Premier League Transfer News

တန်ဟက်ဂ်ကို အားကျမခံ ဒတ်ချ်ကစားသမားကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းတာဝန်ရှိသူတွေဟာ ပီအက်စ်ဗွီ တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Voetbal International က ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဗွီအသင်းဟာ ယခုနွေရာသီမှာ ၎င်းတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူးကို လမ်းခွဲဖို့အတွက် ပေါင် ၃၄ သန်း လိုချင်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ဂက်ခ်ပိုဟာ ဒတ်ချ်ကလပ်နဲ့အတူ အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဗွီအသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ကိုဒီ ဂက်ခ်ပိုရဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့လို အသင်းတွေအပါအဝင် ကလပ်အသင်းအများအပြားရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ အပြောင်းအရွှေ့အတွက် တရားဝင် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Voetbal International က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း မာဆေးဆိုဒ်ကလပ်အသင်းအနေနဲ့ လက်ရှိ နွေရာသီအပြောင်းအရွှေ့ကာလမှာ နောက်ထပ် တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေမယ့်ပုံ မပေါ်ဘဲ လီဗာပူးလ်ဟာ ဒါဝင် နူးညက်ဇ်ကို ခေါ်ယူထားပြီးဖြစ်ပြီး မိုဟာမက် ဆာလားနဲ့လည်း ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

ဂက်ခ်ပိုအနေနဲ့ ယခုနွေရာသီမှာ အန်းဖီးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ ပွဲကစားချိန် အနည်းငယ်သာ ရရှိနိုင်ပေမယ့်လည်း သိပ်မကြာခင်ကာလမှာ လီဗာပူးလ်တိုက်စစ်မှူးတွေထဲက တစ်ဦးဦး ထွက်ခွာခဲ့မယ်ဆိုရင်တော့ အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လာမှာဖြစ်ပါတယ်။

ရောဘတ်တို ဖာမီနိုဟာ လီဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် အသက် ၂၃ နှစ်အရွယ် ဒတ်ချ် တိုက်စစ်မှူးဟာ ဘရာဇီးလ်တိုက်စစ်မှူးရဲ့ နေရာမှာ ကောင်းမွန်တဲ့ အစားထိုးခေါ်ယူမှုဖြစ်နိုင်ဖွယ် ရှိပါတယ်။

ကိုဒီ ဂက်ခ်ပိုဟာ နယ်သာလန် လက်ရွေးစင်အသင်းအတွက် ၇ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂ ဂိုးသွင်းယူပေးထားပြီး ယခုနှစ်နှောင်းပိုင်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပနိုင်မယ်ဆိုရင် ၎င်းရဲ့ပြောင်းရွှေ့ကြေးက အခုထက် များစွာ မြင့်တက်လာနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းတာဝန္ရွိသူေတြဟာ ပီအက္စ္ဗြီ တိုက္စစ္မႉး ကိုဒီ ဂက္ခ္ပိုရဲ႕ ေအးဂ်င့္နဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ Voetbal International က ေဖာ္ျပခဲ့ပါတယ္။

ပီအက္စ္ဗြီအသင္းဟာ ယခုေႏြရာသီမွာ ၎တို႔ရဲ႕ ၾကယ္ပြင့္ တိုက္စစ္မႉးကို လမ္းခြဲဖို႔အတြက္ ေပါင္ ၃၄ သန္း လိုခ်င္ေနတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ဂက္ခ္ပိုဟာ ဒတ္ခ်္ကလပ္နဲ႔အတူ အလြန္ေကာင္းမြန္တဲ့ ရာသီကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ပီအက္စ္ဗြီအသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၅ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။

ကိုဒီ ဂက္ခ္ပိုရဲ႕ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့ အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လိဒ္စ္ယူႏိုက္တက္တို႔လို အသင္းေတြအပါအဝင္ ကလပ္အသင္းအမ်ားအျပားရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ အေျပာင္းအေ႐ႊ႕အတြက္ တရားဝင္ ေတြ႕ဆုံေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ Voetbal International က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း မာေဆးဆိုဒ္ကလပ္အသင္းအေနနဲ႔ လက္ရွိ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေနာက္ထပ္ တိုက္စစ္မႉးတစ္ဦး ေခၚယူခ်င္ေနမယ့္ပုံ မေပၚဘဲ လီဗာပူးလ္ဟာ ဒါဝင္ ႏူးညက္ဇ္ကို ေခၚယူထားၿပီးျဖစ္ၿပီး မိုဟာမက္ ဆာလားနဲ႔လည္း ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂက္ခ္ပိုအေနနဲ႔ ယခုေႏြရာသီမွာ အန္းဖီးကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ေတာ့ ပြဲကစားခ်ိန္ အနည္းငယ္သာ ရရွိႏိုင္ေပမယ့္လည္း သိပ္မၾကာခင္ကာလမွာ လီဗာပူးလ္တိုက္စစ္မႉးေတြထဲက တစ္ဦးဦး ထြက္ခြာခဲ့မယ္ဆိုရင္ေတာ့ အလြန္ေကာင္းမြန္တဲ့ ေခၚယူမႈျဖစ္လာမွာျဖစ္ပါတယ္။

ေရာဘတ္တို ဖာမီႏိုဟာ လီဗာပူးလ္နဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တာေၾကာင့္ အသက္ ၂၃ ႏွစ္အ႐ြယ္ ဒတ္ခ်္ တိုက္စစ္မႉးဟာ ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ ေနရာမွာ ေကာင္းမြန္တဲ့ အစားထိုးေခၚယူမႈျဖစ္ႏိုင္ဖြယ္ ရွိပါတယ္။

ကိုဒီ ဂက္ခ္ပိုဟာ နယ္သာလန္ လက္ေ႐ြးစင္အသင္းအတြက္ ၇ ပြဲ ပါဝင္ကစားေပးထားရာမွာ ၂ ဂိုးသြင္းယူေပးထားၿပီး ယခုႏွစ္ေႏွာင္းပိုင္း ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေတာက္ပႏိုင္မယ္ဆိုရင္ ၎ရဲ႕ေျပာင္းေ႐ႊ႕ေၾကးက အခုထက္ မ်ားစြာ ျမင့္တက္လာႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.