Ligue1

ပီအက်စ်ဂျီကို စွန့်ခွာဖို့ပြင်နေတဲ့ နေမာကို သတိပေးလိုက်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းဖြစ်သူ နေမာကို အသင်းကနေ မထွက်ခွာစေချင်ဘူးလို့ La Nacion က ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းမှာ မနာဂတ် မရေမရာဖြစ်နေတာဖြစ်ပြီး နေမာဟာ ယခုနွေရာသီမှာ အသင်းကို စွန့်ခွာဖို့အတွက် ဆုံးဖြတ်ခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

ဒီသတင်းဟာ ပီအက်စ်ဂျီအသင်းက ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးကို ယခုနွေရာသီမှာ ပဲရစ်ကနေ ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး နေမာဟာ အသင်းဥက္ကဌ နက်ဆာ အယ်လ်-ခါလီဖီရဲ့ မှတ်ချက်စကားကြောင့် ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မက်ဆီက တိုက်စစ်တွဲဖော်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မတူညီတဲ့ အမြင်ရှိနေပြီး အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးက နေမာကို ယခုနွေရာသီထက် ကျော်လွန်ပြီး ပဲရစ်မှာ ဆက်နေစေချင်နေတာဖြစ်ပါတယ်။

မက်ဆီရဲ့ ထင်မြင်ယူဆချက်က နေမာရဲ့ ပီအက်စ်ဂျီက အနာဂတ်ပေါ်မှာ အကျိုးသက်ရောက်မှုရှိမလားဆိုတာတော့ မသိရသေးဘဲ ဘရာဇီးလ်ကြယ်ပွင့်ရဲ့ အသင်းကို စွန့်ခွာမယ့် ဆုံးဖြတ်ချက်ဟာ အင်အားကြီးအသင်းကြီးတွေအများအပြားကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Marca ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ဘာစီလိုနာကြယ်ပွင့်ဟောင်းကို ယခုနွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ နေမာရဲ့ လစာပမာဏကို ပေးချေနိုင်တဲ့ ကလပ်အသင်းကလည်း တစ်ကမ္ဘာလုံးမှာ အနည်းငယ်သာ ရှိနေတာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ တစ်နှစ်ကို ယူရိုသန်း ၃၀ ဝန်းကျင် ရရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နေမာဟာ ၂၀၂၅ ခုနှစ် နွေရာသီအထိ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပြီး အဲဒါက ဘရာဇီးလ်တိုက်စစ်မှူးကို ခေါ်ယူချင်နေတဲ့အသင်းတွေအတွက်တော့ ပိုအခက်တွေ့စေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီကို စြန႔္ခြာဖို႔ ျပင္ဆင္ေနတဲ့ သူငယ္ခ်င္းျဖစ္သူ ေနမာကို အသင္းကေန မထြက္ခြာေစခ်င္ဘူးလို႔ La Nacion က ေဖာ္ျပခဲ့ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းမွာ မနာဂတ္ မေရမရာျဖစ္ေနတာျဖစ္ၿပီး ေနမာဟာ ယခုေႏြရာသီမွာ အသင္းကို စြန႔္ခြာဖို႔အတြက္ ဆုံးျဖတ္ခဲ့တယ္လို႔ Marca က ေဖာ္ျပခဲ့ပါတယ္။

ဒီသတင္းဟာ ပီအက္စ္ဂ်ီအသင္းက ဘရာဇီးလ္လက္ေ႐ြးစင္တိုက္စစ္မႉးကို ယခုေႏြရာသီမွာ ပဲရစ္ကေန ထြက္ခြာခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ေပၚထြက္လာခဲ့တာျဖစ္ၿပီး ေနမာဟာ အသင္းဥကၠဌ နက္ဆာ အယ္လ္-ခါလီဖီရဲ႕ မွတ္ခ်က္စကားေၾကာင့္ ေဒါသထြက္ခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း မက္ဆီက တိုက္စစ္တြဲေဖာ္ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး မတူညီတဲ့ အျမင္ရွိေနၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ေနမာကို ယခုေႏြရာသီထက္ ေက်ာ္လြန္ၿပီး ပဲရစ္မွာ ဆက္ေနေစခ်င္ေနတာျဖစ္ပါတယ္။

မက္ဆီရဲ႕ ထင္ျမင္ယူဆခ်က္က ေနမာရဲ႕ ပီအက္စ္ဂ်ီက အနာဂတ္ေပၚမွာ အက်ိဳးသက္ေရာက္မႈရွိမလားဆိုတာေတာ့ မသိရေသးဘဲ ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ အသင္းကို စြန႔္ခြာမယ့္ ဆုံးျဖတ္ခ်က္ဟာ အင္အားႀကီးအသင္းႀကီးေတြအမ်ားအျပားကို ဆြဲေဆာင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Marca ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ဟာ ဘာစီလိုနာၾကယ္ပြင့္ေဟာင္းကို ယခုေႏြရာသီမွာ ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အသင္းေတြထဲမွာ အပါအဝင္ျဖစ္တယ္လို႔ သိရပါတယ္။ ေနမာရဲ႕ လစာပမာဏကို ေပးေခ်ႏိုင္တဲ့ ကလပ္အသင္းကလည္း တစ္ကမာၻလုံးမွာ အနည္းငယ္သာ ရွိေနတာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ တစ္ႏွစ္ကို ယူ႐ိုသန္း ၃၀ ဝန္းက်င္ ရရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေနမာဟာ ၂၀၂၅ ခုႏွစ္ ေႏြရာသီအထိ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတာျဖစ္ၿပီး အဲဒါက ဘရာဇီးလ္တိုက္စစ္မႉးကို ေခၚယူခ်င္ေနတဲ့အသင္းေတြအတြက္ေတာ့ ပိုအခက္ေတြ႕ေစမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.