဲေအာင္ခဲ့တဲ့ အီေကြေဒါလက္ေ႐ြးစင္အသင္းကို လာမယ့္ ၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကစားခြင့္ မရွိဘူးလို႔ ဖီဖာရဲ႕ မူလဆုံးျဖတ္ခ်က္ကို ထပ္မံ အယူခံဝင္ ကန႔္ကြက္ေနခဲ့ျပန္ပါတယ္။

အီေကြေဒါအသင္းရဲ႕ ေတာင္အေမရိကဇုန္ ေျခစစ္ပြဲစဥ္ေတြျဖစ္တဲ့ ပါရာေဂြး၊ ခ်ီလီ၊ ဥ႐ုေဂြး၊ ဘိုလီဗီးယား၊ ဗင္နီဇြဲလား၊ အာဂ်င္တီးနားတို႔နဲ႔ ေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္ ၈ ပြဲမွာ အသုံးျပဳခဲ့တဲ့ ေတာင္ပံကစားသမား ဘိုင္႐ြန္ ကက္စတီယိုဟာ ႏိုင္ငံသားတစ္ေယာက္ မဟုတ္ဘဲ ကိုလံဘီယာသားျဖစ္ေနေၾကာင္း ခ်ီလီဘက္က ျပႆနာရွာခဲ့တာျဖစ္ၿပီး တကယ္ေတာ့ ျပႆနာက ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကတည္းက စတင္ခဲ့တာျဖစ္ပါတယ္။

ဖီဖာဘက္က စုံစမ္းမႈေတြ ျပဳလုပ္အၿပီးမွာ ကက္စတီယိုကို ဆက္လက္ကစားခြင့္ေပးခဲ့ေပမယ့္ ခ်ီလီကေတာ့ ေတာက္ေလွ်ာက္ျပႆနာရွာေနခဲ့ၿပီး အဆင့္ ၇ နဲ႔ ေျခစစ္ပြဲ မေအာင္ေတာ့ခ်ိန္မွာေတာ့ ကန႔္ကြက္မႈက ပိုမိုဆိုး႐ြားလာခဲ့သလို ဒီအမႈကိုေတာ့ ဖီဖာက ဇြန္လ ၁၀ ရက္ေန႔မွာ ပိတ္သိမ္းခဲ့ၿပီး အီေကြေဒါဘက္က ရပ္တည္ခဲ့တာပါ။

ေတာင္အေမရိကဇုန္က ထိပ္ဆုံးေလးသင္းျဖစ္တဲ့ ဘရာဇီးလ္၊ အာဂ်င္တီးနား၊ ဥ႐ုေဂြးနဲ႔ အီေကြေဒါတို႔ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ခဲ့ၿပီး ကာတာရဲ႕ အုပ္စုအဆင့္ကေန ကစားခြင့္ ရခဲ့ခ်ိန္မွာ အဆင့္ ၅ က ပီ႐ူးကေတာ့ Play-off မွာ ဩစေတးလ်ကို ပင္နယ္တီနဲ႔ ရႈံးနိမ့္သြားခဲ့ၿပီး အားလုံး အေျခတက် ျဖစ္ေနခဲ့ခ်ိန္မွာ ခ်ီလီတို႔ တစ္စခန္းထလာခဲ့တာျဖစ္ပါတယ္။

သခြတ္ပင္က မီးတက်ီက်ီလုပ္ေနတဲ့ ခ်ီလီတို႔ရဲ႕ လုပ္ရပ္ကေတာ့ ရွက္စရာေကာင္းတယ္လို႔ပဲ သုံးသပ္ရမွာျဖစ္ၿပီး အီေကြေဒါကို ေျခစစ္ပြဲက ထုတ္ရင္ အက်ိဳးသက္ေရာက္မယ့္ အဆင့္ ၅ နဲ႔ ၆ က ပီ႐ူးနဲ႔ ကိုလံဘီယာတို႔ကေတာင္ တစ္စုံတစ္ရာ မေျပာဘဲ ႏႈတ္ဆိတ္ေနခ်ိန္မွာ အဆင့္ ၇ က အသင္းက ထၿပီး ျပႆနာရွာတာကေတာ့ ကိုယ္အၿမီးျပတ္သလို သူမ်ားကို ျပတ္ေစခ်င္တဲ့ ေျမေခြးနဲ႔ပဲ အလားသ႑ာန္ တူေနခဲ့တာပါ။

ဒီလိုမ်ိဳးသာ လုပ္ေၾကးဆိုရင္ ေတာင္အေမရိက ေျခစစ္ပြဲစဥ္ ၆ အျဖစ္ ကစားခဲ့တဲ့ ဘရာဇီးလ္ေျမက ဘရာဇီးလ္-အာဂ်င္တီးနားပြဲဟာ ခုထက္ထိ ျပန္မကစားရေသးတာျဖစ္ခ်ိန္မွာ အာဂ်င္တီးနားတို႔က ဒီပြဲကိုသာ သူတို႔ႏိုင္ခဲ့ရင္ ဘရာဇီးလ္ေတြ စိတ္ဓာတ္ပ်က္ျပားၿပီး အဆင့္ ၁ က ျပဳတ္သြားမယ္ဆိုၿပီး တရားျပန္စြဲရင္ေတာင္ ဖီဖာအေနနဲ႔ လက္ခံေပးရမလိုျဖစ္ေနခဲ့ပါေသးတယ္။

ဒါေၾကာင့္ ခ်ီလီတို႔အေနနဲ႔ ဘယ္သူ႔မွ အက်ိဳးမရွိတဲ့ ကိစၥကို အမုန္းတရားနဲ႔ စိတ္ဓာတ္ညံ့ဖ်င္းမႈ အေၾကာင္းခံၿပီး ျပႆနာရွာေနခဲ့တာဟာ ေဘာလုံးေလာကနဲ႔ ေတာင္အေမရိက အသိုင္းအဝိုင္းအတြက္ေတာ့ သိကၡာက် မ်က္ႏွာပ်က္စရာ ကိစၥတစ္ခုျဖစ္ေနတာေၾကာင့္ ဘယ္သူကမ်ား ဒီဆိုးဆိုး႐ြား႐ြား အျငင္းသန္သူေတြရဲ႕ ပါးစပ္ကို ပိတ္ေပးႏိုင္မလဲဆိုတာ စိတ္ညစ္ညစ္နဲ႔ ညည္းတြားရမလိုျဖစ္ေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.