Bundesliga Premier League Transfer News

ယူႏုိက္တက္ပစ္မွတ္ ဆန္ခ်ဳိအေနနဲ႔ အသင္းမွာ ဆက္ေနခ်င္ေၾကာင္း ထုတ္ေျပာဖို႔ ေဒါ့မြန္ဖိအားေပး

မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ေခၚယူဖို႔ ဆက္လက္ႀကဳိးစားသြားဖြယ္ရွိေနတဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအေနနဲ႔ ဆစ္ဂနယ္လ္အီဒူနာပါ့ခ္မွာ ဆက္လက္ကစားခ်င္ေၾကာင္း တရားဝင္ထုတ္ေဖာ္ေျပာၾကားဖို႔ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္ဘက္က ကစားသမားကို ဖိအားေပးထားခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ျဖစ္ရပ္ေတြအရေတာ့ ဆန္ခ်ဳိကို ေရာင္းခ်လိုျခင္းမရွိတဲ့ ေဒါ့မြန္အေနနဲ႔ ကစားသမားရဲ႕ ယူႏုိက္တက္ဆီ ေျပာင္းေရႊ႕လိုတဲ့ ဆႏၵေၾကာင့္သာ အေျပာင္းအေရႊ႕ေဆြးေႏြးဖို႔အတြက္ကို စီစဥ္ေပးခဲ့ရတာျဖစ္ၿပီး ဒီကိစၥ မပ်က္ပ်က္ေအာင္ အႏုနည္းနဲ႔ မ်ဳိးစုံၾကံစည္ေနခဲ့သလုိ အခုမွစတဲ့ အေျပာင္းအေရႊ႕ကာလကိုေတာင္မွ ၾသဂုတ္ ၁၀ ရက္ေန႔မွာ အၿပီးမသတ္ႏိုင္ရင္ မေရာင္းဘူးလို႔ ဆုိခဲ့တာလည္းျဖစ္ပါတယ္။

ဒီအေျခအေနမွာ မန္ခ်က္စတာယူႏုိက္တက္ဘက္က ထုတ္ေဖာ္မွဳေတြအရေတာ့ ေဒါ့မြန္အသင္းအေနနဲ႔ သူတုိ႔ကို ကစားသမားအေျပာင္းအေရႊ႕အတြက္ ကလပ္အသင္းခ်င္း တရားဝင္ တုိက္႐ိုက္ေဆြးေႏြးခြင့္ကို မေပးခဲ့ဘဲ ေဝလည္ေၾကာင္ပတ္လုပ္ေနခဲ့သလို မျဖစ္ႏုိင္တဲ့ ေတာင္းဆုိမွဳေတြနဲ႔ ေႏွးေကြးတဲ့ ေဆြးေႏြးမွဳေတြကို ၾကားထဲက ကိုယ္စားလွယ္ေတြနဲ႔သာ စကားေျပာခြင့္ရခဲ့တာျဖစ္တယ္လုိ႔ ဆုိပါတယ္။

ေဒါ့မြန္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ မီရွာေအးလ္ ေဇာ့ခ္ကေတာ့ ဆန္ခ်ဳိကို သူတုိ႔အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက စြမ္းေဆာင္မွဳေတြဟာ လစာ တုိးျမႇင့္ေပးဖို႔ သေဘာတူညီခ်က္ေတြနဲ႔ ကိုက္ညီေနလို႔ တုိးျမႇင့္ေပးထားခဲ့ေၾကာင္းနဲ႔ လာမယ့္ရာသီအတြက္ ေရာင္းခ်ဖို႔ အစီအစဥ္မရွိဘဲ အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားမယ္လုိ႔ ေၾကျငာထားခဲ့တာပါ။

လက္ရွိမွာေတာ့ အသက္ ၂၀ အရြယ္ အဂၤလန္ေတာင္ပံကစားသမားအေနနဲ႔ အသင္းနဲ႔ အားကစားဒါ႐ိုက္တာ ေဇာ့ခ္ရဲ႕ ဖိအားေပးမွဳေတြကို ရင္ဆုိင္ေနခဲ့ရၿပီး မန္ခ်က္စတာယူႏုိက္တက္ကို သြားဖို႔ ဆႏၵမရွိဘဲ ေဒါ့မြန္မွာ ဆက္ကစားဖို႔ လူသိရွင္ၾကား ေၾကျငာရမယ္လို႔ ေတာင္းဆုိေနခဲ့သလို အသင္းေျပာင္းေရႊ႕ဖို႔အတြက္ စိတ္မဝင္စားေၾကာင္းဆိုဖို႔ အလိုရွိေနတယ္လုိ႔ The Times သတင္းဌာနက ေဖာ္ျပသြားခဲ့ပါတယ္။

REF: THE TIMES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူဖို့ ဆက်လက်ကြိုးစားသွားဖွယ်ရှိနေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ ဆစ်ဂနယ်လ်အီဒူနာပါ့ခ်မှာ ဆက်လက်ကစားချင်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားဖို့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ဘက်က ကစားသမားကို ဖိအားပေးထားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖြစ်ရပ်တွေအရတော့ ဆန်ချိုကို ရောင်းချလိုခြင်းမရှိတဲ့ ဒေါ့မွန်အနေနဲ့ ကစားသမားရဲ့ ယူနိုက်တက်ဆီ ပြောင်းရွှေ့လိုတဲ့ ဆန္ဒကြောင့်သာ အပြောင်းအရွှေ့ဆွေးနွေးဖို့အတွက်ကို စီစဉ်ပေးခဲ့ရတာဖြစ်ပြီး ဒီကိစ္စ မပျက်ပျက်အောင် အနုနည်းနဲ့ မျိုးစုံကြံစည်နေခဲ့သလို အခုမှစတဲ့ အပြောင်းအရွှေ့ကာလကိုတောင်မှ သြဂုတ် ၁၀ ရက်နေ့မှာ အပြီးမသတ်နိုင်ရင် မရောင်းဘူးလို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဒီအခြေအနေမှာ မန်ချက်စတာယူနိုက်တက်ဘက်က ထုတ်ဖော်မှုတွေအရတော့ ဒေါ့မွန်အသင်းအနေနဲ့ သူတို့ကို ကစားသမားအပြောင်းအရွှေ့အတွက် ကလပ်အသင်းချင်း တရားဝင် တိုက်ရိုက်ဆွေးနွေးခွင့်ကို မပေးခဲ့ဘဲ ဝေလည်ကြောင်ပတ်လုပ်နေခဲ့သလို မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေနဲ့ နှေးကွေးတဲ့ ဆွေးနွေးမှုတွေကို ကြားထဲက ကိုယ်စားလှယ်တွေနဲ့သာ စကားပြောခွင့်ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ မီရှာအေးလ် ဇော့ခ်ကတော့ ဆန်ချိုကို သူတို့အနေနဲ့ ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်မှုတွေဟာ လစာ တိုးမြှင့်ပေးဖို့ သဘောတူညီချက်တွေနဲ့ ကိုက်ညီနေလို့ တိုးမြှင့်ပေးထားခဲ့ကြောင်းနဲ့ လာမယ့်ရာသီအတွက် ရောင်းချဖို့ အစီအစဉ်မရှိဘဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ကြေငြာထားခဲ့တာပါ။

လက်ရှိမှာတော့ အသက် ၂၀ အရွယ် အင်္ဂလန်တောင်ပံကစားသမားအနေနဲ့ အသင်းနဲ့ အားကစားဒါရိုက်တာ ဇော့ခ်ရဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်နေခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ကို သွားဖို့ ဆန္ဒမရှိဘဲ ဒေါ့မွန်မှာ ဆက်ကစားဖို့ လူသိရှင်ကြား ကြေငြာရမယ်လို့ တောင်းဆိုနေခဲ့သလို အသင်းပြောင်းရွှေ့ဖို့အတွက် စိတ်မဝင်စားကြောင်းဆိုဖို့ အလိုရှိနေတယ်လို့ The Times သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

REF: THE TIMES
PHOTOS CREDIT TO OWNERS
SPORTS A2Z.