International

ရုရှားကို ပြောင်းတဲ့ သစ္စာဖောက် ကစားသမားကို လက်ရွေးစင်ကနေ ထုတ်ပယ်လိုက်တဲ့ ပိုလန်

ပိုလန်နိုင်ငံအနေနဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ရုရှားတို့ရဲ့ စော်ကားသိမ်းပိုက်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်လျက်ရှိရာမှာ သူတို့ရဲ့ လက်ရွေးစင် ဘောလုံးအသင်းသား တစ်ဦးကို ဒီနေ့မှာပဲ ထုတ်ပယ်လိုက်ပြီး ဘက်မလိုက်တဲ့ အရေးယူမှုကို ပြသခဲ့တယ်လို့ သိရပါတယ်။

ပိုလန်လက်ရွေးစင်အသင်းဟာ လာမယ့် ကာတာကမ္ဘာ့ဖလားမှာ အသက် ၃၂ နှစ်အရွယ် ဘယ်နောက်ခံလူ မာစီယီ ရိုင်ဘပ်စ် မပါဘဲ ကစားဖို့ ဆုံးဖြတ်လိုက်ပြီး ဒီဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ပွဲတွေအားလုံးကနေ ထုတ်ပယ်လိုက်တဲ့အပြင် နိုင်ငံအတွင်းမှာလည်း ကစားခွင့်ရတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရိုင်ဘပ်စ်ဟာ ရုရှားကလပ် စပါးတပ်စ် မော်စကိုအသင်းအတွက် ကစားပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဒီအသင်းမှာ ကစားနေခဲ့တဲ့ ပိုလန် ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပေမယ့် လိုကိုမိုးတစ်ဗ် မော်စကိုအသင်းနဲ့ စာချုပ်ကုန်တော့မယ့်အချိန်မှာ လမ်းခွဲခွင့်ရှိတဲ့အစား နောက်ထပ် ဒီမြေမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။

တခြားနိုင်ငံတွေက ကစားသမားတွေအနေနဲ့ ရုရှားကလပ်တွေကို စွန့်ခွာပြီး အသင်းပြောင်းရွှေ့ခဲ့ကြချိန်မှာ မတူညီတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့ နောက်ခံလူကို သူ့ရဲ့ နိုင်ငံ ပိုလန်ကတော့ အရေးယူ ပြစ်ဒဏ်ခတ်ခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ၆၆ ပွဲ ကစား ၂ ဂိုး သွင်းယူပေးခဲ့တဲ့ မှတ်တမ်းနဲ့ ကြိုးစားအားထုတ်မှုတွေကတော့ အလဟဿဖြစ်ခဲ့ရပြီဖြစ်ပါတယ်။

ရိုင်ဘတ်စ်ရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ရဲ့ ကစားသမားဟာ ရုရှားအမျိုးသမီးကို လက်ထပ်ယူထားပြီး ကလေးနှစ်ယောက်ကလည်း ရုရှားမှာပဲ မွေးဖွားခဲ့တာဖြစ်လို့ သူတို့ကို ပိုလန်ပြန်ခေါ်လာဖို့ အဆင်မပြေတာကြောင့် ဒီလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာလို့ ကာကွယ်သွားပြီး မိသားစုကို လုံခြုံမှု ရှိစေမယ့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာလို့ ကာကွယ်သွားခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်ကတော့ နိုင်ငံအသင်းဖော်တွေဖြစ်ပြီး ရုရှားကလပ်တွေဖြစ်ကြတဲ့ ခရက်စ်နိုဒါနဲ့ ဒီနာမို မော်စကိုတို့မှာ အသီးသီး ကစားနေခဲ့ကြတဲ့ ဂရီဂေါ့ဇ် ခရာဟိုဗီယက်ခ်၊ ဆီဘက်စတီယန် ဆီမန့်စကီးတို့နဲ့ အဖြူနဲ့ အမည်းလို ကွာခြားနေခဲ့သလို ဒီကစားသမားနှစ်ဦးကတော့ ရုရှားကနေ ထွက်ခွာခဲ့ကြတာပါ။

ပိုလန်အသင်းနည်းပြ ချက်စ်လပ်ဗ် မစ်ချ်နီဗစ်ချ်နဲ့ ဘောလုံးအဖွဲ့ချုပ်ကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို တရားဝင်ထုတ်ပြန်လိုက်ပြီး “ကျွန်တော်တို့ လက်ရွေးစင်အသင်းနည်းပြ မစ်ချ်နီဗစ်ချ်အနေနဲ့ ရိုင်ဘပ်စ်ကို နေးရှင်းလိဂ်ပြိုင်ပွဲဝင် ပိုလန်လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ တရားဝင်သတိပေး ပြောဆိုခဲ့ပြီးဖြစ်ပါတယ်”

“နည်းပြအနေနဲ့ ဒီကစားသမားကို သူ့ရဲ့ ကလပ်အသင်းရွေးချယ်မှုအတွက် တုံ့ပြန်မှုကို ပွင့်ပွင့်လင်းလင်း အသိပေးခဲ့ပြီး လာမယ့် စက်တင်ဘာလကစပြီး သူ့ကို ခေါ်ယူတော့မှာ မဟုတ်ကြောင်းနဲ့ ကာတာကမ္ဘာ့ဖလားကို သူမပါဘဲ သွားရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ သူဟာ အသင်းသားတွေရဲ့ စည်းလုံးမှုကို ပျက်ပြားထိခိုက်စေနိုင်လို့ ရွေးချယ်တော့မှာ မဟုတ်ကြောင်း ပြောပြထားခဲ့ပါတယ်”လို့ ကြေငြာခဲ့တာပါ။

ပိုလန်နိုင်ငံဟာ ယူရို ၂၀၁၂ ပြိုင်ပွဲကို အတူတွဲဖက်ကျင်းပခဲ့တဲ့ ယူကရိန်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ခိုင်မာတဲ့ ဆက်ဆံရေးကောင်းရှိတဲ့ မဟာမိတ်တွေဖြစ်ကြသလို စီးပွားရေးအရရော အားကစားရေးအရပါ ရင်းနှီးသူတွေဖြစ်ကြတာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ရုရှားနဲ့ ယှဉ်ပြိုင်ဖို့ ငြင်းဆန်ထားခဲ့သလို သူတို့ရဲ့ ကန့်ကွက်မှုကို ဆွီဒင်ဘောလုံးအဖွဲ့ချုပ်နဲ့ လက်ရွေးစင်အသင်းကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ရုရှားအသင်းကို ဖီဖာကလည်း ပြိုင်ပွဲတွေကနေ ထုတ်ပယ်ထားခဲ့အပြီးမှာ Play-off မှာ တစ်ပွဲသာ ကစားခဲ့ရပြီး ဆွီဒင်ကို အနိုင်ရရှိခဲ့တဲ့ ပိုလန်အသင်းအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အုပ်စု(ဂ)မှာ အာဂျင်တီးနား၊ မက္ကဆီကိုနဲ့ ဆော်ဒီအာရေးဘီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပိုလန္ႏိုင္ငံအေနနဲ႔ ယူကရိန္းကို က်ဴးေက်ာ္ဝင္ေရာက္ခဲ့တဲ့ ႐ုရွားတို႔ရဲ႕ ေစာ္ကားသိမ္းပိုက္မႈကို ျပင္းျပင္းထန္ထန္ ဆန႔္က်င္ ကန႔္ကြက္လ်က္ရွိရာမွာ သူတို႔ရဲ႕ လက္ေ႐ြးစင္ ေဘာလုံးအသင္းသား တစ္ဦးကို ဒီေန႔မွာပဲ ထုတ္ပယ္လိုက္ၿပီး ဘက္မလိုက္တဲ့ အေရးယူမႈကို ျပသခဲ့တယ္လို႔ သိရပါတယ္။

ပိုလန္လက္ေ႐ြးစင္အသင္းဟာ လာမယ့္ ကာတာကမာၻ႔ဖလားမွာ အသက္ ၃၂ ႏွစ္အ႐ြယ္ ဘယ္ေနာက္ခံလူ မာစီယီ ႐ိုင္ဘပ္စ္ မပါဘဲ ကစားဖို႔ ဆုံးျဖတ္လိုက္ၿပီး ဒီေဘာလုံးအဖြဲ႕ခ်ဳပ္က ႀကီးမႉးက်င္းပတဲ့ ပြဲေတြအားလုံးကေန ထုတ္ပယ္လိုက္တဲ့အျပင္ ႏိုင္ငံအတြင္းမွာလည္း ကစားခြင့္ရေတာ့မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

႐ိုင္ဘပ္စ္ဟာ ႐ုရွားကလပ္ စပါးတပ္စ္ ေမာ္စကိုအသင္းအတြက္ ကစားေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး သူ႔အေနနဲ႔ ဒီအသင္းမွာ ကစားေနခဲ့တဲ့ ပိုလန္ ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ေပမယ့္ လိုကိုမိုးတစ္ဗ္ ေမာ္စကိုအသင္းနဲ႔ စာခ်ဳပ္ကုန္ေတာ့မယ့္အခ်ိန္မွာ လမ္းခြဲခြင့္ရွိတဲ့အစား ေနာက္ထပ္ ဒီေျမမွာပဲ ဆက္ကစားဖို႔ ဆုံးျဖတ္ခဲ့တာပါ။

တျခားႏိုင္ငံေတြက ကစားသမားေတြအေနနဲ႔ ႐ုရွားကလပ္ေတြကို စြန႔္ခြာၿပီး အသင္းေျပာင္းေ႐ႊ႕ခဲ့ၾကခ်ိန္မွာ မတူညီတဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့တဲ့ ေနာက္ခံလူကို သူ႔ရဲ႕ ႏိုင္ငံ ပိုလန္ကေတာ့ အေရးယူ ျပစ္ဒဏ္ခတ္ခဲ့တာျဖစ္ၿပီး လက္ေ႐ြးစင္အသင္းအတြက္ ၆၆ ပြဲ ကစား ၂ ဂိုး သြင္းယူေပးခဲ့တဲ့ မွတ္တမ္းနဲ႔ ႀကိဳးစားအားထုတ္မႈေတြကေတာ့ အလဟႆျဖစ္ခဲ့ရၿပီျဖစ္ပါတယ္။

႐ိုင္ဘတ္စ္ရဲ႕ ေအးဂ်င့္ျဖစ္သူကေတာ့ သူ႔ရဲ႕ ကစားသမားဟာ ႐ုရွားအမ်ိဳးသမီးကို လက္ထပ္ယူထားၿပီး ကေလးႏွစ္ေယာက္ကလည္း ႐ုရွားမွာပဲ ေမြးဖြားခဲ့တာျဖစ္လို႔ သူတို႔ကို ပိုလန္ျပန္ေခၚလာဖို႔ အဆင္မေျပတာေၾကာင့္ ဒီလိုဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ရတာလို႔ ကာကြယ္သြားၿပီး မိသားစုကို လုံၿခဳံမႈ ရွိေစမယ့္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ရတာလို႔ ကာကြယ္သြားခဲ့ပါတယ္။

ဒါေပမယ့္ သူ႔ရဲ႕ လုပ္ရပ္ကေတာ့ ႏိုင္ငံအသင္းေဖာ္ေတြျဖစ္ၿပီး ႐ုရွားကလပ္ေတြျဖစ္ၾကတဲ့ ခရက္စ္ႏိုဒါနဲ႔ ဒီနာမို ေမာ္စကိုတို႔မွာ အသီးသီး ကစားေနခဲ့ၾကတဲ့ ဂရီေဂါ့ဇ္ ခရာဟိုဗီယက္ခ္၊ ဆီဘက္စတီယန္ ဆီမန႔္စကီးတို႔နဲ႔ အျဖဴနဲ႔ အမည္းလို ကြာျခားေနခဲ့သလို ဒီကစားသမားႏွစ္ဦးကေတာ့ ႐ုရွားကေန ထြက္ခြာခဲ့ၾကတာပါ။

ပိုလန္အသင္းနည္းျပ ခ်က္စ္လပ္ဗ္ မစ္ခ်္နီဗစ္ခ်္နဲ႔ ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ကို တရားဝင္ထုတ္ျပန္လိုက္ၿပီး “ကြၽန္ေတာ္တို႔ လက္ေ႐ြးစင္အသင္းနည္းျပ မစ္ခ်္နီဗစ္ခ်္အေနနဲ႔ ႐ိုင္ဘပ္စ္ကို ေနးရွင္းလိဂ္ၿပိဳင္ပြဲဝင္ ပိုလန္လက္ေ႐ြးစင္အသင္းရဲ႕ ေလ့က်င့္ေရးစခန္းမွာ တရားဝင္သတိေပး ေျပာဆိုခဲ့ၿပီးျဖစ္ပါတယ္”

“နည္းျပအေနနဲ႔ ဒီကစားသမားကို သူ႔ရဲ႕ ကလပ္အသင္းေ႐ြးခ်ယ္မႈအတြက္ တုံ႔ျပန္မႈကို ပြင့္ပြင့္လင္းလင္း အသိေပးခဲ့ၿပီး လာမယ့္ စက္တင္ဘာလကစၿပီး သူ႔ကို ေခၚယူေတာ့မွာ မဟုတ္ေၾကာင္းနဲ႔ ကာတာကမာၻ႔ဖလားကို သူမပါဘဲ သြားေရာက္ယွဥ္ၿပိဳင္မွာျဖစ္ေၾကာင္း၊ သူဟာ အသင္းသားေတြရဲ႕ စည္းလုံးမႈကို ပ်က္ျပားထိခိုက္ေစႏိုင္လို႔ ေ႐ြးခ်ယ္ေတာ့မွာ မဟုတ္ေၾကာင္း ေျပာျပထားခဲ့ပါတယ္”လို႔ ေၾကျငာခဲ့တာပါ။

ပိုလန္ႏိုင္ငံဟာ ယူ႐ို ၂၀၁၂ ၿပိဳင္ပြဲကို အတူတြဲဖက္က်င္းပခဲ့တဲ့ ယူကရိန္းႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနၿပီး ခိုင္မာတဲ့ ဆက္ဆံေရးေကာင္းရွိတဲ့ မဟာမိတ္ေတြျဖစ္ၾကသလို စီးပြားေရးအရေရာ အားကစားေရးအရပါ ရင္းႏွီးသူေတြျဖစ္ၾကတာေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ ႐ုရွားနဲ႔ ယွဥ္ၿပိဳင္ဖို႔ ျငင္းဆန္ထားခဲ့သလို သူတို႔ရဲ႕ ကန႔္ကြက္မႈကို ဆြီဒင္ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ လက္ေ႐ြးစင္အသင္းကလည္း ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။

႐ုရွားအသင္းကို ဖီဖာကလည္း ၿပိဳင္ပြဲေတြကေန ထုတ္ပယ္ထားခဲ့အၿပီးမွာ Play-off မွာ တစ္ပြဲသာ ကစားခဲ့ရၿပီး ဆြီဒင္ကို အႏိုင္ရရွိခဲ့တဲ့ ပိုလန္အသင္းအေနနဲ႔ ၂၀၂၂ ကမာၻ႔ဖလားရဲ႕ အုပ္စု(ဂ)မွာ အာဂ်င္တီးနား၊ မကၠဆီကိုနဲ႔ ေဆာ္ဒီအာေရးဘီးယားတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.