Analysis International

ဝင်ဘလီက ယူရိုအမျိုးသမီးဖိုင်နယ်မှာ ဗိုလ်စွဲမှာက အင်္ဂလန်လား ဂျာမနီလား

နည်းပြသစ် ဆာရီနာ ဗီးဂ်မန်းရဲ့ လက်ထဲမှာ စိတ်ဓာတ်တက်နေတဲ့ အင်္ဂလန်အမျိုးသမီးအသင်းနဲ့ ယူရိုပြိုင်ပွဲတွေမှာ အစဉ်အလာအကြီးမားဆုံး ဂျာမနီအမျိုးသမီးအသင်းတို့ ဒီလ ၃၁ ရက်နေ့ ညမှာ ဗိုလ်လုကြတော့မှာဖြစ်ပြီး ဝင်ဘလီကွင်းမှာ ကျင်းပမယ့် ပွဲစဉ်ဟာ အမျိုးသားဘောလုံးပွဲတွေကိုပဲ စောင့်ကြည့်သူတွေအတွက်တောင် ပြောင်းလဲအားပေးဖို့ ထိုက်တန်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်နေပါတယ်။

ဂျာမနီအသင်းဟာ ဒီပြိုင်ပွဲမှာ ၁၁ ကြိမ် ပါဝင်ကစားထားပြီး ၈ ကြိမ် ဗိုလ်စွဲထားတာကတော့ သူတို့ရဲ့ မယုံနိုင်လောက်အောင် အောင်မြင်ခဲ့တဲ့ စံချိန်ဖြစ်သလို အနိမ့်ဆုံးအနေနဲ့ ဆီမီးဖိုင်နယ်ရောက်လေ့ရှိတဲ့ အသင်းလည်းဖြစ်ပြီး ဗိုလ်လုပွဲရောက်တိုင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းအနေနဲ့ ဒီတစ်ခါမှာ ၉ ကြိမ်မြောက် ဖိုင်နယ်ကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

ပြိုင်ပွဲကို ၁၉၉၅ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ကျင်းပတဲ့ ၆ ကြိမ်မှာ ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေ ပေါ်ထွက်ရာ ဂျာမနီအသင်းဟာ အင်ကာ ဂရင်းစ်၊ ဘာဂျစ် ပရင့်ဇ်တို့နဲ့အတူ လူသိများခဲ့ပြီး ဒီနှစ်ဦးကတော့ ယူရိုပြိုင်ပွဲတွေမှာ စံချိန်တင် ၁၀ ဂိုးစီ ရယူထားခဲ့တဲ့ ကစားသမားတွေဖြစ်နေတာပါ။

ဒီအချိန်မှာ အင်္ဂလန်ကတော့ ၁၉၈၄ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ ဖိုင်နယ်နှစ်ကြိမ် ရောက်ရှိခဲ့ဖူးပြီး နှစ်ကြိမ်စလုံးမှာ ရှုံးနိမ့်ခဲ့သလို နာမည်ကြီးသလောက် စိတ်ဓာတ်ပျော့တဲ့ အသင်းမျိုးဖြစ်ခဲ့သလို နည်းပြဟောင်း ဖီးလ် နဗီးလ်လက်ထက်မှာလည်း အသင်းကြီးတစ်သင်းလို့ မဆိုနိုင်အောင် နိုင်ပွဲရာခိုင်နှုန်းက ၅၄.၃ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး လက်ရှိနည်းပြ ဗီးဂ်မန်းလက်ထဲမှာတော့ ၁၃ နှစ်ကြာမှ ဖိုင်နယ်ကို ပြန်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းကို ၂၀၁၇ ယူရိုဖလား ယူပေးခဲ့တဲ့ ဗီးဂ်မန်းရဲ့ လက်ထဲမှာ အင်္ဂလန်အသင်းဟာ နိုင်ပွဲရာခိုင်နှုန်း ၈၉.၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲစုံမှာ ရှုံးပွဲတစ်ပွဲမှ မရှိသေးသလို ဒီအချက်ကတော့ သူတို့ရဲ့ ကိုယ့်မြေကိုယ့်ရေက ပြိုင်ပွဲခရီးလမ်းမှာ ဂျာမနီအသင်းကို ကျော်ဖြတ်သွားဖို့ စိတ်ဓာတ်ခွန်အားကောင်းလည်းဖြစ်နေနိုင်တာပါ။

ခြေစွမ်းအရတော့ အင်္ဂလန်အသင်းအနေနဲ့ ညက်ညောတဲ့ နည်းစနစ်ပိုင်းအသားပေး ကစားဟန်ကို ပိုင်ဆိုင်ထားသလို တိုက်စစ်ပိုင်းမှာ ဘက်သ် မိဒ်၊ အလက်စီယာ ရူဆိုနဲ့ လော်ရင် ဟမ့်ပ်တို့ ခြေစွမ်းပြနေနိုင်ပြီး ကွင်းလယ်မှာလည်း ဂျော်ဂျာ စတန်ဝေး၊ ဖရန် ကာဘီနဲ့ ကီရာ ဝဲ့လ်ရှ်တို့က ဆရာကျသလို ခံစစ်ကတော့ သာမန်အဆင့်သာဖြစ်ချိန်မှာ ဂိုးသမား မေရီ အာ့ပ်စ်ကတော့ လက်စွမ်းတည်ငြိမ်သူဖြစ်ပါတယ်။

ဂျာမနီကတော့ အသင်းလိုက် အင်အားသုံးကစားတဲ့ ခပ်ကြမ်းကြမ်း ဟန်ပန်ကို ပိုင်ဆိုင်ထားပြီး ကွင်းလယ်ဖန်တီးရှင် ဆာရာ ဒဲဘရစ်ဇ်ရှေ့က တောင်ပံကစားသမားကောင်းတွေဖြစ်ကြတဲ့ ဆဗန်ယာ ဟုထ်၊ ယူးလ် ဘရန်းဒ်တို့က ပြိုင်ဘက်ရဲ့ ဘယ်ညာနောက်ခံလူတွေကို အလုပ်ရှုပ်စေချိန်မှာ ဂိုးသွင်းဘုရင် အလက်ဇန်ဒရာ ပေါ့ပ်ကတော့ ဘယ်သူမှ မရဖူးသေးတဲ့ ၅ ပွဲဆက် ဂိုးသွင်းစံချိန်နဲ့ Fox in the Box လို့ ဆိုရမယ့် အဆုံးသတ်သမားကောင်းဖြစ်နေခဲ့တာပါ။

နှစ်သင်းရဲ့ တိုက်စစ်အင်အားကို နှိုင်းယှဉ်ရရင်တော့ ဂိုးသွင်းဘုရင်တွေဖြစ်တဲ့ မိဒ်နဲ့ ပေါ့ပ်တို့ကို အဓိက ကြည့်ရမှာဖြစ်ပြီး ပေါ့ပ်က Talisman အဆောင်လက်ဖွဲ့လို့ ခေါ်တဲ့ အင်မတန်မှ ပါးနပ်ပြီး ပွဲကြီးတိုးတဲ့ အဖြေပြောင်းလဲနိုင်သူ ကစားသမားဖြစ်နေချိန်မှာ မိဒ်ကတော့ သာယာစီး ကစားသမားဖြစ်နေပြီး ခက်ခဲတဲ့ ပြိုင်ဘက် စပိန်နဲ့ပွဲမှာ မြုပ်နေခဲ့လို့ ဂိုးမရဘဲ လူစားလဲခဲ့ရသလို ဂျာမနီကိုရော ဂိုးသွင်းနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။

တိုက်စစ်အတွဲအဖက်တွေကို ကြည့်ရင်တော့ ဘယ်ခြမ်းက ဟမ့်ပ်ရဲ့ လျင်မြန်မှုက အင်္ဂလန်တိုက်စစ်ရဲ့ အသက်ဖြစ်နေပြီး အယ်လင် ဝှိုက်နေရာကို ရူဆို ဝင်လာမှ ရင်ခုန်စရာဖြစ်တော့ချိန်မှာ ညာခြမ်းက မိဒ်အနေနဲ့ အရင်ပွဲတွေကထက် ပိုမိုခက်ခဲတဲ့ မှတ်ကျောက်တင်မှုနဲ့ ကြုံတွေ့ရနိုင်သလို ကြမ်းတမ်းတဲ့ ဂျာမနီရဲ့ ကွင်းလယ်ကို အကောင်သေးတဲ့ ကာဘီ၊ စတန်ဝေးတို့ အုပ်စုက ကျော်ဖြတ်ဖန်တီးပေးနိုင်ပါ့မလားလည်း စဉ်းစားရမှာပါ။

ဂျာမနီရဲ့ တောင်ပံတွေကတော့ အင်္ဂလန်ရဲ့ လူစီ ဘရွန့်ဇ်၊ ရေချယ် ဒေလီတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တိုက်စစ်မှူး ပေါ့ပ်ကိုတော့ လီယာ ဝီလီယမ်ဆန်နဲ့ မီလီ ဘရိုက်တို့ လန်ဒန်ခံစစ်မှူးတွေ ထိန်းနိုင်မလား ကြည့်ရမှာပါ။ ဆွီဒင်နဲ့ပွဲက ပုံစံအရတော့ ဒေလီမှာ ပြဿနာကြီးကြီးမားမား မရှိပေမယ့် ညာနောက်ခံလူ ဘရွန့်ဇ်ရဲ့ ခံစစ်ပိုင်း နေရာယူပုံက စုတ်ပြတ်လွန်းနေပြီး ဒါက ဘယ်ခြမ်းကို ပိုယိမ်းတဲ့ ပေါ့ပ်နဲ့ ဘရန်းဒ်တို့အတွက် အကွက်ကောင်းဖြစ်လာနိုင်ပါတယ်။

မန်စီးတီးနောက်ခံလူ ဘရွန့်ဇ်ဟာ တိုက်စစ်လိုက်ပါမှု ကောင်းမွန်ပေမယ့် ခံစစ်မှာတော့ အင်္ဂလန်ရဲ့ အကြီးဆုံး ရန်သူလို့ ဆိုရလောက်အောင်ဖြစ်နေခဲ့ပြီး အတက်အဆင်း မမှန်မှု၊ တိုင်မင် မကိုက်မှု၊ အဖျက်မပိုင်မှုနဲ့ တစ်ဖက်တောင်ပံသမားတွေရဲ့ Blind Side Run တွေကို မသုံးသပ်နိုင်မှုတွေက ဆွီဒင်နဲ့ပွဲမှာ ဘူးပေါ်သလို ပေါ်ခဲ့ပြီး ဂိုးသမား အာ့ပ်စ်သာ မကောင်းရင် သူ့နေရာကနေ အင်္ဂလန်တို့ သုံးဂိုးလောက် ခွင့်ပြုခဲ့ရနိုင်တာပါ။

ဒါကြောင့် ဂျာမနီနဲ့ပွဲမှာ အင်္ဂလန်တို့ ဂိုးပေးရဖို့က သေချာနေပြီး တိုက်စစ်ပိုင်းကနေ ဂိုးပိုသွင်းနိုင်မှ အနိုင်ရနိုင်မယ့် အနေအထားမှာ ရှိနေခဲ့သလို နည်းပြ ဆာရီနာ ဗီးဂ်မန်းအနေနဲ့ ကိုယ့်အသင်းရဲ့ အားနည်းချက်ကို မြင်ပြီး မန်စီးတီးတိုက်စစ်မှူး ဝှိုက်အစား ဂိုးတွေ သွင်းဖို့ ရဲရင့်ယုံကြည်တဲ့ မန်ယူနိုက်တက်တိုက်စစ်မှူး ရူဆိုကို ပွဲထုတ်ခဲ့ရင်တော့ စောစောစီးစီးကတည်းက ပွဲက ပိုကောင်းမယ့် လက္ခဏာ ရှိနေပါတယ်။

အင်္ဂလန်ရဲ့ လက်ရှိဗျူဟာကတော့ ပထမပိုင်းမှာ ၃၃ နှစ်သမီးကြီး အယ်လင် ဝှိုက်နဲ့ တစ်ဖက်အသင်းခံစစ်ကို ပင်ပန်းအောင်လုပ်ပြီးမှ ပိုပြီးသွက်လက်တဲ့ ရူဆိုကို ဒုတိယပိုင်းမှာ ထည့်သွင်းတတ်တာဖြစ်ပြီး ယူရိုပြိုင်ပွဲမှာ တစ်ပွဲမှ ပွဲထွက်စတင်ခွင့် မရသေးတဲ့ အသက် ၂၃ နှစ်အရွယ် အီတလီနွယ်ဖွား တိုက်စစ်မှူးဟာ ၅ ပွဲ လူစားဝင်ပြီးချိန်မှာ ၄ ဂိုး ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၂ ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်တွေဖြစ်တဲ့ မိဒ်နဲ့ ပေါ့ပ်တို့ကတော့ ၅ ပွဲမှာ ၆ ဂိုး ရရှိထားခဲ့ပြီး ဒါက ယူရိုပွဲတွေရဲ့ အမြင့်ဆုံးစံချိန်ကို လိုက်မီခဲ့ကြသလို သူတို့ထဲက တစ်ဦးက ဂိုးသွင်းနိုင်တာနဲ့ စံချိန်သစ်ကို ရယူနိုင်ဖို့ရှိနေချိန်မှာ ပရိသတ်တွေအတွက်တော့ ဂျာမနီတို့ပဲ ၉ ကြိမ်မြောက် ဗိုလ်စွဲနိုင်မလား၊ အင်္ဂလန်တို့ ကိုယ့်မြေ ကိုယ့်ရေ အိမ်ကွင်းမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်မလားဆိုတာ တနင်္ဂနွေနေ့ညမှာ တွေ့မြင်ရမှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နည္းျပသစ္ ဆာရီနာ ဗီးဂ္မန္းရဲ႕ လက္ထဲမွာ စိတ္ဓာတ္တက္ေနတဲ့ အဂၤလန္အမ်ိဳးသမီးအသင္းနဲ႔ ယူ႐ိုၿပိဳင္ပြဲေတြမွာ အစဥ္အလာအႀကီးမားဆုံး ဂ်ာမနီအမ်ိဳးသမီးအသင္းတို႔ ဒီလ ၃၁ ရက္ေန႔ ညမွာ ဗိုလ္လုၾကေတာ့မွာျဖစ္ၿပီး ဝင္ဘလီကြင္းမွာ က်င္းပမယ့္ ပြဲစဥ္ဟာ အမ်ိဳးသားေဘာလုံးပြဲေတြကိုပဲ ေစာင့္ၾကည့္သူေတြအတြက္ေတာင္ ေျပာင္းလဲအားေပးဖို႔ ထိုက္တန္တဲ့ ပြဲစဥ္တစ္ပြဲျဖစ္ေနပါတယ္။

ဂ်ာမနီအသင္းဟာ ဒီၿပိဳင္ပြဲမွာ ၁၁ ႀကိမ္ ပါဝင္ကစားထားၿပီး ၈ ႀကိမ္ ဗိုလ္စြဲထားတာကေတာ့ သူတို႔ရဲ႕ မယုံႏိုင္ေလာက္ေအာင္ ေအာင္ျမင္ခဲ့တဲ့ စံခ်ိန္ျဖစ္သလို အနိမ့္ဆုံးအေနနဲ႔ ဆီမီးဖိုင္နယ္ေရာက္ေလ့ရွိတဲ့ အသင္းလည္းျဖစ္ၿပီး ဗိုလ္လုပြဲေရာက္တိုင္းမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ အသင္းအေနနဲ႔ ဒီတစ္ခါမွာ ၉ ႀကိမ္ေျမာက္ ဖိုင္နယ္ကို ေရာက္ရွိခဲ့တာလည္းျဖစ္ပါတယ္။

ၿပိဳင္ပြဲကို ၁၉၉၅ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အတြင္း က်င္းပတဲ့ ၆ ႀကိမ္မွာ ဆက္တိုက္ ဗိုလ္စြဲထားခဲ့တဲ့ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားေတြ ေပၚထြက္ရာ ဂ်ာမနီအသင္းဟာ အင္ကာ ဂရင္းစ္၊ ဘာဂ်စ္ ပရင့္ဇ္တို႔နဲ႔အတူ လူသိမ်ားခဲ့ၿပီး ဒီႏွစ္ဦးကေတာ့ ယူ႐ိုၿပိဳင္ပြဲေတြမွာ စံခ်ိန္တင္ ၁၀ ဂိုးစီ ရယူထားခဲ့တဲ့ ကစားသမားေတြျဖစ္ေနတာပါ။

ဒီအခ်ိန္မွာ အဂၤလန္ကေတာ့ ၁၉၈၄ နဲ႔ ၂၀၀၉ ခုႏွစ္ေတြမွာ ဖိုင္နယ္ႏွစ္ႀကိမ္ ေရာက္ရွိခဲ့ဖူးၿပီး ႏွစ္ႀကိမ္စလုံးမွာ ရႈံးနိမ့္ခဲ့သလို နာမည္ႀကီးသေလာက္ စိတ္ဓာတ္ေပ်ာ့တဲ့ အသင္းမ်ိဳးျဖစ္ခဲ့သလို နည္းျပေဟာင္း ဖီးလ္ နဗီးလ္လက္ထက္မွာလည္း အသင္းႀကီးတစ္သင္းလို႔ မဆိုႏိုင္ေအာင္ ႏိုင္ပြဲရာခိုင္ႏႈန္းက ၅၄.၃ ရာခိုင္ႏႈန္းသာ ရွိခဲ့ၿပီး လက္ရွိနည္းျပ ဗီးဂ္မန္းလက္ထဲမွာေတာ့ ၁၃ ႏွစ္ၾကာမွ ဖိုင္နယ္ကို ျပန္ေရာက္ခဲ့တာလည္းျဖစ္ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္အသင္းကို ၂၀၁၇ ယူ႐ိုဖလား ယူေပးခဲ့တဲ့ ဗီးဂ္မန္းရဲ႕ လက္ထဲမွာ အဂၤလန္အသင္းဟာ ႏိုင္ပြဲရာခိုင္ႏႈန္း ၈၉.၅ ရာခိုင္ႏႈန္းအထိ ပိုင္ဆိုင္ထားၿပီး ၿပိဳင္ပြဲစုံမွာ ရႈံးပြဲတစ္ပြဲမွ မရွိေသးသလို ဒီအခ်က္ကေတာ့ သူတို႔ရဲ႕ ကိုယ့္ေျမကိုယ့္ေရက ၿပိဳင္ပြဲခရီးလမ္းမွာ ဂ်ာမနီအသင္းကို ေက်ာ္ျဖတ္သြားဖို႔ စိတ္ဓာတ္ခြန္အားေကာင္းလည္းျဖစ္ေနႏိုင္တာပါ။

ေျခစြမ္းအရေတာ့ အဂၤလန္အသင္းအေနနဲ႔ ညက္ေညာတဲ့ နည္းစနစ္ပိုင္းအသားေပး ကစားဟန္ကို ပိုင္ဆိုင္ထားသလို တိုက္စစ္ပိုင္းမွာ ဘက္သ္ မိဒ္၊ အလက္စီယာ ႐ူဆိုနဲ႔ ေလာ္ရင္ ဟမ့္ပ္တို႔ ေျခစြမ္းျပေနႏိုင္ၿပီး ကြင္းလယ္မွာလည္း ေဂ်ာ္ဂ်ာ စတန္ေဝး၊ ဖရန္ ကာဘီနဲ႔ ကီရာ ဝဲ့လ္ရွ္တို႔က ဆရာက်သလို ခံစစ္ကေတာ့ သာမန္အဆင့္သာျဖစ္ခ်ိန္မွာ ဂိုးသမား ေမရီ အာ့ပ္စ္ကေတာ့ လက္စြမ္းတည္ၿငိမ္သူျဖစ္ပါတယ္။

ဂ်ာမနီကေတာ့ အသင္းလိုက္ အင္အားသုံးကစားတဲ့ ခပ္ၾကမ္းၾကမ္း ဟန္ပန္ကို ပိုင္ဆိုင္ထားၿပီး ကြင္းလယ္ဖန္တီးရွင္ ဆာရာ ဒဲဘရစ္ဇ္ေရွ႕က ေတာင္ပံကစားသမားေကာင္းေတြျဖစ္ၾကတဲ့ ဆဗန္ယာ ဟုထ္၊ ယူးလ္ ဘရန္းဒ္တို႔က ၿပိဳင္ဘက္ရဲ႕ ဘယ္ညာေနာက္ခံလူေတြကို အလုပ္ရႈပ္ေစခ်ိန္မွာ ဂိုးသြင္းဘုရင္ အလက္ဇန္ဒရာ ေပါ့ပ္ကေတာ့ ဘယ္သူမွ မရဖူးေသးတဲ့ ၅ ပြဲဆက္ ဂိုးသြင္းစံခ်ိန္နဲ႔ Fox in the Box လို႔ ဆိုရမယ့္ အဆုံးသတ္သမားေကာင္းျဖစ္ေနခဲ့တာပါ။

ႏွစ္သင္းရဲ႕ တိုက္စစ္အင္အားကို ႏႈိင္းယွဥ္ရရင္ေတာ့ ဂိုးသြင္းဘုရင္ေတြျဖစ္တဲ့ မိဒ္နဲ႔ ေပါ့ပ္တို႔ကို အဓိက ၾကည့္ရမွာျဖစ္ၿပီး ေပါ့ပ္က Talisman အေဆာင္လက္ဖြဲ႕လို႔ ေခၚတဲ့ အင္မတန္မွ ပါးနပ္ၿပီး ပြဲႀကီးတိုးတဲ့ အေျဖေျပာင္းလဲႏိုင္သူ ကစားသမားျဖစ္ေနခ်ိန္မွာ မိဒ္ကေတာ့ သာယာစီး ကစားသမားျဖစ္ေနၿပီး ခက္ခဲတဲ့ ၿပိဳင္ဘက္ စပိန္နဲ႔ပြဲမွာ ျမဳပ္ေနခဲ့လို႔ ဂိုးမရဘဲ လူစားလဲခဲ့ရသလို ဂ်ာမနီကိုေရာ ဂိုးသြင္းႏိုင္ပါ့မလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနခဲ့ပါတယ္။

တိုက္စစ္အတြဲအဖက္ေတြကို ၾကည့္ရင္ေတာ့ ဘယ္ျခမ္းက ဟမ့္ပ္ရဲ႕ လ်င္ျမန္မႈက အဂၤလန္တိုက္စစ္ရဲ႕ အသက္ျဖစ္ေနၿပီး အယ္လင္ ဝႈိက္ေနရာကို ႐ူဆို ဝင္လာမွ ရင္ခုန္စရာျဖစ္ေတာ့ခ်ိန္မွာ ညာျခမ္းက မိဒ္အေနနဲ႔ အရင္ပြဲေတြကထက္ ပိုမိုခက္ခဲတဲ့ မွတ္ေက်ာက္တင္မႈနဲ႔ ႀကဳံေတြ႕ရႏိုင္သလို ၾကမ္းတမ္းတဲ့ ဂ်ာမနီရဲ႕ ကြင္းလယ္ကို အေကာင္ေသးတဲ့ ကာဘီ၊ စတန္ေဝးတို႔ အုပ္စုက ေက်ာ္ျဖတ္ဖန္တီးေပးႏိုင္ပါ့မလားလည္း စဥ္းစားရမွာပါ။

ဂ်ာမနီရဲ႕ ေတာင္ပံေတြကေတာ့ အဂၤလန္ရဲ႕ လူစီ ဘ႐ြန႔္ဇ္၊ ေရခ်ယ္ ေဒလီတို႔နဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး တိုက္စစ္မႉး ေပါ့ပ္ကိုေတာ့ လီယာ ဝီလီယမ္ဆန္နဲ႔ မီလီ ဘ႐ိုက္တို႔ လန္ဒန္ခံစစ္မႉးေတြ ထိန္းႏိုင္မလား ၾကည့္ရမွာပါ။ ဆြီဒင္နဲ႔ပြဲက ပုံစံအရေတာ့ ေဒလီမွာ ျပႆနာႀကီးႀကီးမားမား မရွိေပမယ့္ ညာေနာက္ခံလူ ဘ႐ြန႔္ဇ္ရဲ႕ ခံစစ္ပိုင္း ေနရာယူပုံက စုတ္ျပတ္လြန္းေနၿပီး ဒါက ဘယ္ျခမ္းကို ပိုယိမ္းတဲ့ ေပါ့ပ္နဲ႔ ဘရန္းဒ္တို႔အတြက္ အကြက္ေကာင္းျဖစ္လာႏိုင္ပါတယ္။

မန္စီးတီးေနာက္ခံလူ ဘ႐ြန႔္ဇ္ဟာ တိုက္စစ္လိုက္ပါမႈ ေကာင္းမြန္ေပမယ့္ ခံစစ္မွာေတာ့ အဂၤလန္ရဲ႕ အႀကီးဆုံး ရန္သူလို႔ ဆိုရေလာက္ေအာင္ျဖစ္ေနခဲ့ၿပီး အတက္အဆင္း မမွန္မႈ၊ တိုင္မင္ မကိုက္မႈ၊ အဖ်က္မပိုင္မႈနဲ႔ တစ္ဖက္ေတာင္ပံသမားေတြရဲ႕ Blind Side Run ေတြကို မသုံးသပ္ႏိုင္မႈေတြက ဆြီဒင္နဲ႔ပြဲမွာ ဘူးေပၚသလို ေပၚခဲ့ၿပီး ဂိုးသမား အာ့ပ္စ္သာ မေကာင္းရင္ သူ႔ေနရာကေန အဂၤလန္တို႔ သုံးဂိုးေလာက္ ခြင့္ျပဳခဲ့ရႏိုင္တာပါ။

ဒါေၾကာင့္ ဂ်ာမနီနဲ႔ပြဲမွာ အဂၤလန္တို႔ ဂိုးေပးရဖို႔က ေသခ်ာေနၿပီး တိုက္စစ္ပိုင္းကေန ဂိုးပိုသြင္းႏိုင္မွ အႏိုင္ရႏိုင္မယ့္ အေနအထားမွာ ရွိေနခဲ့သလို နည္းျပ ဆာရီနာ ဗီးဂ္မန္းအေနနဲ႔ ကိုယ့္အသင္းရဲ႕ အားနည္းခ်က္ကို ျမင္ၿပီး မန္စီးတီးတိုက္စစ္မႉး ဝႈိက္အစား ဂိုးေတြ သြင္းဖို႔ ရဲရင့္ယုံၾကည္တဲ့ မန္ယူႏိုက္တက္တိုက္စစ္မႉး ႐ူဆိုကို ပြဲထုတ္ခဲ့ရင္ေတာ့ ေစာေစာစီးစီးကတည္းက ပြဲက ပိုေကာင္းမယ့္ လကၡဏာ ရွိေနပါတယ္။

အဂၤလန္ရဲ႕ လက္ရွိဗ်ဴဟာကေတာ့ ပထမပိုင္းမွာ ၃၃ ႏွစ္သမီးႀကီး အယ္လင္ ဝႈိက္နဲ႔ တစ္ဖက္အသင္းခံစစ္ကို ပင္ပန္းေအာင္လုပ္ၿပီးမွ ပိုၿပီးသြက္လက္တဲ့ ႐ူဆိုကို ဒုတိယပိုင္းမွာ ထည့္သြင္းတတ္တာျဖစ္ၿပီး ယူ႐ိုၿပိဳင္ပြဲမွာ တစ္ပြဲမွ ပြဲထြက္စတင္ခြင့္ မရေသးတဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ အီတလီႏြယ္ဖြား တိုက္စစ္မႉးဟာ ၅ ပြဲ လူစားဝင္ၿပီးခ်ိန္မွာ ၄ ဂိုး ရရွိထားခဲ့တာလည္းျဖစ္ပါတယ္။

၂၀၂၂ ၿပိဳင္ပြဲရဲ႕ ဂိုးသြင္းဘုရင္ေတြျဖစ္တဲ့ မိဒ္နဲ႔ ေပါ့ပ္တို႔ကေတာ့ ၅ ပြဲမွာ ၆ ဂိုး ရရွိထားခဲ့ၿပီး ဒါက ယူ႐ိုပြဲေတြရဲ႕ အျမင့္ဆုံးစံခ်ိန္ကို လိုက္မီခဲ့ၾကသလို သူတို႔ထဲက တစ္ဦးက ဂိုးသြင္းႏိုင္တာနဲ႔ စံခ်ိန္သစ္ကို ရယူႏိုင္ဖို႔ရွိေနခ်ိန္မွာ ပရိသတ္ေတြအတြက္ေတာ့ ဂ်ာမနီတို႔ပဲ ၉ ႀကိမ္ေျမာက္ ဗိုလ္စြဲႏိုင္မလား၊ အဂၤလန္တို႔ ကိုယ့္ေျမ ကိုယ့္ေရ အိမ္ကြင္းမွာ ပထမဆုံးအႀကိမ္ ဗိုလ္စြဲႏိုင္မလားဆိုတာ တနဂၤေႏြေန႔ညမွာ ေတြ႕ျမင္ရမွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.