International Match Report

ဘတ်ရှူဝါရီရဲ့ခေါင်းတိုက်ဂိုးနဲ့ ဝါဆောမှာ အိမ်ရှင်ကို တီးတဲ့ ဘယ်လ်ဂျီယမ်

ဘယ်လ်ဂျီယမ်အသင်းဟာ အင်္ဂါနေ့ညနေက ဝါဆောမှာ ပိုလန်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပိုလန်ကို ၃ မှတ်ဖြတ်ပြီး နေးရှင်းလိဂ် အုပ်စု A4 ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်အသင်းအတွက် အရေးကြီးတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဘတ်ရှူဝါရီက ပထမပိုင်း ၁၆ မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ထပ် ဂိုးတွေ ထပ်မမြင်ခဲ့ရဘဲ ၂ သင်းစလုံး ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ကြရတာဖြစ်ပါတယ်။ အီဒင် ဟာဇက်ဟာ ၃၃ မိနစ်မှာ ဘယ်လ်ဂျီယမ်အသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း လူကျွံအနေအထား ဖြစ်နေတာကြောင့် ၎င်းရဲ့ သွင်းဂိုးဟာ ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

နီကိုလာ ဇာလပ်ဗ်စကီးဟာ အိမ်ရှင် ပိုလန်အသင်းအတွက် ပထမပိုင်း ပြီးဆုံးခါနီးမှာ ချေပဂိုး ပြန်လည် သွင်းယူပေးနိုင်လုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ဂိုးကန်သွင်းချက်ဟာ မစ်ဂ်နိုလတ်ရဲ့ ညာဘက်ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်အသင်းဟာ ဒုတိယပိုင်းမှာ နောက်ထပ်တစ်ကြိမ် ဦးဆောင်ဂိုး ထပ်သွင်းယူနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သော်ဂန် ဟာဇက်က ၅၄ မိနစ်မှာ ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့်လည်း အနီးကပ် ကန်သွင်းချက်ဟာ ဂိုးတိုင်ဘေး ကပ်ထွက်သွားခဲ့ပြန်တာဖြစ်ပါတယ်။

ပိုလန်အသင်းဟာ အင်္ဂါနေ့ည နေးရှင်းလိဂ်ပွဲစဉ်မှာ ဂိုးပေါက်တည့်အောင်တောင် ကန်သွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်အသင်းက အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်အသင်းဟာ လက်ရှိမှာတော့ ၄ ပွဲ ကစားပြီးနောက်မှာ ရမှတ် ၇ မှတ်နဲ့ တတိယနေရာက ပိုလန်ထက် ၃ မှတ်အသာ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် ၂၂ ရက်နေ့မှာ ခြေစွာနေတဲ့ ဝေးလ်အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ပြီးတဲ့နောက် စက်တင်ဘာ ၂၅ ရက်နေ့မှာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် နယ်သာလန်က ယိုဟန် ခရိုက်ဖ်ကွင်းမှာ ဟော်လန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဟော်လန်အသင်းဟာ အင်္ဂါနေ့က ဝေးလ်ကို ၃-၂ နဲ့ ခက်ခက်ခဲခဲ အနိုင်ယူနိုင်ခဲ့ပြီးနောက် ၄ ပွဲကစားထားရာကနေ ၁၀ မှတ် အထိ ရရှိထားပြီး အုပ်စုဗိုလ်အဖြစ် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘယ္လ္ဂ်ီယမ္အသင္းဟာ အဂၤါေန႔ညေနက ဝါေဆာမွာ ပိုလန္အသင္းကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ပိုလန္ကို ၃ မွတ္ျဖတ္ၿပီး ေနးရွင္းလိဂ္ အုပ္စု A4 ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္အသင္းအတြက္ အေရးႀကီးတဲ့ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ဘတ္ရႉဝါရီက ပထမပိုင္း ၁၆ မိနစ္မွာ ေခါင္းတိုက္သြင္းယူေပးခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ဂိုးေတြ ထပ္မျမင္ခဲ့ရဘဲ ၂ သင္းစလုံး ခက္ခက္ခဲခဲ တိုက္ပြဲဝင္ခဲ့ၾကရတာျဖစ္ပါတယ္။ အီဒင္ ဟာဇက္ဟာ ၃၃ မိနစ္မွာ ဘယ္လ္ဂ်ီယမ္အသင္းအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း လူကြၽံအေနအထား ျဖစ္ေနတာေၾကာင့္ ၎ရဲ႕ သြင္းဂိုးဟာ ျငင္းပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

နီကိုလာ ဇာလပ္ဗ္စကီးဟာ အိမ္ရွင္ ပိုလန္အသင္းအတြက္ ပထမပိုင္း ၿပီးဆုံးခါနီးမွာ ေခ်ပဂိုး ျပန္လည္ သြင္းယူေပးႏိုင္လုနီးပါး ျဖစ္ခဲ့ေပမယ့္လည္း ၎ရဲ႕ ဂိုးကန္သြင္းခ်က္ဟာ မစ္ဂ္ႏိုလတ္ရဲ႕ ညာဘက္ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့တာ ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္အသင္းဟာ ဒုတိယပိုင္းမွာ ေနာက္ထပ္တစ္ႀကိမ္ ဦးေဆာင္ဂိုး ထပ္သြင္းယူႏိုင္မယ့္ အခြင့္အေရး ပိုင္ဆိုင္ခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ေသာ္ဂန္ ဟာဇက္က ၅၄ မိနစ္မွာ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ေပမယ့္လည္း အနီးကပ္ ကန္သြင္းခ်က္ဟာ ဂိုးတိုင္ေဘး ကပ္ထြက္သြားခဲ့ျပန္တာျဖစ္ပါတယ္။

ပိုလန္အသင္းဟာ အဂၤါေန႔ည ေနးရွင္းလိဂ္ပြဲစဥ္မွာ ဂိုးေပါက္တည့္ေအာင္ေတာင္ ကန္သြင္းယူႏိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္အသင္းက အႏိုင္ ၃ မွတ္ကို ထိုက္ထိုက္တန္တန္ ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္အသင္းဟာ လက္ရွိမွာေတာ့ ၄ ပြဲ ကစားၿပီးေနာက္မွာ ရမွတ္ ၇ မွတ္နဲ႔ တတိယေနရာက ပိုလန္ထက္ ၃ မွတ္အသာ အုပ္စု ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္ ၂၂ ရက္ေန႔မွာ ေျခစြာေနတဲ့ ေဝးလ္အသင္းကို အိမ္ကြင္းမွာ လက္ခံ ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ စက္တင္ဘာ ၂၅ ရက္ေန႔မွာ အုပ္စု ေနာက္ဆုံးပြဲစဥ္အျဖစ္ နယ္သာလန္က ယိုဟန္ ခ႐ိုက္ဖ္ကြင္းမွာ ေဟာ္လန္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။ ေဟာ္လန္အသင္းဟာ အဂၤါေန႔က ေဝးလ္ကို ၃-၂ နဲ႔ ခက္ခက္ခဲခဲ အႏိုင္ယူႏိုင္ခဲ့ၿပီးေနာက္ ၄ ပြဲကစားထားရာကေန ၁၀ မွတ္ အထိ ရရွိထားၿပီး အုပ္စုဗိုလ္အျဖစ္ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.