Premier League

ဆာလားကြောင့် နောက်တယောက်ပါ လစာတိုးပေးရတော့မယ်လို့ ပြောလိုက်တဲ့ ဝှီလန်

လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူးဟောင်း နိုဝယ်လ် ဝှီလန်က မိုဟာမက် ဆာလားရဲ့ ကြီးမားတဲ့လစာနဲ့ စာချုပ်သစ်ကြောင့် ဗန်ဒိုက်လည်း နောက်ဆုံးတော့ အန်းဖီးမှာ ကြီးမားတဲ့လစာပမာဏ ရရှိသွားနိုင်တယ်လို့ ယုံကြည်နေပါတယ်။

မိုဟာမက် ဆာလားဟာ လာမယ့်နွေရာသီမှာ လီဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင် မာဆေးဆိုဒ်အသင်းဟာ ၎င်းတို့ရဲ့လစာပုံစံကို ချိုးဖောက်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၄ သိန်းအထိ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အီဂျစ်တိုက်စစ်မှူးဟာ လာမယ့် ၃ နှစ်အတွင်း လစာပမာဏ ပေါင် ၆၂.၄ သန်းအထိ ရရှိသွားတော့မှာဖြစ်ပြီး ဆန့်ကျင်ဘက်အားဖြင့် ၂၀၂၅ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဗန်ဒိုက်ဟာ တစ်ပတ်လုပ်ခလစာပေါင် ၂၂၀၀၀၀ သာ ရရှိနေတာဖြစ်ပါတယ်။

“ဗန်ဒိုက်လိုမျိုးကစားသမားက ဆာလားကို လစာအများကြီးတိုးပေးလိုက်တဲ့သတင်းကို စိတ်ပျက်နေမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့တွေက အဲဒီကိစ္စအတွက်တော့ အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်ကြပါတယ်။ ကစားသမားတွေ၊ ကလပ်အသင်းနဲ့ နည်းပြကြားမှာ လေးစားမှုအပြန်အလှန်ရှိကြပြီး အဲဒါက သူတို့တွေက လုပ်ငန်းစဉ်ကို သဘောပေါက်နားလည်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ”

ဒါပေမယ့်လည်း ဝှီလန်က ဆာလားရဲ့ ကြီးမားတဲ့စာချုပ်သစ်ဟာ နောက်ဆုံးမှာတော့ ဗန်ဒိုက်ကိုလည်း အန်းဖီးမှာ ကြီးမားတဲ့ လစာပမာဏ ရရှိသွားစေလိမ့်မယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့်လည်း ဗန်ဒိုက်ရဲ့ စာချုပ်က သက်တမ်းကုန်ဆုံးမယ့် အချိန်ကို ရောက်လာတဲ့အခါမှာ အဲဒီကျရင် လီဗာပူးလ်က သူ့ရဲ့ တန်ဖိုးကို မြင်ပြီး သူ တောင်းတာကို ပေးလိမ့်မယ်ဆိုတာ ကျွန်တော် သေချာသိတယ်။ သူ့အနေနဲ့ အဲဒါကို မတောင်းဆိုခင် အချိန်တစ်ခုအထိတော့ စောင့်ဆိုင်းရလိမ့်မယ်။ သူ့ရဲ့ နောက်လာမယ့်စာချုပ်သစ်က ဆာလားနဲ့ သိပ်ကွာမှာမဟုတ်ဘူး။ သူ အဲဒါကို သိနေပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရာသီပိတ်နောက်ဆုံးပွဲစဉ်အထိ ပရီးမီးယားလိဂ်ဖလားအတွက် မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံတွေက ရမှတ် ၁ မှတ်အသာနဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ယခုလာမယ့်ရာသီမှာ နောက်ထပ်တစ်ကြိမ် ဆုဖလားအားလုံးကို အရယူဖို့ ရည်မှန်းထားမှာဖြစ်ပြီး ဘင်ဖီကာအသင်းက ခေါ်ယူထားတဲ့ ဒါဝင် နူးညက်ဇ်ဟာ တိုက်စစ်မှာ ဆာလားနဲ့အတူ ဦးဆောင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လိဒ္စ္ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ႏိုဝယ္လ္ ဝွီလန္က မိုဟာမက္ ဆာလားရဲ႕ ႀကီးမားတဲ့လစာနဲ႔ စာခ်ဳပ္သစ္ေၾကာင့္ ဗန္ဒိုက္လည္း ေနာက္ဆုံးေတာ့ အန္းဖီးမွာ ႀကီးမားတဲ့လစာပမာဏ ရရွိသြားႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

မိုဟာမက္ ဆာလားဟာ လာမယ့္ေႏြရာသီမွာ လီဗာပူးလ္နဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင္ မာေဆးဆိုဒ္အသင္းဟာ ၎တို႔ရဲ႕လစာပုံစံကို ခ်ိဳးေဖာက္ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၄ သိန္းအထိ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အီဂ်စ္တိုက္စစ္မႉးဟာ လာမယ့္ ၃ ႏွစ္အတြင္း လစာပမာဏ ေပါင္ ၆၂.၄ သန္းအထိ ရရွိသြားေတာ့မွာျဖစ္ၿပီး ဆန႔္က်င္ဘက္အားျဖင့္ ၂၀၂၅ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဗန္ဒိုက္ဟာ တစ္ပတ္လုပ္ခလစာေပါင္ ၂၂၀၀၀၀ သာ ရရွိေနတာျဖစ္ပါတယ္။

“ဗန္ဒိုက္လိုမ်ိဳးကစားသမားက ဆာလားကို လစာအမ်ားႀကီးတိုးေပးလိုက္တဲ့သတင္းကို စိတ္ပ်က္ေနမယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ သူတို႔ေတြက အဲဒီကိစၥအတြက္ေတာ့ အရမ္းကို ပေရာ္ဖက္ရွင္နယ္ ဆန္ၾကပါတယ္။ ကစားသမားေတြ၊ ကလပ္အသင္းနဲ႔ နည္းျပၾကားမွာ ေလးစားမႈအျပန္အလွန္ရွိၾကၿပီး အဲဒါက သူတို႔ေတြက လုပ္ငန္းစဥ္ကို သေဘာေပါက္နားလည္တယ္ဆိုတဲ့အဓိပၸာယ္ပါ”

ဒါေပမယ့္လည္း ဝွီလန္က ဆာလားရဲ႕ ႀကီးမားတဲ့စာခ်ဳပ္သစ္ဟာ ေနာက္ဆုံးမွာေတာ့ ဗန္ဒိုက္ကိုလည္း အန္းဖီးမွာ ႀကီးမားတဲ့ လစာပမာဏ ရရွိသြားေစလိမ့္မယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

“ဒါေပမယ့္လည္း ဗန္ဒိုက္ရဲ႕ စာခ်ဳပ္က သက္တမ္းကုန္ဆုံးမယ့္ အခ်ိန္ကို ေရာက္လာတဲ့အခါမွာ အဲဒီက်ရင္ လီဗာပူးလ္က သူ႔ရဲ႕ တန္ဖိုးကို ျမင္ၿပီး သူ ေတာင္းတာကို ေပးလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာသိတယ္။ သူ႔အေနနဲ႔ အဲဒါကို မေတာင္းဆိုခင္ အခ်ိန္တစ္ခုအထိေတာ့ ေစာင့္ဆိုင္းရလိမ့္မယ္။ သူ႔ရဲ႕ ေနာက္လာမယ့္စာခ်ဳပ္သစ္က ဆာလားနဲ႔ သိပ္ကြာမွာမဟုတ္ဘူး။ သူ အဲဒါကို သိေနပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ရာသီပိတ္ေနာက္ဆုံးပြဲစဥ္အထိ ပရီးမီးယားလိဂ္ဖလားအတြက္ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ယွဥ္ၿပိဳင္ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံေတြက ရမွတ္ ၁ မွတ္အသာနဲ႔ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအေနနဲ႔ ယခုလာမယ့္ရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားအားလုံးကို အရယူဖို႔ ရည္မွန္းထားမွာျဖစ္ၿပီး ဘင္ဖီကာအသင္းက ေခၚယူထားတဲ့ ဒါဝင္ ႏူးညက္ဇ္ဟာ တိုက္စစ္မွာ ဆာလားနဲ႔အတူ ဦးေဆာင္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.