La Liga UCL&UEL

ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် ဆာလားကို ရီးရဲလ် ဘယ်လိုသဘောထားခဲ့လဲ ပြောပြလိုက်တဲ့ ရိုဒရီဂို

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရိုဒရီဂိုက ဥရောပနဲ့ လာလီဂါချန်ပီယံတွေအနေနဲ့ လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် မိုဟာမက် ဆာလားကို စိတ်ခွန်အားအနေနဲ့ ဘယ်လို .အသုံးချခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့မေလကုန်တုန်းက ပဲရစ်မှာ လီဗာပူးလ်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး ဗင်နီးရှပ် ဂျူနီယာက လာလီဂါချန်ပီယံတွေအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် မိုဟာမက် ဆာလားက ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ရာမို့စ်ရဲ့ ဖျက်ထုတ်မှုကြောင့် မျက်ရည်စက်လက်နဲ့ ကွင်းထဲကနေ ထွက်ခဲ့ရပြီး ကိဗ်မှာ လီဗာပူးလ်က ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရှုံးပွဲအတွက် လက်စားချေချင်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်အသင်းဟာ မိုဟာမက် ဆာလားရဲ့ မှတ်ချက်ကို ပဲရစ်မှာ ကစားရမယ့် ဗိုလ်လုပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်တဲ့နေရာမှာ စိတ်ဓာတ်ခွန်အားအဖြစ်နဲ့ အသုံးချခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“လူတစ်ယောက်က လှုံ့ဆော်လိုက်တဲ့အခါကျရင် တစ်ခါတလေ ခင်ဗျား အနိုင်ရချင်ပါတယ်။ အဲဒီကျမှ ခင်ဗျား သူတို့ကို ဟာသလုပ်လို့ ရနိုင်မှာပါ။ လေ့ကျင့်ရေးကွင်းမျာ ကျွန်တော်တို့ ‘လာစမ်းပါ ဆာလား၊ လာစမ်းပါ ဆာလား’လို့ ပြောနေကျပါ။ ကျွန်တော်တို့ ဆာလားကို ဟာသဖြစ်သွားအောင် လုပ်နိုင်ဖို့ အနိုင်ရမှဖြစ်မယ်ဆိုတဲ့အတွေးက ခေါင်းထဲမှာ ရှိနေနှင့်ပြီးသားပါ”

ရိုဒရီဂိုက လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့လ နိုင်ပွဲအပြီးမှာ လူကာ မိုဒရစ်က မိုဟာမက် ဆာလားရဲ့ အနာကို ဆားပက်ခဲ့သေးတဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ပွဲက ပြီးသွားတဲ့အချိန်မှာ ရီးရဲလ်မက်ဒရစ်ကစားသမားတွေ ပျော်ပြီး ပြေးလွှားခဲ့ကြတယ်။ လီဗာပူးလ်က ကစားသမားတွေကတော့ ခေါင်းငိုက်စိုက်နဲ့ ဖြစ်နေကြတာပေါ့။ ဆာလားက ဝမ်းနည်းနေခဲ့ပြီး ခေါင်းကို ငုံ့ထားခဲ့တယ်။ မိုဒရစ်က သူ့ကို ကြည့်ပြီး “ကျေးဇူးပဲ ဆာလား။ နောက်ထပ်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဦးပေါ့ကွာ’ဆိုပြီး ပြောချပစ်လိုက်တယ်။ ကျွန်တော်လည်း မနေနိုင်ဘဲ ထရယ်မိပါလေရော”လို့ ပြောကြားခဲ့ပါတယ်။

မိုဟာမက် ဆာလားဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး နောက်ထပ်တစ်ကြိမ် ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီးနောက် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ႐ိုဒရီဂိုက ဥေရာပနဲ႔ လာလီဂါခ်န္ပီယံေတြအေနနဲ႔ လီဗာပူးလ္ကို အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ မိုဟာမက္ ဆာလားကို စိတ္ခြန္အားအေနနဲ႔ ဘယ္လို .အသုံးခ်ခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့ေမလကုန္တုန္းက ပဲရစ္မွာ လီဗာပူးလ္အသင္းကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဖလားကို ၁၄ ႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ၿပီး ဗင္နီးရွပ္ ဂ်ဴနီယာက လာလီဂါခ်န္ပီယံေတြအတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ မိုဟာမက္ ဆာလားက ၂၀၁၈ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက ရာမို႔စ္ရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ မ်က္ရည္စက္လက္နဲ႔ ကြင္းထဲကေန ထြက္ခဲ့ရၿပီး ကိဗ္မွာ လီဗာပူးလ္က ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ရႈံးပြဲအတြက္ လက္စားေခ်ခ်င္တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

႐ိုဒရီဂိုက ရီးရဲလ္မက္ဒရစ္အသင္းဟာ မိုဟာမက္ ဆာလားရဲ႕ မွတ္ခ်က္ကို ပဲရစ္မွာ ကစားရမယ့္ ဗိုလ္လုပြဲမတိုင္ခင္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္တဲ့ေနရာမွာ စိတ္ဓာတ္ခြန္အားအျဖစ္နဲ႔ အသုံးခ်ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“လူတစ္ေယာက္က လႈံ႕ေဆာ္လိုက္တဲ့အခါက်ရင္ တစ္ခါတေလ ခင္ဗ်ား အႏိုင္ရခ်င္ပါတယ္။ အဲဒီက်မွ ခင္ဗ်ား သူတို႔ကို ဟာသလုပ္လို႔ ရႏိုင္မွာပါ။ ေလ့က်င့္ေရးကြင္းမ်ာ ကြၽန္ေတာ္တို႔ ‘လာစမ္းပါ ဆာလား၊ လာစမ္းပါ ဆာလား’လို႔ ေျပာေနက်ပါ။ ကြၽန္ေတာ္တို႔ ဆာလားကို ဟာသျဖစ္သြားေအာင္ လုပ္ႏိုင္ဖို႔ အႏိုင္ရမွျဖစ္မယ္ဆိုတဲ့အေတြးက ေခါင္းထဲမွာ ရွိေနႏွင့္ၿပီးသားပါ”

႐ိုဒရီဂိုက လီဗာပူးလ္ကို အႏိုင္ရရွိခဲ့တဲ့ ၿပီးခဲ့တဲ့လ ႏိုင္ပြဲအၿပီးမွာ လူကာ မိုဒရစ္က မိုဟာမက္ ဆာလားရဲ႕ အနာကို ဆားပက္ခဲ့ေသးတဲ့အေၾကာင္းကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ပြဲက ၿပီးသြားတဲ့အခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ကစားသမားေတြ ေပ်ာ္ၿပီး ေျပးလႊားခဲ့ၾကတယ္။ လီဗာပူးလ္က ကစားသမားေတြကေတာ့ ေခါင္းငိုက္စိုက္နဲ႔ ျဖစ္ေနၾကတာေပါ့။ ဆာလားက ဝမ္းနည္းေနခဲ့ၿပီး ေခါင္းကို ငုံ႔ထားခဲ့တယ္။ မိုဒရစ္က သူ႔ကို ၾကည့္ၿပီး “ေက်းဇူးပဲ ဆာလား။ ေနာက္ထပ္တစ္ႀကိမ္ ထပ္ႀကိဳးစားၾကည့္ဦးေပါ့ကြာ’ဆိုၿပီး ေျပာခ်ပစ္လိုက္တယ္။ ကြၽန္ေတာ္လည္း မေနႏိုင္ဘဲ ထရယ္မိပါေလေရာ”လို႔ ေျပာၾကားခဲ့ပါတယ္။

မိုဟာမက္ ဆာလားဟာ ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ၅၁ ပြဲမွာ ၃၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္ ေကာင္းမြန္တဲ့ရာသီတစ္ခုကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.