Premier League Serie A Transfer News

လော့ဖ်တပ်စ်-ချိခ်ကို အလိုက်ပေးပြီး ပစ်မှတ်ကစားသမားကို ခေါ်ယူသွားမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အသင်းလူစာရင်းအတွက် နောက်ထပ်အကောင်းဆုံးကွင်းလယ်ကစားသမား ရှာဖွေနေတာဖြစ်ပြီး ချူအာမေနီ၊ အီဘရာဟင် ဆန်ဂါရေး၊ ဒီကလန် ရိုက်စ်တို့လို ကစားသမားတွေနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချူအာမေနီဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်သွားခဲ့ပြီဖြစ်ပြီး ရိုက်စ်ရဲ့ ပြောင်းရွှေ့ကြေးကလည်း မြင့်မားနေတာကြောင့် ချဲလ်ဆီးအသင်းဟာ နောက်ထပ်ရွေးချယ်စရာရှာဖွေခဲ့ရာမှာ မီလင်ကိုဗစ်-ဆားဗစ်က ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လာဇီယို ကွင်းလယ်ကြယ်ပွင့်နဲ့ အခုမှ ပထမဆုံး သတင်းထွက်ခဲ့ဖူးတာမဟုတ်ဘဲ ၂၀၁၈ ခုနှစ်တုန်းက ဆားဘီးယားကွင်းလယ်ကစားသမားဟာ ဆာရီရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

လာဇီယိုအသင်းအတွက် ၉ နှစ်နီးပါး ကစားပေးခဲ့ပြီးနောက် မီလင်ကိုဗစ်-ဆားဗစ်ဟာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်ပြီး လက်ရှိ ၎င်းရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၆၃ သန်းသတ်မှတ်ာထားတယ်လို့ သိရပါတယ်။ မီလင်ကိုဗစ်-ဆားဗစ်ဟာ ဒီကလန် ရိုက်စ်ထက်စာရင် ပိုမိုဈေးသက်သာတဲ့ ရွေးချယ်စရာဖြစ်ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ တူဟယ်ရဲ့အသင်းဟာ လူစာရင်းတစ်ခုလုံးကို ပြန်လည်တည်ဆောက်ဖို့ ပေါင်သန်း ၂၀၀ သာ သုံးစွဲနိုင်တာကြောင့် ကမ်းလှမ်းမှုကို ပိုမိုကောင်းမွန်အောင် ကစားသမားတစ်ဦးပါ ထည်သွင်းသွားနိုင်ပါတယ်။

မီလင်ကိုဗစ်-ဆားဗစ်ဟာ ကွင်းလယ်ဗဟိုနေရာမှာ ကစားနေရသူဖြစ်ပေမယ့်လည်း ဘောလုံး နည်းစနစ်ပိုင်နိုင်ပြီး လိုအပ်လာရင်လည်း ကြမ်းကြမ်းတမ်းတမ်း ကစားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဆားဘီးယားကြယ်ပွင့်ဟာ ခံစစ်နဲ့ တိုက်စစ်ကြား ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်တာကြောင့် ချဲလ်ဆီးအသင်း လိုချင်နေတဲ့ ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်နေတာဖြစ်ပြီး လန်ဒန်ကလပ်အသင်းဟာ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂျော်ဂျင်ညိုနဲ့ ကွန်တေတို့ထဲက တစ်ဦးကို ဆုံးရှုံးရနိုင်တဲ့အခြေအနေမှာ ရှိနေတာကြောင့် ထိပ်တန်းကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ဟာ ချဲလ်ဆီးအသင်းရဲ့ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူသင့်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း အသင်းပိုင်ရှင်သစ်လက်အောက်မှာ ခေတ်သစ်တစ်ခု စတင်ရမယ့် ချဲလ်ဆီးအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ က အရမ်းများပြားလွန်းတဲ့ပမာဏ ဖြစ်နေတာဖြစ်ပါတယ်။

မီလင်ကိုဗစ်-ဆားဗစ်ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းကလည်း သိပ်တော့ ဈေးမချိုလှပေမယ့် လာဇီယိုအသင်းက ပြောင်းရွှေ့ကြေးကို လျော့ကျသွားစေနိုင်မယ့် ကစားသမား ၂ ဦးကို စိတ်ဝင်စားနေပြီး Corriere dello Sport ရဲ့ ဖော်ပြချက်အရ လာဇီယိုအသင်းဟာ ချဲလ်ဆီးနောက်ခံကစားသမား အီမာဆင်နဲ့ လော့ဖ်တပ်စ်-ချိခ်တို့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လာဇီယိုနည်းပြ ဆာရီဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှိခဲ့တဲ့ကာလအတွင်း လော့ဖ်တပ်စ်-ချိခ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တာကြောင့် သိပ်တော့အံ့အားသင့်စရာကိစ္စတော့မဟုတ်တော့ဘဲ ဘာစီလိုနာအသင်းက လက်ရှိမှာ အလွန်ဆိုကို ခေါ်ဖို့ ကြိုးပမ်းနေသလို ဂျော်ဂျင်ညိုနဲ့ ကွန်တေတို့ရဲ့စာချုပ်ကလည်း လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ချဲလ်ဆီးအနေနဲ့ အီမာဆင် သို့မဟုတ် လော့ဖ်တပ်စ်-ချိခ်တို့အတွက် အကျိုးအမြတ်မရှိဘဲ ထွက်ခွာခွင့်မပေးသင့်တာဖြစ်ပါတယ်။ ဘန် ချေးဝဲလ်ကလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာအောင် လုပ်ဆောင်နေဆဲဖြစ်တာကြောင့် တူဟယ်ရဲ့ ဘယ်နောက်ခံနေရာအတွက် ရွေးချယ်စရာက မရှိသလောက်ကို ဖြစ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ အသင္းလူစာရင္းအတြက္ ေနာက္ထပ္အေကာင္းဆုံးကြင္းလယ္ကစားသမား ရွာေဖြေနတာျဖစ္ၿပီး ခ်ဴအာေမနီ၊ အီဘရာဟင္ ဆန္ဂါေရး၊ ဒီကလန္ ႐ိုက္စ္တို႔လို ကစားသမားေတြနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဴအာေမနီဟာ လက္ရွိမွာ ရီးရဲလ္မက္ဒရစ္ကစားသမားျဖစ္သြားခဲ့ၿပီျဖစ္ၿပီး ႐ိုက္စ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကလည္း ျမင့္မားေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ေနာက္ထပ္ေ႐ြးခ်ယ္စရာရွာေဖြခဲ့ရာမွာ မီလင္ကိုဗစ္-ဆားဗစ္က ပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လာဇီယို ကြင္းလယ္ၾကယ္ပြင့္နဲ႔ အခုမွ ပထမဆုံး သတင္းထြက္ခဲ့ဖူးတာမဟုတ္ဘဲ ၂၀၁၈ ခုႏွစ္တုန္းက ဆားဘီးယားကြင္းလယ္ကစားသမားဟာ ဆာရီရဲ႕ အဓိကပစ္မွတ္ေတြထဲက တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။

လာဇီယိုအသင္းအတြက္ ၉ ႏွစ္နီးပါး ကစားေပးခဲ့ၿပီးေနာက္ မီလင္ကိုဗစ္-ဆားဗစ္ဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ တျဖည္းျဖည္း နီးကပ္လာေနၿပီျဖစ္ၿပီး လက္ရွိ ၎ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ ေပါင္ ၆၃ သန္းသတ္မွတ္ာထားတယ္လို႔ သိရပါတယ္။ မီလင္ကိုဗစ္-ဆားဗစ္ဟာ ဒီကလန္ ႐ိုက္စ္ထက္စာရင္ ပိုမိုေဈးသက္သာတဲ့ ေ႐ြးခ်ယ္စရာျဖစ္ေပမယ့္လည္း ကံဆိုးစြာနဲ႔ပဲ တူဟယ္ရဲ႕အသင္းဟာ လူစာရင္းတစ္ခုလုံးကို ျပန္လည္တည္ေဆာက္ဖို႔ ေပါင္သန္း ၂၀၀ သာ သုံးစြဲႏိုင္တာေၾကာင့္ ကမ္းလွမ္းမႈကို ပိုမိုေကာင္းမြန္ေအာင္ ကစားသမားတစ္ဦးပါ ထည္သြင္းသြားႏိုင္ပါတယ္။

မီလင္ကိုဗစ္-ဆားဗစ္ဟာ ကြင္းလယ္ဗဟိုေနရာမွာ ကစားေနရသူျဖစ္ေပမယ့္လည္း ေဘာလုံး နည္းစနစ္ပိုင္ႏိုင္ၿပီး လိုအပ္လာရင္လည္း ၾကမ္းၾကမ္းတမ္းတမ္း ကစားႏိုင္တဲ့ ကစားသမားျဖစ္ပါတယ္။ ဆားဘီးယားၾကယ္ပြင့္ဟာ ခံစစ္နဲ႔ တိုက္စစ္ၾကား ဟန္ခ်က္ညီေအာင္ ထိန္းေက်ာင္းႏိုင္တာေၾကာင့္ ခ်ဲလ္ဆီးအသင္း လိုခ်င္ေနတဲ့ ၿပီးျပည့္စုံတဲ့ ကစားသမားျဖစ္ေနတာျဖစ္ၿပီး လန္ဒန္ကလပ္အသင္းဟာ ၂၀၂၃ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ေဂ်ာ္ဂ်င္ညိဳနဲ႔ ကြန္ေတတို႔ထဲက တစ္ဦးကို ဆုံးရႈံးရႏိုင္တဲ့အေျခအေနမွာ ရွိေနတာေၾကာင့္ ထိပ္တန္းကြင္းလယ္ကစားသမားတစ္ဦး ေခၚယူဖို႔လိုအပ္ေနတာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္စ္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူသင့္တဲ့ ကစားသမားျဖစ္ေပမယ့္လည္း အသင္းပိုင္ရွင္သစ္လက္ေအာက္မွာ ေခတ္သစ္တစ္ခု စတင္ရမယ့္ ခ်ဲလ္ဆီးအတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း ၁၀၀ က အရမ္းမ်ားျပားလြန္းတဲ့ပမာဏ ျဖစ္ေနတာျဖစ္ပါတယ္။

မီလင္ကိုဗစ္-ဆားဗစ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၃ သန္းကလည္း သိပ္ေတာ့ ေဈးမခ်ိဳလွေပမယ့္ လာဇီယိုအသင္းက ေျပာင္းေ႐ႊ႕ေၾကးကို ေလ်ာ့က်သြားေစႏိုင္မယ့္ ကစားသမား ၂ ဦးကို စိတ္ဝင္စားေနၿပီး Corriere dello Sport ရဲ႕ ေဖာ္ျပခ်က္အရ လာဇီယိုအသင္းဟာ ခ်ဲလ္ဆီးေနာက္ခံကစားသမား အီမာဆင္နဲ႔ ေလာ့ဖ္တပ္စ္-ခ်ိခ္တို႔ကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

လာဇီယိုနည္းျပ ဆာရီဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ရွိခဲ့တဲ့ကာလအတြင္း ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိခဲ့တာေၾကာင့္ သိပ္ေတာ့အံ့အားသင့္စရာကိစၥေတာ့မဟုတ္ေတာ့ဘဲ ဘာစီလိုနာအသင္းက လက္ရွိမွာ အလြန္ဆိုကို ေခၚဖို႔ ႀကိဳးပမ္းေနသလို ေဂ်ာ္ဂ်င္ညိဳနဲ႔ ကြန္ေတတို႔ရဲ႕စာခ်ဳပ္ကလည္း လာမယ့္ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ အီမာဆင္ သို႔မဟုတ္ ေလာ့ဖ္တပ္စ္-ခ်ိခ္တို႔အတြက္ အက်ိဳးအျမတ္မရွိဘဲ ထြက္ခြာခြင့္မေပးသင့္တာျဖစ္ပါတယ္။ ဘန္ ေခ်းဝဲလ္ကလည္း ဒဏ္ရာကေန ျပန္လည္သက္သာလာေအာင္ လုပ္ေဆာင္ေနဆဲျဖစ္တာေၾကာင့္ တူဟယ္ရဲ႕ ဘယ္ေနာက္ခံေနရာအတြက္ ေ႐ြးခ်ယ္စရာက မရွိသေလာက္ကို ျဖစ္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.