Ligue1 Premier League

မက်ဆီကို အခုအချိန် ဘယ်သူမှ ခေါ်ချင်မှာမဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဒန်နီ မေးလ်စ်

ဒန်နီ မေးလ်စ်ဟာ လက်ရှိအချိန်မှာ လီယွန်နယ် မက်ဆီကို ပရီးမီးယားလိဂ်ထိပ်တန်းအသင်း ၆ သင်းစလုံး ဘယ်သူမှ ခေါ်ယူချင်မှာမဟုတ်ဘူးလို့ အံ့အားသင့်ဖွယ် ပြောကြားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ပြီးနောက်ပိုင်း ပီအက်စ်ဂျီအသင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ ပွဲဦးထွက်ရာသီကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ အင်္ဂလန်ထိပ်တန်းပြိုင်ပွဲမှာ ကစားရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပြီးနောက် လိဂန်းမှာ အချိန်တော်တော်များများ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း ဒန်နီ မေးလ်စ်က လက်ရှိအချိန်မှာ ဘလွန်ဒေါ ၇ ဆုရှင်ကို ပရီးမီးယားလိဂ်ထိပ်တန်း ၆ သင်းစလုံး ခေါ်ယူချင်လိမ့်မယ်လို့ ယုံကြည်နေခြင်း မရှိတာဖြစ်ပါတယ်။ ဒန်နီ မေးလ်စ်ဟာ မက်ဆီဟာ ၎င်းမြင်ဖူးသမျှထဲမှာ အကောင်းဆုံးဘောလုံးသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပေမယ့် မန်စီးတီး၊ လီဗာပူးလ်နဲ့ စပါးစ်တို့လိုအသင်းတွေမှာ ကစားနိုင်မှာမဟုတ်ဘူးလို့ ထင်မြင်နေတာဖြစ်ပါတယ်။

“ခင်ဗျားသာဆိုရင် မက်ဆီကို အခုအချိန်မှာ ခေါ်မှာလား။ မခေါ်ချင်တာပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပြီး ဒန်နီ မေးလ်စ်ရဲ့ ပြောဆိုမှုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာတော့ ပြောစရာတောင်လိုမယ်မထင်ပါဘူး။

“လူတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် သူ တမင်လျှောက်ပြောနေတာလား။ ကျွန်တော်ကတော့ မက်ဆီကို နှလုံးခုန်နေသရွေ့ခေါ်ယူသွားမှာဖြစ်ပြီး ကျွန်တော်က တော့တင်ဟမ်ပရိသတ်ပါ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း “စီးပွားရေးအရပဲ ခေါ်ဖြစ်လိမ့်မယ်။ ရှပ်တွေ ရောင်းဖို့ပေါ့။ အဲဒီလိုမှမဟုတ်ရင် မခေါ်ဘူး။ ၆ သင်းစလုံး သူ့ကို ခေါ်ယူမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီအနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ အတွေးဟာ အမြဲတမ်း စိတ်လှုပ်ရှားစရာ ဆွေးနွေးစရာဖြစ်ခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်ရဲ့ ချန်ပီယံလိဂ်မှာ အင်္ဂလိပ်အသင်းတွေကို သွင်းယူခဲ့တဲ့ သွင်းဂိုးစံချိန်တွေကြောင့် အင်္ဂလန်ကို ပြောင်းရွှေ့လာရင်လည်း ကြီးမားတဲ့အောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒန်နီ မေးလ်စ်က ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ထိပ်တန်း ၆ သင်းထဲက ဘယ်အသင်းမှာမှ ကစားနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဒန္နီ ေမးလ္စ္ဟာ လက္ရွိအခ်ိန္မွာ လီယြန္နယ္ မက္ဆီကို ပရီးမီးယားလိဂ္ထိပ္တန္းအသင္း ၆ သင္းစလုံး ဘယ္သူမွ ေခၚယူခ်င္မွာမဟုတ္ဘူးလို႔ အံ့အားသင့္ဖြယ္ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ဘာစီလိုနာအသင္းကေန ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း ပီအက္စ္ဂ်ီအသင္းမွာ ခက္ခဲၾကမ္းတမ္းတဲ့ ပြဲဦးထြက္ရာသီကို ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ၿပိဳင္ပြဲစုံ သြင္းဂိုး ၁၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ အဂၤလန္ထိပ္တန္းၿပိဳင္ပြဲမွာ ကစားရမယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့ၿပီးေနာက္ လိဂန္းမွာ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးေနာက္ခံကစားသမားေဟာင္း ဒန္နီ ေမးလ္စ္က လက္ရွိအခ်ိန္မွာ ဘလြန္ေဒါ ၇ ဆုရွင္ကို ပရီးမီးယားလိဂ္ထိပ္တန္း ၆ သင္းစလုံး ေခၚယူခ်င္လိမ့္မယ္လို႔ ယုံၾကည္ေနျခင္း မရွိတာျဖစ္ပါတယ္။ ဒန္နီ ေမးလ္စ္ဟာ မက္ဆီဟာ ၎ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးေဘာလုံးသမားျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ေပမယ့္ မန္စီးတီး၊ လီဗာပူးလ္နဲ႔ စပါးစ္တို႔လိုအသင္းေတြမွာ ကစားႏိုင္မွာမဟုတ္ဘူးလို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“ခင္ဗ်ားသာဆိုရင္ မက္ဆီကို အခုအခ်ိန္မွာ ေခၚမွာလား။ မေခၚခ်င္တာပဲ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ဒန္နီ ေမးလ္စ္ရဲ႕ ေျပာဆိုမႈဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔သြားခဲ့တာေတာ့ ေျပာစရာေတာင္လိုမယ္မထင္ပါဘူး။

“လူေတြကို စိတ္အေႏွာက္အယွက္ျဖစ္ေအာင္ သူ တမင္ေလွ်ာက္ေျပာေနတာလား။ ကြၽန္ေတာ္ကေတာ့ မက္ဆီကို ႏွလုံးခုန္ေနသေ႐ြ႕ေခၚယူသြားမွာျဖစ္ၿပီး ကြၽန္ေတာ္က ေတာ့တင္ဟမ္ပရိသတ္ပါ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “စီးပြားေရးအရပဲ ေခၚျဖစ္လိမ့္မယ္။ ရွပ္ေတြ ေရာင္းဖို႔ေပါ့။ အဲဒီလိုမွမဟုတ္ရင္ မေခၚဘူး။ ၆ သင္းစလုံး သူ႔ကို ေခၚယူမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီအေနနဲ႔ ပရီးမီးယားလိဂ္မွာ ကစားရင္ ဘယ္လိုျဖစ္မလဲဆိုတဲ့ အေတြးဟာ အၿမဲတမ္း စိတ္လႈပ္ရွားစရာ ေဆြးေႏြးစရာျဖစ္ခဲ့ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ ခ်န္ပီယံလိဂ္မွာ အဂၤလိပ္အသင္းေတြကို သြင္းယူခဲ့တဲ့ သြင္းဂိုးစံခ်ိန္ေတြေၾကာင့္ အဂၤလန္ကို ေျပာင္းေ႐ႊ႕လာရင္လည္း ႀကီးမားတဲ့ေအာင္ျမင္မႈ ရရွိႏိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒန္နီ ေမးလ္စ္က ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ထိပ္တန္း ၆ သင္းထဲက ဘယ္အသင္းမွာမွ ကစားႏိုင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.