Premier League

ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဒီဘ႐ိုင္းနားတုိ႔ကို အေကာင္းဆုံးဂိုးဆုအတြက္ ဆြန္ေဟာင္မင္ အႏိုင္ယူ

ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီအတြင္း အေကာင္းဆုံး သြင္းဂိုးဆုအတြက္ေတာ့ စပါးစ္အသင္းရဲ႕ ေတာင္ပံကစားသမား ဆြန္ေဟာင္မင္းက သူနဲ႔အၿပဳိင္ ေရပန္းစားေနခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကီဗင္ ဒီဘ႐ိုင္းနားတုိ႔ကို အႏိုင္ယူၿပီး ဆြတ္ခူးရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလက ဘန္ေလနဲ႔ပြဲစဥ္မွာ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ စပါးစ္အသင္းရဲ႕ ကြင္းျခမ္းဘက္ကေန ေျပးလႊားၿပီး တစ္ဖက္ကစားသမား ၆ ဦးကို ေက်ာ္ျဖတ္ၿပီးမွ ဂိုးသမား နစ္ခ္ ပုပ္နဲ႔ဆုိရင္ ၇ ဦးအထိ အႏိုင္ယူႏုိင္ခဲ့တဲ့ သြင္းဂိုးက ေရပန္းစားထားတဲ့အတုိင္းပဲ ေရြးခ်ယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒီဂိုးအတြက္ ေတာင္ကိုရီးယားေတာင္ပံတုိက္စစ္မွဴးဟာ ကိုက္ ၉၀ ေလာက္ ေျပးလႊားခဲ့ရၿပီး ဒီအတြက္ ၁၁ စကၠန္႔သာ အခ်ိန္ယူခဲ့ရသလို ခံစစ္သမားေတြကို ေက်ာ္ျဖတ္ခဲ့တဲ့ သူ႕ရဲ႕ ေဘာလုံးစြမ္းရည္ကလည္း ေျပာစမွတ္ျပဳစရာျဖစ္ခဲ့ၿပီး ဒီပြဲရဲ႕ တတိယေျမာက္ဂိုးလည္းျဖစ္ခဲ့ကာ ပြဲအၿပီးမွာေတာ့ စပါးစ္က ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဘ႐ိုက္တန္နဲ႔ပြဲမွာ တန္ျပန္တုိက္စစ္ကေန သြင္းယူခဲ့တဲ့ သြင္းဂိုးနဲ႔ ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ အျပင္းကန္ခ်က္နဲ႔ ေဝ့ဝိုက္ကန္ခ်က္ႏွစ္ခုကေတာ့ ဆြန္ရဲ႕ ဂိုးကို မေက်ာ္လႊားႏုိင္ခဲ့သလုိ မဲေပးေရြးခ်ယ္မွဳမွာေတာ့ သူ႕ကို ၿမဳိ႕ခံၿပဳိင္ဘက္ အာဆင္နယ္ဂႏၴဝင္တုိက္စစ္မွဴး အီယန္႐ိုက္ကပါ ေရြးခ်ယ္မဲေပးသြားခဲ့တာပါ။

အသက္ ၂၈ ႏွစ္အရြယ္ စပါးစ္တုိက္စစ္မွဴးဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ၁၁ ဂိုး သြင္းယူႏုိင္ခဲ့ၿပီး ဒီဆုအတြက္ေတာ့ ၿပဳိင္ဘက္ ၉ ဦးကို ေက်ာ္ျဖတ္ရယူသြားခဲ့သလို ဒီဇင္ဘာလကတည္း ဒီသြင္းဂိုးဟာ အေကာင္းဆုံးသြင္းဂိုးအျဖစ္ ေရြးခ်ယ္ခံထားခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး သွင်းဂိုးဆုအတွက်တော့ စပါးစ်အသင်းရဲ့ တောင်ပံကစားသမား ဆွန်ဟောင်မင်းက သူနဲ့အပြိုင် ရေပန်းစားနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ကီဗင် ဒီဘရိုင်းနားတို့ကို အနိုင်ယူပြီး ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဘန်လေနဲ့ပွဲစဉ်မှာ တစ်ကိုယ်တော်အစွမ်းနဲ့ စပါးစ်အသင်းရဲ့ ကွင်းခြမ်းဘက်ကနေ ပြေးလွှားပြီး တစ်ဖက်ကစားသမား ၆ ဦးကို ကျော်ဖြတ်ပြီးမှ ဂိုးသမား နစ်ခ် ပုပ်နဲ့ဆိုရင် ၇ ဦးအထိ အနိုင်ယူနိုင်ခဲ့တဲ့ သွင်းဂိုးက ရေပန်းစားထားတဲ့အတိုင်းပဲ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဂိုးအတွက် တောင်ကိုရီးယားတောင်ပံတိုက်စစ်မှူးဟာ ကိုက် ၉၀ လောက် ပြေးလွှားခဲ့ရပြီး ဒီအတွက် ၁၁ စက္ကန့်သာ အချိန်ယူခဲ့ရသလို ခံစစ်သမားတွေကို ကျော်ဖြတ်ခဲ့တဲ့ သူ့ရဲ့ ဘောလုံးစွမ်းရည်ကလည်း ပြောစမှတ်ပြုစရာဖြစ်ခဲ့ပြီး ဒီပွဲရဲ့ တတိယမြောက်ဂိုးလည်းဖြစ်ခဲ့ကာ ပွဲအပြီးမှာတော့ စပါးစ်က ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ ဘရိုက်တန်နဲ့ပွဲမှာ တန်ပြန်တိုက်စစ်ကနေ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ကီဗင် ဒီဘရိုင်းနားရဲ့ အပြင်းကန်ချက်နဲ့ ဝေ့ဝိုက်ကန်ချက်နှစ်ခုကတော့ ဆွန်ရဲ့ ဂိုးကို မကျော်လွှားနိုင်ခဲ့သလို မဲပေးရွေးချယ်မှုမှာတော့ သူ့ကို မြို့ခံပြိုင်ဘက် အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အီယန်ရိုက်ကပါ ရွေးချယ်မဲပေးသွားခဲ့တာပါ။

အသက် ၂၈ နှစ်အရွယ် စပါးစ်တိုက်စစ်မှူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီဆုအတွက်တော့ ပြိုင်ဘက် ၉ ဦးကို ကျော်ဖြတ်ရယူသွားခဲ့သလို ဒီဇင်ဘာလကတည်း ဒီသွင်းဂိုးဟာ အကောင်းဆုံးသွင်းဂိုးအဖြစ် ရွေးချယ်ခံထားခဲ့ရကြောင်းလည်း သိရှိရပါတယ်။

REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
SPORTS A2Z.