Article Premier League Transfer News

ပါေတး၊ မာဂါလက္စ္တုိ႔ကို လက္လႊတ္ရဖို႔ နီးေနတဲ့ အရည္အေသြးနိမ့္ စီမံမွဳေတြနဲ႔ အာဆင္နယ္

အာဆင္နယ္အသင္းအတြက္ေတာ့ ဒီေန႔မွာ ဖတ္လုိက္ရတဲ့ သတင္းႏွစ္ပုဒ္ကေတာ့ စိတ္ပ်က္စရာျဖစ္ေနခဲ့ၿပီး ကာလၾကာရွည္ပစ္မွတ္ေတြ ျဖစ္တဲ့ ေသာမတ္စ္ ပါေတးနဲ႔ ဂါဘရီယယ္လ္ မာဂါလက္စ္တုိ႔ကို လက္လႊတ္ရဖို႔ နီးစပ္ေနတယ္ဆုိတာကေတာ့ အသင္းရဲ႕ စီမံခန္႔ခြဲသူေတြရဲ႕ အရည္အေသြးကို ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

ေဆာင္းရာသီမတုိင္ခင္ကတည္းက ခ်ိတ္ဆက္ေနတဲ့ မာဂါလက္စ္ကို နာပုိလီက ပုဂၢဳိလ္ေရး သေဘာတူညီႏုိင္ခဲ့ၿပီလုိ႔ဆုိၿပီး ေျပာင္းေရႊ႕ေၾကး မေပးႏုိင္လို႔ အလဲအထပ္လုပ္ဖို႔ ခက္ေနတဲ့ ပါေတးအတြက္ကို ဂ်ဴဗင္တပ္စ္က ၾကားဝင္လာခဲ့ခ်ိန္မွာ ကစားသမားကလည္း စိတ္ဝင္စားတယ္လို႔ တုံ႔ျပန္လုိက္တာေတြကေတာ့ အာဆင္နယ္တာဝန္ရွိသူေတြကို ပရိသတ္ေတြက စိတ္ပ်က္ေစခဲ့တာပါ။

ၿပီးခဲ့တဲ့ ေႏြဦးကာလေတြကတည္းက အာဆင္နယ္ကို ေျပာင္းခ်င္ၿပီး အက္သလက္တီကိုရဲ႕ စာခ်ဳပ္သစ္ကို ပယ္ခ်ထားခဲ့တဲ့ ပါေတးကို လက္ရွိအခ်ိန္အထိ မေခၚယူႏုိင္တာ၊ လာကာဇက္ကို တစ္ဖက္က စိတ္ဝင္စားေနခဲ့တာကို ေပါင္သန္း ၇၀ ေလာက္ သတ္မွတ္ၿပီး လဲႏုိင္ေပမယ့္ လက္မသြက္တာ၊ ဒါေတြက ေလာေလာဆယ္ ႀကဳံေတြ႕ေနရတဲ့ ကိုဗစ္-၁၉ ရဲ႕ ႐ိုက္ခ်က္ေအာက္မွာ ပုိမိုခက္ခဲေစၿပီး စီမံခန္႔ခြဲမွဳပုိင္း ညံ့ဖ်င္းမွဳကို ေပၚလြင္ေစခဲ့ပါတယ္။

ဂါဇီဒစ္ကစလုိ႔ လက္ရွိ ဆန္ယီဟီ၊ ဗင္ကာတီရွမ္၊ အီဒူး… ဒီလူေတြအားလုံး ပုိင္ရွင္ ခ႐ိုယန္ကီေတြ ႀကဳိးဆြဲရာကၿပီး ကိုယ့္အလုပ္ ကိုယ္လုပ္ဖို႔ သတၱိနဲ႔ ယုံၾကည္မွဳ မရွိေတာ့ဘူးလို႔ ေကာက္ခ်က္ဆြဲလုိ႔ ရႏိုင္ေနၿပီး မေရာင္းတတ္ မဝယ္တတ္၊ ေငြျပန္မရွာတတ္ရာကေန အေမရိကန္သူေဌးေတြကို ၿငဳိျငင္ေစခဲ့တာကလည္း ရင္းႏွီးျမႇဳပ္ႏွံဖို႔ ေငြထပ္မထုတ္ေပးခ်င္ေတာ့တာျဖစ္ႏုိင္ပါတယ္။

မန္စီးတီးတုိ႔ ပါးပါးနပ္နပ္လုပ္ျပေနခ်ိန္မွာ FFP ေၾကာင့္ ပုိင္ရွင္ရဲ႕ ေငြကို မသုံးဘူးလို႔ဆုိတာကေတာ့ ၾကားေကာင္းေအာင္ေျပာတဲ့ စကားသာ ျဖစ္ေနၿပီး အသင္းကို ပုိင္ရွင္ေတြ စိတ္မဝင္စားတာနဲ႔ ျမတ္သမွ်ယူဖို႔ပဲ စိတ္ရွိေတာ့တာဟာ တကယ္တမ္းေတာ့ မေအာင္ျမင္တဲ့ နည္းျပေတြနဲ႔ ကစားသမားေတြေၾကာင့္ မဟုတ္ဘဲ သူေဌးနဲ႔ အုပ္ခ်ဳပ္သူလူတန္းစားၾကားက ျပႆနာလုိ႔ပဲ ဆုိရမွာပါ။

ေနာက္ပုိင္းမွာေတာ့ ကိုယ္ပုိင္အရည္အခ်င္းနည္းၿပီး စီမံခန္႔ခြဲမွဳ ညံ့ဖ်င္းလို႔ ဘာစီလိုနာေခတ္မွာကတည္းက ေလာက္ေလာက္လားလားမျဖစ္ခဲ့တဲ့ ဆန္ယီဟီ၊ ေၾကာ္ျငာဒါ႐ိုက္တာေဟာင္း ဗင္ကာတီရွမ္၊ ဘရာဇီးလ္ေဈးကြက္နဲ႔ ဘရာဇီးလ္သားအျပင္ ေကာင္းေကာင္းမသိဘဲ ဥေရာပေဈးကြက္ကို မကၽြမ္းက်င္တဲ့ အီဒူးတို႔နဲ႔ ထိထိေရာက္ေရာက္ မေဆာင္ရြက္ႏုိင္ေတာ့ဘဲ အသင္းပုိင္ရွင္ဆီက ယုံၾကည္မွဳနဲ႔ ေငြေၾကးေထာက္ပံ့မွဳကိုပါ မရယူႏုိင္ေတာ့ဘူးလို႔ပဲ သုံးသပ္ႏုိင္ပါတယ္။

ဒါဟာ အသင္းမွာ ထင္ရွားၿပီး အက်ဳိးျပဳခဲ့တဲ့ စတိဗ္ ႐ိုလီ၊ ဒစ္ခ္ေလာ၊ ဆဗင္ မစ္စ္လင္တက္တုိ႔လိုလူေတြ ဘာေၾကာင့္ ထြက္ခဲ့တာလဲဆုိတာကို တျဖည္းျဖည္း သိသာလာခဲ့တာျဖစ္ၿပီး ပုိင္ရွင္ကလြဲရင္ သူ႕မ်က္စိထဲမွာ ဘယ္သူမွ မထားခ်င္တဲ့ ဆန္ယီဟီကေတာ့ အဓိက တရားခံျဖစ္သလို အားလုံးကို သူက ဗင္ကာတီရွမ္နဲ႔ ပူးေပါင္းခ်ဳပ္ကိုင္ခ်င္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီလိုနဲ႔ အာဆင္နယ္တုိ႔ အေျပာင္းအေရႊ႕ ေဈးကြက္မွာ ေအးဂ်င့္ေတြကိုပဲ အားကိုးေနရသလို ကိုယ္တုိင္ခ်ိတ္ဆက္ရမယ့္အခ်ိန္ေတြမွာ အလုပ္မျဖစ္ေတာ့ဘဲ ေနာက္ေကာက္က်ခဲ့ရတာျဖစ္ၿပီး စလုံးေရ ျပန္စရမယ့္ ကစားသမားေခၚယူေရးဌာနကေတာ့ ပရိသတ္ေတြကို စိတ္ပ်က္ေစဖို႔ပဲ မ်ားေနသလို ဒီလူေတြရဲ႕ အရည္အေသြးနဲ႔ကေတာ့ ဝီလီယန္နဲ႔ Class B ကစားသမားသစ္ေတြကို ရရင္ပဲ ေက်နပ္ရႏုိင္ေၾကာင္းလည္း သုံးသပ္ခန္႔မွန္းလုိက္ရပါတယ္။

PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအတွက်တော့ ဒီနေ့မှာ ဖတ်လိုက်ရတဲ့ သတင်းနှစ်ပုဒ်ကတော့ စိတ်ပျက်စရာဖြစ်နေခဲ့ပြီး ကာလကြာရှည်ပစ်မှတ်တွေ ဖြစ်တဲ့ သောမတ်စ် ပါတေးနဲ့ ဂါဘရီယယ်လ် မာဂါလက်စ်တို့ကို လက်လွှတ်ရဖို့ နီးစပ်နေတယ်ဆိုတာကတော့ အသင်းရဲ့ စီမံခန့်ခွဲသူတွေရဲ့ အရည်အသွေးကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

ဆောင်းရာသီမတိုင်ခင်ကတည်းက ချိတ်ဆက်နေတဲ့ မာဂါလက်စ်ကို နာပိုလီက ပုဂ္ဂိုလ်ရေး သဘောတူညီနိုင်ခဲ့ပြီလို့ဆိုပြီး ပြောင်းရွှေ့ကြေး မပေးနိုင်လို့ အလဲအထပ်လုပ်ဖို့ ခက်နေတဲ့ ပါတေးအတွက်ကို ဂျူဗင်တပ်စ်က ကြားဝင်လာခဲ့ချိန်မှာ ကစားသမားကလည်း စိတ်ဝင်စားတယ်လို့ တုံ့ပြန်လိုက်တာတွေကတော့ အာဆင်နယ်တာဝန်ရှိသူတွေကို ပရိသတ်တွေက စိတ်ပျက်စေခဲ့တာပါ။

ပြီးခဲ့တဲ့ နွေဦးကာလတွေကတည်းက အာဆင်နယ်ကို ပြောင်းချင်ပြီး အက်သလက်တီကိုရဲ့ စာချုပ်သစ်ကို ပယ်ချထားခဲ့တဲ့ ပါတေးကို လက်ရှိအချိန်အထိ မခေါ်ယူနိုင်တာ၊ လာကာဇက်ကို တစ်ဖက်က စိတ်ဝင်စားနေခဲ့တာကို ပေါင်သန်း ၇၀ လောက် သတ်မှတ်ပြီး လဲနိုင်ပေမယ့် လက်မသွက်တာ၊ ဒါတွေက လောလောဆယ် ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရဲ့ ရိုက်ချက်အောက်မှာ ပိုမိုခက်ခဲစေပြီး စီမံခန့်ခွဲမှုပိုင်း ညံ့ဖျင်းမှုကို ပေါ်လွင်စေခဲ့ပါတယ်။

ဂါဇီဒစ်ကစလို့ လက်ရှိ ဆန်ယီဟီ၊ ဗင်ကာတီရှမ်၊ အီဒူး… ဒီလူတွေအားလုံး ပိုင်ရှင် ခရိုယန်ကီတွေ ကြိုးဆွဲရာကပြီး ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ သတ္တိနဲ့ ယုံကြည်မှု မရှိတော့ဘူးလို့ ကောက်ချက်ဆွဲလို့ ရနိုင်နေပြီး မရောင်းတတ် မဝယ်တတ်၊ ငွေပြန်မရှာတတ်ရာကနေ အမေရိကန်သူဌေးတွေကို ငြိုငြင်စေခဲ့တာကလည်း ရင်းနှီးမြှုပ်နှံဖို့ ငွေထပ်မထုတ်ပေးချင်တော့တာဖြစ်နိုင်ပါတယ်။

မန်စီးတီးတို့ ပါးပါးနပ်နပ်လုပ်ပြနေချိန်မှာ FFP ကြောင့် ပိုင်ရှင်ရဲ့ ငွေကို မသုံးဘူးလို့ဆိုတာကတော့ ကြားကောင်းအောင်ပြောတဲ့ စကားသာ ဖြစ်နေပြီး အသင်းကို ပိုင်ရှင်တွေ စိတ်မဝင်စားတာနဲ့ မြတ်သမျှယူဖို့ပဲ စိတ်ရှိတော့တာဟာ တကယ်တမ်းတော့ မအောင်မြင်တဲ့ နည်းပြတွေနဲ့ ကစားသမားတွေကြောင့် မဟုတ်ဘဲ သူဌေးနဲ့ အုပ်ချုပ်သူလူတန်းစားကြားက ပြဿနာလို့ပဲ ဆိုရမှာပါ။

နောက်ပိုင်းမှာတော့ ကိုယ်ပိုင်အရည်အချင်းနည်းပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ဘာစီလိုနာခေတ်မှာကတည်းက လောက်လောက်လားလားမဖြစ်ခဲ့တဲ့ ဆန်ယီဟီ၊ ကြော်ငြာဒါရိုက်တာဟောင်း ဗင်ကာတီရှမ်၊ ဘရာဇီးလ်ဈေးကွက်နဲ့ ဘရာဇီးလ်သားအပြင် ကောင်းကောင်းမသိဘဲ ဥရောပဈေးကွက်ကို မကျွမ်းကျင်တဲ့ အီဒူးတို့နဲ့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်တော့ဘဲ အသင်းပိုင်ရှင်ဆီက ယုံကြည်မှုနဲ့ ငွေကြေးထောက်ပံ့မှုကိုပါ မရယူနိုင်တော့ဘူးလို့ပဲ သုံးသပ်နိုင်ပါတယ်။

ဒါဟာ အသင်းမှာ ထင်ရှားပြီး အကျိုးပြုခဲ့တဲ့ စတိဗ် ရိုလီ၊ ဒစ်ခ်လော၊ ဆဗင် မစ်စ်လင်တက်တို့လိုလူတွေ ဘာကြောင့် ထွက်ခဲ့တာလဲဆိုတာကို တဖြည်းဖြည်း သိသာလာခဲ့တာဖြစ်ပြီး ပိုင်ရှင်ကလွဲရင် သူ့မျက်စိထဲမှာ ဘယ်သူမှ မထားချင်တဲ့ ဆန်ယီဟီကတော့ အဓိက တရားခံဖြစ်သလို အားလုံးကို သူက ဗင်ကာတီရှမ်နဲ့ ပူးပေါင်းချုပ်ကိုင်ချင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုနဲ့ အာဆင်နယ်တို့ အပြောင်းအရွှေ့ ဈေးကွက်မှာ အေးဂျင့်တွေကိုပဲ အားကိုးနေရသလို ကိုယ်တိုင်ချိတ်ဆက်ရမယ့်အချိန်တွေမှာ အလုပ်မဖြစ်တော့ဘဲ နောက်ကောက်ကျခဲ့ရတာဖြစ်ပြီး စလုံးရေ ပြန်စရမယ့် ကစားသမားခေါ်ယူရေးဌာနကတော့ ပရိသတ်တွေကို စိတ်ပျက်စေဖို့ပဲ များနေသလို ဒီလူတွေရဲ့ အရည်အသွေးနဲ့ကတော့ ဝီလီယန်နဲ့ Class B ကစားသမားသစ်တွေကို ရရင်ပဲ ကျေနပ်ရနိုင်ကြောင်းလည်း သုံးသပ်ခန့်မှန်းလိုက်ရပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS A2Z.