La Liga Premier League UCL&UEL

မန္ယူနဲ႔ပြဲအတြက္ ကမာၻ႕အႀကီးက်ယ္ဆုံးအသင္းနဲ႔ ကစားဖို႔ ျပင္ထားၿပီလို႔ ဆိုခဲ့တဲ့ ဆီဗီလာနည္းျပ

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းရဲ႕ ပထမပိုင္း ပင္နယ္တီကို ကာကြယ္ႏုိင္ခဲ့ၿပီး ဒုတိယပုိင္းၿပီးခါနီး သြင္းဂိုးနဲ႔ ေနာက္တစ္ဆင့္တက္လွမ္းႏိုင္ခဲ့တဲ့ ဆီဗီလာအသင္းရဲ႕နည္းျပ ဂ်ဴလင္ လိုပီတီဂီက သူတုိ႔အသင္းအေနနဲ႔ ဆီမီးဖိုင္နယ္အဆင့္မွာ ကမာၻ႕အႀကီးက်ယ္ဆုံးအသင္းနဲ႔ ကစားဖို႔ ျပင္ဆင္ထားၿပီးၿပီျဖစ္ေၾကာင္း ေတြ႕ဆုံရမယ့္ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ရည္ရြယ္ေျပာၾကားလိုက္ပါတယ္။

ဒုတိယပုိင္းမွာ ကစားပုံ ပုိေကာင္းခဲ့ၿပီး အာဂ်င္တီးနားကြင္းလယ္လူ လူးကပ္စ္ အိုကမ္ပို႔စ္ရဲ႕ ေခါင္းတုိက္ခ်က္နဲ႔ ဆီမီးဖိုင္နယ္ကို တက္ေရာက္ လာႏုိင္ခဲ့တဲ့ ဆီဗီးလ္အေျခစိုက္အသင္းဟာ နာမည္ကို ၾကားလိုက္တာနဲ႔ ယူ႐ိုပါလိဂ္နဲ႔ တြဲျမင္ၾကတဲ့အထိ အမွတ္တံဆိပ္ေကာင္းမြန္ခဲ့တာျဖစ္ၿပီး ဒီၿပဳိင္ပြဲကို ၅ ႀကိမ္အထိ ေအာင္ျမင္ထားခဲ့တာလည္းျဖစ္ပါတယ္။

ၿပဳိင္ဘက္အသင္းေတြကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏုိင္ကစားလာခဲ့ၾကတဲ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ဆီဗီလာတုိ႔ဟာ လာမယ့္ တနဂၤေႏြေန႔ညမွာ ကိုလုံးအသင္းရဲ႕ ႐ိုင္းအင္နာဂ်ီကြင္းမွာ ယွဥ္ၿပဳိင္ကစားရမွာျဖစ္ၿပီး အဂၤလန္ကိုယ္စားျပဳအသင္းအေနနဲ႔ေတာ့ ဖိုင္နယ္တက္ႏုိင္ခဲ့မယ္ဆုိရင္ ဒီကြင္းမွာပဲ ၃ ပြဲဆက္တုိက္ ယွဥ္ၿပဳိင္ကစားရမွာလည္းျဖစ္လာမွာပါ။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ကစားရပါေတာ့မယ္။ ကမာၻ႕အႀကီးက်ယ္ဆုံးအသင္းတစ္သင္းနဲ႔ ကစားရမွာ ျဖစ္ေပမယ့္ ဒီပြဲအတြက္ ေသေသခ်ာခ်ာ ႀကဳိတင္ျပင္ဆင္ထားမွာပါ။ ေဘာလုံးကစားနည္းထဲက အခမ္းနားဆုံး အသင္းတစ္သင္းနဲ႔ ကစားရမွာ ခက္ခဲႏုိင္ေပမယ့္ ကၽြန္ေတာ္တုိ႔ အေကာင္းဆုံးကစားၿပီး သူတုိ႔ကို အႏုိင္ယူႏိုင္မယ္လုိ႔ ထင္ပါတယ္”လို႔ လိုပီတီဂီက ဆုိပါတယ္။

မန္ခ်က္စတာယူႏုိက္တက္နဲ႔ ဆီဗီလာအသင္းတုိ႔ဟာ သမိုင္းတစ္ေလွ်ာက္ ေျခစမ္းပြဲတစ္ပြဲအပါအဝင္ ၃ ပြဲသာ ေတြ႕ဆုံထားဖူးၿပီး ဆီဗီလာအသင္းက အသာရထားခဲ့သလို ၂၀၁၈ ခုႏွစ္က အိုးလ္ထရက္ဖို႔ဒ္မွာ ခ်န္ပီယံလိဂ္ၿပဳိင္ပြဲကေန သူတုိ႔ကို ထြက္ခြာေစခဲ့ဖူးတာေၾကာင့္ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားနဲ႔ ဒီရွဳံးပြဲမွာ ပါဝင္ခဲ့ဖူးသလို အသင္းမွာ ရွိေနဆဲျဖစ္တဲ့ ကစားသမား ၁၁ ေယာက္ကေတာ့ ဒီအေၾကြးကို ျပန္ဆပ္ႏုိင္မလား၊ ဂ်ာမနီေျမမွာ အေၾကြးသစ္ပဲတင္လာမလားဆုိတာကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းရဲ့ ပထမပိုင်း ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပြီး ဒုတိယပိုင်းပြီးခါနီး သွင်းဂိုးနဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့ ဆီဗီလာအသင်းရဲ့နည်းပြ ဂျူလင် လိုပီတီဂီက သူတို့အသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းနဲ့ ကစားဖို့ ပြင်ဆင်ထားပြီးပြီဖြစ်ကြောင်း တွေ့ဆုံရမယ့် မန်ချက်စတာယူနိုက်တက်အသင်းကို ရည်ရွယ်ပြောကြားလိုက်ပါတယ်။

ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းခဲ့ပြီး အာဂျင်တီးနားကွင်းလယ်လူ လူးကပ်စ် အိုကမ်ပို့စ်ရဲ့ ခေါင်းတိုက်ချက်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက် လာနိုင်ခဲ့တဲ့ ဆီဗီးလ်အခြေစိုက်အသင်းဟာ နာမည်ကို ကြားလိုက်တာနဲ့ ယူရိုပါလိဂ်နဲ့ တွဲမြင်ကြတဲ့အထိ အမှတ်တံဆိပ်ကောင်းမွန်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲကို ၅ ကြိမ်အထိ အောင်မြင်ထားခဲ့တာလည်းဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းတွေကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ကစားလာခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဆီဗီလာတို့ဟာ လာမယ့် တနင်္ဂနွေနေ့ညမှာ ကိုလုံးအသင်းရဲ့ ရိုင်းအင်နာဂျီကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အင်္ဂလန်ကိုယ်စားပြုအသင်းအနေနဲ့တော့ ဖိုင်နယ်တက်နိုင်ခဲ့မယ်ဆိုရင် ဒီကွင်းမှာပဲ ၃ ပွဲဆက်တိုက် ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်လာမှာပါ။

“ကျွန်တော်တို့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရပါတော့မယ်။ ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတစ်သင်းနဲ့ ကစားရမှာ ဖြစ်ပေမယ့် ဒီပွဲအတွက် သေသေချာချာ ကြိုတင်ပြင်ဆင်ထားမှာပါ။ ဘောလုံးကစားနည်းထဲက အခမ်းနားဆုံး အသင်းတစ်သင်းနဲ့ ကစားရမှာ ခက်ခဲနိုင်ပေမယ့် ကျွန်တော်တို့ အကောင်းဆုံးကစားပြီး သူတို့ကို အနိုင်ယူနိုင်မယ်လို့ ထင်ပါတယ်”လို့ လိုပီတီဂီက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဆီဗီလာအသင်းတို့ဟာ သမိုင်းတစ်လျှောက် ခြေစမ်းပွဲတစ်ပွဲအပါအဝင် ၃ ပွဲသာ တွေ့ဆုံထားဖူးပြီး ဆီဗီလာအသင်းက အသာရထားခဲ့သလို ၂၀၁၈ ခုနှစ်က အိုးလ်ထရက်ဖို့ဒ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ သူတို့ကို ထွက်ခွာစေခဲ့ဖူးတာကြောင့် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ ဒီရှုံးပွဲမှာ ပါဝင်ခဲ့ဖူးသလို အသင်းမှာ ရှိနေဆဲဖြစ်တဲ့ ကစားသမား ၁၁ ယောက်ကတော့ ဒီအကြွေးကို ပြန်ဆပ်နိုင်မလား၊ ဂျာမနီမြေမှာ အကြွေးသစ်ပဲတင်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.