Premier League Transfer News

အိုင်းယက်စ်ကြယ်ပွင့်ကို ပေါင် ၃၇ သန်းနဲ့ကမ်းလှမ်းလိုက်တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုင်းယက်စ် နောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်အတွက် ပေါင် ၃၇ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ ၎င်းရဲ့ အသင်းဟောင်းဆီကနေ အာဂျင်တီးနားနောက်ခံလူကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာကြောင့် အိုင်းယက်စ်အသင်းဆီက ကစားသမားတွေကို ဆက်လက် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Manchester Evening News ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ အစပိုင်းတုန်းက ယူရီယန် တင်းဘားကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဒတ်ချ်နောက်ခံကစားသမားဟာ နယ်သာလန်မှာပဲ ဆက်လက်ရှိနေချင်တာကြောင့် မာတီနက်ဇ်ဘက်ကို အာရုံပြောင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတီနက်ဇ်ဟာ ဘယ်သန် ဗဟိုခံစစ်ကစာသးမားဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဒီဖန်ဆာ ဂျပ်စတီစီယာအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက အိုင်းယက်စ်အတွက် ၁၁၈ ပွဲမှာ ၆ ဂိုးသွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

နေရာစုံကစားနိုင်တဲ့ လီဆန်ဒရို မာတီနက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ဂ်လက်အောက်မှာ ကစားခဲ့တဲ့အချိန်အတွင်း ကွင်းလယ်ခံစစ်နေရာအထိပါ တက်ကစားပေးခဲ့ဖူးသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က အာဂျင်တီးနားနောက်ခံလူကို ပေါင် ၃၇ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီလို့ သိရပါတယ်။

အာဆင်နယ်အသင်းကလည်း မာတီနက်ဇ်ကို ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ အိုင်းယက်စ်နောက်ခံလူအတွက် ကမ်းလှမ်းမှု ၃ ကြိမ်အထိ ပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဗဟိုခံစစ်ကစားသမားအများအပြား ရှိနေပြီး လူစာရင်းကို ချုံ့ဖို့ ကြိုးပမ်းသွားမှာဖြစ်တာကြောင့် အဲရစ် ဘိုင်လီ၊ ဖီးလ် ဂျုံးစ်နဲ့ တွမ်ဇီဘီတို့ကို ယခုနွေရာသီမှာပဲ ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။

မာတီနက်ဇ်အပြင် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗီလာရီးရဲလ်နောက်ခံလူ ပါအူ တောရက်စ်နဲ့ ဘရာဂါနောက်ခံလူ ဒေးဗစ် ကာမိုတို့ကိုလည်း ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပေမယ့် တန်ဟက်ဂ်က ဒတ်ချ်လိဂ်က ကစားသမားတွေကိုသာ ပိုမို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီယင်နု ဘယ်နောက်ခံကစားသမား တိုင်ရဲလ် မာလာစီယာကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် အဲဒီအပြောင်းအရွှေ့ပြီးရင် မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့ကို အပြည့်အဝ အာရုံစိုက်သွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အိုင္းယက္စ္ ေနာက္ခံကစားသမား လီဆန္ဒ႐ို မာတီနက္ဇ္အတြက္ ေပါင္ ၃၇ သန္းနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဂ္ဟာ ၎ရဲ႕ အသင္းေဟာင္းဆီကေန အာဂ်င္တီးနားေနာက္ခံလူကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာေၾကာင့္ အိုင္းယက္စ္အသင္းဆီက ကစားသမားေတြကို ဆက္လက္ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

Manchester Evening News ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္ဟာ အစပိုင္းတုန္းက ယူရီယန္ တင္းဘားကို ပစ္မွတ္ထားခဲ့ေပမယ့္လည္း ဒတ္ခ်္ေနာက္ခံကစားသမားဟာ နယ္သာလန္မွာပဲ ဆက္လက္ရွိေနခ်င္တာေၾကာင့္ မာတီနက္ဇ္ဘက္ကို အာ႐ုံေျပာင္းလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မာတီနက္ဇ္ဟာ ဘယ္သန္ ဗဟိုခံစစ္ကစာသးမားျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ဒီဖန္ဆာ ဂ်ပ္စတီစီယာအသင္းကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အိုင္းယက္စ္အတြက္ ၁၁၈ ပြဲမွာ ၆ ဂိုးသြင္းယူေပးထားတဲ့ကစားသမားျဖစ္ပါတယ္။

ေနရာစုံကစားႏိုင္တဲ့ လီဆန္ဒ႐ို မာတီနက္ဇ္ဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္လက္ေအာက္မွာ ကစားခဲ့တဲ့အခ်ိန္အတြင္း ကြင္းလယ္ခံစစ္ေနရာအထိပါ တက္ကစားေပးခဲ့ဖူးသူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က အာဂ်င္တီးနားေနာက္ခံလူကို ေပါင္ ၃၇ သန္းနဲ႔ ကမ္းလွမ္းလိုက္ၿပီလို႔ သိရပါတယ္။

အာဆင္နယ္အသင္းကလည္း မာတီနက္ဇ္ကို ေခၚယူဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ အိုင္းယက္စ္ေနာက္ခံလူအတြက္ ကမ္းလွမ္းမႈ ၃ ႀကိမ္အထိ ျပဳလုပ္ထားခဲ့ၿပီးျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ဗဟိုခံစစ္ကစားသမားအမ်ားအျပား ရွိေနၿပီး လူစာရင္းကို ခ်ဳံ႕ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္တာေၾကာင့္ အဲရစ္ ဘိုင္လီ၊ ဖီးလ္ ဂ်ဳံးစ္နဲ႔ တြမ္ဇီဘီတို႔ကို ယခုေႏြရာသီမွာပဲ ေရာင္းထုတ္သြားခ်င္ေနတာ ျဖစ္ပါတယ္။

မာတီနက္ဇ္အျပင္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဗီလာရီးရဲလ္ေနာက္ခံလူ ပါအူ ေတာရက္စ္နဲ႔ ဘရာဂါေနာက္ခံလူ ေဒးဗစ္ ကာမိုတို႔ကိုလည္း ပစ္မွတ္စာရင္းထဲမွာ ထည့္သြင္းထားေပမယ့္ တန္ဟက္ဂ္က ဒတ္ခ်္လိဂ္က ကစားသမားေတြကိုသာ ပိုမို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဖီယင္ႏု ဘယ္ေနာက္ခံကစားသမား တိုင္ရဲလ္ မာလာစီယာကို အၿပီးသတ္ေခၚယူဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ အဲဒီအေျပာင္းအေ႐ႊ႕ၿပီးရင္ မာတီနက္ဇ္ရဲ႕ အေျပာင္းအေ႐ႊ႕ကို အျပည့္အဝ အာ႐ုံစိုက္သြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.