La Liga

မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ကို ယူအီးအက်ဖ်အေထံ တိုင်ကြားလိုက်တဲ့ လာလီဂါ

လာလီဂါဟာ ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးအသင်းတို့ကို financial fair play စည်းမျဉ်းတွေကို ဆက်တိုက် ချိုးဖောက်နေတယ်လို့ ယူအီးအက်ဖ်အေထံ စောဒကတက် တိုင်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ပြီး ပီအက်စ်ဂျီအသင်းမှာ တစ်လလုပ်ခလစာ ပေါင် ၅ သန်းအထိ တန်ကြေးရှိတဲ့ ကမ္ဘာပေါ်က လစာအများဆုံးကစားသမားဖြစ်လာစေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ယခုအပတ်အစောပိုင်းမှာ မန်ချက်စတာစီးတီးအသင်းက ကမ္ဘာပေါ်က အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ဟာလန်းကို စုစုပေါင်း ပြောင်းရွှေ့ကြေး၊ လစာနဲ့ အေးဂျင့်ခ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲပြီး ခေါ်ယူခဲ့တာဖြစ်ပြီး နော်ဝေကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

လာလီဂါက ၎င်းတို့ဆီ ရောက်ရှိလာရမယ့် နာမည်ကြီးကစားသမားတွေက အခြားအသင်းတွေကို ပြောင်းရွှေ့သွားခဲ့တဲ့အပေါ် ဒေါသထွက်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့က ဈေးကွက်ကို မတန်တဆ ဖောင်းပွလာအောင် လုပ်ဆောင်နေတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

“လာလီဂါအနေနဲ့ ဒီအသင်းတွေက ဈေးကွက်အခြေအနေနဲ့ မကိုက်ညီတဲ့ သို့မဟုတ် စီးပွားရေးအရ မဟုတ်တဲ့ တိုက်ရိုက် ငွေကြေး ထည့်သွင်းမှု သို့မဟုတ် စပွန်ဆာနဲ့ အခြား စာချုပ်တွေဆီကနေ ငွေကြေး ပုံမှန်မဟုတ်တဲ့ ငွေကြေးသုံးစွဲမှုတွေ လုပ်ဆောင်နေတယ်လို့ နားလည်ထားပါတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ ဂေဟစနစ်နဲ့ ဘောလုံးလောက ရေရှည်တည်တံ့ခိုင်မြဲမှုကို အပြောင်းအလဲ ဖြစ်စေပြီး ဥရောပကလပ်အသင်းနဲ့ လိဂ်အားလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဈေးကွက်ကို ဘောလုံးက ရတဲ့ ငွေကြေးနဲ့ မလည်ပတ်တာကြောင့် လူကိုယ်တိုင်လုပ်တဲ့ ဈေးကွက်ဖောင်းပွမှုကိုပဲ ဖြစ်စေပါတယ်”လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

စပိန်လာလီဂါဟာ နိုင်ငံကျောထောက်နောက်ခံပြုကလပ်အသင်းတွေကို တိုက်ခိုက်ရာမှာ ရှေ့ဆုံးကနေ ဦးဆောင်နေပြီး လာလီဂါဥက္ကဌ ဇေးဗီးယား တီဘက်စ်က ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ဟာ FFP စည်းမျဉ်းတွေကို မထေမဲ့မြင်ပြုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ပီအက်စ်ဂျီက ပြီးခဲ့တဲ့ရာသီတွေမှာ ယူရိုသန်း ၇၀၀ လောက်ဆုံးရှုံးခဲ့ပြီး လစာပေးချေမှုမှာလည်း နောက်ထပ် ယူရိုသန်း ၆၀၀ ကျော် ပေးချေဖို့ ရှိနေတာတောင်မှ အမ်ဘာပေကို ကြီးမားတဲ့ငွေကြေးပမာဏနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာက ဘောလုံးလောကကို စော်ကားမှုပါပဲ”လို့ လူမှုကွန်ရက်မှာ ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

လာလီဂါရဲ့ စောဒကတက် တိုင်ကြားမှုကို ဘယ်လို အရေးယူဆောင်ရွက်သွားမလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့ပြီး ယူအီးအက်ဖ်အေဥက္ကဌ ဆီဖီရင်က မေလတုန်းကတော့ နိုင်ငံကျောထောက်နောက်ခံကလပ်များကို ခွင့်ပြုလိုတဲ့ အားကစားလောကဆန္ဒနဲ့ပတ်သက်ပြီး စောဒကတက်မှုတွေကြောင့် စိတ်ကုန်နေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အဲဒါကို အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပြီဖြစ်ပြီး အခုလည်း ထပ်ပြောပါမယ်။ ဘာကြောင့် သူတို့တွေက ကလပ်အသင်းရဲ့ ပိုင်ရှင်တွေ မဖြစ်သင့်တာလဲဆိုတဲ့ ငြင်းချက်တစ်ခုလောက် ပြောစမ်းပါ။ ကလပ်အသင်းတွေက ပရိသတ်တွေနဲ့ သက်ဆိုင်တယ်လို့ ခင်ဗျား ပြောမယ်ဆိုရင် တခြားအင်္ဂလိပ်အသင်းတွေမှာလည်း ပိုင်ရှင်တွေရှိတယ်လို့ မထင်ဘူးလား။ သူတို့တွေမှာ အမေရိကားက၊ တချို့ဆို အရှေ့အလယ်ပိုင်းက၊ အင်္ဂလန်က ပိုင်ရှင်တွေ ရှိတယ်။ အဲဒီတော့ တူညီတဲ့အခြေအနေဆိုတာ ရှင်းနေပြီး ဘာမှ ခိုင်ခိုင်မာမာမရှိဘဲနဲ့ ဒီလို စွပ်စွဲတာတွေကို ကျွန်တော် တကယ် စိတ်ကုန်နေပြီ။ ဘယ်သူ စည်းမျဉ်းချိုးဖောက်လဲဆိုတာပဲ ကျွန်တော် သိချင်ပြီး ခင်ဗျား စည်းကမ်းဖောက်ရင်တော့ အရေးယူခံရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လာလီဂါဟာ ပီအက္စ္ဂ်ီနဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ကို financial fair play စည္းမ်ဥ္းေတြကို ဆက္တိုက္ ခ်ိဳးေဖာက္ေနတယ္လို႔ ယူအီးအက္ဖ္ေအထံ ေစာဒကတက္ တိုင္ၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လက ျပင္သစ္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ လာလီဂါခ်န္ပီယံ ရီးရဲလ္မက္ဒရစ္ကို ျငင္းပယ္ၿပီး ပီအက္စ္ဂ်ီအသင္းမွာ တစ္လလုပ္ခလစာ ေပါင္ ၅ သန္းအထိ တန္ေၾကးရွိတဲ့ ကမာၻေပၚက လစာအမ်ားဆုံးကစားသမားျဖစ္လာေစမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ယခုအပတ္အေစာပိုင္းမွာ မန္ခ်က္စတာစီးတီးအသင္းက ကမာၻေပၚက အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္တဲ့ ဟာလန္းကို စုစုေပါင္း ေျပာင္းေ႐ႊ႕ေၾကး၊ လစာနဲ႔ ေအးဂ်င့္ခ ေပါင္သန္း ၂၀၀ ေက်ာ္ သုံးစြဲၿပီး ေခၚယူခဲ့တာျဖစ္ၿပီး ေနာ္ေဝၾကယ္ပြင့္ဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ၿပီး ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

လာလီဂါက ၎တို႔ဆီ ေရာက္ရွိလာရမယ့္ နာမည္ႀကီးကစားသမားေတြက အျခားအသင္းေတြကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့အေပၚ ေဒါသထြက္ခဲ့ၿပီး ပီအက္စ္ဂ်ီနဲ႔ မန္စီးတီးတို႔က ေဈးကြက္ကို မတန္တဆ ေဖာင္းပြလာေအာင္ လုပ္ေဆာင္ေနတယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

“လာလီဂါအေနနဲ႔ ဒီအသင္းေတြက ေဈးကြက္အေျခအေနနဲ႔ မကိုက္ညီတဲ့ သို႔မဟုတ္ စီးပြားေရးအရ မဟုတ္တဲ့ တိုက္႐ိုက္ ေငြေၾကး ထည့္သြင္းမႈ သို႔မဟုတ္ စပြန္ဆာနဲ႔ အျခား စာခ်ဳပ္ေတြဆီကေန ေငြေၾကး ပုံမွန္မဟုတ္တဲ့ ေငြေၾကးသုံးစြဲမႈေတြ လုပ္ေဆာင္ေနတယ္လို႔ နားလည္ထားပါတယ္။ ဒီလုပ္ေဆာင္ခ်က္ေတြဟာ ေဂဟစနစ္နဲ႔ ေဘာလုံးေလာက ေရရွည္တည္တံ့ခိုင္ၿမဲမႈကို အေျပာင္းအလဲ ျဖစ္ေစၿပီး ဥေရာပကလပ္အသင္းနဲ႔ လိဂ္အားလုံးကို ထိခိုက္ေစႏိုင္ပါတယ္။ ေဈးကြက္ကို ေဘာလုံးက ရတဲ့ ေငြေၾကးနဲ႔ မလည္ပတ္တာေၾကာင့္ လူကိုယ္တိုင္လုပ္တဲ့ ေဈးကြက္ေဖာင္းပြမႈကိုပဲ ျဖစ္ေစပါတယ္”လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

စပိန္လာလီဂါဟာ ႏိုင္ငံေက်ာေထာက္ေနာက္ခံျပဳကလပ္အသင္းေတြကို တိုက္ခိုက္ရာမွာ ေရွ႕ဆုံးကေန ဦးေဆာင္ေနၿပီး လာလီဂါဥကၠဌ ေဇးဗီးယား တီဘက္စ္က ပီအက္စ္ဂ်ီနဲ႔ မန္စီးတီးတို႔ဟာ FFP စည္းမ်ဥ္းေတြကို မေထမဲ့ျမင္ျပဳခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ပီအက္စ္ဂ်ီက ၿပီးခဲ့တဲ့ရာသီေတြမွာ ယူ႐ိုသန္း ၇၀၀ ေလာက္ဆုံးရႈံးခဲ့ၿပီး လစာေပးေခ်မႈမွာလည္း ေနာက္ထပ္ ယူ႐ိုသန္း ၆၀၀ ေက်ာ္ ေပးေခ်ဖို႔ ရွိေနတာေတာင္မွ အမ္ဘာေပကို ႀကီးမားတဲ့ေငြေၾကးပမာဏနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာက ေဘာလုံးေလာကကို ေစာ္ကားမႈပါပဲ”လို႔ လူမႈကြန္ရက္မွာ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

လာလီဂါရဲ႕ ေစာဒကတက္ တိုင္ၾကားမႈကို ဘယ္လို အေရးယူေဆာင္႐ြက္သြားမလဲဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့ၿပီး ယူအီးအက္ဖ္ေအဥကၠဌ ဆီဖီရင္က ေမလတုန္းကေတာ့ ႏိုင္ငံေက်ာေထာက္ေနာက္ခံကလပ္မ်ားကို ခြင့္ျပဳလိုတဲ့ အားကစားေလာကဆႏၵနဲ႔ပတ္သက္ၿပီး ေစာဒကတက္မႈေတြေၾကာင့္ စိတ္ကုန္ေနၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အဲဒါကို အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့ၿပီးၿပီျဖစ္ၿပီး အခုလည္း ထပ္ေျပာပါမယ္။ ဘာေၾကာင့္ သူတို႔ေတြက ကလပ္အသင္းရဲ႕ ပိုင္ရွင္ေတြ မျဖစ္သင့္တာလဲဆိုတဲ့ ျငင္းခ်က္တစ္ခုေလာက္ ေျပာစမ္းပါ။ ကလပ္အသင္းေတြက ပရိသတ္ေတြနဲ႔ သက္ဆိုင္တယ္လို႔ ခင္ဗ်ား ေျပာမယ္ဆိုရင္ တျခားအဂၤလိပ္အသင္းေတြမွာလည္း ပိုင္ရွင္ေတြရွိတယ္လို႔ မထင္ဘူးလား။ သူတို႔ေတြမွာ အေမရိကားက၊ တခ်ိဳ႕ဆို အေရွ႕အလယ္ပိုင္းက၊ အဂၤလန္က ပိုင္ရွင္ေတြ ရွိတယ္။ အဲဒီေတာ့ တူညီတဲ့အေျခအေနဆိုတာ ရွင္းေနၿပီး ဘာမွ ခိုင္ခိုင္မာမာမရွိဘဲနဲ႔ ဒီလို စြပ္စြဲတာေတြကို ကြၽန္ေတာ္ တကယ္ စိတ္ကုန္ေနၿပီ။ ဘယ္သူ စည္းမ်ဥ္းခ်ိဳးေဖာက္လဲဆိုတာပဲ ကြၽန္ေတာ္ သိခ်င္ၿပီး ခင္ဗ်ား စည္းကမ္းေဖာက္ရင္ေတာ့ အေရးယူခံရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.