International Match Report

ပြင်သစ်ကို အဝေးကွင်းမှာ အနိုင်ယူပြီး တန်းဆင်းဖို့ တွန်းပို့လိုက်တဲ့ ခရိုအေးရှား

ပြင်သစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မေညွန်၊ ခံစစ်မှာ ကင်ပမ်ဘီ၊ ကိုနာတေ၊ ကွန်ဒီ၊ ဒီညာတို့နဲ့ စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာ မာဆေးလ် အတွဲဖြစ်တဲ့ ဂန်ဒူဇီနဲ့ ကာမာရာတို့ကို အသုံးပြုခဲ့သလို တောင်ပံတွေမှာ ရာဗျိုနဲ့ အန်ကွန်ကူးတို့ကို ထည့်သွင်းခဲ့ချိန်မှာ တိုက်စစ်ကိုတော့ အမ်ဘာပေနဲ့ ဘင်ဇီးမားတို့ ဦးဆောင်ကစားခဲ့ကြတာဖြစ်ပါတယ်။

ဧည့်သည် ခရိုအေးရှားတို့ကတော့ ဂိုးသမား အီဗူရှစ်ချ်၊ ခံစစ်မှာ ရှူတာလို၊ အာလစ်ချ်၊ စတန်နီရှစ်ချ်နဲ့ ယူရာနိုဗစ်ချ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ကိုဗာချစ်ချ်နဲ့ ဘရိုဇိုဗစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘူဒီမီယာ၊ ဘရက်ကာလိုနဲ့ ပါရှာလစ်ချ်တို့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက အိမ်ရှင်ပြင်သစ်တွေ ကံဆိုးခဲ့တာဖြစ်ပြီး ထောင့်ကန်ဘောကနေ ဘရက်ကာလို တင်ပေးတဲ့ ဘောလုံးကို ရယူတဲ့ ဘူဒီမီယာကို နောက်ကနေ တွန်းချခဲ့တဲ့ ကိုနာတေကြောင့် ဘင်ဇီးမားရဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ ဘောလုံးဆွဲပြေးနေတုန်းမှာပဲ ဒိုင်လူကြီးက ခရာမှုတ်ပြီး အမှတ်အသားဆီ လက်ညှိုးညွှန်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းသားတွေ ဝိုင်းဝန်းပြီး စောဒကတက်ခဲ့ကြပေမယ့် VAR ပြန်ကြည့်ပြီးချိန်မှာလည်း အစ္စရေးဒိုင်လူကြီး ဂရင်းဖီးလ်ရဲ့ ဆုံးဖြတ်ချက်က မပြောင်းခဲ့တာကြောင့် ဒီအခွင့်အရေးကို ပွဲချိန် ၅ မိနစ်မှာ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်ချ်က ဂိုးတိုင်ဘယ်ဘက်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား မေညွန်ရဲ့ လက်ဖျားနဲ့ထိပြီး ဝင်သွားခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့တာပါ။

အိမ်ရှင်ပြင်သစ်တို့ ဘောလုံးပိုင်ဆိုင်မှု ယူပြီး ဖိကစားခဲ့ရာမှာ အမ်ဘာပေရဲ့ ပွဲချိန် ၇ မိနစ်က အဝေးကန်ချက်ကို ဂိုးသမား မိသွားခဲ့ပြီး ပွဲချိန် ၁၆ မိနစ်တော့ ခရိုအေးရှားတို့ ပင်နယ်တီ ထပ်တောင်းစရာအဖြစ် လူကျွံထောင်ချောက်ကို ဖောက်ထွက်လာတဲ့ ဘူဒီမီယာကို ဂိုးသမား မေညွန် ဖျက်ထုတ်ရာမှာ ဘောလုံးထိပြီးမှ လူကို ထိခဲ့တဲ့အတွက် ဒိုင်လူကြီးက သက်ညှာသွားခဲ့ပါတယ်။

ခရိုအေးရှားတို့ရဲ့ Low Block ခံစစ်ကို ပြင်သစ်တို့ အဝေးကနေ Shoot on Sight ကန်သွင်းနေခဲ့ပေမယ့် မကျော်ခဲ့ဘဲ လူထိထွက်လိုက် ဘေးချော်လိုက်နဲ့ အဆုံးသတ်တွေကြောင့် ပထမပိုင်းမှာ ဧည့်သည်လာလုပ်တဲ့ ခရိုအေးရှားတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ကွင်းထဲမှာ ကစားတဲ့ နေရာနဲ့ မသင့်တော်သလိုဖြစ်နေတဲ့ ကွင်းလယ်လူ ကာမာရာနဲ့ ညာနောက်ခံလူ ကွန်ဒီတို့အစား ချွာမင်နီနဲ့ ပါဗတ်တို့ကို နည်းပြ ဒေးရွှမ့်စ်က ထည့်သွင်းခဲ့ပေမယ့် အဝေးကန်ချက်တွေနဲ့ပဲ မထိရောက်တဲ့ ပုံစံနဲ့ ထိုးဖောက်နေခဲ့ရတဲ့ ပြင်သစ်တို့ကို ကောင်တာနဲ့ Pressing ချောင်းကစားတဲ့ ခရိုအေးရှားတို့က မျက်လုံးပြူးအောင် လုပ်နိုင်ခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာ အမ်ဘာပေရဲ့ ကန်ချက်ပျော့လို့ ဂိုးသမား အီဗူရှစ်ချ်က ခြေနဲ့ရမ်းထုတ်သွားခဲ့သလို ပွဲချိန် ၆၇ မိနစ်မှာတော့ ဘောလုံးဆွဲဝင်လာတဲ့ နောက်ခံလူ ဒီညာကို ခရိုအေးရှားကွင်းလယ်လူ မေယာက နောက်ကနေ တွန်းခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီ ပြန်ပေးဖို့ ငြင်းဆန်သွားခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာ တန်ပြန်တိုက်စစ်က မေယာရဲ့ ကန်ချက်ကို ပြင်သစ်ဂိုးသမား မေညွန် ပုတ်ထုတ်ကာကွယ်ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ ပြင်သစ်တို့ဘက်က အန်ကွန်ကူးနဲ့ ဂန်ဒူဇီတို့နေရာတွေမှာ ကိုမွန်နဲ့ ဂရစ်ဇ်မန်းကို လဲကစားခဲ့ပြီး ခရိုအေးရှားဘက်ကတော့ ဘူဒီမီယာ၊ ဘရက်ကာလိုနဲ့ ကိုဗာချစ်ချ်တို့အစား ကရာမာရစ်ချ်၊ ဗလာရှစ်ချ်နဲ့ ဆူချစ်ချ်တို့ ဝင်ကစားခဲ့ကြပြီး နှစ်ဖက်စလုံး ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ချိန်မှာ အိမ်ရှင်တွေရဲ့ ဘင်ဇီးမား၊ အမ်ဘာပေတို့ရဲ့ ထိပ်တန်းတိုက်စစ်ကတော့ ဘဲဥမကွဲဘဲ ရုပ်ပေါက်လွန်းခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဂိုးပေါက်ကန်ခွင့် ၁၇ ကြိမ်မှာ ၄ ကြိမ်သာ ဂိုးပေါက်တည့်ပြီး ဘာမှ တိုက်စစ်ပလန်မရှိခဲ့တဲ့ ပြင်သစ်တို့ကို မိုဒရစ်ချ်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီဂိုးနဲ့ ခရိုအေးရှားတို့ အဝေးကွင်း စတေဒီဖရန့်စ်မှာ အနိုင်ရရှိခဲ့ပြီး ဒိန်းမတ်နောက် ဒုတိယနေရာကို ရပ်တည်နိုင်ခဲ့ချိန်မှာ ဒေးရွှမ့်စ်ရဲ့ အိမ်ရှင်အသင်းကတော့ နေးရှင်းလိဂ်မှာ ၄ ပွဲကစား ၂ မှတ်နဲ့ တန်းဆင်းဖို့ ကြမ်းကပ်နေခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဧည့်သည် ခရိုအေးရှားတို့ကတော့ ဂိုးသမား အီဗူရှစ်ခ်ျ၊ ခံစစ်မှာ ရှူတာလို၊ အာလစ်ခ်ျ၊ စတန်နီရှစ်ခ်ျနဲ့ ယူရာနိုဗစ်ခ်ျတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ မိုဒရစ်ခ်ျ၊ ကိုဗာချစ်ခ်ျနဲ့ ဘရိုဇိုဗစ်ခ်ျတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘူဒီမီယာ၊ ဘရက်ကာလိုနဲ့ ပါရှာလစ်ခ်ျတို့ ပွဲထွက်လာခဲ့ကြတာပါ။


ပြင်သစ်အသင်းသားတွေ ဝိုင်းဝန်းပြီး စောဒကတက်ခဲ့ကြပေမယ့် VAR ပြန်ကြည့်ပြီးချိန်မှာလည်း အစ္စရေးဒိုင်လူကြီး ဂရင်းဖီးလ်ရဲ့ ဆုံးဖြတ်ချက်က မပြောင်းခဲ့တာကြောင့် ဒီအခွင့်အရေးကို ပွဲချိန် ၅ မိနစ်မှာ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်ခ်ျက ဂိုးတိုင်ဘယ်ဘက်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား မေညွန်ရဲ့ လက်ဖျားနဲ့ထိပြီး ဝင်သွားခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့တာပါ။




ပွဲချိန် ၆၁ မိနစ်မှာ အမ်ဘာပေရဲ့ ကန်ချက်ပျော့လို့ ဂိုးသမား အီဗူရှစ်ခ်ျက ခြေနဲ့ရမ်းထုတ်သွားခဲ့သလို ပွဲချိန် ၆၇ မိနစ်မှာတော့ ဘောလုံးဆွဲဝင်လာတဲ့ နောက်ခံလူ ဒီညာကို ခရိုအေးရှားကွင်းလယ်လူ မေယာက နောက်ကနေ တွန်းခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီ ပြန်ပေးဖို့ ငြင်းဆန်သွားခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာ တန်ပြန်တိုက်စစ်က မေယာရဲ့ ကန်ချက်ကို ပြင်သစ်ဂိုးသမား မေညွန် ပုတ်ထုတ်ကာကွယ်ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ ပြင်သစ်တို့ဘက်က အန်ကွန်ကူးနဲ့ ဂန်ဒူဇီတို့နေရာတွေမှာ ကိုမွန်နဲ့ ဂရစ်ဇ်မန်းကို လဲကစားခဲ့ပြီး ခရိုအေးရှားဘက်ကတော့ ဘူဒီမီယာ၊ ဘရက်ကာလိုနဲ့ ကိုဗာချစ်ခ်ျတို့အစား ကရာမာရစ်ခ်ျ၊ ဗလာရှစ်ခ်ျနဲ့ ဆူချစ်ခ်ျတို့ ဝင်ကစားခဲ့ကြပြီး နှစ်ဖက်စလုံး ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ချိန်မှာ အိမ်ရှင်တွေရဲ့ ဘင်ဇီးမား၊ အမ်ဘာပေတို့ရဲ့ ထိပ်တန်းတိုက်စစ်ကတော့ ဘဲဥမကွဲဘဲ ရုပ်ပေါက်လွန်းခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဂိုးပေါက်ကန်ခွင့် ၁၇ ကြိမ်မှာ ၄ ကြိမ်သာ ဂိုးပေါက်တည့်ပြီး ဘာမှ တိုက်စစ်ပလန်မရှိခဲ့တဲ့ ပြင်သစ်တို့ကို မိုဒရစ်ခ်ျရဲ့ တစ်လုံးတည်းသော ပင်နယ်တီဂိုးနဲ့ ခရိုအေးရှားတို့ အဝေးကွင်း စတေဒီဖရန့်စ်မှာ အနိုင်ရရှိခဲ့ပြီး ဒိန်းမတ်နောက် ဒုတိယနေရာကို ရပ်တည်နိုင်ခဲ့ချိန်မှာ ဒေးရွှမ့်စ်ရဲ့ အိမ်ရှင်အသင်းကတော့ နေးရှင်းလိဂ်မှာ ၄ ပွဲကစား ၂ မှတ်နဲ့ တန်းဆင်းဖို့ ကြမ်းကပ်နေခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.