Premier League

လီဗာပူးလ်ကတော့ ဆာလား ပလေးတာခံလိုက်ရပြီဆိုပြီး ခွီနေတဲ့ နဗီး

မိုဟာမက် ဆာလားဟာ အန်းဖီးမှာ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေမယ့် ကြီးမားတဲ့စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် အီဂျစ်တိုက်စစ်မှူးက လီဗာပူးလ်ကို ကစားနေခဲ့တာလို့ ဂယ်ရီ နဗီးက ပြောကြားခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဆာလားဟာ လပေါင်းများစွာ စာချုပ်သစ် ချုပ်ဆိုဖို့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် လီဗာပူးလ်အသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သစ်အရ အီဂျစ်ကြယ်ပွင့်ဟာ အန်းဖီးမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၄ သိန်းအထိ ရရှိတော့မှာဖြစ်ပါတယ်။ ဒါကြောင့် မိုဟာမက် ဆာလားဟာ လီဗာပူးလ်အသင်းသမိုင်းကြောင်းတလျှောက် လုပ်ခလစာ အမြင့်မားဆုံး ရရှိတဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး ကမ္ဘာ့လစာအမြင့်မားဆုံးကစားသမား ၅ ဦးစာရင်းမှာလည်း အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရိုးမားကြယ်ပွင့်ဟောင်းဟာ လီဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ဝင်ရောက်နေပြီဖြစ်ပြီး မာဆေးဆိုဒ်အသင်းအနေနဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင် ထိပ်တန်းတိုက်စစ်မှူးကို လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရတော့မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက တစ်ပတ်လုပ်ခလစာ ၄ သိန်း ပေးချေဖို့ ဆာလားရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီးနောက် စာချုပ်သစ်ဆွေးနွေးမှုတွေဟာ ရပ်တန့်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မာနေးထွက်ခွာသွားပြီဖြစ်တာကြောင့် ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့ လီဗာပူးလ်ကပဲ အီဂျစ်တိုက်စစ်မှူးရဲ့တောင်းဆိုမှုကို လိုက်လျောခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီ နဗီးဟာ လီဗာပူးလ်အသင်းက အီဂျစ်တိုက်စစ်မှူးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် သမိုင်းကြောင်းအစဉ်အလာမရှိတဲ့ ကြီးမားတဲ့ လစာပေးချေမှုကို ရိုးရာဖျက်ပြီး ပေးချေဖို့ သဘောတူညီခဲ့ပြီးနောက် ဆာလားက ဆွေးနွေးညှိနှိုင်းမှုမှာ အနိုင်ရသွားတဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဆာလားက သူတို့ကို ကစားနေခဲ့တာပဲ။ သူ ကစားနေခဲ့တာ မဟုတ်လို့လား”လို့ တွစ်တာအကောင့်မှာ ရေးသားပြီး လီဗာပူးလ်အသင်းကို မခံချိမခံသာဖြစ်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းပရိသတ်တွေကလည်း ဂယ်ရီ နဗီးရဲ့ ရေးသားမှုကို သဘောတူညီခဲ့ကြပြီး “တယောထိုးသလိုပဲ အပျော့ဆွဲလေးနဲ့ လုပ်သွားတာ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့သလို “ဒါပေမယ့် ဂယ်ရီ ခင်ဗျား မှတ်ထားရမှာက လီဗာပူးလက် သူတို့ရဲ့လစာပေးချေမှု ပုံစံကို သူ့အတွက် ချိုးဖောက်မှာမဟုတ်ဘူးဆိုတာပဲ”လို့ ရယ်မောနေတဲ့ ရုပ်ပြောင်ပုံနဲ့ နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးက လှောင်ပြောင်ခဲ့ပါတယ်။

လီဗာပူးလ်ပရိသတ်တွေကတော့ ဂယ်ရီ နဗီးရဲ့ အကွက်မြင်မြင် ထိုးနှက်မှုကို မန်ချက်စတာယူနိုက်တက်အသင်းက လွန်ခဲ့တဲ့နှစ်တွေကတည်းက ကစားသမားတွေကို မတန်တဆလစာပေးပြီး ဂျင်းမိခဲ့တာကို ထောက်ပြပြီး ပြန်လည်ထိုးနှက်ခဲ့ပါတယ်။

“သူက ပေါ့ဂ်ဘာလောက်ပဲ လစာရမှာပါ ကိုယ့်လူရ”လို့ လီဗာပူးလ်ပရိသတ်တစ်ဦးက တုံ့ပြန်ခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “သူက ရော်နယ်လ်ဒိုရဲ့ လစာတစ်ဝက်လောက်ပဲ ရှိပါသေးတယ်”လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မိုဟာမက္ ဆာလားဟာ အန္းဖီးမွာ ၂၀၂၅ ခုႏွစ္အထိ ဆက္ရွိေနမယ့္ ႀကီးမားတဲ့စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီးေနာက္ အီဂ်စ္တိုက္စစ္မႉးက လီဗာပူးလ္ကို ကစားေနခဲ့တာလို႔ ဂယ္ရီ နဗီးက ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆာလားဟာ လေပါင္းမ်ားစြာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အႀကိမ္ႀကိမ္ ေဆြးေႏြးညႇိႏႈိင္းခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္းနဲ႔ ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး စာခ်ဳပ္သစ္အရ အီဂ်စ္ၾကယ္ပြင့္ဟာ အန္းဖီးမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၄ သိန္းအထိ ရရွိေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ မိုဟာမက္ ဆာလားဟာ လီဗာပူးလ္အသင္းသမိုင္းေၾကာင္းတေလွ်ာက္ လုပ္ခလစာ အျမင့္မားဆုံး ရရွိတဲ့ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး ကမာၻ႔လစာအျမင့္မားဆုံးကစားသမား ၅ ဦးစာရင္းမွာလည္း အဆင့္ ၄ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

႐ိုးမားၾကယ္ပြင့္ေဟာင္းဟာ လီဗာပူးလ္နဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ဝင္ေရာက္ေနၿပီျဖစ္ၿပီး မာေဆးဆိုဒ္အသင္းအေနနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုႏိုင္ခဲ့ဘူးဆိုရင္ ထိပ္တန္းတိုက္စစ္မႉးကို လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳရေတာ့မွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းက တစ္ပတ္လုပ္ခလစာ ၄ သိန္း ေပးေခ်ဖို႔ ဆာလားရဲ႕ ေတာင္းဆိုမႈကို ျငင္းပယ္ခဲ့ၿပီးေနာက္ စာခ်ဳပ္သစ္ေဆြးေႏြးမႈေတြဟာ ရပ္တန႔္သြားခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ မာေနးထြက္ခြာသြားၿပီျဖစ္တာေၾကာင့္ ဘယ္လိုမွ ေတာင့္မခံႏိုင္ေတာ့တဲ့ လီဗာပူးလ္ကပဲ အီဂ်စ္တိုက္စစ္မႉးရဲ႕ေတာင္းဆိုမႈကို လိုက္ေလ်ာခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီ နဗီးဟာ လီဗာပူးလ္အသင္းက အီဂ်စ္တိုက္စစ္မႉးကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔အတြက္ သမိုင္းေၾကာင္းအစဥ္အလာမရွိတဲ့ ႀကီးမားတဲ့ လစာေပးေခ်မႈကို ႐ိုးရာဖ်က္ၿပီး ေပးေခ်ဖို႔ သေဘာတူညီခဲ့ၿပီးေနာက္ ဆာလားက ေဆြးေႏြးညႇိႏႈိင္းမႈမွာ အႏိုင္ရသြားတဲ့တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဆာလားက သူတို႔ကို ကစားေနခဲ့တာပဲ။ သူ ကစားေနခဲ့တာ မဟုတ္လို႔လား”လို႔ တြစ္တာအေကာင့္မွာ ေရးသားၿပီး လီဗာပူးလ္အသင္းကို မခံခ်ိမခံသာျဖစ္ေအာင္ လုပ္ခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ဘက္အသင္းပရိသတ္ေတြကလည္း ဂယ္ရီ နဗီးရဲ႕ ေရးသားမႈကို သေဘာတူညီခဲ့ၾကၿပီး “တေယာထိုးသလိုပဲ အေပ်ာ့ဆြဲေလးနဲ႔ လုပ္သြားတာ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့သလို “ဒါေပမယ့္ ဂယ္ရီ ခင္ဗ်ား မွတ္ထားရမွာက လီဗာပူးလက္ သူတို႔ရဲ႕လစာေပးေခ်မႈ ပုံစံကို သူ႔အတြက္ ခ်ိဳးေဖာက္မွာမဟုတ္ဘူးဆိုတာပဲ”လို႔ ရယ္ေမာေနတဲ့ ႐ုပ္ေျပာင္ပုံနဲ႔ ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးက ေလွာင္ေျပာင္ခဲ့ပါတယ္။

လီဗာပူးလ္ပရိသတ္ေတြကေတာ့ ဂယ္ရီ နဗီးရဲ႕ အကြက္ျမင္ျမင္ ထိုးႏွက္မႈကို မန္ခ်က္စတာယူႏိုက္တက္အသင္းက လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက ကစားသမားေတြကို မတန္တဆလစာေပးၿပီး ဂ်င္းမိခဲ့တာကို ေထာက္ျပၿပီး ျပန္လည္ထိုးႏွက္ခဲ့ပါတယ္။

“သူက ေပါ့ဂ္ဘာေလာက္ပဲ လစာရမွာပါ ကိုယ့္လူရ”လို႔ လီဗာပူးလ္ပရိသတ္တစ္ဦးက တုံ႔ျပန္ခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “သူက ေရာ္နယ္လ္ဒိုရဲ႕ လစာတစ္ဝက္ေလာက္ပဲ ရွိပါေသးတယ္”လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.