La Liga Ligue1

ဘာစီလိုနာလေဆိပ်မှာ သောင်းသောင်းဖျဖျကြိုဆိုခံခဲ့ရတဲ့ မက်ဆီ

ဘာစီလိုနာပရိသတ်တွေဟာ ဂန္တဝင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ဘယ်လောက်ထိ ချစ်မြတ်နိုးနေကြသေးလဲဆိုတာကို ဘာစီလိုနာမြို့ကို ပြန်လာတဲ့ မက်ဆီတို့ မိသားစုကို လေဆိပ်မှာ သွားရောက်ကြိုဆိုပြီး ပြသခဲ့ကြပါတယ်။

လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ကတ်တလန်အသင်းကြီးကလည်း စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့တာကြောင့် နူးကမ့်ကို စွန့်ခွာခဲ့တာ ၁၀ လကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ပြီး ပဲရစ်ကို ထွက်ခွာခဲ့ပြီးနောက် လိဂန်း ပထမဆုံးရာသီမှာ မမျှော်လင့်ထားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လိဂ်ဂိုး ၆ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပဲရစ်ဟာ အာဂျင်တီးနားကြယ်ပွင့် တိုက်စစ်မှူးအတွက် အပျော်သဘောနဲ့ အမဲလိုက်ရာ စားကျက်တစ်ခု ဖြစ်မလာသေးတာဖြစ်နိုင်ပေမယ့် ဘာစီလိုနာမြို့က အိမ်ကို ပြန်လာတဲ့အခါတိုင်း အမြဲတမ်း သောင်းသောင်းဖျဖျနဲ့ ကြိုဆိုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ၎င်းရဲ့ မိသားစုနဲ့အတူ နွေရာသီ အားလပ်ရက် အပန်းဖြေဖို့ ဘာစီလိုနာမြို့ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘာစီလိုနာပရိသတ် အုပ်ကြီးနဲ့ တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘယ်လိုအကြောင်းနဲ့မှ အပြစ်မမြင် ချစ်ခင်နေဆဲဖြစ်တဲ့ ဘာစီလိုနာပရိသတ်တွေနဲ့အတူ ဓာတ်ပုံတွဲရိုက်ပေးဖို့၊ လက်မှတ်ထိုးပေးဖို့ အချိန်ပေးခဲ့ပြီး ၎င်းရဲ့ ဇနီးနဲ့ ကလေးတွေကတော့ အုံလိုက်ကျင်းလိုက် ဝိုင်းရံနေတဲ့ ပရိသတ်တွေကြားထဲကနေ ဖြတ်လျှောက်သွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့ရပေမယ့်လည်း ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်းဟာ ဘာစီလိုနာမြို့မှာ အိမ်ပိုင်ဆိုင်ထားဆဲဖြစ်ပြီး နွေရာသီကို နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ စံအိမ်ကြီးမှာပဲ အပန်းဖြေသွားချင်မယ်ဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။

တောင်အမေရိက ကြယ်ပွင့်ဟာ ဖိုင်နယ်လစ်ဆီမာပွဲစဉ်မှာ ယူရိုချန်ပီယံ အီတလီကို အနိုင်ယူနိုင်ခဲ့ပြီး ပွဲစဉ်အတွင်း ကမ္ဘာ့အဆင့် ထိပ်တန်းစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ မက်ဆီဟာ အက်စ်တိုးနီးယားကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာလည်း အာဂျင်တီးနားအသင်းအတွက် ၅ ဂိုးစလုံးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ၎င်းရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပြီဆိုတာကို အရိပ်အမြွက် ပြသခဲ့တာဖြစ်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာပရိသတ္ေတြဟာ ဂႏၲဝင္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို ဘယ္ေလာက္ထိ ခ်စ္ျမတ္ႏိုးေနၾကေသးလဲဆိုတာကို ဘာစီလိုနာၿမိဳ႕ကို ျပန္လာတဲ့ မက္ဆီတို႔ မိသားစုကို ေလဆိပ္မွာ သြားေရာက္ႀကိဳဆိုၿပီး ျပသခဲ့ၾကပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးၿပီးေနာက္ ကတ္တလန္အသင္းႀကီးကလည္း စာခ်ဳပ္သစ္ မခ်ဳပ္ဆိုႏိုင္ခဲ့တာေၾကာင့္ ႏူးကမ့္ကို စြန႔္ခြာခဲ့တာ ၁၀ လၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။ မက္ဆီဟာ ဘာစီလိုနာအသင္းကို မ်က္ရည္ေတြနဲ႔ ႏႈတ္ဆက္ခဲ့ၿပီး ပဲရစ္ကို ထြက္ခြာခဲ့ၿပီးေနာက္ လိဂန္း ပထမဆုံးရာသီမွာ မေမွ်ာ္လင့္ထားတဲ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ လိဂ္ဂိုး ၆ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပဲရစ္ဟာ အာဂ်င္တီးနားၾကယ္ပြင့္ တိုက္စစ္မႉးအတြက္ အေပ်ာ္သေဘာနဲ႔ အမဲလိုက္ရာ စားက်က္တစ္ခု ျဖစ္မလာေသးတာျဖစ္ႏိုင္ေပမယ့္ ဘာစီလိုနာၿမိဳ႕က အိမ္ကို ျပန္လာတဲ့အခါတိုင္း အၿမဲတမ္း ေသာင္းေသာင္းဖ်ဖ်နဲ႔ ႀကိဳဆိုျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔မွာ ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ ၎ရဲ႕ မိသားစုနဲ႔အတူ ေႏြရာသီ အားလပ္ရက္ အပန္းေျဖဖို႔ ဘာစီလိုနာၿမိဳ႕ကို ျပန္လည္ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဘာစီလိုနာပရိသတ္ အုပ္ႀကီးနဲ႔ ေတြ႕ဆုံခဲ့ရတာျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဘယ္လိုအေၾကာင္းနဲ႔မွ အျပစ္မျမင္ ခ်စ္ခင္ေနဆဲျဖစ္တဲ့ ဘာစီလိုနာပရိသတ္ေတြနဲ႔အတူ ဓာတ္ပုံတြဲ႐ိုက္ေပးဖို႔၊ လက္မွတ္ထိုးေပးဖို႔ အခ်ိန္ေပးခဲ့ၿပီး ၎ရဲ႕ ဇနီးနဲ႔ ကေလးေတြကေတာ့ အုံလိုက္က်င္းလိုက္ ဝိုင္းရံေနတဲ့ ပရိသတ္ေတြၾကားထဲကေန ျဖတ္ေလွ်ာက္သြားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ရေပမယ့္လည္း ဘာစီလိုနာအသင္းေခါင္းေဆာင္ေဟာင္းဟာ ဘာစီလိုနာၿမိဳ႕မွာ အိမ္ပိုင္ဆိုင္ထားဆဲျဖစ္ၿပီး ေႏြရာသီကို ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့တဲ့ စံအိမ္ႀကီးမွာပဲ အပန္းေျဖသြားခ်င္မယ္ဆိုတာ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။

ေတာင္အေမရိက ၾကယ္ပြင့္ဟာ ဖိုင္နယ္လစ္ဆီမာပြဲစဥ္မွာ ယူ႐ိုခ်န္ပီယံ အီတလီကို အႏိုင္ယူႏိုင္ခဲ့ၿပီး ပြဲစဥ္အတြင္း ကမာၻ႔အဆင့္ ထိပ္တန္းစြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ မက္ဆီဟာ အက္စ္တိုးနီးယားကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာလည္း အာဂ်င္တီးနားအသင္းအတြက္ ၅ ဂိုးစလုံးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ၎ရဲ႕ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိေနၿပီဆိုတာကို အရိပ္အႁမြက္ ျပသခဲ့တာျဖစ္ႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.