La Liga Premier League Transfer News

စီဘာေယာ့စ္ကို လစာေငြက်ခံမွဳ သေဘာမတူလို႔ မေခၚယူႏုိင္ေသးတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီ ဒုတိယဝက္မွာ နည္းျပသစ္ မီခယ္လ္ အာတီတာနဲ႔အတူ ထိထိေရာက္ေရာက္ ေျခစြမ္းျပကစားခဲ့တဲ့ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ကို ရီးရဲလ္မက္ဒရစ္အသင္းကေန ေနာက္ထပ္တစ္ႏွစ္ ထပ္မံေခၚယူဖို႔အတြက္ ႀကဳိးစားမွဳက ေအာင္ျမင္မွဳ မရေသးဘူးလို႔ သိရပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ စပိန္လက္ေရြးစင္ကြင္းလယ္လူဟာ အာဆင္နယ္အသင္းမွာ ဥ႐ုေဂြးသား လူးကပ္စ္ ေတာ္ရဲရားကို ေနရာေပ်ာက္ေစခဲ့သူျဖစ္ၿပီး ကြင္းလယ္မွာ ဆြစ္ဇာလန္သား ဂရာနစ္ ခ်ာကာနဲ႔ ေက်နပ္ေလာက္တဲ့ အတြဲအဖက္တစ္ခုကို ခိုင္ခိုင္မာမာ ျပသႏုိင္ခဲ့သလို ပရိသတ္ေတြကလည္ သေဘာက်ခဲ့ၾကလို႔ အငွားသက္တမ္းတုိးဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က စုစုေပါင္း ကုန္က်စရိတ္ ယူ႐ုိ ၁၄.၅ သန္း (ေပါင္ ၁၃.၂ သန္း) က်သင့္ခဲ့တဲ့ အငွားေခၚယူမွဳအၿပီးမွာ ဒီႏွစ္အတြက္ကိုေတာ့ အာဆင္နယ္အသင္းအေနနဲ႔ အငွားေၾကး ယူ႐ို ၄ သန္း (ေပါင္ ၃.၆ သန္း)နဲ႔ လစာေငြရဲ႕ ၅၀ ရာခိုင္ႏွဳန္းကို ေပးေခ်မယ္လို႔ ကမ္းလွမ္းထားခဲ့ၿပီး ေနာက္ဆုံးသိရွိရတဲ့ သတင္းေတြအရေတာ့ ရီးရဲလ္မက္ဒရစ္ဘက္က ပယ္ခ်ထားခဲ့တယ္လို႔ သိရပါတယ္။

အာဆင္နယ္မွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ လာလီဂါ ခ်န္ပီယံ ရီးရဲလ္နည္းျပ ဇီနီဒန္း ဇီဒန္းရဲ႕ အစီအစဥ္ေတြထဲမွာေတာ့ မပါဝင္ေသးတဲ့ ဘက္တစ္ကြင္းလယ္လူေဟာင္းအတြက္ မက္ဒရစ္အသင္းဘက္က လစာေငြ အျပည့္အဝ က်ခံေပးဖို႔ အလိုရွိေနၿပီး သူ႕ရဲ႕ တစ္ႏွစ္စာ လုပ္ခကေတာ့ ေပါင္ ၂.၇ သန္း က်သင့္မယ္လို႔ ဆိုပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားခ်င္တဲ့ ဆႏၵထက္ စပိန္လက္ေရြးစင္အသင္းမွာ ပါဝင္ရဖို႔ကို ဦးစားေပးပစ္မွတ္အျဖစ္ အလိုရွိေနတဲ့ စီဘာေယာ့စ္အတြက္ေတာ့ လာလီဂါအသင္းတစ္သင္းမွာ ျပန္ကစားဖို႔ထက္ အဂၤလန္ေျမမွာ စပိန္နည္းျပတစ္ဦးနဲ႔ တြဲဖက္ေျခစြမ္းျပႏုိင္ဖို႔က ပိုမိုေကာင္းမြန္ၿပီး သူ႕ကို သတိထားမိႏုိင္တဲ့ ေရြးခ်ယ္စရာလည္းျဖစ္ၿပီး အာဆင္နယ္မွာ ဆက္ေနမယ္ဆုိရင္ ၿပီးခဲ့တဲ့ႏွစ္ကထက္ပါ ပုိေကာင္းေအာင္ ကစားႏုိင္လိမ့္မယ္လုိ႔ ခန္႔မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ ဒုတိယဝက်မှာ နည်းပြသစ် မီခယ်လ် အာတီတာနဲ့အတူ ထိထိရောက်ရောက် ခြေစွမ်းပြကစားခဲ့တဲ့ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ နောက်ထပ်တစ်နှစ် ထပ်မံခေါ်ယူဖို့အတွက် ကြိုးစားမှုက အောင်မြင်မှု မရသေးဘူးလို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် စပိန်လက်ရွေးစင်ကွင်းလယ်လူဟာ အာဆင်နယ်အသင်းမှာ ဥရုဂွေးသား လူးကပ်စ် တော်ရဲရားကို နေရာပျောက်စေခဲ့သူဖြစ်ပြီး ကွင်းလယ်မှာ ဆွစ်ဇာလန်သား ဂရာနစ် ချာကာနဲ့ ကျေနပ်လောက်တဲ့ အတွဲအဖက်တစ်ခုကို ခိုင်ခိုင်မာမာ ပြသနိုင်ခဲ့သလို ပရိသတ်တွေကလည် သဘောကျခဲ့ကြလို့ အငှားသက်တမ်းတိုးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က စုစုပေါင်း ကုန်ကျစရိတ် ယူရို ၁၄.၅ သန်း (ပေါင် ၁၃.၂ သန်း) ကျသင့်ခဲ့တဲ့ အငှားခေါ်ယူမှုအပြီးမှာ ဒီနှစ်အတွက်ကိုတော့ အာဆင်နယ်အသင်းအနေနဲ့ အငှားကြေး ယူရို ၄ သန်း (ပေါင် ၃.၆ သန်း)နဲ့ လစာငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ပေးချေမယ်လို့ ကမ်းလှမ်းထားခဲ့ပြီး နောက်ဆုံးသိရှိရတဲ့ သတင်းတွေအရတော့ ရီးရဲလ်မက်ဒရစ်ဘက်က ပယ်ချထားခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လာလီဂါ ချန်ပီယံ ရီးရဲလ်နည်းပြ ဇီနီဒန်း ဇီဒန်းရဲ့ အစီအစဉ်တွေထဲမှာတော့ မပါဝင်သေးတဲ့ ဘက်တစ်ကွင်းလယ်လူဟောင်းအတွက် မက်ဒရစ်အသင်းဘက်က လစာငွေ အပြည့်အဝ ကျခံပေးဖို့ အလိုရှိနေပြီး သူ့ရဲ့ တစ်နှစ်စာ လုပ်ခကတော့ ပေါင် ၂.၇ သန်း ကျသင့်မယ်လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားချင်တဲ့ ဆန္ဒထက် စပိန်လက်ရွေးစင်အသင်းမှာ ပါဝင်ရဖို့ကို ဦးစားပေးပစ်မှတ်အဖြစ် အလိုရှိနေတဲ့ စီဘာယော့စ်အတွက်တော့ လာလီဂါအသင်းတစ်သင်းမှာ ပြန်ကစားဖို့ထက် အင်္ဂလန်မြေမှာ စပိန်နည်းပြတစ်ဦးနဲ့ တွဲဖက်ခြေစွမ်းပြနိုင်ဖို့က ပိုမိုကောင်းမွန်ပြီး သူ့ကို သတိထားမိနိုင်တဲ့ ရွေးချယ်စရာလည်းဖြစ်ပြီး အာဆင်နယ်မှာ ဆက်နေမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ကထက်ပါ ပိုကောင်းအောင် ကစားနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.