Premier League Transfer News

ရွမုိက္ကယ္ကို သေဘာက်ေနတဲ့ လမ္းပတ္အတြက္ ေခၚယူသင့္ေၾကာင္း အခ်က္အလက္မ်ား

ဂိုးသမားေကာင္းတစ္ဦး မျဖစ္မေန ေခၚယူဖို႔ လိုအပ္ေနတယ္လုိ႔ ယူဆထားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔ လမ္းပတ္အတြက္ေတာ့ လက္စတာစီးတီးရဲ႕ ကက္စပါ ရွမိုက္ကယ္ဟာလည္း ပစ္မွတ္တစ္ခုျဖစ္ေနၿပီး သူဟာ ဘာေၾကာင့္ အားလုံးထဲက အသင့္ေတာ္ဆုံးျဖစ္တယ္ဆုိတာကို The Times က သုံးသပ္သြားခဲ့ပါတယ္။

၁။ အေတြ႕အႀကဳံနဲ႔ ေဈးႏွဳန္း – ကက္စပါ ရွမိုက္ကယ္ဟာ လက္စြမ္းေကာင္းနဲ႔ ပုံစံေကာင္းေတြကို ျပသထားႏုိင္ခဲ့သလို ခံစစ္ပုိင္းကို ထိန္းခ်ဳပ္ကြပ္ကဲမွဳမွာလည္း ထိပ္တန္းအဆင့္မွာ ရွိေနေပမယ့္ သူ႕ရဲ႕ အသက္အရြယ္အရ ေဈးႏွဳန္းကေတာ့ ျမင့္မားျခင္းမရွိႏုိင္တာျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ ဝါရင့္ဒိန္းမတ္ဂိုးသမားအတြက္ လက္စတာအေနနဲ႔ ေပါင္သန္းဆယ္ဂဏန္းအနည္းငယ္ထက္ပိုၿပီး ေတာင္းဆုိခြင့္မရွိပါဘူး။ ဒါဟာ ခ်ဲလ္ဆီးရဲ႕ တျခားပစ္မွတ္ေတြျဖစ္ၾကတဲ့ ယန္ ေအာ့ဘလက္ခ္၊ ဒင္းန္ ဟန္ဒါဆန္၊ အန္ဒရီ အိုနာနာတုိ႔ထက္ အမ်ားႀကီး သက္သာတဲ့ ေဈးျဖစ္ေနတာပါ။

၂။ တည္ၿငိမ္မွဳ – ဒီဂိုးသမားရဲ႕ လက္စတာအသင္းနဲ႔ ျဖတ္သန္းလာခဲ့သမွ် ပြဲေတြမွာ တစ္ေန႔ေရႊ တစ္ေန႔ေငြဆုိတဲ့ ပုံစံမ်ဳိးကို ဘယ္တုန္းကမွ မေတြ႕ခဲ့ရတာပါ။ သာမန္လက္စြမ္းဆုိတာ သူ႕ရဲ႕ အနိမ့္ဆုံး စြမ္းေဆာင္ရည္ပဲျဖစ္ၿပီး အသင္းအတြက္ ဂိုးေပါက္ကေန ကာကြယ္မွဳအမ်ားအျပားနဲ႔ ႏုိင္ပြဲ၊ သေရပြဲနဲ႔ အမွတ္ေတြ ရွာေဖြေပးႏုိင္ခဲ့တာလည္း မနည္းပါဘူး။ ေနာက္ဆုံး ငါးရာသီအတြင္း ဂိုးေပါက္ၿခိမ္းေျခာက္မွဳေတြကို ၆၅ ရာခိုင္ႏွဳန္းကာကြယ္ခဲ့ၿပီး ၂၀၁၉-၂၀ ရာသီမွာေတာ့ ၇၀ ရာခိုင္ႏွဳန္းအထိ ကာကြယ္ခဲ့တာပါ။

၃။ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ – ရွမိုက္ကယ္ဟာ လက္စတာစီးတီးအသင္းရဲ႕ လက္ပတ္ကို ဝတ္ဆင္သူျဖစ္ပါတယ္။ အသင္းရဲ႕ တရားဝင္ေခါင္းေဆာင္အျဖစ္ စာရင္းေပါက္ေပမယ့္ အသက္အရြယ္နဲ႔ ေျခစြမ္းအရ ကစားခြင့္ သိပ္မရေတာ့တဲ့ ဝက္စ္ ေမာ္ဂန္ရဲ႕အစား တာဝန္ယူၿပီး ေနာက္တန္းေတြကို အျမဲတမ္း ေအာ္ဟစ္ညႊန္ၾကားသူလည္းျဖစ္သလို ဒါဟာ လမ္းပတ္အလိုရွိေနၿပီး ခ်ဲလ္ဆီးခံစစ္မွာ ေပ်ာက္ဆုံးေနတဲ့ အရည္အေသြး တစ္ခုျဖစ္ပါတယ္။

၄။ အသင္းေျပာင္းေရႊ႕ဖို႔ လြယ္ကူႏုိင္ျခင္း – ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးၿပီးျဖစ္တဲ့ ရွမိုက္ကယ္ဟာ သူ႕ရဲ႕ အသက္အရြယ္အရ အသင္းသစ္နဲ႔ စိန္ေခၚမွဳသစ္ေတြကို ရင္ဆုိင္ၿပီး ဆုဖလားသစ္ေတြအတြက္ ႀကဳိးစားဖို႔ ဆႏၵရွိေနႏိုင္ပါတယ္။ အမ်ားဆုံး သုံးေလးႏွစ္ပဲ အေကာင္းဆုံး ကစားႏိုင္ေတာ့မယ့္အခ်ိန္မွာ ကိုးႏွစ္တာ ျဖတ္သန္းခဲ့ၿပီးတဲ့ ကင္းပါဝါကြင္းကို စြန္႔ခြာဖို႔ လြယ္ကူေနတာေၾကာင့္ လမ္းပတ္အေနနဲ႔ သူ႕ကို ေခၚယူဖို႔ ေသေသခ်ာခ်ာ ႀကဳိးစားခဲ့မယ္ဆုိရင္ မမွားဘူးလို႔ The Times က သုံးသပ္သြားေၾကာင္း သိရွိရပါတယ္။

REF: THE TIMES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဂိုးသမားကောင်းတစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတယ်လို့ ယူဆထားခဲ့တဲ့ ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်အတွက်တော့ လက်စတာစီးတီးရဲ့ ကက်စပါ ရှမိုက်ကယ်ဟာလည်း ပစ်မှတ်တစ်ခုဖြစ်နေပြီး သူဟာ ဘာကြောင့် အားလုံးထဲက အသင့်တော်ဆုံးဖြစ်တယ်ဆိုတာကို The Times က သုံးသပ်သွားခဲ့ပါတယ်။

၁။ အတွေ့အကြုံနဲ့ ဈေးနှုန်း – ကက်စပါ ရှမိုက်ကယ်ဟာ လက်စွမ်းကောင်းနဲ့ ပုံစံကောင်းတွေကို ပြသထားနိုင်ခဲ့သလို ခံစစ်ပိုင်းကို ထိန်းချုပ်ကွပ်ကဲမှုမှာလည်း ထိပ်တန်းအဆင့်မှာ ရှိနေပေမယ့် သူ့ရဲ့ အသက်အရွယ်အရ ဈေးနှုန်းကတော့ မြင့်မားခြင်းမရှိနိုင်တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဝါရင့်ဒိန်းမတ်ဂိုးသမားအတွက် လက်စတာအနေနဲ့ ပေါင်သန်းဆယ်ဂဏန်းအနည်းငယ်ထက်ပိုပြီး တောင်းဆိုခွင့်မရှိပါဘူး။ ဒါဟာ ချဲလ်ဆီးရဲ့ တခြားပစ်မှတ်တွေဖြစ်ကြတဲ့ ယန် အော့ဘလက်ခ်၊ ဒင်းန် ဟန်ဒါဆန်၊ အန်ဒရီ အိုနာနာတို့ထက် အများကြီး သက်သာတဲ့ ဈေးဖြစ်နေတာပါ။

၂။ တည်ငြိမ်မှု – ဒီဂိုးသမားရဲ့ လက်စတာအသင်းနဲ့ ဖြတ်သန်းလာခဲ့သမျှ ပွဲတွေမှာ တစ်နေ့ရွှေ တစ်နေ့ငွေဆိုတဲ့ ပုံစံမျိုးကို ဘယ်တုန်းကမှ မတွေ့ခဲ့ရတာပါ။ သာမန်လက်စွမ်းဆိုတာ သူ့ရဲ့ အနိမ့်ဆုံး စွမ်းဆောင်ရည်ပဲဖြစ်ပြီး အသင်းအတွက် ဂိုးပေါက်ကနေ ကာကွယ်မှုအများအပြားနဲ့ နိုင်ပွဲ၊ သရေပွဲနဲ့ အမှတ်တွေ ရှာဖွေပေးနိုင်ခဲ့တာလည်း မနည်းပါဘူး။ နောက်ဆုံး ငါးရာသီအတွင်း ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို ၆၅ ရာခိုင်နှုန်းကာကွယ်ခဲ့ပြီး ၂၀၁၉-၂၀ ရာသီမှာတော့ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ခဲ့တာပါ။

၃။ ခေါင်းဆောင်ကောင်းတစ်ယောက် – ရှမိုက်ကယ်ဟာ လက်စတာစီးတီးအသင်းရဲ့ လက်ပတ်ကို ဝတ်ဆင်သူဖြစ်ပါတယ်။ အသင်းရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် စာရင်းပေါက်ပေမယ့် အသက်အရွယ်နဲ့ ခြေစွမ်းအရ ကစားခွင့် သိပ်မရတော့တဲ့ ဝက်စ် မော်ဂန်ရဲ့အစား တာဝန်ယူပြီး နောက်တန်းတွေကို အမြဲတမ်း အော်ဟစ်ညွှန်ကြားသူလည်းဖြစ်သလို ဒါဟာ လမ်းပတ်အလိုရှိနေပြီး ချဲလ်ဆီးခံစစ်မှာ ပျောက်ဆုံးနေတဲ့ အရည်အသွေး တစ်ခုဖြစ်ပါတယ်။

၄။ အသင်းပြောင်းရွှေ့ဖို့ လွယ်ကူနိုင်ခြင်း – ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပြီးဖြစ်တဲ့ ရှမိုက်ကယ်ဟာ သူ့ရဲ့ အသက်အရွယ်အရ အသင်းသစ်နဲ့ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ပြီး ဆုဖလားသစ်တွေအတွက် ကြိုးစားဖို့ ဆန္ဒရှိနေနိုင်ပါတယ်။ အများဆုံး သုံးလေးနှစ်ပဲ အကောင်းဆုံး ကစားနိုင်တော့မယ့်အချိန်မှာ ကိုးနှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့ ကင်းပါဝါကွင်းကို စွန့်ခွာဖို့ လွယ်ကူနေတာကြောင့် လမ်းပတ်အနေနဲ့ သူ့ကို ခေါ်ယူဖို့ သေသေချာချာ ကြိုးစားခဲ့မယ်ဆိုရင် မမှားဘူးလို့ The Times က သုံးသပ်သွားကြောင်း သိရှိရပါတယ်။

REF: THE TIMES
PHOTOS CREDIT TO OWNERS
SPORTS A2Z.