Ligue1

မက်ဆီနဲ့ ရော်နယ်လ်ဒို ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ အငြင်းအခုံကို အဆုံးသတ်ပေးခဲ့တဲ့ ဟာရဲရား

ပီအက်စ်ဂျီကွင်းလယ်ကစားသမား အန်ဒါ ဟာရဲရားက လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထဲမှာ ဘယ်သူက အကောင်းဆုံးကစားသမားလဲဆိုတဲ့ အငြင်းအခုံကို ဘယ်လိုဆွေးနွေးမှုမှ လုပ်စရာမလိုဘူးလို့ ပြောကြားပြီး အဆုံးသတ်ပေးခဲ့ပါတယ်။

ဘောလုံးလောကရဲ့ ကာလရှည် မေးခွန်းတစ်ခုဟာ ယနေ့အချိန်အထိ အဖြေပေါ်ခြင်းမရှိသေးတာကြောင့် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ဟာရဲရားက ဖြတ်သားတဲ့အဖြေကို ပေးခဲ့တာဖြစ်ပါတယ်။ ဟာရဲရားက ၎င်းရဲ့ ပီအက်စ်ဂျီအသင်းဖော် လီယွန်နယ် မက်ဆီကို တသက်တာအကောင်းဆုံးကစားသမားလို့ ချီးကျူးပြီး အာဂျင်တီးနားကြယ်ပွင့်ဘက်မှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

စပိန်ကွင်းလယ်ကစားသမားက အာဂျင်တီးနားကြယ်ပွင့်ရဲ့ ပီအက်စ်ဂျီက စိတ်ပျက်ဖွယ် ပွဲဦးထွက်ရာသီကို ကာကွယ်ခဲ့ပြီး တစ်ရာသီကို ဂိုး ၅၀ လောက်မှ မသွင်းနိုင်ရင် ပြစ်တင်ဝေဖန်ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။

“ခင်ဗျားက တစ်ရာသီကို ဂိုး ၅၀ လောက် တောင်းဆိုနေတာပါ။ အဲဒီမှာ သူ ဂိုးတွေ မသွင်းယူနိုင်ဘူးဆိုရင် လူတွေက ပြောကြပါပြီ။ လိဂန်းမှာ လီယိုက တသက်တာ စံချိန် ရခဲ့တယ်ဆိုတာကို ကျွန်တော်တို့ မမေ့သင့်ပါဘူး”

“သူ ၁၀ ကြိမ်အထိ ဂိုးတိုင် ထိခဲ့တယ်။ သူက အဲဒီဂိုးတွေသာ သွင်းနိုင်မယ်ဆိုရင် နောက်ထပ် ၁၀ ဂိုး ရမှာပါ။ အဲဒါဆိုရင် လီယိုအတွက် အရမ်းကောင်းတဲ့ ရာသီဖြစ်ခဲ့ပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ဘာမှ ဆွေးနွေးစရာမလိုဘဲ သူက တသက်တာအကောင်းဆုံးကစားသမားပါ။ အခု ကျွန်တော် သူ လုံးဝကို နှိမ့်ချမှု၊ လူတွေအတွက် အမြဲတမ်း အပြုံးတွေနဲ့အတူ နေ့စဉ်ဘဝကို တစ်ရက်ပြီး တစ်ရက် ဖြတ်သန်းနေတာကို မြင်တော့ ပိုလို့တောင် လေးစားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး တစ်ဖက်မှာတော့ အမ်ဘာပေက အထင်ကြီးဖွယ် သွင်းဂိုး ၃၉ ဂိုး အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာရဲရားက ပြင်သစ်တိုက်စစ်မှူးအနေနဲ့ လီယွန်နယ် မက်ဆီရဲ့ အကောင်းဆုံးပုံစံကို ပြန်ရအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

“ခီလီယန်က လီယိုဆီကနေ အကောင်းဆုံးပုံစံရအောင် လုပ်ပေးနိုင်ပါတယ်။ သူက မှန်ကန်တဲ့နေရာမှာ ဘောလုံးကို ထားပြီး သူ့ရဲ့ လျင်မြန်မှုနဲ့အတူ ဂိုးသမားနဲ့ တစ်ဦးချင်း စီးချင်းထိုးသွားပါလိမ့်မယ်။ အခုအချိန်မှာ မက်ဆီက သွင်းဂိုး ၅၀ လောက်သွင်းယူဖို့ မလိုအပ်တော့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုလည်း ဒီလိုပဲဖြစ်ပြီး သူတို့တွေက သူတို့ရဲ့ အဆင့်အတန်းကနေ ဘယ်တော့မှ နိမ့်ကျသွားမှာမဟုတ်ပါဘူး”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီကြင္းလယ္ကစားသမား အန္ဒါ ဟာရဲရားက လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ထဲမွာ ဘယ္သူက အေကာင္းဆုံးကစားသမားလဲဆိုတဲ့ အျငင္းအခုံကို ဘယ္လိုေဆြးေႏြးမႈမွ လုပ္စရာမလိုဘူးလို႔ ေျပာၾကားၿပီး အဆုံးသတ္ေပးခဲ့ပါတယ္။

ေဘာလုံးေလာကရဲ႕ ကာလရွည္ ေမးခြန္းတစ္ခုဟာ ယေန႔အခ်ိန္အထိ အေျဖေပၚျခင္းမရွိေသးတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း ဟာရဲရားက ျဖတ္သားတဲ့အေျဖကို ေပးခဲ့တာျဖစ္ပါတယ္။ ဟာရဲရားက ၎ရဲ႕ ပီအက္စ္ဂ်ီအသင္းေဖာ္ လီယြန္နယ္ မက္ဆီကို တသက္တာအေကာင္းဆုံးကစားသမားလို႔ ခ်ီးက်ဴးၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဘက္မွာ ရပ္တည္ခဲ့တာျဖစ္ပါတယ္။

စပိန္ကြင္းလယ္ကစားသမားက အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ ပီအက္စ္ဂ်ီက စိတ္ပ်က္ဖြယ္ ပြဲဦးထြက္ရာသီကို ကာကြယ္ခဲ့ၿပီး တစ္ရာသီကို ဂိုး ၅၀ ေလာက္မွ မသြင္းႏိုင္ရင္ ျပစ္တင္ေဝဖန္ခံရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ားက တစ္ရာသီကို ဂိုး ၅၀ ေလာက္ ေတာင္းဆိုေနတာပါ။ အဲဒီမွာ သူ ဂိုးေတြ မသြင္းယူႏိုင္ဘူးဆိုရင္ လူေတြက ေျပာၾကပါၿပီ။ လိဂန္းမွာ လီယိုက တသက္တာ စံခ်ိန္ ရခဲ့တယ္ဆိုတာကို ကြၽန္ေတာ္တို႔ မေမ့သင့္ပါဘူး”

“သူ ၁၀ ႀကိမ္အထိ ဂိုးတိုင္ ထိခဲ့တယ္။ သူက အဲဒီဂိုးေတြသာ သြင္းႏိုင္မယ္ဆိုရင္ ေနာက္ထပ္ ၁၀ ဂိုး ရမွာပါ။ အဲဒါဆိုရင္ လီယိုအတြက္ အရမ္းေကာင္းတဲ့ ရာသီျဖစ္ခဲ့ပါလိမ့္မယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ဘာမွ ေဆြးေႏြးစရာမလိုဘဲ သူက တသက္တာအေကာင္းဆုံးကစားသမားပါ။ အခု ကြၽန္ေတာ္ သူ လုံးဝကို ႏွိမ့္ခ်မႈ၊ လူေတြအတြက္ အၿမဲတမ္း အၿပဳံးေတြနဲ႔အတူ ေန႔စဥ္ဘဝကို တစ္ရက္ၿပီး တစ္ရက္ ျဖတ္သန္းေနတာကို ျမင္ေတာ့ ပိုလို႔ေတာင္ ေလးစားမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီ ပီအက္စ္ဂ်ီအသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ၁၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး တစ္ဖက္မွာေတာ့ အမ္ဘာေပက အထင္ႀကီးဖြယ္ သြင္းဂိုး ၃၉ ဂိုး အထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဟာရဲရားက ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ လီယြန္နယ္ မက္ဆီရဲ႕ အေကာင္းဆုံးပုံစံကို ျပန္ရေအာင္ ကူညီေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“ခီလီယန္က လီယိုဆီကေန အေကာင္းဆုံးပုံစံရေအာင္ လုပ္ေပးႏိုင္ပါတယ္။ သူက မွန္ကန္တဲ့ေနရာမွာ ေဘာလုံးကို ထားၿပီး သူ႔ရဲ႕ လ်င္ျမန္မႈနဲ႔အတူ ဂိုးသမားနဲ႔ တစ္ဦးခ်င္း စီးခ်င္းထိုးသြားပါလိမ့္မယ္။ အခုအခ်ိန္မွာ မက္ဆီက သြင္းဂိုး ၅၀ ေလာက္သြင္းယူဖို႔ မလိုအပ္ေတာ့တာလည္း ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလည္း ဒီလိုပဲျဖစ္ၿပီး သူတို႔ေတြက သူတို႔ရဲ႕ အဆင့္အတန္းကေန ဘယ္ေတာ့မွ နိမ့္က်သြားမွာမဟုတ္ပါဘူး”လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.