Bundesliga

လီဗာပူးလ်ကို စွန့်ခွာပြီးနောက် လစာအများဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာတဲ့ မာနေး

ဘိုင်ယန်မြူးနစ်အသင်းမှာ ရရှိမယ့် ဆာဒီယို မာနေးရဲ့ လစာဟာ ၎င်းကို ကမ္ဘာပေါ်က လစာအများဆုံး ရရှိနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်လာစေခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းမှာ ရှိနေခဲ့တဲ့ကာလအတွင်း ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးရဲ့ အေးဂျင့်က မာနေးဟာ လစာကောင်းကောင်း ရရှိနေတယ်လို့ ပြောကြားခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကို ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ပြီးနောက် လက်ရှိမှာတော့ ထိပ်တန်းလစာရရှိနေတဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် တစ်နှစ်ကို လုပ်ခလစာ ပေါင် ၁၇ သန်း ရရှိမှာဖြစ်တယ်လို့ ဂျာမန်သတင်းဌာန Bild က ဖော်ပြခဲ့ပါတယ်။ ဆာဒီယို မာနေးဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံတွေနဲ့ အတူရှိနေမယ့် ၃ နှစ်အတွင်းမှာ ပေါင် ၅၁ သန်းအထိ ရရှိမှာဖြစ်ပြီး ဆီနီဂေါကြယ်ပွင့်ဟာ အန်းဖီးမှာ အောင်မြင်တဲ့ ၆ ရာသီကို ဖြတ်သန်းပြီးနောက် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မာနေးဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၆၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂၀ သွင်းယူပေးခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မာနေးဟာ နိုင်ငံတကာအဆင့်မှာလည်း ဆီနီဂေါအသင်းနဲ့အတူ အာဖရိကဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်အတွက် အီဂျစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ Play-off ဗိုလ်လုပွဲမှာလည်း အသင်းကို ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

မာနေးဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေချင်တာကြောင့် ယခုနွေရာသီမှာ အန်းဖီးကို စွန့်ခွာချင်တဲ့ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပေမယ့် အဲဒီသတင်းထွက်ပေါ်ပြီးနောက်မှာ ဆီနီဂေါကြယ်ပွင့်က လီဗာပူးလ်မှာ ဆက်နေစေချင်ရင် လစာများများတိုးပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေက သတင်းအမှားတွေဖြစ်တယ်လို့ မာနေးရဲ့အေးဂျင့် ဘာကာရီ ဆစ်ဆီက ပြောကြားခဲ့ပါတယ်။

“ဒီသတင်းတွေက ကောလာဟလအမှားတွေပါ။ ကျွန်တော်တို့ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး မပြောချင်ပါဘူး။ ဆာဒီယိုရဲ့အရည်အသွေးလောက်ရှိတဲ့ ကစားသမားတစ်ယောက်က လူတွေ ပြောနေကြတဲ့ လစာကို မရနိုင်ဘူး။ ပျံ့နှံ့နေတဲ့ကိန်းဂဏန်းတွေက လုံးဝ မှားယွင်းနေပါတယ်။ ဆာဒီယိုက ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ အဲဒီထက်တောင် ပိုပြီး လစာ ရနေပြီးသားပါ”

“သူ ၂၀၁၈ ခုနှစ်မှာ စာချုပ်သက်တမ်း တိုးခဲ့ပြီး သူ့လစာက မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ကိန်းဂဏန်းတွေထက် အများကြီး များပါတယ်။ ဆာဒီယိုက အချိန်ကောင်းမှာ မှန်ကန်တဲ့အသင်းကို ရွေးချယ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ လီဗာပူးလ်မှာ အရာအားလုံး အနိုင်ရခဲ့ပါတယ်။ တခြားတစ်နေရာရာမှာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေရမယ့် အချိန်ကျခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ရဲ့ စီမံကိန်းက အရမ်းကို ဆွဲဆောင်မှု ရှိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘိုင္ယန္ျမဴးနစ္အသင္းမွာ ရရွိမယ့္ ဆာဒီယို မာေနးရဲ႕ လစာဟာ ၎ကို ကမာၻေပၚက လစာအမ်ားဆုံး ရရွိေနတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္လာေစခဲ့တယ္လို႔ သိရပါတယ္။

လီဗာပူးလ္အသင္းမွာ ရွိေနခဲ့တဲ့ကာလအတြင္း ဆီနီေဂါလက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ ေအးဂ်င့္က မာေနးဟာ လစာေကာင္းေကာင္း ရရွိေနတယ္လို႔ ေျပာၾကားခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္ကို ေပါင္ ၃၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ၿပီးေနာက္ လက္ရွိမွာေတာ့ ထိပ္တန္းလစာရရွိေနတဲ့ကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

မာေနးဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ တစ္ႏွစ္ကို လုပ္ခလစာ ေပါင္ ၁၇ သန္း ရရွိမွာျဖစ္တယ္လို႔ ဂ်ာမန္သတင္းဌာန Bild က ေဖာ္ျပခဲ့ပါတယ္။ ဆာဒီယို မာေနးဟာ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံေတြနဲ႔ အတူရွိေနမယ့္ ၃ ႏွစ္အတြင္းမွာ ေပါင္ ၅၁ သန္းအထိ ရရွိမွာျဖစ္ၿပီး ဆီနီေဂါၾကယ္ပြင့္ဟာ အန္းဖီးမွာ ေအာင္ျမင္တဲ့ ၆ ရာသီကို ျဖတ္သန္းၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

မာေနးဟာ လီဗာပူးလ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၆၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၂၀ သြင္းယူေပးခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလား၊ ကာရာေဘာင္းဖလား၊ ယူအီးအက္ဖ္ေအ စူပါဖလားနဲ႔ ဖီဖာကလပ္ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မာေနးဟာ ႏိုင္ငံတကာအဆင့္မွာလည္း ဆီနီေဂါအသင္းနဲ႔အတူ အာဖရိကဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ခြင့္အတြက္ အီဂ်စ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ Play-off ဗိုလ္လုပြဲမွာလည္း အသင္းကို ကမာၻ႔ဖလားဝင္ခြင့္ရရွိေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။

မာေနးဟာ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြခ်င္တာေၾကာင့္ ယခုေႏြရာသီမွာ အန္းဖီးကို စြန႔္ခြာခ်င္တဲ့ဆႏၵရွိတယ္လို႔ ေျပာၾကားခဲ့ေပမယ့္ အဲဒီသတင္းထြက္ေပၚၿပီးေနာက္မွာ ဆီနီေဂါၾကယ္ပြင့္က လီဗာပူးလ္မွာ ဆက္ေနေစခ်င္ရင္ လစာမ်ားမ်ားတိုးေပးဖို႔ ေတာင္းဆိုခဲ့တယ္ဆိုတဲ့ သတင္းေတြက သတင္းအမွားေတြျဖစ္တယ္လို႔ မာေနးရဲ႕ေအးဂ်င့္ ဘာကာရီ ဆစ္ဆီက ေျပာၾကားခဲ့ပါတယ္။

“ဒီသတင္းေတြက ေကာလာဟလအမွားေတြပါ။ ကြၽန္ေတာ္တို႔ အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး မေျပာခ်င္ပါဘူး။ ဆာဒီယိုရဲ႕အရည္အေသြးေလာက္ရွိတဲ့ ကစားသမားတစ္ေယာက္က လူေတြ ေျပာေနၾကတဲ့ လစာကို မရႏိုင္ဘူး။ ပ်ံ႕ႏွံ႔ေနတဲ့ကိန္းဂဏန္းေတြက လုံးဝ မွားယြင္းေနပါတယ္။ ဆာဒီယိုက ေဆာက္သမ္တန္ကေန လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အခ်ိန္မွာ အဲဒီထက္ေတာင္ ပိုၿပီး လစာ ရေနၿပီးသားပါ”

“သူ ၂၀၁၈ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္း တိုးခဲ့ၿပီး သူ႔လစာက မီဒီယာေတြမွာ ပ်ံ႕ႏွံ႔ေနတဲ့ ကိန္းဂဏန္းေတြထက္ အမ်ားႀကီး မ်ားပါတယ္။ ဆာဒီယိုက အခ်ိန္ေကာင္းမွာ မွန္ကန္တဲ့အသင္းကို ေ႐ြးခ်ယ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူ လီဗာပူးလ္မွာ အရာအားလုံး အႏိုင္ရခဲ့ပါတယ္။ တျခားတစ္ေနရာရာမွာ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြရမယ့္ အခ်ိန္က်ခဲ့တာပါ။ ဘိုင္ယန္ျမဴးနစ္ရဲ႕ စီမံကိန္းက အရမ္းကို ဆြဲေဆာင္မႈ ရွိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.