Bundesliga Premier League Transfer News

ဟာဗတ္ဇ္ကို အေနအထားတစ္ခုမွာပဲ ေရာင္းခ်ႏိုင္မယ္ဆုိတဲ့ ေလဗာကူဆင္အႀကီးအကဲ ေဖာင္လာ

ခ်ဲလ္ဆီးအသင္းက အလိုရွိေနၿပီး ကစားသမားနဲ႔ ငါးႏွစ္စာခ်ဳပ္ သေဘာတူညီထားခဲ့တဲ့ ေလဗာကူဆင္ကြင္းလယ္တုိက္စစ္ကစားသမား ခိုင္ ဟာဗတ္ဇ္အတြက္ အသင္းဘက္ အေနအထားတစ္ခုတည္းမွာပဲ ေရာင္းခ်သြားမွာျဖစ္ၿပီး ဒါက အသင္းဘက္ ေတာင္းဆုိတဲ့ ေဈးႏွဳန္းသတ္မွတ္ခ်က္ကို သေဘာတူညီဖို႔ျဖစ္တယ္လုိ႔ အားကစားဒါ႐ိုက္တာ ႐ူဒီ ေဖာင္လာက ေျပာၾကားလုိက္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ဂ်ာမန္ကြင္းလယ္ကစားသမားဟာ ဒီရာသီမွာ ေလဗာကူဆင္အတြက္ ကြင္းလယ္တိုက္စစ္မွာသာမက ညာေတာင္ပံနဲ႔ အေထာင္တုိက္စစ္မွဴးေနရာေတြမွာလည္း ေျခစြမ္းျပထားခဲ့ၿပီး သူ႕ရဲ႕ နည္းစနစ္ပုိင္း တန္ဖိုးျမင့္မားမွဳကို ျပသေနသလို ေဈးႏွဳန္းကိုလည္း ျမင့္တက္ေစ ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ တတိယေျမာက္ပစ္မွတ္ျဖစ္တဲ့ ဟာဗတ္ဇ္အတြက္ အသင္းတာဝန္ရွိသူေတြကလည္း ေငြသုံးသြားဖို႔ အဆင္သင့္ျဖစ္ေနခ်ိန္မွာ ဂ်ာမန္လက္ေရြးစင္နည္းျပေဟာင္း ေဖာင္လာကေတာ့ သူတို႔အေနနဲ႔ အဂၤလန္ကလပ္ဘက္က ယူ႐ိုသန္း ၁၀၀ (ေပါင္သန္း ၉၀) ေပးေခ်မယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္းဆုိပါတယ္။

“ဟာဗတ္ဇ္အတြက္ ဘာအၿပီးသတ္ဆုံးျဖတ္ခ်က္မွ မခ်ရေသးပါဘူး။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒီထူးျခားေကာင္းမြန္တဲ့ ကစားသမားအတြက္ ေဆြးေႏြးေနၾကတာျဖစ္ၿပီး အသင္းဘက္က ေတာင္းဆုိတဲ့ ေဈးႏွဳန္းကို ရရွိဖို႔နဲ႔ သေဘာတူညီႏုိင္ဖို႔ ေအးဂ်င့္ေတြေရာ ကလပ္အသင္းခ်င္းပါ ညႇိႏွဳိင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေဗာင္လာက ေျပာပါတယ္။

ေဖာင္လာက အသင္းနဲ႔ ၂၀၂၂ အထိ စာခ်ဳပ္ရွိေနေသးတဲ့ ဟာဗတ္ဇ္အေနနဲ႔ ခ်ဲလ္ဆီးဘက္က သတ္မွတ္ေဈးကို မေပးရင္ အသင္းမွာ ဆက္လက္ရွိေနလိမ့္မယ္လို႔ ဖိအားေပးခဲ့ၿပီး ကၽြမ္းက်င္သူေတြကေတာ့ ေလဗာကူဆင္အေနနဲ႔ သူ႕ကို ဆက္ထိန္းဖို႔ထက္ ေရာင္းခ်သြားဖို႔ကိုပဲ ပုိၿပီး ဆႏၵရွိေနတယ္လုိ႔လည္း သုံးသပ္ထားၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းက အလိုရှိနေပြီး ကစားသမားနဲ့ ငါးနှစ်စာချုပ် သဘောတူညီထားခဲ့တဲ့ လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမား ခိုင် ဟာဗတ်ဇ်အတွက် အသင်းဘက် အနေအထားတစ်ခုတည်းမှာပဲ ရောင်းချသွားမှာဖြစ်ပြီး ဒါက အသင်းဘက် တောင်းဆိုတဲ့ ဈေးနှုန်းသတ်မှတ်ချက်ကို သဘောတူညီဖို့ဖြစ်တယ်လို့ အားကစားဒါရိုက်တာ ရူဒီ ဖောင်လာက ပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂျာမန်ကွင်းလယ်ကစားသမားဟာ ဒီရာသီမှာ လေဗာကူဆင်အတွက် ကွင်းလယ်တိုက်စစ်မှာသာမက ညာတောင်ပံနဲ့ အထောင်တိုက်စစ်မှူးနေရာတွေမှာလည်း ခြေစွမ်းပြထားခဲ့ပြီး သူ့ရဲ့ နည်းစနစ်ပိုင်း တန်ဖိုးမြင့်မားမှုကို ပြသနေသလို ဈေးနှုန်းကိုလည်း မြင့်တက်စေ ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်ရဲ့ တတိယမြောက်ပစ်မှတ်ဖြစ်တဲ့ ဟာဗတ်ဇ်အတွက် အသင်းတာဝန်ရှိသူတွေကလည်း ငွေသုံးသွားဖို့ အဆင်သင့်ဖြစ်နေချိန်မှာ ဂျာမန်လက်ရွေးစင်နည်းပြဟောင်း ဖောင်လာကတော့ သူတို့အနေနဲ့ အင်္ဂလန်ကလပ်ဘက်က ယူရိုသန်း ၁၀၀ (ပေါင်သန်း ၉၀) ပေးချေမယ်လို့ မျှော်လင့်နေကြောင်းဆိုပါတယ်။

“ဟာဗတ်ဇ်အတွက် ဘာအပြီးသတ်ဆုံးဖြတ်ချက်မှ မချရသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီထူးခြားကောင်းမွန်တဲ့ ကစားသမားအတွက် ဆွေးနွေးနေကြတာဖြစ်ပြီး အသင်းဘက်က တောင်းဆိုတဲ့ ဈေးနှုန်းကို ရရှိဖို့နဲ့ သဘောတူညီနိုင်ဖို့ အေးဂျင့်တွေရော ကလပ်အသင်းချင်းပါ ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဖောင်လာက ပြောပါတယ်။

ဖောင်လာက အသင်းနဲ့ ၂၀၂၂ အထိ စာချုပ်ရှိနေသေးတဲ့ ဟာဗတ်ဇ်အနေနဲ့ ချဲလ်ဆီးဘက်က သတ်မှတ်ဈေးကို မပေးရင် အသင်းမှာ ဆက်လက်ရှိနေလိမ့်မယ်လို့ ဖိအားပေးခဲ့ပြီး ကျွမ်းကျင်သူတွေကတော့ လေဗာကူဆင်အနေနဲ့ သူ့ကို ဆက်ထိန်းဖို့ထက် ရောင်းချသွားဖို့ကိုပဲ ပိုပြီး ဆန္ဒရှိနေတယ်လို့လည်း သုံးသပ်ထားကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.