International Match Report

ဘေးလ်နဲ့ ဝေးလ်စ်ကြောင့် နောက်ဆုံးမိနစ်မှာမှ မနည်းနိုင်ပွဲယူခဲ့ရတဲ့ နယ်သာလန်

နယ်သာလန်အသင်းအနေနဲ့ ဒီနေ့မှာ ၃-၄-၃ ပုံစံနဲ့ပဲ ကစားလာခဲ့ပြီး ဂိုးသမား ဆီလက်ဆန်၊ ခံစစ်မှာ ဒီလစ်ချ်၊ တီဇီ၊ မာတင်စ် အင်ဒီတို့ကို ထားခဲ့သလို ကွင်းလယ်မှာတော့ ဖရင်ကီ ဒီယုံး၊ ကူးမိန်နာစ်၊ မာလာစီယာနဲ့ ဟာတီဘိုးရ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဗင်းဆင့် ယန်ဆန်၊ ဂက်ခ်ပိုနဲ့ နိုအာလန်းတို့ကို နည်းပြ ဗန်ဟားလ်က ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် ဝေးလ်စ်တို့ကတော့ အဝေးကွင်းမှာ ကစားခဲ့ရချိန်မှာ ဂိုးသမား ဟန်နက်ဆီ၊ ခံစစ်မှာ သောမတ်စ်၊ ဘင်ဒေးဗီးစ်၊ ရိုဒန်၊ မက်ဖမ်နဲ့ ဘန်းစ်တို့ကို ခင်းကျင်းခဲ့သလို ကွင်းလယ်မှာတော့ အမ်ပါဒူး၊ စမစ်နဲ့ ဝီလ်ဆန်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဒန်ဂျိမ်းစ်နဲ့ ဘရင်နန် ဂျွန်ဆန်တို့ကို ထုတ်သုံးခဲ့တာပါ။

အိမ်ရှင်တွေအနေနဲ့ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပြိုင်ဘက်ကို စိုးမိုးထားနိုင်ခဲ့ကြပြီး အထောင်တိုက်စစ်မှာ ကစားတဲ့ ဂက်ခ်ပိုက သူ့ကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေအကြိုက် ရင့်ကျက်တည်ငြိမ်တဲ့ ခြေစွမ်းမျိုး ပြနိုင်ခဲ့သလို အသင်းကို ဦးဆောင်ကစားနိုင်ခဲ့ပြီး ဘယ်ခြမ်းနဲ့ အလယ်မှာ တခြားတိုက်စစ်မှူးနှစ်ဦး ကစားပေါက် ချောင်အောင် ကူညီသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ နယ်သာလန်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ယန်ဆန် ဖန်တီးပေးပို့လိုက်တဲ့ ဘောလုံးကို နိုအာလန်းက ဝေးလ်စ်ခံစစ်ဗဟိုလူနှစ်ဦးဖြစ်တဲ့ ရိုဒန်နဲ့ မက်ဖမ်တို့ကို နှစ်ကြိမ် လိမ်ခေါက်ပြီးမှ အနီးကပ် အပိုင်ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ နယ်သာလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ယန်ဆန်ပဲ ခေါင်းတိုက်ချပေးခဲ့တာကို ဂက်ခ်ပိုက ဘယ်ခြမ်းကနေ ဆွဲဝင်ပြီး ဝေးလ်စ်ခံစစ်သမား ၅ ယောက်လောက်ကြားက ကန်သွင်းခဲ့ရာမှာ ရိုဒန်နဲ့ ငြိပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဂက်ခ်ပိုက နောက်တစ်ကြိမ် ထပ်မံကန်သွင်းရာမှာတော့ ယူကရိန်းနဲ့ ပွဲကလို ကံမကောင်းနိုင်တော့တဲ့ ဟန်နက်ဆီ မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရတာပါ။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဝေးလ်စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ကွင်းလယ်မှာ နယ်သာလန်တို့ ဘောလုံးပျက်ရာကနေ ပြန်ရသွားတဲ့ ဝီလ်ဆန်က ခင်းပေးခဲ့တာကို တိုက်စစ်မှူး ဂျွန်ဆန်က သိပ်စဉ်းစားမနေဘဲ တစ်ဖက်နောက်ခံလူ နှစ်ယောက်ကြားကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆီလက်ဆန် ကာကွယ်ဖို့ နောက်ကျနေခဲ့လို့ နှစ်ဂိုး-တစ်ဂိုး ပြန်ဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပြီး ဒတ်ချ်တွေရဲ့ ဆရာကြီးလိုလိုနဲ့ ကစားပြီး ဘောလုံးပညာမပြည့်တဲ့ ဘယ်ခြမ်းခံစစ်က မာတင်စ် အင်ဒီနဲ့ မာလာစီယာတို့လို ကစားသမားတွေကတော့ စိတ်ပျက်စရာဖြစ်ခဲ့သလို ဒုတိယပိုင်း ပြန်စချိန်မှာတော့ နယ်သာလန်ဘက်က ဒမ်းဖရီးစ်နဲ့ ဒီဗရိုင်းတို့ ဝင်ကစားခဲ့ပြီး ဝေးလ်စ်ဘက်ကတော့ ဘန်းစ်အစား ရောဘတ်စ်ကို လဲကစားခဲ့တာပါ။

ဒုတိယပိုင်းမှာ နှစ်ဖက်စလုံး အပြိုင်ဖြုန်းခဲ့ကြသလို ဂိုးသမား ဟန်နက်ဆီ ကာကွယ်ပုံ ညံ့ပေမယ့် ဝေးလ်စ်ခံစစ်က ဖျက်ထုတ်ပုံ မြန်ခဲ့လို့ ဂိုးထပ်မပေးခဲ့ရဘဲဖြစ်နေပြီး စမစ်၊ ရိုဒန်နဲ့ ဒန်ဂျိမ်းစ်တို့နေရာတွေမှာ ရမ်ဆေး၊ ဂန်တာနဲ့ ဘေးလ်တို့ ဝင်ကစားလာခဲ့ကြသလို နယ်သာလန်တို့ဘက်ကတော့ နိုအာလန်းနဲ့ ယန်ဆန်တို့ နေရာတွေမှာ ဒီပိုင်းနဲ့ ဘာ့ဂ်ဗိန်းတို့ ဝင်လာခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာ ညာခြမ်းကို ပြောင်းကစားခဲ့ရတဲ့ ဂက်ခ်ပို ခြေစွမ်းပျောက်သွားခဲ့သလို ပွဲကို ဝေးလ်စ်တို့ ပိုစီးမိလာခဲ့ပြီး သွက်လက်တဲ့ ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်စတိုင် ကစားပုံတွေကို နယ်သာလန်တို့ သတိထားခဲ့ရသလို ခံစစ်မှာ ပိုထိုင်ကစားခဲ့ရချိန်မှာ အမြင့်ဘောကို ခေါင်းတိုက်ချပေးတဲ့ ရောဘတ်စ်ကို ဘောလုံးမထိဘဲ ဝင်တိုက်ခဲ့တဲ့ မာလာစီယာကြောင့် မိနစ် ၉၀ အပြည့်မှာ ပင်နယ်တီပေးခဲ့ရပါတယ်။

VAR ပြန်ကြည့်နေရတာကြောင့် ၂ မိနစ်လောက် အချိန်ယူခဲ့ရတဲ့ ဒီပင်နယ်တီကို အသင်းခေါင်းဆောင် ဘေးလ်က တာဝန်ယူကန်သွင်းခဲ့ပြီး သူ့ရဲ့ ညာဘက်တိုင်ခြေ မြေလှိမ့်ဘော ကန်ချက်ကို ဂိုးသမား ဆီလက်ဆန် မကာကွယ်နိုင်ခဲ့တာကြောင့် နာကျင်အချိန်ပို ၂ မိနစ်မှာ ဝေးလ်စ်တို့ သရေရလဒ်ကို အဝေးကွင်းမှာ ပြန်လည်ယူဆောင်နိုင်ခဲ့တာပါ။

ဒါပေမယ့် သူတို့ရဲ့ အပျော်တွေကတော့ ကြာကြာမခံလိုက်ဘဲ တစ်မိနစ်အကြာမှာတော့ နယ်သာလန်တို့ အနိုင်ဂိုးကို ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ညာခြမ်းကနေ တိုက်စစ်ဆင်လာရင်း ဒမ်းဖရီးစ် ခေါင်းတိုက်ချပေးတာကို ရှင်းထုတ်ပုံ မပီပြင်တဲ့ ဘန်ဒေးဗီးစ်ကြောင့် ဧရိယာထဲ ဝင်လာခဲ့တဲ့ ဘောလုံးကို တိုက်စစ်မှူး ဒီပိုင်းက Volley ကန်သွင်းယူနိုင်ခဲ့လို့ လေးလံတဲ့ ဟန်နက်ဆီ မကာကွယ်နိုင်ခဲ့ဘဲ တတိယမြောက်ဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စိတ်ပျက်စရာ ကစားသမားတချို့ကို ခေါ်ဆောင်လာခဲ့မိလို့ ရုန်းကန်ခဲ့ရတဲ့ နယ်သာလန်တို့ သုံးဂိုး-နှစ်ဂိုးနဲ့ ဝေးလ်စ်တို့ကို အနိုင်ယူနိုင်ခဲ့ပြီး နေးရှင်းလိဂ် A ရဲ့ အုပ်စု ၄ မှာ သုံးပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်နဲ့ ရှုံးပွဲမရှိသေးဘဲ ရမှတ် ၁၀ မှတ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ချိန်မှာ ဝေးလ်စ်တို့ကတော့ တစ်မှတ်သာ ရခဲ့သေးပြီး တန်းဆင်းဖို့ ကြမ်းကပ်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယ္သာလန္အသင္းအေနနဲ႔ ဒီေန႔မွာ ၃-၄-၃ ပုံစံနဲ႔ပဲ ကစားလာခဲ့ၿပီး ဂိုးသမား ဆီလက္ဆန္၊ ခံစစ္မွာ ဒီလစ္ခ်္၊ တီဇီ၊ မာတင္စ္ အင္ဒီတို႔ကို ထားခဲ့သလို ကြင္းလယ္မွာေတာ့ ဖရင္ကီ ဒီယုံး၊ ကူးမိန္နာစ္၊ မာလာစီယာနဲ႔ ဟာတီဘိုးရ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဗင္းဆင့္ ယန္ဆန္၊ ဂက္ခ္ပိုနဲ႔ ႏိုအာလန္းတို႔ကို နည္းျပ ဗန္ဟားလ္က ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ ေဝးလ္စ္တို႔ကေတာ့ အေဝးကြင္းမွာ ကစားခဲ့ရခ်ိန္မွာ ဂိုးသမား ဟန္နက္ဆီ၊ ခံစစ္မွာ ေသာမတ္စ္၊ ဘင္ေဒးဗီးစ္၊ ႐ိုဒန္၊ မက္ဖမ္နဲ႔ ဘန္းစ္တို႔ကို ခင္းက်င္းခဲ့သလို ကြင္းလယ္မွာေတာ့ အမ္ပါဒူး၊ စမစ္နဲ႔ ဝီလ္ဆန္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒန္ဂ်ိမ္းစ္နဲ႔ ဘရင္နန္ ဂြၽန္ဆန္တို႔ကို ထုတ္သုံးခဲ့တာပါ။

အိမ္ရွင္ေတြအေနနဲ႔ ပြဲစကတည္းက ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ၿပိဳင္ဘက္ကို စိုးမိုးထားႏိုင္ခဲ့ၾကၿပီး အေထာင္တိုက္စစ္မွာ ကစားတဲ့ ဂက္ခ္ပိုက သူ႔ကို စိတ္ဝင္စားေနတဲ့ ပရီးမီးယားလိဂ္အသင္းႀကီးေတြအႀကိဳက္ ရင့္က်က္တည္ၿငိမ္တဲ့ ေျခစြမ္းမ်ိဳး ျပႏိုင္ခဲ့သလို အသင္းကို ဦးေဆာင္ကစားႏိုင္ခဲ့ၿပီး ဘယ္ျခမ္းနဲ႔ အလယ္မွာ တျခားတိုက္စစ္မႉးႏွစ္ဦး ကစားေပါက္ ေခ်ာင္ေအာင္ ကူညီသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ နယ္သာလန္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ယန္ဆန္ ဖန္တီးေပးပို႔လိုက္တဲ့ ေဘာလုံးကို ႏိုအာလန္းက ေဝးလ္စ္ခံစစ္ဗဟိုလူႏွစ္ဦးျဖစ္တဲ့ ႐ိုဒန္နဲ႔ မက္ဖမ္တို႔ကို ႏွစ္ႀကိမ္ လိမ္ေခါက္ၿပီးမွ အနီးကပ္ အပိုင္ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ နယ္သာလန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ယန္ဆန္ပဲ ေခါင္းတိုက္ခ်ေပးခဲ့တာကို ဂက္ခ္ပိုက ဘယ္ျခမ္းကေန ဆြဲဝင္ၿပီး ေဝးလ္စ္ခံစစ္သမား ၅ ေယာက္ေလာက္ၾကားက ကန္သြင္းခဲ့ရာမွာ ႐ိုဒန္နဲ႔ ၿငိၿပီး ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဂက္ခ္ပိုက ေနာက္တစ္ႀကိမ္ ထပ္မံကန္သြင္းရာမွာေတာ့ ယူကရိန္းနဲ႔ ပြဲကလို ကံမေကာင္းႏိုင္ေတာ့တဲ့ ဟန္နက္ဆီ မကာကြယ္ႏိုင္ဘဲ ဂိုးေပးလိုက္ရတာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ေဝးလ္စ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ကြင္းလယ္မွာ နယ္သာလန္တို႔ ေဘာလုံးပ်က္ရာကေန ျပန္ရသြားတဲ့ ဝီလ္ဆန္က ခင္းေပးခဲ့တာကို တိုက္စစ္မႉး ဂြၽန္ဆန္က သိပ္စဥ္းစားမေနဘဲ တစ္ဖက္ေနာက္ခံလူ ႏွစ္ေယာက္ၾကားကေန အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဆီလက္ဆန္ ကာကြယ္ဖို႔ ေနာက္က်ေနခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုး ျပန္ျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး ဒတ္ခ်္ေတြရဲ႕ ဆရာႀကီးလိုလိုနဲ႔ ကစားၿပီး ေဘာလုံးပညာမျပည့္တဲ့ ဘယ္ျခမ္းခံစစ္က မာတင္စ္ အင္ဒီနဲ႔ မာလာစီယာတို႔လို ကစားသမားေတြကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့သလို ဒုတိယပိုင္း ျပန္စခ်ိန္မွာေတာ့ နယ္သာလန္ဘက္က ဒမ္းဖရီးစ္နဲ႔ ဒီဗ႐ိုင္းတို႔ ဝင္ကစားခဲ့ၿပီး ေဝးလ္စ္ဘက္ကေတာ့ ဘန္းစ္အစား ေရာဘတ္စ္ကို လဲကစားခဲ့တာပါ။

ဒုတိယပိုင္းမွာ ႏွစ္ဖက္စလုံး အၿပိဳင္ျဖဳန္းခဲ့ၾကသလို ဂိုးသမား ဟန္နက္ဆီ ကာကြယ္ပုံ ညံ့ေပမယ့္ ေဝးလ္စ္ခံစစ္က ဖ်က္ထုတ္ပုံ ျမန္ခဲ့လို႔ ဂိုးထပ္မေပးခဲ့ရဘဲျဖစ္ေနၿပီး စမစ္၊ ႐ိုဒန္နဲ႔ ဒန္ဂ်ိမ္းစ္တို႔ေနရာေတြမွာ ရမ္ေဆး၊ ဂန္တာနဲ႔ ေဘးလ္တို႔ ဝင္ကစားလာခဲ့ၾကသလို နယ္သာလန္တို႔ဘက္ကေတာ့ ႏိုအာလန္းနဲ႔ ယန္ဆန္တို႔ ေနရာေတြမွာ ဒီပိုင္းနဲ႔ ဘာ့ဂ္ဗိန္းတို႔ ဝင္လာခဲ့ၾကပါတယ္။

ဒီေနာက္ပိုင္းမွာ ညာျခမ္းကို ေျပာင္းကစားခဲ့ရတဲ့ ဂက္ခ္ပို ေျခစြမ္းေပ်ာက္သြားခဲ့သလို ပြဲကို ေဝးလ္စ္တို႔ ပိုစီးမိလာခဲ့ၿပီး သြက္လက္တဲ့ ပရီးမီးယားလိဂ္နဲ႔ အဂၤလန္စတိုင္ ကစားပုံေတြကို နယ္သာလန္တို႔ သတိထားခဲ့ရသလို ခံစစ္မွာ ပိုထိုင္ကစားခဲ့ရခ်ိန္မွာ အျမင့္ေဘာကို ေခါင္းတိုက္ခ်ေပးတဲ့ ေရာဘတ္စ္ကို ေဘာလုံးမထိဘဲ ဝင္တိုက္ခဲ့တဲ့ မာလာစီယာေၾကာင့္ မိနစ္ ၉၀ အျပည့္မွာ ပင္နယ္တီေပးခဲ့ရပါတယ္။

VAR ျပန္ၾကည့္ေနရတာေၾကာင့္ ၂ မိနစ္ေလာက္ အခ်ိန္ယူခဲ့ရတဲ့ ဒီပင္နယ္တီကို အသင္းေခါင္းေဆာင္ ေဘးလ္က တာဝန္ယူကန္သြင္းခဲ့ၿပီး သူ႔ရဲ႕ ညာဘက္တိုင္ေျခ ေျမလွိမ့္ေဘာ ကန္ခ်က္ကို ဂိုးသမား ဆီလက္ဆန္ မကာကြယ္ႏိုင္ခဲ့တာေၾကာင့္ နာက်င္အခ်ိန္ပို ၂ မိနစ္မွာ ေဝးလ္စ္တို႔ သေရရလဒ္ကို အေဝးကြင္းမွာ ျပန္လည္ယူေဆာင္ႏိုင္ခဲ့တာပါ။

ဒါေပမယ့္ သူတို႔ရဲ႕ အေပ်ာ္ေတြကေတာ့ ၾကာၾကာမခံလိုက္ဘဲ တစ္မိနစ္အၾကာမွာေတာ့ နယ္သာလန္တို႔ အႏိုင္ဂိုးကို ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ညာျခမ္းကေန တိုက္စစ္ဆင္လာရင္း ဒမ္းဖရီးစ္ ေခါင္းတိုက္ခ်ေပးတာကို ရွင္းထုတ္ပုံ မပီျပင္တဲ့ ဘန္ေဒးဗီးစ္ေၾကာင့္ ဧရိယာထဲ ဝင္လာခဲ့တဲ့ ေဘာလုံးကို တိုက္စစ္မႉး ဒီပိုင္းက Volley ကန္သြင္းယူႏိုင္ခဲ့လို႔ ေလးလံတဲ့ ဟန္နက္ဆီ မကာကြယ္ႏိုင္ခဲ့ဘဲ တတိယေျမာက္ဂိုးကို ရရွိခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ စိတ္ပ်က္စရာ ကစားသမားတခ်ိဳ႕ကို ေခၚေဆာင္လာခဲ့မိလို႔ ႐ုန္းကန္ခဲ့ရတဲ့ နယ္သာလန္တို႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ေဝးလ္စ္တို႔ကို အႏိုင္ယူႏိုင္ခဲ့ၿပီး ေနးရွင္းလိဂ္ A ရဲ႕ အုပ္စု ၄ မွာ သုံးပြဲႏိုင္၊ တစ္ပြဲသေရ ရလဒ္နဲ႔ ရႈံးပြဲမရွိေသးဘဲ ရမွတ္ ၁၀ မွတ္နဲ႔ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ အေျခအေနေကာင္းသြားခဲ့ခ်ိန္မွာ ေဝးလ္စ္တို႔ကေတာ့ တစ္မွတ္သာ ရခဲ့ေသးၿပီး တန္းဆင္းဖို႔ ၾကမ္းကပ္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.