Bundesliga Premier League Transfer News

စံချိန်တင်ပြောင်းရွှေ့ကြေး သုံးစွဲသွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ပေါင်သန်း ၁၀၀ တန် လိုက်ပ်ဇစ်တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူကို မန်ချက်စတာယူနိုက်တက်ထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့အတွက် ၎င်းတို့ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို ချိုးဖျက်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ လိုက်ပ်ဇစ်အသင်းအတွက် ပွဲ ၅၀ မှာ သွင်းဂိုး ၃၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဥရောပတလွှားက စိတ်ဝင်စားမှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ အန်ကွန်ကူဟာ ၂၀၁၉ ခုနှစ်တုန်းက ပီအက်စ်ဂျီအသင်းကနေ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဂျာမနီကို ပြောင်းရွှေ့ပြီးကတည်းက တိုက်စစ်မှူးနေရာကို ပြောင်းလဲကစားခဲ့ပြီးနောက် တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။

ရန်းနစ်ခ်ဟာ အန်ကွန်ကူကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းကို အကြံပေးခဲ့ပြီး ဘုတ်အဖွဲ့က ဂျာမန်လူမျိုးနည်းပြရဲ့ အကြံပေးစကားကို အလေးအနက်ထားကြောင်းကို လိုက်ပ်ဇစ်တိုက်စစ်မှူးကို ခေါ်ယူနိုင်ခြေရှိ၊ မရှိ ဂျာမန်ကလပ်အသင်းဆီ မေးမြန်းစုံစမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုက်ပ်ဇစ်အသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးကို ထိန်းသိမ်းထားချင်နေပြီး အန်ကွန်ကူကို ထွက်ခွာခွင့် ပြုဖို့ဆိုရင် ပေါင်သန်း ၁၀၀ ပေးမှရမယ်လို့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ယခုနွေရာသီမှာ အခြားနေရာတွေကိုလည်း အင်အားဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် အဲဒီ ပမာဏလောက်ကို ပေးချေဖို့ တွန့်ဆုတ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ လာမယ့်နှစ်နွေရာသီမှာ ပြောင်းရွှေ့ကြေး ပိုလို့တောင် မြင့်မားလာနိုင်တဲ့ ပြင်သစ်တိုက်စစ်မှူးကို လက်လွှတ်ရမှာစိုးတာကြောင့် လိုက်ပ်ဇစ်တောင်းဆိုထားတဲ့ ပမာဏအတိုင်း ပေးချေလိုနေတယ်လို့ Independent က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ လာကာဇက် ထွက်ခွာပြီးနောက်ပိုင်း ၎င်းရဲ့ တိုက်စစ်ကို အင်အားပြန်လည်ဖြည့်တင်းဖို့ ငွေကြေးအလုံအလောက် သုံးစွဲနိုင်တယ်လို့ ကတိပေးခြင်းခံခဲ့ရတာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ မန်စီးတီး တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို ခေါ်ယူဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမယ်လည်း မန်ချက်စတာစီးတီးကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့အသင်းတွေ များပြားနေတာကြောင့် အာဆင်နယ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူးအပြင် အခြားရွေးချယ်စရာကို ရှာဖွေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက် သတင်းဆိုးကတော့ ပီအက်စ်ဂျီအသင်းကလည်း ၎င်းတို့ရဲ့ ကစားသမားဟောင်းအတွက် လိုက်ပ်ဇစ်အသင်းတောင်းဆိုထားတဲ့ ပမာဏကို ပေးချေလိုတဲ့ဆန္ဒရှိနေတာဖြစ်ပြီး ဘွန်ဒက်စ်လီဂါကလပ်အသင်းဟာ အသင်းပြောင်းရွှေ့ချင်တဲ့ အန်ကွန်ကူလည်း စိတ်ကျေနပ်၊ ၎င်းတို့လည်း ပြောင်းရွှေ့ကြေးများများ ရရှိအောင် စာချုပ်လျော်ကြေးပါဝင်တဲ့ စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ေပါင္သန္း ၁၀၀ တန္ လိုက္ပ္ဇစ္တိုက္စစ္မႉး ခရစၥတိုဖာ အန္ကြန္ကူကို မန္ခ်က္စတာယူႏိုက္တက္ထက္ လက္ဦးမႈရယူၿပီး ေခၚယူႏိုင္ဖို႔အတြက္ ၎တို႔ရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးကို ခ်ိဳးဖ်က္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီ လိုက္ပ္ဇစ္အသင္းအတြက္ ပြဲ ၅၀ မွာ သြင္းဂိုး ၃၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၆ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး ဥေရာပတလႊားက စိတ္ဝင္စားမႈေတြကို ရရွိခဲ့တာျဖစ္ပါတယ္။ အန္ကြန္ကူဟာ ၂၀၁၉ ခုႏွစ္တုန္းက ပီအက္စ္ဂ်ီအသင္းကေန လိုက္ပ္ဇစ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ဂ်ာမနီကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက တိုက္စစ္မႉးေနရာကို ေျပာင္းလဲကစားခဲ့ၿပီးေနာက္ တစ္ပြဲထက္တစ္ပြဲ ပိုမိုေကာင္းမြန္လာခဲ့တာျဖစ္ပါတယ္။

ရန္းနစ္ခ္ဟာ အန္ကြန္ကူကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကို အႀကံေပးခဲ့ၿပီး ဘုတ္အဖြဲ႕က ဂ်ာမန္လူမ်ိဳးနည္းျပရဲ႕ အႀကံေပးစကားကို အေလးအနက္ထားေၾကာင္းကို လိုက္ပ္ဇစ္တိုက္စစ္မႉးကို ေခၚယူႏိုင္ေျခရွိ၊ မရွိ ဂ်ာမန္ကလပ္အသင္းဆီ ေမးျမန္းစုံစမ္းခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လိုက္ပ္ဇစ္အသင္းဟာ ၎တို႔ရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉးကို ထိန္းသိမ္းထားခ်င္ေနၿပီး အန္ကြန္ကူကို ထြက္ခြာခြင့္ ျပဳဖို႔ဆိုရင္ ေပါင္သန္း ၁၀၀ ေပးမွရမယ္လို႔ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းက ယခုေႏြရာသီမွာ အျခားေနရာေတြကိုလည္း အင္အားျဖည့္တင္းဖို႔ လိုအပ္ေနတာေၾကာင့္ အဲဒီ ပမာဏေလာက္ကို ေပးေခ်ဖို႔ တြန႔္ဆုတ္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းဟာ လာမယ့္ႏွစ္ေႏြရာသီမွာ ေျပာင္းေ႐ႊ႕ေၾကး ပိုလို႔ေတာင္ ျမင့္မားလာႏိုင္တဲ့ ျပင္သစ္တိုက္စစ္မႉးကို လက္လႊတ္ရမွာစိုးတာေၾကာင့္ လိုက္ပ္ဇစ္ေတာင္းဆိုထားတဲ့ ပမာဏအတိုင္း ေပးေခ်လိုေနတယ္လို႔ Independent က ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာဟာ လာကာဇက္ ထြက္ခြာၿပီးေနာက္ပိုင္း ၎ရဲ႕ တိုက္စစ္ကို အင္အားျပန္လည္ျဖည့္တင္းဖို႔ ေငြေၾကးအလုံအေလာက္ သုံးစြဲႏိုင္တယ္လို႔ ကတိေပးျခင္းခံခဲ့ရတာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ မန္စီးတီး တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးကို ေခၚယူဖို႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဒါေပမယ္လည္း မန္ခ်က္စတာစီးတီးၾကယ္ပြင့္ကို စိတ္ဝင္စားေနတဲ့အသင္းေတြ မ်ားျပားေနတာေၾကာင့္ အာဆင္နယ္အသင္းဟာ ဘရာဇီးလ္တိုက္စစ္မႉးအျပင္ အျခားေ႐ြးခ်ယ္စရာကို ရွာေဖြခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အတြက္ သတင္းဆိုးကေတာ့ ပီအက္စ္ဂ်ီအသင္းကလည္း ၎တို႔ရဲ႕ ကစားသမားေဟာင္းအတြက္ လိုက္ပ္ဇစ္အသင္းေတာင္းဆိုထားတဲ့ ပမာဏကို ေပးေခ်လိုတဲ့ဆႏၵရွိေနတာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါကလပ္အသင္းဟာ အသင္းေျပာင္းေ႐ႊ႕ခ်င္တဲ့ အန္ကြန္ကူလည္း စိတ္ေက်နပ္၊ ၎တို႔လည္း ေျပာင္းေ႐ႊ႕ေၾကးမ်ားမ်ား ရရွိေအာင္ စာခ်ဳပ္ေလ်ာ္ေၾကးပါဝင္တဲ့ စာခ်ဳပ္သစ္ ကမ္းလွမ္းသြားဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.