Article Premier League

အီဒူးနဲ့ အာတီတာကို ပရိသတ်တွေ ယုံကြည်မှုပေးသင့်တဲ့အကြောင်းအရင်း ၅ ခု

အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးဟာ အမေရိကား ရာသီကြို ခရီးစဉ်အတွင်း မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ မြောက်လန်ဒန်မှာ လုပ်နေတဲ့ စီမံကိန်း၊ နည်းစနစ် ဒါရိုက်တာ ရာထူးကို တာဝန်စယူကတည်းက ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ၊ ကစားသမားသစ်ခေါ်ယူမှု လုပ်ငန်းစဉ်နဲ့ အခြားသိသင့်သိထိုက်တာတွေကို အတွင်းကျကျ ပြောပြခဲ့ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ အာဆင်နယ်ရဲ့ နည်းစနစ်ဒါရိုက်တာရာထူးကို တာဝန်ယူပြီးကတည်းက ဝေဖန်ပြစ်တင်မှုအများအပြား ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ ၁၈ လအတွင်း ကွင်းအတွင်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရတာကြောင့် ပရိသတ်တွေဟာ အင်္ဂလန်ရဲ့ထိပ်သီးအသင်းတစ်သင်း ပြန်ဖြစ်လာတော့မယ်လို့ စတင်ယုံကြည်လာတာဖြစ်ပါတယ်။

ဒါကြောင့် အမ်းမရိတ်စ်မှာ စတင်ခဲ့တဲ့အလုပ်ကို အပြီးသတ်နိုင်ဖို့ အခွင့်အရေးကို အီဒူးနဲ့ အာတီတာတို့ ရရှိဖို့ ဘာကြောင့်ထိုက်တန်လဲဆိုတဲ့အကြောင်းအရင်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရှင်းလင်းပြတ်သားတဲ့ အစီအမံရှိနေခြင်း

၂၀၂၁-၂၀၂၂ ရာသီကို စိုးရိမ်ဖွယ် စတင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ တည်ငြိမ်နေဆဲဖြစ်ပြီး အီဒူးက ပရိသတ်တွေကို စိတ်ရှည်သည်းခံဖို့နဲ့ ၎င်းတို့ရဲ့ အကောင်းဆုံးပွဲထွက် ၁၁ ဦးစာရင်းကို သိရှိတဲ့အချိန်အထိ အကဲဖြတ် မစောကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ နည်းစနစ်နဲ့ပတ်သက်ပြီး သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ နည်းပြနဲ့ နည်းစနစ် ဒါရိုက်တာတို့ကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ လမ်းပြမြေပုံအတိုင်း သွားနေတယ်ဆိုတာ ရှင်းပါတယ်။ လမ်းပြမြေပုံကနေ သွေဖယ်သွားနိုင်တဲ့ အခြေအနေတွေရှိလာခဲ့တာတောင်မှ အီဒူးနဲ့ အာတီတာတို့ဟာ ၎င်းတို့ရဲ့ မူလစီမံကိန်းအပေါ် ဆက်လက်ယုံကြည်ဖို့ လိုအပ်တယ်ဆိုတာ သိရှိနေခဲ့ကြတာဖြစ်ပါတယ်။

၂။ ကစားပုံ တိုးတက်လာမှု

အာတီတာလိုချင်တဲ့ အခြေအနေကို ရောက်လာဖို့ ကစားသမားခေါ်ယူမှုတွေ အများအပြား ပြုလုပ်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အမ်းမရိတ်စ်မှာ အာတီတာဘောကို မြင်တွေ့နေရပြီဖြစ်ပါတယ်။ ပြင်းထန်တဲ့ပွဲစဉ်တွေမှာ မာမာထန်ထန် ဖိအားပေးတဲ့ကစားဟန်ကို အသုံးပြုခဲ့တာကြောင့် အာတီတာရဲ့အသင်းဟာ ပိုမို ထိန်းချုပ်နိုင်ခဲ့ပြီး ရွေ့လျားနိုင်စွမ်းနဲ့ နေရာစုံ ကစားနိုင်စွမ်းတို့က အာတီတာ တန်ဖိုးအထားဆုံး အဓိကအရည်အချင်းတွေဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ နွေရာသီ ခေါ်ယူမှုတွေကို အကဲခတ်မယ်ဆိုရင် အဲဒီအချက်ဟာ ပိုလို့တောင် မြင်သာမှာဖြစ်ပြီး ဘောလုံးကို အကျိုးသက်ရောက်မှုရှိရှိပေးဖို့နိုင်တဲ့ ဂိုးသမား ရရှိဖို့က အဓိကကျခဲ့သလို ပင်နယ်တီဧရိယာတစ်ခုလုံးကို လျင်လျင်မြန်မြန်နဲ့ ကာဗာလုပ်နိုင်စွမ်းရှိတဲ့ ဗဟိုခံစစ်ကစားသမားတွေကို ခေါ်ယူခဲ့တာလည်း အဓိကကျခဲ့ပါတယ်။ အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ခံစစ်ကို နက်နက်ရှိုင်းရှိုင်း ကစားစရာမလိုဘဲ အများကြီး ရှေ့တက်ပြီး ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ အကောင်းဆုံးဖြစ်နေတဲ့ ကစားသမားသစ်ခေါ်ယူမှု

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလ ၂ ခုမှာ များပြားတဲ့ ငွေကြေးတွေကို သုံးစွဲခဲ့ပေမယ့် အကျိုးရှိခဲ့တာဖြစ်ပါတယ်။ ကစားသမားသစ် ခေါ်ယူရာမှာ ပိုမိုပြည့်စုံတဲ့ ချဉ်းကပ်မှုတွေ ရှိခဲ့ပြီး အချက်အလက်တွေနဲ့ အတွင်းကျကျ ခွဲခြမ်းစိတ်ဖြာမှုတွေကို အသုံးပြုပြီး ကစားသမားက အသင်းမှာ ဘယ်လိုအံဝင်နိုင်မလဲဆိုတာကို အတည်ပြုတာအပါအဝင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကစားသမားခေါ်ယူမှုတွေကို တတ်နိုင်သမျှ လျှော့ချနိုင်စေဖို့ ကစားသမား၊ အေးဂျင့်၊ မိသားစုအကြောင်း သိရှိအောင်လုပ်တာတို့လည်း ပါဝင်ခဲ့ပါတယ်။ ကစားသမားကို အနာဂတ်မှာ ရောင်းချလို့ ရနိုင်၊ မရနိုင်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ပြန်ရောင်းထုတ်လို့မရနိုင်တဲ့ အရောင်းထိုင်း ပြဿနာကို နှစ်တော်တော်များများ ခံခဲ့ရတာဖြစ်ပါတယ်။

၄။ ရလဒ်တွေ ကောင်းမွန်လာမှု

အာဆင်နယ်အသင်းရဲ့ ကွင်းအတွင်း တိုးတက်လာမှုဟာ ပြီးခဲ့တဲ့ရာသီမှာ စတင်မြင်လာရတယ်လို့ ယေဘုယျအားဖြင့် မြင်ကြသူတွေ ရှိပေမယ့် အမှန်တရားကတော့ ၂၀၂၀-၂၀၂၁ ရာသီ ဒုတိယပိုင်းမှာ အများကြီး တိုးတက်လာခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ တိုးတက်မှုဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း မှန်မှန်နဲ့ မြန်မြန် မြင့်တက်လာနေပြီး ခြေစွမ်းပိုင်းတည်ငြိမ်မှုတော့ မရှိသေးဘဲ အချိန်တော်တော်များများမှာ အရည်အသွေးကင်းမဲ့မှုက ရှုံးပွဲတွေ့စေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂ ရာသီဆက်တိုက် အဆင့် ၈ နေရာမှာ ရာသီပြီးဆုံးခဲ့ပြီးနောက် အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၅ နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ကပ်သီးလေး လွဲချော်ခဲ့တာဖြစ်ပါတယ်။

၅။ ပရိသတ်တွေနဲ့ အချိတ်အဆက် ပြန်မိလာမှု

ပြီးခဲ့တဲ့ရာသီမတိုင်ခင် အချိန်တွေတုန်းက အမ်းမရိတ်စ်ကွင်းကို သွားရောက်လည်ပတ်မယ်ဆိုရင် ပရိသတ်တွေရဲ့ စိတ်ထဲမှာ ရလဒ်ကောင်းရရှိမယ်လို့ ယုံကြည်မှုမရှိဘဲ စိတ်အားထက်သန်မှု ကင်းမဲ့နေတာကို ခံစားမိမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာ စိတ်လှုပ်ရှားစရာ အသင်းနဲ့ ပရိသတ်တွေကြား ဆက်နွယ်မှုတွေ ရှိနေတာကို ခံစားနိုင်ဖို့တော့ တစ်ညနေလောက်သာ အမ်းမရိတ်စ်ကွင်းကို သွားကြည့်ဖို့သာ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ငါတို့တွေမှာ စူပါအာတီတာရှိတယ်ဆိုတဲ့ ကြွေးကြော်သံတွေကို အဆက်အပြတ် ကြားနိုင်မှာဖြစ်ပြီး ရာသီကို စိတ်ပျက်ဖွယ် အဆုံးသတ်ခဲ့ပေမယ့်လည်း အာဆင်နယ်ပွဲကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေဆီကနေ ဘယ်တော့မှ သံသယဝင်တာ ခံရမှာမဟုတ်တာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ နည္းစနစ္ဒါ႐ိုက္တာ အီဒူးဟာ အေမရိကား ရာသီႀကိဳ ခရီးစဥ္အတြင္း မီဒီယာေတြနဲ႔ ေတြ႕ဆုံရာမွာ ေျမာက္လန္ဒန္မွာ လုပ္ေနတဲ့ စီမံကိန္း၊ နည္းစနစ္ ဒါ႐ိုက္တာ ရာထူးကို တာဝန္စယူကတည္းက ရင္ဆိုင္ခဲ့ရတဲ့အခက္အခဲေတြ၊ ကစားသမားသစ္ေခၚယူမႈ လုပ္ငန္းစဥ္နဲ႔ အျခားသိသင့္သိထိုက္တာေတြကို အတြင္းက်က် ေျပာျပခဲ့ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ ၂၀၁၉ ခုႏွစ္ ေႏြရာသီမွာ အာဆင္နယ္ရဲ႕ နည္းစနစ္ဒါ႐ိုက္တာရာထူးကို တာဝန္ယူၿပီးကတည္းက ေဝဖန္ျပစ္တင္မႈအမ်ားအျပား ခံခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ ၁၈ လအတြင္း ကြင္းအတြင္းမွာ သိသာထင္ရွားတဲ့ တိုးတက္မႈေတြ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ပရိသတ္ေတြဟာ အဂၤလန္ရဲ႕ထိပ္သီးအသင္းတစ္သင္း ျပန္ျဖစ္လာေတာ့မယ္လို႔ စတင္ယုံၾကည္လာတာျဖစ္ပါတယ္။

ဒါေၾကာင့္ အမ္းမရိတ္စ္မွာ စတင္ခဲ့တဲ့အလုပ္ကို အၿပီးသတ္ႏိုင္ဖို႔ အခြင့္အေရးကို အီဒူးနဲ႔ အာတီတာတို႔ ရရွိဖို႔ ဘာေၾကာင့္ထိုက္တန္လဲဆိုတဲ့အေၾကာင္းအရင္း ၅ ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ရွင္းလင္းျပတ္သားတဲ့ အစီအမံရွိေနျခင္း

၂၀၂၁-၂၀၂၂ ရာသီကို စိုးရိမ္ဖြယ္ စတင္ခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းဟာ တည္ၿငိမ္ေနဆဲျဖစ္ၿပီး အီဒူးက ပရိသတ္ေတြကို စိတ္ရွည္သည္းခံဖို႔နဲ႔ ၎တို႔ရဲ႕ အေကာင္းဆုံးပြဲထြက္ ၁၁ ဦးစာရင္းကို သိရွိတဲ့အခ်ိန္အထိ အကဲျဖတ္ မေစာၾကဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ နည္းစနစ္နဲ႔ပတ္သက္ၿပီး သေဘာတူသည္ျဖစ္ေစ၊ မတူသည္ျဖစ္ေစ နည္းျပနဲ႔ နည္းစနစ္ ဒါ႐ိုက္တာတို႔ၾကား ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ လမ္းျပေျမပုံအတိုင္း သြားေနတယ္ဆိုတာ ရွင္းပါတယ္။ လမ္းျပေျမပုံကေန ေသြဖယ္သြားႏိုင္တဲ့ အေျခအေနေတြရွိလာခဲ့တာေတာင္မွ အီဒူးနဲ႔ အာတီတာတို႔ဟာ ၎တို႔ရဲ႕ မူလစီမံကိန္းအေပၚ ဆက္လက္ယုံၾကည္ဖို႔ လိုအပ္တယ္ဆိုတာ သိရွိေနခဲ့ၾကတာျဖစ္ပါတယ္။

၂။ ကစားပုံ တိုးတက္လာမႈ

အာတီတာလိုခ်င္တဲ့ အေျခအေနကို ေရာက္လာဖို႔ ကစားသမားေခၚယူမႈေတြ အမ်ားအျပား ျပဳလုပ္ခဲ့ရေပမယ့္ ေနာက္ဆုံးမွာေတာ့ အမ္းမရိတ္စ္မွာ အာတီတာေဘာကို ျမင္ေတြ႕ေနရၿပီျဖစ္ပါတယ္။ ျပင္းထန္တဲ့ပြဲစဥ္ေတြမွာ မာမာထန္ထန္ ဖိအားေပးတဲ့ကစားဟန္ကို အသုံးျပဳခဲ့တာေၾကာင့္ အာတီတာရဲ႕အသင္းဟာ ပိုမို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ေ႐ြ႕လ်ားႏိုင္စြမ္းနဲ႔ ေနရာစုံ ကစားႏိုင္စြမ္းတို႔က အာတီတာ တန္ဖိုးအထားဆုံး အဓိကအရည္အခ်င္းေတြျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ ေႏြရာသီ ေခၚယူမႈေတြကို အကဲခတ္မယ္ဆိုရင္ အဲဒီအခ်က္ဟာ ပိုလို႔ေတာင္ ျမင္သာမွာျဖစ္ၿပီး ေဘာလုံးကို အက်ိဳးသက္ေရာက္မႈရွိရွိေပးဖို႔ႏိုင္တဲ့ ဂိုးသမား ရရွိဖို႔က အဓိကက်ခဲ့သလို ပင္နယ္တီဧရိယာတစ္ခုလုံးကို လ်င္လ်င္ျမန္ျမန္နဲ႔ ကာဗာလုပ္ႏိုင္စြမ္းရွိတဲ့ ဗဟိုခံစစ္ကစားသမားေတြကို ေခၚယူခဲ့တာလည္း အဓိကက်ခဲ့ပါတယ္။ အဲဒါေၾကာင့္ အာဆင္နယ္အသင္းဟာ ခံစစ္ကို နက္နက္ရႈိင္းရႈိင္း ကစားစရာမလိုဘဲ အမ်ားႀကီး ေရွ႕တက္ၿပီး ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။

၃။ အေကာင္းဆုံးျဖစ္ေနတဲ့ ကစားသမားသစ္ေခၚယူမႈ

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလ ၂ ခုမွာ မ်ားျပားတဲ့ ေငြေၾကးေတြကို သုံးစြဲခဲ့ေပမယ့္ အက်ိဳးရွိခဲ့တာျဖစ္ပါတယ္။ ကစားသမားသစ္ ေခၚယူရာမွာ ပိုမိုျပည့္စုံတဲ့ ခ်ဥ္းကပ္မႈေတြ ရွိခဲ့ၿပီး အခ်က္အလက္ေတြနဲ႔ အတြင္းက်က် ခြဲျခမ္းစိတ္ျဖာမႈေတြကို အသုံးျပဳၿပီး ကစားသမားက အသင္းမွာ ဘယ္လိုအံဝင္ႏိုင္မလဲဆိုတာကို အတည္ျပဳတာအပါအဝင္ စိတ္အေႏွာင့္အယွက္ျဖစ္စရာ ကစားသမားေခၚယူမႈေတြကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ႏိုင္ေစဖို႔ ကစားသမား၊ ေအးဂ်င့္၊ မိသားစုအေၾကာင္း သိရွိေအာင္လုပ္တာတို႔လည္း ပါဝင္ခဲ့ပါတယ္။ ကစားသမားကို အနာဂတ္မွာ ေရာင္းခ်လို႔ ရႏိုင္၊ မရႏိုင္ဆိုတာကိုလည္း ထည့္သြင္းစဥ္းစားရမွာျဖစ္ၿပီး အာဆင္နယ္အသင္းဟာ ျပန္ေရာင္းထုတ္လို႔မရႏိုင္တဲ့ အေရာင္းထိုင္း ျပႆနာကို ႏွစ္ေတာ္ေတာ္မ်ားမ်ား ခံခဲ့ရတာျဖစ္ပါတယ္။

၄။ ရလဒ္ေတြ ေကာင္းမြန္လာမႈ

အာဆင္နယ္အသင္းရဲ႕ ကြင္းအတြင္း တိုးတက္လာမႈဟာ ၿပီးခဲ့တဲ့ရာသီမွာ စတင္ျမင္လာရတယ္လို႔ ေယဘုယ်အားျဖင့္ ျမင္ၾကသူေတြ ရွိေပမယ့္ အမွန္တရားကေတာ့ ၂၀၂၀-၂၀၂၁ ရာသီ ဒုတိယပိုင္းမွာ အမ်ားႀကီး တိုးတက္လာခဲ့တာျဖစ္ပါတယ္။ အသင္းရဲ႕ တိုးတက္မႈဟာ ၿပီးခဲ့တဲ့ ၁၈ လအတြင္း မွန္မွန္နဲ႔ ျမန္ျမန္ ျမင့္တက္လာေနၿပီး ေျခစြမ္းပိုင္းတည္ၿငိမ္မႈေတာ့ မရွိေသးဘဲ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ အရည္အေသြးကင္းမဲ့မႈက ရႈံးပြဲေတြ႕ေစခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ၂ ရာသီဆက္တိုက္ အဆင့္ ၈ ေနရာမွာ ရာသီၿပီးဆုံးခဲ့ၿပီးေနာက္ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၅ ေနရာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ကပ္သီးေလး လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

၅။ ပရိသတ္ေတြနဲ႔ အခ်ိတ္အဆက္ ျပန္မိလာမႈ

ၿပီးခဲ့တဲ့ရာသီမတိုင္ခင္ အခ်ိန္ေတြတုန္းက အမ္းမရိတ္စ္ကြင္းကို သြားေရာက္လည္ပတ္မယ္ဆိုရင္ ပရိသတ္ေတြရဲ႕ စိတ္ထဲမွာ ရလဒ္ေကာင္းရရွိမယ္လို႔ ယုံၾကည္မႈမရွိဘဲ စိတ္အားထက္သန္မႈ ကင္းမဲ့ေနတာကို ခံစားမိမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီမွာ စိတ္လႈပ္ရွားစရာ အသင္းနဲ႔ ပရိသတ္ေတြၾကား ဆက္ႏြယ္မႈေတြ ရွိေနတာကို ခံစားႏိုင္ဖို႔ေတာ့ တစ္ညေနေလာက္သာ အမ္းမရိတ္စ္ကြင္းကို သြားၾကည့္ဖို႔သာ လိုအပ္ခဲ့တာျဖစ္ပါတယ္။ ငါတို႔ေတြမွာ စူပါအာတီတာရွိတယ္ဆိုတဲ့ ေႂကြးေၾကာ္သံေတြကို အဆက္အျပတ္ ၾကားႏိုင္မွာျဖစ္ၿပီး ရာသီကို စိတ္ပ်က္ဖြယ္ အဆုံးသတ္ခဲ့ေပမယ့္လည္း အာဆင္နယ္ပြဲကို တက္ေရာက္ၾကည့္ရႈခဲ့တဲ့ ပရိသတ္ေတြဆီကေန ဘယ္ေတာ့မွ သံသယဝင္တာ ခံရမွာမဟုတ္တာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.