Premier League Transfer News

အာဆင္နယ္နဲ႔ ေဆးစစ္ၿပီးတဲ့ ဝီလီယန္ေရာက္လာရင္ အလယ္မွာထားဖို႔ စဥ္းစားေနတဲ့ အာတီတာ

ခ်ဲလ္ဆီးအသင္းကေန တရားဝင္ထြက္ခြာခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္အသင္းနဲ႔ ေဆးစစ္မွဳ ေအာင္ျမင္ခဲ့ၿပီးျဖစ္တဲ့ ဝီလီယန္ဟာ ေျမာက္လန္ဒန္မွာ စာခ်ဳပ္ခ်ဳပ္ဆုိႏုိင္ဖို႔ တစ္ပတ္အတြင္း ေဆြးေႏြးေဆာင္ရြက္သြားမွာျဖစ္ၿပီး သူလိုခ်င္တဲ့အတုိင္း ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖို႔ ရွိေနသလို နည္းျပ မီခယ္လ္ အာတီတာအတြက္ေတာ့ အားတစ္ခုျဖစ္လာဖို႔ ရွိေနပါတယ္။

ၿပဳိင္ဘက္ ခ်ဲလ္ဆီးအသင္းနဲ႔ တစ္ပတ္ကို ေပါင္တစ္သိန္းႏွစ္ေသာင္းရရွိေနတဲ့ စာခ်ဳပ္ကုန္ဆုံးခဲ့ၿပီးတဲ့ေနာက္ အာဆင္နယ္မွာ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းနဲ႔ ကနဦး သေဘာတူညီထားတဲ့ အသက္ ၃၂ ႏွစ္အရြယ္ ဘရာဇီးလ္သားရဲ႕ စာခ်ဳပ္အေသးစိတ္ကို ရက္ပုိင္းအတြင္း ေဆြးေႏြးသြားဖို႔ ရွိေနသလို တျခားေခၚယူလိုတဲ့ ၿပဳိင္ဘက္အသင္းေတြကိုေတာ့ ေနာက္ေကာက္ခ်ထားႏုိင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

ဝီလီယန္ရဲ႕ ေဆးစစ္မွဳကေတာ့ အဂၤါေန႔နံနက္မွာ ၿပီးဆုံးေအာင္ျမင္ခဲ့တယ္လုိ႔ သိရၿပီး အာဆင္နယ္နည္းျပ အာတီတာကေတာ့ သူ႕ကို လာမယ့္ ရာသီမွာ တုိက္စစ္မွဴးရဲ႕ေနာက္ နံပါတ္ ၁၀ ေနရာမွာ အထိုင္ခ်ၿပီး အဓိကကစားသမားတစ္ဦးအျဖစ္ အသုံးျပဳသြားဖို႔ ရည္ရြယ္ေနတယ္လို႔ သတင္းေတြက ဆုိပါတယ္။

ခ်ဲလ္ဆီးအသင္းမွာ ညာေတာင္ပံကစားသမားအျဖစ္ ရာသီတုိင္းမွာ အသုံးေတာ္ခံခဲ့တဲ့ ဝီလီယန္ဟာ အသင္းအတြက္ ပြဲထြက္ကစားခြင့္ ရရွိေနေပမယ့္ သူ႕ကို ပုံမွန္ေနရာမွာ အသုံးျပဳတယ္လုိ႔ မခံစားရေၾကာင္း တစ္ခါက ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးၿပီး အာဆင္နယ္မွာေတာ့ သူ႕ရဲ႕ စိတ္ႀကဳိက္ ကြင္းလယ္ဗဟိုတုိက္စစ္ေနရာမွာ ကစားခြင့္ရဖြယ္ရွိပါတယ္။

ဝီလီယန္ကို အာဆင္နယ္အသင္းက ေခၚယူတဲ့ လုပ္ရပ္ကို ေဘာလုံးကၽြမ္းက်င္သူေတာ္ေတာ္မ်ားမ်ားက ေထာက္ခံအားေပးခဲ့ၾကၿပီး လုပ္ခေငြ ႀကီးျမင့္မွဳ မရွိသလို သူ႕ရဲ႕ အေတြ႕အႀကဳံ၊ မက်ဆင္းေသးဘဲ တည္ၿငိမ္ေနဆဲ ကစားအားနဲ႔ ႏုိင္လိုစိတ္ေတြဟာ အသင္းေဖာ္ေတြကိုလည္း ပုိေကာင္းဖို႔ ကူညီေပးႏုိင္လိမ့္မယ္လုိ႔ သုံးသပ္ထားခဲ့ၾကေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းကနေ တရားဝင်ထွက်ခွာခဲ့ပြီဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီးဖြစ်တဲ့ ဝီလီယန်ဟာ မြောက်လန်ဒန်မှာ စာချုပ်ချုပ်ဆိုနိုင်ဖို့ တစ်ပတ်အတွင်း ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ပြီး သူလိုချင်တဲ့အတိုင်း ၃ နှစ်စာချုပ်ချုပ်ဆိုဖို့ ရှိနေသလို နည်းပြ မီခယ်လ် အာတီတာအတွက်တော့ အားတစ်ခုဖြစ်လာဖို့ ရှိနေပါတယ်။

ပြိုင်ဘက် ချဲလ်ဆီးအသင်းနဲ့ တစ်ပတ်ကို ပေါင်တစ်သိန်းနှစ်သောင်းရရှိနေတဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးတဲ့နောက် အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနဲ့ ကနဦး သဘောတူညီထားတဲ့ အသက် ၃၂ နှစ်အရွယ် ဘရာဇီးလ်သားရဲ့ စာချုပ်အသေးစိတ်ကို ရက်ပိုင်းအတွင်း ဆွေးနွေးသွားဖို့ ရှိနေသလို တခြားခေါ်ယူလိုတဲ့ ပြိုင်ဘက်အသင်းတွေကိုတော့ နောက်ကောက်ချထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဝီလီယန်ရဲ့ ဆေးစစ်မှုကတော့ အင်္ဂါနေ့နံနက်မှာ ပြီးဆုံးအောင်မြင်ခဲ့တယ်လို့ သိရပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ သူ့ကို လာမယ့် ရာသီမှာ တိုက်စစ်မှူးရဲ့နောက် နံပါတ် ၁၀ နေရာမှာ အထိုင်ချပြီး အဓိကကစားသမားတစ်ဦးအဖြစ် အသုံးပြုသွားဖို့ ရည်ရွယ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ချဲလ်ဆီးအသင်းမှာ ညာတောင်ပံကစားသမားအဖြစ် ရာသီတိုင်းမှာ အသုံးတော်ခံခဲ့တဲ့ ဝီလီယန်ဟာ အသင်းအတွက် ပွဲထွက်ကစားခွင့် ရရှိနေပေမယ့် သူ့ကို ပုံမှန်နေရာမှာ အသုံးပြုတယ်လို့ မခံစားရကြောင်း တစ်ခါက ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး အာဆင်နယ်မှာတော့ သူ့ရဲ့ စိတ်ကြိုက် ကွင်းလယ်ဗဟိုတိုက်စစ်နေရာမှာ ကစားခွင့်ရဖွယ်ရှိပါတယ်။

ဝီလီယန်ကို အာဆင်နယ်အသင်းက ခေါ်ယူတဲ့ လုပ်ရပ်ကို ဘောလုံးကျွမ်းကျင်သူတော်တော်များများက ထောက်ခံအားပေးခဲ့ကြပြီး လုပ်ခငွေ ကြီးမြင့်မှု မရှိသလို သူ့ရဲ့ အတွေ့အကြုံ၊ မကျဆင်းသေးဘဲ တည်ငြိမ်နေဆဲ ကစားအားနဲ့ နိုင်လိုစိတ်တွေဟာ အသင်းဖော်တွေကိုလည်း ပိုကောင်းဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ သုံးသပ်ထားခဲ့ကြကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.