International Match Report

ပီရူးကို ပင်နယ်တီမှာ ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားဝင်ခွင့် ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဩစတေးလျ

အာရှကိုယ်စားပြု ဩစတေးလျအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရိုင်ယန်၊ အက်ကင်ဆန်၊ ရိုက်၊ ရိုးလ်စ်နဲ့ ဘီဟစ်ချ်တို့ကို ခံစစ်မှာ အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အာရွန်မွိုင်း၊ ဘွိုင်းလ်၊ ဟရူးစ်တစ်ချ်၊ အာဗင်းနဲ့ လက်ကီးတို့ကို အထိုင်ချလာခဲ့သလို တိုက်စစ်ကိုတော့ ဂျုခ်တစ်ယောက်တည်း အထောင်ထားပြီး ကစားလာခဲ့တာဖြစ်ပါတယ်။

တောင်အမေရိကရဲ့ အဆင့် ၅ ပီရူးတို့ကတော့ ဂိုးသမား ဂါလေစီ၊ ခံစစ်မှာ ဇမ်ဘရာနို၊ ကယ်လင်စ်၊ ထရော်ကိုနဲ့ အက်ဒ်ဗင်ကူလာတို့ကို ပွဲထွက်ကစားစေခဲ့ပြီး ကွင်းလယ်မှာ တာပီယာ၊ ကွေဗာ၊ ဂွန်ဇာလက်စ်၊ ပင်ညာနဲ့ ကာရီလိုတို့ကို အသုံးပြုခဲ့သလို အီတလီနွယ်ဖွားတိုက်စစ်မှူး လာပါဒူလာကိုတော့ အထောင်ထားခဲ့ပြီး နှစ်သင်းစလုံးအနေနဲ့ ဒီနေ့မှာ တူညီတဲ့ ၄-၅-၁ ပုံစံကိုပဲ ခင်းကျင်းလာခဲ့ကြတာပါ။

ပွဲချိန်အတွင်းမှာ ပီရူးတို့က ဘောလုံးပိုကိုင်နိုင်ခဲ့သလို ဩစတေးလျတို့ကတော့ သူတို့အားသန်တဲ့ တောင်ပံတိုက်စစ်နဲ့ ကောင်တာတွေကိုပဲ အားကိုးသွားခဲ့ကြပြီး နှစ်သင်းစလုံးအနေနဲ့ Play-off ဝင်ခွင့် နောက်ဆုံးတစ်နေရာအတွက် ကာတာသွားလက်မှတ်ကို ကြိုးစားခဲ့ကြချိန်မှာ ရှေ့တန်းတွေနဲ့ အဆုံးသတ်ပိုင်းတွေကတော့ ခပ်ပိန်းပိန်းတွေပဲဖြစ်ခဲ့ကြပါတယ်။

ဩစတေးလျတို့ ဘောလုံးပိုင်ဆိုင်မှု ၄၆ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းခွင့် ၁၁ ကြိမ်နဲ့ ၂ ကြိမ် ဂိုးပေါက်တည့်ချိန်မှာ ပီရူးတို့ကတော့ ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်မှာ တစ်ကြိမ်မှာ ဂိုးပေါက်တည့်ခဲ့ပြီး ပွဲချိန်အတွင်းမှာ ဂိုးမရှိသရေနဲ့ အနိုင်အရှုံး မကွဲပြားခဲ့သလို အချိန်ပိုအထိ ၁၂၀ မိနစ် ကစားပြီးချိန်မှာလည်း ရလဒ်မပြောင်းလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။

နှစ်သင်းစလုံးအနေနဲ့ ပင်နယ်တီအတွက် ကြိုတင်ပြင်ဆင်ခဲ့ကြပြီး ပီရူးဘက်က ကွေဗာအစား ဗာရီလာကို ပင်နယ်တီကန်သွင်းဖို့ ထည့်ခဲ့သလို ဩစတေးလျဘက်ကတော့ အသင်းကပ္ပတိန် ဂိုးသမား ရိုင်ယန်ကို ထုတ်ပြီး အရန်ဂိုးသမား ရက်ဒ်မိန်းကို ပင်နယ်တီ ဖမ်းဖို့နဲ့ နောက်ခံလူ ဘီဟစ်ချ်အစား တိုက်စစ်မှူး ဂွတ်ဒွင်ကို နောက်ဆုံးမိနစ်တွေမှာ ပြောင်းလဲသွားခဲ့ကြတာဖြစ်ပါတယ်။

ပင်နယ်တီ စတင်ကန်သွင်းရာမှာတော့ ဩစတေးလျဘက်က ဘွိုင်းလ်ရဲ့ ကန်ချက်ကို ဂိုးသမား ဂါလေစီ ကာကွယ်နိုင်ခဲ့ပြီး ပီရူးဘက်က လာပါဒူလာက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သလို ဒုတိယအကြိမ် ကန်သွင်းမှုတွေမှာတော့ အော်ဆီဘက်က အာရွန်မွိုင်းက စတင်ဈေးဦးဖောက်နိုင်ခဲ့ပြီး ပီရူးရဲ့ ကယ်လင်စ်ကလည်း ဂိုးသမား ရက်ဒ်မိန်းရဲ့ တွန့်လိမ်ရုပ်ပြနေမှုတွေကို မဖြုံဘဲ ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

တတိယ ပင်နယ်တီကိုတော့ ဩစတေးလျဘက်က ဂွတ်ဒွင်က အပြင်းကန်သွင်းယူနိုင်ခဲ့ပေမယ့် ပီရူးရဲ့ အက်ဒ်ဗင်ကူလာ ကန်သွင်းရာမှာတော့ တိုင်ထိထွက်ခဲ့လို့ နှစ်ဂိုးစီသရေ ပြန်ဖြစ်ခဲ့သလို စတုတ္ထ ကန်သွင်းမှုတွေမှာတော့ ဟရူးစ်တစ်ချ်က ဂိုးသမားကို လှည့်စားကန်သွင်းယူနိုင်ခဲ့သလို ပီရူးရဲ့ တာပီယာကလည်း မျက်စိနောက်စရာ အော်ဆီဂိုးသမားကို ကျော်ဖြတ်ကန်သွင်းနိုင်ခဲ့ပါတယ်။

ပဉ္စမမြောက် ပင်နယ်တီကို ကန်သွင်းရာမှာတော့ ဩစတေးလျဘက်က မက္ကလာရင်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပြီး ပီရူးဘက်ကတော့ ဖလောရက်စ်က လိုက်လံချေပနိုင်ခဲ့လို့ ငါးလုံးကန်သွင်းရာမှာ တစ်ဖက်တစ်ကြိမ်စီ လွဲချော်မှုတွေနဲ့ လေးဂိုးစီသရေဖြစ်နေခဲ့ပြီး အဆုံးအဖြတ် တစ်လုံးချင်းစီ ဆက်လက်ကန်သွင်းရဖို့ ဖြစ်လာခဲ့တာပါ။

ဩစတေးလျတို့ စတင်ကန်သွင်းရာမှာတော့ တိုက်စစ်မှူး မာဘီလ်က ပီရူးဂိုးသမား ဂါလေစီကို သာသာယာယာ အနိုင်ယူခဲ့ပြီး ပီရူးတို့ဘက်က ဗာရီလာရဲ့ ကန်သွင်းမှုကတော့ ရှေ့က ငါးလုံးမှာ လှုပ်ရွနေပြီး ဘာမှ မဖြစ်ခဲ့တဲ့ ဂိုးသမား ရက်ဒ်မိန်း ဒိုက်ပစ်တဲ့ တည့်တည့်ကို ကန်ခဲ့မိတာကြောင့် အာရှသားတွေ ကာတာသွားဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

သမုဒ္ဒရာပိုင်းဇုန်ကနေ အာရှဇုန်ကို ပြောင်းလဲကစားခဲ့တဲ့ နောက်ပိုင်းမှာ လေးကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်နိုင်ခဲ့ပြီး ဒီနှစ်မှာလည်း အဆင့်ဆင့် ကစားပြီး ခက်ခက်ခဲခဲ နေရာတစ်နေရာကို ပိုင်ဆိုင်နိုင်ခဲ့ချိန်မှာ ပီရူးတို့ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာ ဆက်တိုက် ကစားခွင့်ကို လက်လွှတ်ခဲ့ရပြီး တောင်အမေရိကအတွက် တာဝန်မကျေနိုင်ဘဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာရွကိုယ္စားျပဳ ဩစေတးလ်အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ႐ိုင္ယန္၊ အက္ကင္ဆန္၊ ႐ိုက္၊ ႐ိုးလ္စ္နဲ႔ ဘီဟစ္ခ်္တို႔ကို ခံစစ္မွာ အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အာ႐ြန္မြိဳင္း၊ ဘြိဳင္းလ္၊ ဟ႐ူးစ္တစ္ခ်္၊ အာဗင္းနဲ႔ လက္ကီးတို႔ကို အထိုင္ခ်လာခဲ့သလို တိုက္စစ္ကိုေတာ့ ဂ်ဳခ္တစ္ေယာက္တည္း အေထာင္ထားၿပီး ကစားလာခဲ့တာျဖစ္ပါတယ္။

ေတာင္အေမရိကရဲ႕ အဆင့္ ၅ ပီ႐ူးတို႔ကေတာ့ ဂိုးသမား ဂါေလစီ၊ ခံစစ္မွာ ဇမ္ဘရာႏို၊ ကယ္လင္စ္၊ ထေရာ္ကိုနဲ႔ အက္ဒ္ဗင္ကူလာတို႔ကို ပြဲထြက္ကစားေစခဲ့ၿပီး ကြင္းလယ္မွာ တာပီယာ၊ ေကြဗာ၊ ဂြန္ဇာလက္စ္၊ ပင္ညာနဲ႔ ကာရီလိုတို႔ကို အသုံးျပဳခဲ့သလို အီတလီႏြယ္ဖြားတိုက္စစ္မႉး လာပါဒူလာကိုေတာ့ အေထာင္ထားခဲ့ၿပီး ႏွစ္သင္းစလုံးအေနနဲ႔ ဒီေန႔မွာ တူညီတဲ့ ၄-၅-၁ ပုံစံကိုပဲ ခင္းက်င္းလာခဲ့ၾကတာပါ။

ပြဲခ်ိန္အတြင္းမွာ ပီ႐ူးတို႔က ေဘာလုံးပိုကိုင္ႏိုင္ခဲ့သလို ဩစေတးလ်တို႔ကေတာ့ သူတို႔အားသန္တဲ့ ေတာင္ပံတိုက္စစ္နဲ႔ ေကာင္တာေတြကိုပဲ အားကိုးသြားခဲ့ၾကၿပီး ႏွစ္သင္းစလုံးအေနနဲ႔ Play-off ဝင္ခြင့္ ေနာက္ဆုံးတစ္ေနရာအတြက္ ကာတာသြားလက္မွတ္ကို ႀကိဳးစားခဲ့ၾကခ်ိန္မွာ ေရွ႕တန္းေတြနဲ႔ အဆုံးသတ္ပိုင္းေတြကေတာ့ ခပ္ပိန္းပိန္းေတြပဲျဖစ္ခဲ့ၾကပါတယ္။

ဩစေတးလ်တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၄၆ ရာခိုင္ႏႈန္း၊ ဂိုးကန္သြင္းခြင့္ ၁၁ ႀကိမ္နဲ႔ ၂ ႀကိမ္ ဂိုးေပါက္တည့္ခ်ိန္မွာ ပီ႐ူးတို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၅၄ ရာခိုင္ႏႈန္း၊ ဂိုးကန္သြင္းခြင့္ ၁၀ ႀကိမ္မွာ တစ္ႀကိမ္မွာ ဂိုးေပါက္တည့္ခဲ့ၿပီး ပြဲခ်ိန္အတြင္းမွာ ဂိုးမရွိသေရနဲ႔ အႏိုင္အရႈံး မကြဲျပားခဲ့သလို အခ်ိန္ပိုအထိ ၁၂၀ မိနစ္ ကစားၿပီးခ်ိန္မွာလည္း ရလဒ္မေျပာင္းလို႔ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရတာပါ။

ႏွစ္သင္းစလုံးအေနနဲ႔ ပင္နယ္တီအတြက္ ႀကိဳတင္ျပင္ဆင္ခဲ့ၾကၿပီး ပီ႐ူးဘက္က ေကြဗာအစား ဗာရီလာကို ပင္နယ္တီကန္သြင္းဖို႔ ထည့္ခဲ့သလို ဩစေတးလ်ဘက္ကေတာ့ အသင္းကပၸတိန္ ဂိုးသမား ႐ိုင္ယန္ကို ထုတ္ၿပီး အရန္ဂိုးသမား ရက္ဒ္မိန္းကို ပင္နယ္တီ ဖမ္းဖို႔နဲ႔ ေနာက္ခံလူ ဘီဟစ္ခ်္အစား တိုက္စစ္မႉး ဂြတ္ဒြင္ကို ေနာက္ဆုံးမိနစ္ေတြမွာ ေျပာင္းလဲသြားခဲ့ၾကတာျဖစ္ပါတယ္။

ပင္နယ္တီ စတင္ကန္သြင္းရာမွာေတာ့ ဩစေတးလ်ဘက္က ဘြိဳင္းလ္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ဂါေလစီ ကာကြယ္ႏိုင္ခဲ့ၿပီး ပီ႐ူးဘက္က လာပါဒူလာက အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့သလို ဒုတိယအႀကိမ္ ကန္သြင္းမႈေတြမွာေတာ့ ေအာ္ဆီဘက္က အာ႐ြန္မြိဳင္းက စတင္ေဈးဦးေဖာက္ႏိုင္ခဲ့ၿပီး ပီ႐ူးရဲ႕ ကယ္လင္စ္ကလည္း ဂိုးသမား ရက္ဒ္မိန္းရဲ႕ တြန႔္လိမ္႐ုပ္ျပေနမႈေတြကို မၿဖဳံဘဲ ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

တတိယ ပင္နယ္တီကိုေတာ့ ဩစေတးလ်ဘက္က ဂြတ္ဒြင္က အျပင္းကန္သြင္းယူႏိုင္ခဲ့ေပမယ့္ ပီ႐ူးရဲ႕ အက္ဒ္ဗင္ကူလာ ကန္သြင္းရာမွာေတာ့ တိုင္ထိထြက္ခဲ့လို႔ ႏွစ္ဂိုးစီသေရ ျပန္ျဖစ္ခဲ့သလို စတုတၳ ကန္သြင္းမႈေတြမွာေတာ့ ဟ႐ူးစ္တစ္ခ်္က ဂိုးသမားကို လွည့္စားကန္သြင္းယူႏိုင္ခဲ့သလို ပီ႐ူးရဲ႕ တာပီယာကလည္း မ်က္စိေနာက္စရာ ေအာ္ဆီဂိုးသမားကို ေက်ာ္ျဖတ္ကန္သြင္းႏိုင္ခဲ့ပါတယ္။

ပၪၥမေျမာက္ ပင္နယ္တီကို ကန္သြင္းရာမွာေတာ့ ဩစေတးလ်ဘက္က မကၠလာရင္က အမွားအယြင္းမရွိ ကန္သြင္းယူႏိုင္ခဲ့ၿပီး ပီ႐ူးဘက္ကေတာ့ ဖေလာရက္စ္က လိုက္လံေခ်ပႏိုင္ခဲ့လို႔ ငါးလုံးကန္သြင္းရာမွာ တစ္ဖက္တစ္ႀကိမ္စီ လြဲေခ်ာ္မႈေတြနဲ႔ ေလးဂိုးစီသေရျဖစ္ေနခဲ့ၿပီး အဆုံးအျဖတ္ တစ္လုံးခ်င္းစီ ဆက္လက္ကန္သြင္းရဖို႔ ျဖစ္လာခဲ့တာပါ။

ဩစေတးလ်တို႔ စတင္ကန္သြင္းရာမွာေတာ့ တိုက္စစ္မႉး မာဘီလ္က ပီ႐ူးဂိုးသမား ဂါေလစီကို သာသာယာယာ အႏိုင္ယူခဲ့ၿပီး ပီ႐ူးတို႔ဘက္က ဗာရီလာရဲ႕ ကန္သြင္းမႈကေတာ့ ေရွ႕က ငါးလုံးမွာ လႈပ္႐ြေနၿပီး ဘာမွ မျဖစ္ခဲ့တဲ့ ဂိုးသမား ရက္ဒ္မိန္း ဒိုက္ပစ္တဲ့ တည့္တည့္ကို ကန္ခဲ့မိတာေၾကာင့္ အာရွသားေတြ ကာတာသြားဖို႔ အေၾကာင္းဖန္လာခဲ့ပါတယ္။

သမုဒၵရာပိုင္းဇုန္ကေန အာရွဇုန္ကို ေျပာင္းလဲကစားခဲ့တဲ့ ေနာက္ပိုင္းမွာ ေလးႀကိမ္ဆက္တိုက္ ကမာၻ႔ဖလားေျခစစ္ပြဲကို ေအာင္ျမင္ႏိုင္ခဲ့ၿပီး ဒီႏွစ္မွာလည္း အဆင့္ဆင့္ ကစားၿပီး ခက္ခက္ခဲခဲ ေနရာတစ္ေနရာကို ပိုင္ဆိုင္ႏိုင္ခဲ့ခ်ိန္မွာ ပီ႐ူးတို႔ကေတာ့ ၂၀၁၈ ကမာၻ႔ဖလားအၿပီးမွာ ဆက္တိုက္ ကစားခြင့္ကို လက္လႊတ္ခဲ့ရၿပီး ေတာင္အေမရိကအတြက္ တာဝန္မေက်ႏိုင္ဘဲျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.