Premier League Transfer News

ပရီးမီးယားလိဂ်ကြယ်ပွင့်နဲ့ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ယူရီ တီလီမန်းစ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ ဂျာနယ်လစ် ဘန် ဂျေကော့ဘ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်ဟာ ယူရီ တီလီမန်းစ်ကို ခေါ်ယူဖို့အတွက် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမားဟာ လက်စတာစီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဂျေကော့ဘ်က အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ဖြစ်နိုင်ခြေရှိအောင် ကြိုးပမ်းအားထုတ်နေပေမယ့်လည်း ဘယ်လ်ဂျီယမ်ကွင်းလယ်ကစာသမားအတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ရခြင်းမရှိသေးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဂျာနယ်လစ်က အာတီတာရဲ့အသင်းအနေနဲ့ လက်စတာစီးတီးအသင်းကနေ ယူရီ တီလီမန်းစ်ကို ခေါ်ယူနိုင်ဖို့အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးကိုလည်း ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်က တီလီမန်းစ်ကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။ သူတို့တွေ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတော့ ရရှိခဲ့ပြီဖြစ်ပြီး တီလီမန်းစ်နဲ့ ပြောဆိုဆွေးနွေးမှုက နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးအပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အာဆင်နယ်က ခေါ်ယူဖို့ မဆုံးဖြတ်ရသေးဘဲ ပြောရမယ်ဆိုရင် လက်စတာစီးတီးကို ကမ်းလှမ်းမှု မပြုလုပ်ရသေးပါဘူး”

“တကယ်လို့ သူတို့တွေ ကမ်းလှမ်းမှု ပြုလုပ်ခဲ့မယ်ဆိုရင် အနိမ့်ဆုံး ပြောင်းရွှေ့ကြေးက ပေါင် ၂၅ သန်း ဖြစ်မှာဖြစ်ပြီး အမြင့်ဆုံးကတော့ ပေါင် ၃၂ သန်း ဖြစ်ပါလိမ့်မယ်။ အဲဒီလောက်ပေးရင်တော့ သူတို့တွေ တီလီမန်းစ်ကို ခေါ်လို့ ရပါလိမ့်မယ်”လို့ Givemesport ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အလုပ်များတဲ့ နွေရာသီအပြောင်းအရွှေ့ကာလကို ဖြတ်သန်းနေခဲ့တာဖြစ်ပြီး ဖေဘီယို ဗီယာရာ၊ မာကင်ညို့စ်၊ မတ် တန်နာတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်သလို မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကိုလည်း အပြီးသတ်ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ သိရပါတယ်။

GiveMeSport ရဲ့ သတင်းအရ အာဆင်နယ်အသင်းဟာ အရှေ့မှာ ဖော်ပြခဲ့တဲ့ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်အောင် လုပ်ဆောင်နေခဲ့တာကြောင့် ယူရီ တီလီမန်းစ်ရဲ့ အပြောင်းအရွှေ့ဟာ နောက်ပြန်ဆုတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ လက္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ယူရီ တီလီမန္းစ္နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိခဲ့ၿပီးျဖစ္တယ္လို႔ ဂ်ာနယ္လစ္ ဘန္ ေဂ်ေကာ့ဘ္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လက ဖက္ဘရီဇီယို ႐ိုမာႏိုက အာဆင္နယ္ဟာ ယူရီ တီလီမန္းစ္ကို ေခၚယူဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ကြင္းလယ္ကစားသမားဟာ လက္စတာစီးတီးနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ ေဂ်ေကာ့ဘ္က အာဆင္နယ္အသင္းဟာ အေျပာင္းအေ႐ႊ႕ျဖစ္ႏိုင္ေျခရွိေအာင္ ႀကိဳးပမ္းအားထုတ္ေနေပမယ့္လည္း ဘယ္လ္ဂ်ီယမ္ကြင္းလယ္ကစာသမားအတြက္ တရားဝင္ ကမ္းလွမ္းမႈ ျပဳလုပ္ရျခင္းမရွိေသးဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အေမရိကန္ဂ်ာနယ္လစ္က အာတီတာရဲ႕အသင္းအေနနဲ႔ လက္စတာစီးတီးအသင္းကေန ယူရီ တီလီမန္းစ္ကို ေခၚယူႏိုင္ဖို႔အတြက္ ေပးေခ်ရမယ့္ ေျပာင္းေ႐ႊ႕ေၾကးကိုလည္း ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္က တီလီမန္းစ္ကို ေခၚယူဖို႔ အားသြန္ခြန္စိုက္ လုပ္ေဆာင္ေနပါတယ္။ သူတို႔ေတြ ပုဂၢိဳလ္ေရးသေဘာတူညီမႈေတာ့ ရရွိခဲ့ၿပီျဖစ္ၿပီး တီလီမန္းစ္နဲ႔ ေျပာဆိုေဆြးေႏြးမႈက ႏွစ္တစ္ႏွစ္ရဲ႕ အေကာင္းဆုံးအပိုင္းျဖစ္ပါတယ္။ ဒါေပမယ့္ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ အာဆင္နယ္က ေခၚယူဖို႔ မဆုံးျဖတ္ရေသးဘဲ ေျပာရမယ္ဆိုရင္ လက္စတာစီးတီးကို ကမ္းလွမ္းမႈ မျပဳလုပ္ရေသးပါဘူး”

“တကယ္လို႔ သူတို႔ေတြ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့မယ္ဆိုရင္ အနိမ့္ဆုံး ေျပာင္းေ႐ႊ႕ေၾကးက ေပါင္ ၂၅ သန္း ျဖစ္မွာျဖစ္ၿပီး အျမင့္ဆုံးကေတာ့ ေပါင္ ၃၂ သန္း ျဖစ္ပါလိမ့္မယ္။ အဲဒီေလာက္ေပးရင္ေတာ့ သူတို႔ေတြ တီလီမန္းစ္ကို ေခၚလို႔ ရပါလိမ့္မယ္”လို႔ Givemesport ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အလုပ္မ်ားတဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလကို ျဖတ္သန္းေနခဲ့တာျဖစ္ၿပီး ေဖဘီ ယို ဗီယာရာ၊ မာကင္ညိဳ႕စ္၊ မတ္ တန္နာတို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္သလို မန္စီးတီးတိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးကိုလည္း အၿပီးသတ္ေခၚယူႏိုင္ေတာ့မွာျဖစ္တယ္လို႔ ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

GiveMeSport ရဲ႕ သတင္းအရ အာဆင္နယ္အသင္းဟာ အေရွ႕မွာ ေဖာ္ျပခဲ့တဲ့ ကစားသမားေတြရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္ေအာင္ လုပ္ေဆာင္ေနခဲ့တာေၾကာင့္ ယူရီ တီလီမန္းစ္ရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ေနာက္ျပန္ဆုတ္သြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.