Other Leagues

ပင်နယ်တီကို လက်ပစ်ဘောဖြစ်အောင် ကန်ခဲ့လို့ လုပ်ပွဲလုပ်တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ နိုင်ဂျီးရီးယားကလပ်

နိုင်ဂျီးရီးယားဘောလုံးအသင်းတစ်သင်းဟာ ပင်နယ်တီ ကန်သွင်းရာမှာ အထူးဆန်းဆုံး လွဲချော်ခဲ့ပြီးနောက် လုပ်ပွဲကစားတယ်လို့ စွပ်စွဲခံနေရပါတယ်။

ကြာသပတေးနေ့က ရီမို စတားစ်အသင်းဟာ အီဂျဘူ ယူနိုက်တက်နဲ့ Ogun State Cup ဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ကစားခဲ့ရာမှာ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးခဲ့ပြီးနောက် မျက်နှာသုတ်ပုဝါတွေကို ပစ်မြှောက်ခဲ့ပုံပေါ်ခဲ့ပြီးနောက်ပိုင်း ပြင်းထန်တဲ့ အကဲဖြတ်မှုတွေ ခံနေရပါတယ်။

အီဂျဘူအသင်းရဲ့ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွေထဲက တစ်ခုမှာ ရီမို စတားစ် ဂိုးသမားဟာ ဂိုးစည်းပေါ်မှာ မလှုပ်မယှက် ငြိမ်သက်နေခဲ့တာဖြစ်ပြီး အီဂျဘူ ကစားသမားကို ဂိုးအောက်ထောင့်ကို အသာအယာကန်သွင်းခွင့် ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရီမို စတားစ် ကစားသမားက ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းခဲ့ပြီး ကန်သွင်းချက်က ဂိုးပေါက်ရဲ့ ဘေးဘယ်ညာကို လွဲချော်ခဲ့တာမဟုတ်ဘဲ ကွင်းဘေးစည်းအထိကို လွင့်ထွက်သွားခဲ့တဲ့အချိန်မှာ အရာအားလုံးက ပိုလို့တောင် ထူးဆန်းလာခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ရီမို စတားစ် ကစားသမားဟာ ၎င်းရဲ့ ဂိုးကန်သွင်းမှုဟာ မတော်တဆ လွဲချော်သွားခဲ့တဲ့ပုံမျိုးပေါက်အောင် ခေါင်းပေါ်ကို လက်နှစ်ဖက်တင်ပြီး စိတ်ပျက်တဲ့ပုံစံမျိုး ဟန်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် ပရိသတ်တွေကြားမှာ ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပြီး အချို့ပရိသတ်တွေဆိုရင် ကစားသမားတွေကို အကျင့်ပျက်ခြစားပြီး လုပ်ပွဲကစားနေကြတယ်လို့တောင် စွပ်စွဲ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“သူတို့တွေ လုပ်ပွဲကစားမယ်ဆိုရင်လည်း အဲဒီလောက် မသိသာအောင်လုပ်ပြီး ကစားလို့ရပါတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “အသိသာဆုံး လုပ်ပွဲကြီး”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း အစောပိုင်းမှာ ကစားသမားတွေ လုပ်ပွဲကစားခဲ့တယ်လို့ ကိုယ်တိုင် စွပ်စွဲခဲ့တဲ့ နိုင်ဂျီးရီးယား Podcast တင်ဆက်သူ အီဘူကွန်း အလူကိုက နောက်ပိုင်းမှာ ရီမို စတားစ်အသင်းသားတွေဟာ ပွဲကို ကိုင်တွယ်တဲ့ဒိုင်လူကြီးရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒပြတဲ့အနေနပြ ပင်နယ်တီကို တမင်လွဲချော်အောင် ကန်သွင်းခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ရီမို စတားစ် ကစားသမားတွေဟာ သူတို့ရဲ့ ပထမဆုံး ပင်နယ်တီကန်သွင်းမှု ၃ ကြိမ်ကို တမင်လွဲအောင်ကန်ပြီး သူတို့ဂိုးသမားကလည်း ပြိုင်ဘက်က သူတို့ရဲ့ ပင်နယ်တီကို ကန်တဲ့အချိန်မှာ လှုပ်ရှားမှုမရှိ ငြိမ်သက်နေခဲ့တာက ပွဲစဉ်အတွင်း မမျှတတဲ့ ကိုင်တွယ်မှုတွေအတွက် ဆန္ဒပြတဲ့ အမှတ်အသားအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကျွန်တော် သိရပါတယ်”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ရီမို စတားစ်အသင်းဟာ နောက်ဆုံးမှာတော့ ပင်နယ်တီအဆုံးအဖြတ်မှာ ၃-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပြီး အီဂျဘူ ယူနိုက်တက်အသင်းက ဆုဖလားကို ကိုင်မြှောက်သွားခဲ့ပါတယ်။ ဘယ်လိုအကြောင်းအရင်းကြောင့်ပဲ လွဲချော်သည်ဖြစ်ပါစေ၊ ဒီလိုမျိုး ထူးထူးဆန်းဆန်း ပင်နယ်တီ လွဲချော်မှုမျိုးတော့ ဘယ်သူမှ မြင်ဖူးမယ့်ပုံပေါ်မယ်မထင်တာတော့ အမှန်ပဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ႏိုင္ဂ်ီးရီးယားေဘာလုံးအသင္းတစ္သင္းဟာ ပင္နယ္တီ ကန္သြင္းရာမွာ အထူးဆန္းဆုံး လြဲေခ်ာ္ခဲ့ၿပီးေနာက္ လုပ္ပြဲကစားတယ္လို႔ စြပ္စြဲခံေနရပါတယ္။

ၾကာသပေတးေန႔က ရီမို စတားစ္အသင္းဟာ အီဂ်ဘူ ယူႏိုက္တက္နဲ႔ Ogun State Cup ဗိုလ္လုပြဲအျဖစ္ ရင္ဆိုင္ကစားခဲ့ရာမွာ ဂိုးမရွိသေရနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီးေနာက္ မ်က္ႏွာသုတ္ပုဝါေတြကို ပစ္ေျမႇာက္ခဲ့ပုံေပၚခဲ့ၿပီးေနာက္ပိုင္း ျပင္းထန္တဲ့ အကဲျဖတ္မႈေတြ ခံေနရပါတယ္။

အီဂ်ဘူအသင္းရဲ႕ ပင္နယ္တီအဆုံးအျဖတ္ကန္သြင္းမႈေတြထဲက တစ္ခုမွာ ရီမို စတားစ္ ဂိုးသမားဟာ ဂိုးစည္းေပၚမွာ မလႈပ္မယွက္ ၿငိမ္သက္ေနခဲ့တာျဖစ္ၿပီး အီဂ်ဘူ ကစားသမားကို ဂိုးေအာက္ေထာင့္ကို အသာအယာကန္သြင္းခြင့္ ျပဳလုပ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ရီမို စတားစ္ ကစားသမားက ပင္နယ္တီ အဆုံးအျဖတ္ကန္သြင္းခဲ့ၿပီး ကန္သြင္းခ်က္က ဂိုးေပါက္ရဲ႕ ေဘးဘယ္ညာကို လြဲေခ်ာ္ခဲ့တာမဟုတ္ဘဲ ကြင္းေဘးစည္းအထိကို လြင့္ထြက္သြားခဲ့တဲ့အခ်ိန္မွာ အရာအားလုံးက ပိုလို႔ေတာင္ ထူးဆန္းလာခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ရီမို စတားစ္ ကစားသမားဟာ ၎ရဲ႕ ဂိုးကန္သြင္းမႈဟာ မေတာ္တဆ လြဲေခ်ာ္သြားခဲ့တဲ့ပုံမ်ိဳးေပါက္ေအာင္ ေခါင္းေပၚကို လက္ႏွစ္ဖက္တင္ၿပီး စိတ္ပ်က္တဲ့ပုံစံမ်ိဳး ဟန္ေဆာင္ခဲ့တာျဖစ္ပါတယ္။ အဲဒီ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ ပရိသတ္ေတြၾကားမွာ ေဒါသထြက္စရာျဖစ္ခဲ့တာျဖစ္ၿပီး အခ်ိဳ႕ပရိသတ္ေတြဆိုရင္ ကစားသမားေတြကို အက်င့္ပ်က္ျခစားၿပီး လုပ္ပြဲကစားေနၾကတယ္လို႔ေတာင္ စြပ္စြဲ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

“သူတို႔ေတြ လုပ္ပြဲကစားမယ္ဆိုရင္လည္း အဲဒီေလာက္ မသိသာေအာင္လုပ္ၿပီး ကစားလို႔ရပါတယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “အသိသာဆုံး လုပ္ပြဲႀကီး”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒါေပမယ့္လည္း အေစာပိုင္းမွာ ကစားသမားေတြ လုပ္ပြဲကစားခဲ့တယ္လို႔ ကိုယ္တိုင္ စြပ္စြဲခဲ့တဲ့ ႏိုင္ဂ်ီးရီးယား Podcast တင္ဆက္သူ အီဘူကြန္း အလူကိုက ေနာက္ပိုင္းမွာ ရီမို စတားစ္အသင္းသားေတြဟာ ပြဲကို ကိုင္တြယ္တဲ့ဒိုင္လူႀကီးရဲ႕ မမွ်တတဲ့ ဆုံးျဖတ္ခ်က္ကို ဆႏၵျပတဲ့အေနနျပ ပင္နယ္တီကို တမင္လြဲေခ်ာ္ေအာင္ ကန္သြင္းခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ရီမို စတားစ္ ကစားသမားေတြဟာ သူတို႔ရဲ႕ ပထမဆုံး ပင္နယ္တီကန္သြင္းမႈ ၃ ႀကိမ္ကို တမင္လြဲေအာင္ကန္ၿပီး သူတို႔ဂိုးသမားကလည္း ၿပိဳင္ဘက္က သူတို႔ရဲ႕ ပင္နယ္တီကို ကန္တဲ့အခ်ိန္မွာ လႈပ္ရွားမႈမရွိ ၿငိမ္သက္ေနခဲ့တာက ပြဲစဥ္အတြင္း မမွ်တတဲ့ ကိုင္တြယ္မႈေတြအတြက္ ဆႏၵျပတဲ့ အမွတ္အသားအျဖစ္ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ကြၽန္ေတာ္ သိရပါတယ္”လို႔ တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ရီမို စတားစ္အသင္းဟာ ေနာက္ဆုံးမွာေတာ့ ပင္နယ္တီအဆုံးအျဖတ္မွာ ၃-၀ နဲ႔ ရႈံးနိမ့္သြားခဲ့ၿပီး အီဂ်ဘူ ယူႏိုက္တက္အသင္းက ဆုဖလားကို ကိုင္ေျမႇာက္သြားခဲ့ပါတယ္။ ဘယ္လိုအေၾကာင္းအရင္းေၾကာင့္ပဲ လြဲေခ်ာ္သည္ျဖစ္ပါေစ၊ ဒီလိုမ်ိဳး ထူးထူးဆန္းဆန္း ပင္နယ္တီ လြဲေခ်ာ္မႈမ်ိဳးေတာ့ ဘယ္သူမွ ျမင္ဖူးမယ့္ပုံေပၚမယ္မထင္တာေတာ့ အမွန္ပဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.