Premier League

ယူရိုပါလိဂ်မကန်နိုင်လို့ ရောင်းထုတ်ပေးဖို့ တောင်းဆိုထားတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စွန့်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပေါ်တူဂီကြယ်ပွင့်ရဲ့အနာဂတ်ဟာ နောက်ထပ်တစ်ကြိမ် သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့ပြန်ပြီဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ယခုနွေရာသီမှာ အသင်းအနေနဲ့ စိတ်ကျေနပ်လောက်တဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ရင် အိုးထရက်ဖို့ဒ်ကို စွန့်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ The Times က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဘလွန်ဒေါ ၅ ဆုရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ၎င်းရဲ့ ကစားသမားဘဝ လက်ကျန်အချိန်တွေကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ကစားချင်တဲ့ဆန္ဒကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုရဲ့ အနာဂတ်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက ကောလာဟလတွေရဲ့ ဗဟိုချက်ဖြစ်နေခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ယခုလာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးပေမယ့်လည်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့အတွက် ဆုံးဖြတ်ချက် ခိုင်မာနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ပေါ်တူဂီကြယ်ပွင့်ဟာ ရောင်းချမယ့်ကစားသမားမဟုတ်ဘူးလို့ အခိုင်အမာ ပြောကားထားပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်ဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့နိုင်ခြေနဲ့ပတ်သက်ပြီး အသင်းပိုင်ရှင် တော့ဒ် ဘိုလီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာမျိုး ပြုလုပ်ခဲပြီး မန်ချက်စတာယူနိုက်တက်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ ပေါ်တူဂီတိုက်စစ်မှူးဟာ လာမယ့်ရာသီ အသင်းနဲ့ ဆက်နေဖို့ စီစဉ်ထားပုံ ပေါ်ပါတယ်။

“မန်ချက်စတာနဲ့ ကျွန်တော့်အသင်းဖော်တွေက ဆက်ပြီး အလုပ်ကို ကြိုးစားဖို့၊ ပြိုင်ပွဲအတွက် စိတ်အားထက်သန်မှုကို ဆက်ပြီး ချစ်မြတ်နိုးဖို့ စိတ်ဓာတ်ခွန်အားဖြစ်နေဆဲဖြစ်ပြီး ခရစ္စတီယာနိုကို ကူညီပေးနေတဲ့ အားလုံးကို ကျွန်တော် ကျေးဇူးတင်ရမှာပါ။ ဒီအသင်းအတွက် ဂိုးတွေ သွင်းယူပေးရတာက အမြဲတမ်းကောင်းမွန်တဲ့အရာပါ။ ဟက်ထရစ်သွင်းယူနိုင်တဲ့အခါမှာဆိုရင် အဲဒါက ပိုလို့တောင် ကောင်းပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက ပွဲစဉ်တွေကို အနိုင်ရအောင် ကြိုးပမ်းဖို့၊ ချန်ပီယံရှစ်ဖလားအချို့ သို့မဟုတ် အချို့ဆုဖလားတွေကို အနိုင်ရအောင် ကြိုးပမ်းဖို့ပါ”

“ဒါပေမယ့် မန်ချက်စတာယူနိုက်တက်က သူတို့နဲ့ သက်ဆိုင်တဲ့နေရာမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တစ်ခါတရံမှာ အဲဒါက အချိန်ယူရပေမယ့် ကျွန်တော် ယုံကြည်နေဆဲပါ”လို့ ရော်နယ်လ်ဒိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို စြန႔္ခြာခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ ေပၚတူဂီၾကယ္ပြင့္ရဲ႕အနာဂတ္ဟာ ေနာက္ထပ္တစ္ႀကိမ္ သတင္းေခါင္းစည္းေတြမွာ ေနရာယူခဲ့ျပန္ၿပီျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ယခုေႏြရာသီမွာ အသင္းအေနနဲ႔ စိတ္ေက်နပ္ေလာက္တဲ့ ကမ္းလွမ္းမႈေတြ ရရွိခဲ့ရင္ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခြင့္ျပဳဖို႔ ေတာင္းဆိုခဲ့တယ္လို႔ The Times က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ ဘလြန္ေဒါ ၅ ဆုရွင္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ၎ရဲ႕ ကစားသမားဘဝ လက္က်န္အခ်ိန္ေတြကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာသာ ကစားခ်င္တဲ့ဆႏၵေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ အနာဂတ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ေကာလာဟလေတြရဲ႕ ဗဟိုခ်က္ျဖစ္ေနခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၆ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တာေၾကာင့္ ယခုလာမယ့္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၁ ႏွစ္ က်န္ရွိေနေသးေပမယ့္လည္း အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔အတြက္ ဆုံးျဖတ္ခ်က္ ခိုင္မာေနခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းက ေပၚတူဂီၾကယ္ပြင့္ဟာ ေရာင္းခ်မယ့္ကစားသမားမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာကားထားေပမယ့္လည္း ေရာ္နယ္လ္ဒိုရဲ႕ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္ဟာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ႏိုင္ေျခနဲ႔ပတ္သက္ၿပီး အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ၎ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး ျပဳလုပ္ခဲၿပီး မန္ခ်က္စတာယူႏိုက္တက္က ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ထဲမွာေတာ့ ေပၚတူဂီတိုက္စစ္မႉးဟာ လာမယ့္ရာသီ အသင္းနဲ႔ ဆက္ေနဖို႔ စီစဥ္ထားပုံ ေပၚပါတယ္။

“မန္ခ်က္စတာနဲ႔ ကြၽန္ေတာ့္အသင္းေဖာ္ေတြက ဆက္ၿပီး အလုပ္ကို ႀကိဳးစားဖို႔၊ ၿပိဳင္ပြဲအတြက္ စိတ္အားထက္သန္မႈကို ဆက္ၿပီး ခ်စ္ျမတ္ႏိုးဖို႔ စိတ္ဓာတ္ခြန္အားျဖစ္ေနဆဲျဖစ္ၿပီး ခရစၥတီယာႏိုကို ကူညီေပးေနတဲ့ အားလုံးကို ကြၽန္ေတာ္ ေက်းဇူးတင္ရမွာပါ။ ဒီအသင္းအတြက္ ဂိုးေတြ သြင္းယူေပးရတာက အၿမဲတမ္းေကာင္းမြန္တဲ့အရာပါ။ ဟက္ထရစ္သြင္းယူႏိုင္တဲ့အခါမွာဆိုရင္ အဲဒါက ပိုလို႔ေတာင္ ေကာင္းပါေသးတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ အေရးအႀကီးဆုံးအရာက ပြဲစဥ္ေတြကို အႏိုင္ရေအာင္ ႀကိဳးပမ္းဖို႔၊ ခ်န္ပီယံရွစ္ဖလားအခ်ိဳ႕ သို႔မဟုတ္ အခ်ိဳ႕ဆုဖလားေတြကို အႏိုင္ရေအာင္ ႀကိဳးပမ္းဖို႔ပါ”

“ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္က သူတို႔နဲ႔ သက္ဆိုင္တဲ့ေနရာမွာ ရွိေနလိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ တစ္ခါတရံမွာ အဲဒါက အခ်ိန္ယူရေပမယ့္ ကြၽန္ေတာ္ ယုံၾကည္ေနဆဲပါ”လို႔ ေရာ္နယ္လ္ဒိုက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.