La Liga

ရာသီမစခင် ပထမအသင်းကစားသမား ၄ ဦးကို ထုတ်ပယ်လိုက်တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ဘာမှမကူညီပေးနိုင်ခဲ့တဲ့ ကစားသမား ၄ ဦးကို အသင်းသစ်ရှာဖို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာပရိသတ်တွေဟာ အသင်းရဲ့ စီးပွားရေးအခြေအနေကို ကောင်းကောင်း သတိပြုမိနေကြပြီး နည်းပြ ဇာဗီအနေနဲ့ အသင်းမှာရှိနေတဲ့ လူပိုတွေကို စာချုပ်သက်တမ်းမကုန်ဆုံးမီ ရောင်းထုတ်ပြီး ငွေကြေးရှာဖွေဖို့အတွက် ကစားသမားအချို့ကို ထွက်ခွာခွင့်ပေးခဲ့တာက အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။ ဇာဗီဟာ ဘာစီလိုနာပထမအသင်းကစားသမား ၄ ဦးနဲ့ စကားပြောခဲ့ပြီး ၎င်းတို့ဟာ အသင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်းမရှိတဲ့ လူပိုတွေဖြစ်ကြောင်း အားမနာတမ်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီကစားသမား ၄ ဦးဟာ လာမယ့်ရာသီမစတင်ခင် အသင်းသစ် ရှာဖွေနေကြပြီဖြစ်ပြီး တကယ်လို့ အသင်းသစ်ရှာမတွေ့ခဲ့ရင် ဘာစီလိုနာရဲ့ စာချုပ်ဖျက်သိမ်းခြင်းခံရနိုင်တဲ့ အန္တရာယ်ရှိနေပြီဖြစ်ပါတယ်။ ဇာဗီရဲ့ အသင်းသစ်ရှာဖို့ ပြောကြားခြင်းခံခဲ့ရတဲ့ ကစားသမား ၄ ဦးဟာ အမ်တီတီ၊ မာတင် ဘရိတ်သ်ဝိတ်၊ အကယ်ဒမီထွက်ကစားသမားတွေဖြစ်နေတဲ့ အော်စကာ မင်ဂယ်ဇာနဲ့ ရီကီ ပုတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကစားသမားတွေအားလုံးဟာ မတူညီတဲ့ အသင်းတွေကို ပြောင်းရွှေ့ကြတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် အဓိကရည်ရွယ်ချက်ဟာ ၂၀၂၂-၂၀၂၃ ရာသီမစခင် ကစားသမား ၄ ဦးစလုံးကို ရောင်းထုတ်ဖို့ ဖြစ်ပါတယ်။ အမ်တီတီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်နဲ့အတူ ချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီး ဒဏ်ရာပြဿနာပေါင်းသောင်းခြောက်ထောင်ကြောင့် အကောင်းဆုံးပုံစံမပြသနိုင်ခဲ့တဲ့နောက် ပြင်သစ်ကို ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပုံ ပေါ်ပါတယ်။

ရင်းနေး၊ လီယွန်နဲ့ လာလီဂါတန်းတက်အသင်းဖြစ်တဲ့ ဂီရိုနာအသင်းတို့က ပြင်သစ်နောက်ခံကစားသမား ပြောင်းရွှေ့နိုင်တဲ့အသင်းတွေအဖြစ် ပေါ်ထွက်လာခဲ့ပြီး အမ်တီတီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖာရန် တောရက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် လစာကို ကြီးကြီးမားမား လျှော့ချပြီး စာချုပ်သက်တမ်းတိုးခဲ့ရတာဖြစ်ပါတယ်။ အမ်တီတီအနေနဲ့ ကလေးဘဝကတည်းက ကစားခဲ့တဲ့ လီယွန်ကို ပြန်လည်ပြောင်းရွှေ့ချင်ပေမယ့်လည်း လက်ရှိအချိန်မှာ ရင်းနေးရဲ့ ကမ်းလှမ်းမှုက ပိုမိုကောင်းမွန်နေပုံပေါ်နေတာဖြစ်ပါတယ်။

ဘရိတ်သ်ဝိတ်ရဲ့ အနာဂတ်ကလည်း ပြီးခဲ့တဲ့ရာသီမှာ အန်ဆူ ဖာတီဒဏ်ရာရရှိပြီးနောက် ပါဝင်ကစားခွင့်ရတဲ့အချိန်မှာ ပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့တဲ့နောက် နူးကမ့်မှာ မရှိတော့တာဖြစ်ပြီး ဒိန်းမတ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့တစ်ရာသီလုံး ၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဘရိတ်သ်ဝိတ်ဟာ ဘာစီလိုနာအသင်းအတွက် ၅၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နူးကမ့်မှာ ဆက်နေချင်ပေမယ့်လည်း ဇာဗီက ၎င်းရဲ့အနာဂတ်ဟာ ဘာစီလိုနာမှာမရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

မင်ဂယ်ဇာနဲ့ ရီကီ ပုတို့ကလည်း ပြီးခဲ့တဲ့ရာသီမှာ ၁၄ပွဲ၊ ၁၂ ပွဲစီသာ ကစားခွင့် ရရှိခဲ့ပြီး အသင်းရဲ့ ရာသီကြိုခရီးစဉ်မတိုင်ခင် ဇာဗီရဲ့ ပြတ်သားတဲ့ ရာဇသံကို ကြားခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအကယ်ဒမီထွက်ကစားသမား ၂ ဦးစလုံးဟာ လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းက လာမယ့်နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးမယ့်အစား ရောင်းထုတ်ပြီး ငွေကြေးအနည်းငယ် ရှာဖွေသွားချင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာနည္းျပ ဇာဗီဟာ ၿပီးခဲ့တဲ့ရာသီမွာ အသင္းကို ဘာမွမကူညီေပးႏိုင္ခဲ့တဲ့ ကစားသမား ၄ ဦးကို အသင္းသစ္ရွာဖို႔ ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာပရိသတ္ေတြဟာ အသင္းရဲ႕ စီးပြားေရးအေျခအေနကို ေကာင္းေကာင္း သတိျပဳမိေနၾကၿပီး နည္းျပ ဇာဗီအေနနဲ႔ အသင္းမွာရွိေနတဲ့ လူပိုေတြကို စာခ်ဳပ္သက္တမ္းမကုန္ဆုံးမီ ေရာင္းထုတ္ၿပီး ေငြေၾကးရွာေဖြဖို႔အတြက္ ကစားသမားအခ်ိဳ႕ကို ထြက္ခြာခြင့္ေပးခဲ့တာက အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။ ဇာဗီဟာ ဘာစီလိုနာပထမအသင္းကစားသမား ၄ ဦးနဲ႔ စကားေျပာခဲ့ၿပီး ၎တို႔ဟာ အသင္းရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ျခင္းမရွိတဲ့ လူပိုေတြျဖစ္ေၾကာင္း အားမနာတမ္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အဲဒီကစားသမား ၄ ဦးဟာ လာမယ့္ရာသီမစတင္ခင္ အသင္းသစ္ ရွာေဖြေနၾကၿပီျဖစ္ၿပီး တကယ္လို႔ အသင္းသစ္ရွာမေတြ႕ခဲ့ရင္ ဘာစီလိုနာရဲ႕ စာခ်ဳပ္ဖ်က္သိမ္းျခင္းခံရႏိုင္တဲ့ အႏၲရာယ္ရွိေနၿပီျဖစ္ပါတယ္။ ဇာဗီရဲ႕ အသင္းသစ္ရွာဖို႔ ေျပာၾကားျခင္းခံခဲ့ရတဲ့ ကစားသမား ၄ ဦးဟာ အမ္တီတီ၊ မာတင္ ဘရိတ္သ္ဝိတ္၊ အကယ္ဒမီထြက္ကစားသမားေတြျဖစ္ေနတဲ့ ေအာ္စကာ မင္ဂယ္ဇာနဲ႔ ရီကီ ပုတို႔ ျဖစ္တယ္လို႔ သိရပါတယ္။

ဒီကစားသမားေတြအားလုံးဟာ မတူညီတဲ့ အသင္းေတြကို ေျပာင္းေ႐ႊ႕ၾကေတာ့မွာျဖစ္ၿပီး ဘာစီလိုနာအသင္းအတြက္ အဓိကရည္႐ြယ္ခ်က္ဟာ ၂၀၂၂-၂၀၂၃ ရာသီမစခင္ ကစားသမား ၄ ဦးစလုံးကို ေရာင္းထုတ္ဖို႔ ျဖစ္ပါတယ္။ အမ္တီတီဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္နဲ႔အတူ ခ်န္ပီယံျဖစ္ခဲ့သူျဖစ္ၿပီး ဒဏ္ရာျပႆနာေပါင္းေသာင္းေျခာက္ေထာင္ေၾကာင့္ အေကာင္းဆုံးပုံစံမျပသႏိုင္ခဲ့တဲ့ေနာက္ ျပင္သစ္ကို ျပန္သြားဖို႔ အဆင္သင့္ျဖစ္ေနပုံ ေပၚပါတယ္။

ရင္းေနး၊ လီယြန္နဲ႔ လာလီဂါတန္းတက္အသင္းျဖစ္တဲ့ ဂီ႐ိုနာအသင္းတို႔က ျပင္သစ္ေနာက္ခံကစားသမား ေျပာင္းေ႐ႊ႕ႏိုင္တဲ့အသင္းေတြအျဖစ္ ေပၚထြက္လာခဲ့ၿပီး အမ္တီတီဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ဖာရန္ ေတာရက္စ္ကို ေခၚယူႏိုင္ဖို႔အတြက္ လစာကို ႀကီးႀကီးမားမား ေလွ်ာ့ခ်ၿပီး စာခ်ဳပ္သက္တမ္းတိုးခဲ့ရတာျဖစ္ပါတယ္။ အမ္တီတီအေနနဲ႔ ကေလးဘဝကတည္းက ကစားခဲ့တဲ့ လီယြန္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခ်င္ေပမယ့္လည္း လက္ရွိအခ်ိန္မွာ ရင္းေနးရဲ႕ ကမ္းလွမ္းမႈက ပိုမိုေကာင္းမြန္ေနပုံေပၚေနတာျဖစ္ပါတယ္။

ဘရိတ္သ္ဝိတ္ရဲ႕ အနာဂတ္ကလည္း ၿပီးခဲ့တဲ့ရာသီမွာ အန္ဆူ ဖာတီဒဏ္ရာရရွိၿပီးေနာက္ ပါဝင္ကစားခြင့္ရတဲ့အခ်ိန္မွာ ပုံမွန္ေျခစြမ္းမျပသႏိုင္ခဲ့တဲ့ေနာက္ ႏူးကမ့္မွာ မရွိေတာ့တာျဖစ္ၿပီး ဒိန္းမတ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့တစ္ရာသီလုံး ၅ ပြဲသာ ပါဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ဘရိတ္သ္ဝိတ္ဟာ ဘာစီလိုနာအသင္းအတြက္ ၅၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၀ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး ႏူးကမ့္မွာ ဆက္ေနခ်င္ေပမယ့္လည္း ဇာဗီက ၎ရဲ႕အနာဂတ္ဟာ ဘာစီလိုနာမွာမရွိေတာ့ေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မင္ဂယ္ဇာနဲ႔ ရီကီ ပုတို႔ကလည္း ၿပီးခဲ့တဲ့ရာသီမွာ ၁၄ပြဲ၊ ၁၂ ပြဲစီသာ ကစားခြင့္ ရရွိခဲ့ၿပီး အသင္းရဲ႕ ရာသီႀကိဳခရီးစဥ္မတိုင္ခင္ ဇာဗီရဲ႕ ျပတ္သားတဲ့ ရာဇသံကို ၾကားခဲ့ရတာျဖစ္ပါတယ္။ ဘာစီလိုနာအကယ္ဒမီထြက္ကစားသမား ၂ ဦးစလုံးဟာ လာမယ့္ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဘာစီလိုနာအသင္းက လာမယ့္ေႏြရာသီမွာ အလြတ္နဲ႔ ထြက္ခြာခြင့္ေပးမယ့္အစား ေရာင္းထုတ္ၿပီး ေငြေၾကးအနည္းငယ္ ရွာေဖြသြားခ်င္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.