ပရီးမီးယားလိဂ္ ၂၀၁၉-၂၀ ရာသီရဲ႕ အေကာင္းဆုံးကစားသမားဆုကိုေတာ့ လီဗာပူးလ္ကစားသမားေတြပဲ ထပ္မံရယူလိမ့္ဦးမယ္လို႔ ေျပာဆိုေနၾကတဲ့သူေတြကို အသံတိတ္ေစခဲ့ၿပီး မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားက ဆြတ္ခူးရယူသြားႏုိင္ခဲ့ၿပီျဖစ္ပါတယ္။
မန္ခ်က္စတာစီးတီးရဲ႕ ကြင္းလယ္မွာ အဓိကကစားသမားအျဖစ္ ပါဝင္ခဲ့တဲ့ ဒီဘ႐ိုင္းနားဟာ ၿပီးခဲ့တဲ့ ရာသီက အသင္းခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ဒီဆုနဲ႔ေတာ့ လြဲေခ်ာ္ခဲ့သူျဖစ္ၿပီး ဒီရာသီမွာေတာ့ ကြင္းလယ္က အဓိက ဖန္တီးရွင္အျဖစ္ ကြင္းလယ္တုိက္စစ္မွာတင္မက ေတာင္ပံနဲ႔ ကြင္းလယ္ဗဟိုမွာလည္း ကစားေပးခဲ့သူျဖစ္ပါတယ္။
Introducing your 2019/20 @EASPORTSFIFA Player of the Season…
✨ 𝙆𝙚𝙫𝙞𝙣 𝘿𝙚 𝘽𝙧𝙪𝙮𝙣𝙚 ✨#PLAwards pic.twitter.com/I2EJPUPLz8
— Premier League (@premierleague) August 16, 2020
ဒီရာသီမွာ ပရီးမီးယားလိဂ္ရဲ႕ ဖန္တီးမွဳစံခ်ိန္အျဖစ္ ၂၀၀၂-၀၃ ရာသီက အာဆင္နယ္တုိက္စစ္မွဴး သီယာရီ အြန္နရီ တင္ရွိထားတဲ့ စံခ်ိန္ အႀကိမ္ ၂၀ ကို လုိက္မီႏုိင္ခဲ့တဲ့ အသက္ ၂၉ ႏွစ္အရြယ္ ဘယ္လ္ဂ်ီယမ္သားဟာ ဒီရာသီမွာ သြင္းဂိုး ၁၃ ဂုိးကုိလည္း ရယူႏုိင္ခဲ့ၿပီး အသင္းေခါင္းေဆာင္ အျဖစ္ပါ တာဝန္ယူေပးခဲ့ရတာပါ။
Congratulations, @DeBruyneKev 👏
The 2019/20 @PremierLeague Player of the Season! #PLAwards #FUT20 pic.twitter.com/P7kirfLB0q
— EA SPORTS FIFA (@EASPORTSFIFA) August 16, 2020
ဒီဆုအတြက္ ဒီဘ႐ိုင္းနားဟာ လီဗာပူးလ္ရဲ႕ ကစားသမားေတြအျပင္ အသင္းေဖာ္ ရာဟင္းမ္ စတာလင္၊ လက္စတာရဲ႕ ေရႊဖိနပ္ဆုရွင္ ေဂ်မီ ဗာဒီတုိ႔နဲ႔ အဓိက ၿပဳိင္ဆုိင္ခဲ့ရၿပီး မဲေပး ေရြးခ်ယ္မွဳမွာေတာ့ အမ်ားဆုံးရရွိႏုိင္ခဲ့လို႔ အေကာင္းဆုံးဆုကို ဆြတ္ခူးႏိုင္တဲ့ ဒုတိယေျမာက္ မန္စီးတီး ကစာသမားနဲ႔ တတိယေျမာက္ ဘယ္လ္ဂ်ီယမ္ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။
အားကစားကေလာင္ရွင္မ်ား အစည္း႐ုံး FWA ရဲ႕ ဆုကို လီဗာပူးလ္ရဲ႕ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဆီ လက္လႊတ္ထားခဲ့ရတဲ့ ဒီဘ႐ိုင္းနားအေနနဲ႔ လာမယ့္ တနလၤာေန႔မွာ ေနာက္ထပ္ဆုတစ္ဆုကို ထပ္မံရရွိဦးမလား ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားမ်ားအစည္းအ႐ုံး PFA ရဲ႕ အေကာင္းဆုံးဆုရဲ႕ ရလဒ္က ေစာင့္ႀကဳိေနေသးတယ္လုိ႔လည္း သိရွိရပါတယ္။
REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: ပရီးမီးယားလိဂ် ၂၀၁၉-၂၀ ရာသီရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးလ်ကစားသမားတွေပဲ ထပ်မံရယူလိမ့်ဦးမယ်လို့ ပြောဆိုနေကြတဲ့သူတွေကို အသံတိတ်စေခဲ့ပြီး မန်ချက်စတာစီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာစီးတီးရဲ့ ကွင်းလယ်မှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ ရာသီက အသင်းချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီဆုနဲ့တော့ လွဲချော်ခဲ့သူဖြစ်ပြီး ဒီရာသီမှာတော့ ကွင်းလယ်က အဓိက ဖန်တီးရှင်အဖြစ် ကွင်းလယ်တိုက်စစ်မှာတင်မက တောင်ပံနဲ့ ကွင်းလယ်ဗဟိုမှာလည်း ကစားပေးခဲ့သူဖြစ်ပါတယ်။
Introducing your 2019/20 @EASPORTSFIFA Player of the Season…
✨ 𝙆𝙚𝙫𝙞𝙣 𝘿𝙚 𝘽𝙧𝙪𝙮𝙣𝙚 ✨#PLAwards pic.twitter.com/I2EJPUPLz8
— Premier League (@premierleague) August 16, 2020
ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှုစံချိန်အဖြစ် ၂၀၀၂-၀၃ ရာသီက အာဆင်နယ်တိုက်စစ်မှူး သီယာရီ အွန်နရီ တင်ရှိထားတဲ့ စံချိန် အကြိမ် ၂၀ ကို လိုက်မီနိုင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားဟာ ဒီရာသီမှာ သွင်းဂိုး ၁၃ ဂိုးကိုလည်း ရယူနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် အဖြစ်ပါ တာဝန်ယူပေးခဲ့ရတာပါ။
Congratulations, @DeBruyneKev 👏
The 2019/20 @PremierLeague Player of the Season! #PLAwards #FUT20 pic.twitter.com/P7kirfLB0q
— EA SPORTS FIFA (@EASPORTSFIFA) August 16, 2020
ဒီဆုအတွက် ဒီဘရိုင်းနားဟာ လီဗာပူးလ်ရဲ့ ကစားသမားတွေအပြင် အသင်းဖော် ရာဟင်းမ် စတာလင်၊ လက်စတာရဲ့ ရွှေဖိနပ်ဆုရှင် ဂျေမီ ဗာဒီတို့နဲ့ အဓိက ပြိုင်ဆိုင်ခဲ့ရပြီး မဲပေး ရွေးချယ်မှုမှာတော့ အများဆုံးရရှိနိုင်ခဲ့လို့ အကောင်းဆုံးဆုကို ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက် မန်စီးတီး ကစာသမားနဲ့ တတိယမြောက် ဘယ်လ်ဂျီယမ်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။
အားကစားကလောင်ရှင်များ အစည်းရုံး FWA ရဲ့ ဆုကို လီဗာပူးလ်ရဲ့ ဂျော်ဒန် ဟန်ဒါဆန်ဆီ လက်လွှတ်ထားခဲ့ရတဲ့ ဒီဘရိုင်းနားအနေနဲ့ လာမယ့် တနင်္လာနေ့မှာ နောက်ထပ်ဆုတစ်ဆုကို ထပ်မံရရှိဦးမလား စောင့်ကြည့်ရဦးမှာဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားများအစည်းအရုံး PFA ရဲ့ အကောင်းဆုံးဆုရဲ့ ရလဒ်က စောင့်ကြိုနေသေးတယ်လို့လည်း သိရှိရပါတယ်။
REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
SPORTS A2Z.