Premier League

မန်စီးတီးကို အပြီးသတ်ပြောင်းရွှေ့ပြီးနောက် ရည်မှန်းချက် ၃ ခု သတ်မှတ်လိုက်တဲ့ ဟာလန်း

မန်ချက်စတာစီးတီးအသင်းဟာ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး အာလင်း ဟာလန်းကို ဒေါ့မွန်အသင်းကနေ ပေါင် ၅၁ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ပြီးခဲ့တဲ့လက ဟာလန်းရဲ့ စာချုပ်လျော်ကြေး ပေါင် ၅၁ သန်းကို ပေးချေခဲ့ပြီးနောက် ဒေါ့မွန်အသင်းကနေ နော်ဝေတိုက်စစ်မှူးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အာလင်း ဟာလန်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ မန်ချက်စတာစီးတီးကစားသမား တရားဝင်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ ၂ ရာသီခွဲအတွင်း ၈၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၈၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ဘောလုံးလောကမှာ အသင်းတိုင်း ခေါ်ယူချင်တာ အခံရဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။ “ဒီနေ့က ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် ဂုဏ်ယူရတဲ့နေ့တစ်နေ့ပါ။ ကျွန်တော် အမြဲတမ်း မန်စီးတီး ပွဲကို စောင့်ကြည့်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီတွေမှာ သူတို့တွေ လုပ်ခဲ့တာတွေကိုလည်း နှစ်သက်ခဲ့ပါတယ်”

“ခင်ဗျား အဲဒီလိုမဖြစ်ဖို့ မတတ်နိုင်ပါဘူး။ သူတို့ ကစားတဲ့စတိုင်လ်ကို နှစ်သက်မိမှာပါ။ အဲဒါက စိတ်လှုပ်ရှားစရာဖြစ်ပြီး သူတို့တွေ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်တယ်။ အဲဒါက ကျွန်တော့်လိုမျိုးကစားသမားအတွက်တော့ ပြီးပြည့်စုံတဲ့အရာပဲ။ ဒီလူစာရင်းထဲမှာ ကမ္ဘာ့အဆင့်ကစားသမားတွေ အများကြီး ရှိနေပြီး ပက်က တသက်တာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးပါ။ အဲဒီတော့ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ မှန်ကန်တဲ့နေရာမှာ ရှိနေပြီလို့ ယုံကြည်ပါတယ်”

“ကျွန်တော် ဂိုးတွေ သွင်းယူချင်တယ်။ ဆုဖလားတွေ ရရှိချင်ပြီး ဘောလုံးသမားတစ်ယောက်အဖြစ်နဲ့ တိုးတက်ချင်တယ်။ ကျွန်တော် အဲဒါကို ဒီမှာ လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ဒီအပြောင်းအရွှေ့က ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ အပြောင်းအရွှေ့ဖြစ်ပြီး ရာသီကြိုမှာ အသင်းနဲ့အတူ စကစားဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်း ရောက်ရှိလာမှုကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ဟာရီ ကိန်းကို တော့တင်ဟမ်ဟော့စပါးအသင်းဆီကနေ ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် အထောင်တိုက်စစ်မှူးရှာဖွေနေတဲ့ မန်စီးတီးရဲ့ရှာပုံတော်ခရီးဟာ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။ ဟာလန်းဟာ ရာသီကြိုကာလ ကလပ် အမေရိကနဲ့ ယှဉ်ပြိုင်ကစားရမယ့် ခြေစမ်းပွဲစဉ်မှာ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးသွားဖွယ်ရှိပြီး လာမယ့်လ အမေရိကားမှာ ကစားရမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာလည်း ပါဝင်ကစားပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အဲဒီပွဲစဉ်တွေအပြီးမှာတော့ လာမယ့်ရာသီသစ်မတိုင်ခင် ကွန်မြူနတီဒိုင်းလုပွဲအဖြစ် အက်ဖ်အေဖလား ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးအသင္းဟာ ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉး အာလင္း ဟာလန္းကို ေဒါ့မြန္အသင္းကေန ေပါင္ ၅၁ သန္းနဲ႔ အၿပီးသတ္ ေခၚယူႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံေတြဟာ ၿပီးခဲ့တဲ့လက ဟာလန္းရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၅၁ သန္းကို ေပးေခ်ခဲ့ၿပီးေနာက္ ေဒါ့မြန္အသင္းကေန ေနာ္ေဝတိုက္စစ္မႉးကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အာလင္း ဟာလန္းဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ၿပီး ဇူလိုင္လ ၁ ရက္ေန႔မွာ မန္ခ်က္စတာစီးတီးကစားသမား တရားဝင္ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

ဟာလန္းဟာ ေဒါ့မြန္အသင္းနဲ႔ ၂ ရာသီခြဲအတြင္း ၈၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၈၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေဘာလုံးေလာကမွာ အသင္းတိုင္း ေခၚယူခ်င္တာ အခံရဆုံး ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရသူျဖစ္ပါတယ္။ “ဒီေန႔က ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ မိသားစုအတြက္ ဂုဏ္ယူရတဲ့ေန႔တစ္ေန႔ပါ။ ကြၽန္ေတာ္ အၿမဲတမ္း မန္စီးတီး ပြဲကို ေစာင့္ၾကည့္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီေတြမွာ သူတို႔ေတြ လုပ္ခဲ့တာေတြကိုလည္း ႏွစ္သက္ခဲ့ပါတယ္”

“ခင္ဗ်ား အဲဒီလိုမျဖစ္ဖို႔ မတတ္ႏိုင္ပါဘူး။ သူတို႔ ကစားတဲ့စတိုင္လ္ကို ႏွစ္သက္မိမွာပါ။ အဲဒါက စိတ္လႈပ္ရွားစရာျဖစ္ၿပီး သူတို႔ေတြ အခြင့္အေရးေတြ အမ်ားႀကီး ဖန္တီးႏိုင္တယ္။ အဲဒါက ကြၽန္ေတာ့္လိုမ်ိဳးကစားသမားအတြက္ေတာ့ ၿပီးျပည့္စုံတဲ့အရာပဲ။ ဒီလူစာရင္းထဲမွာ ကမာၻ႔အဆင့္ကစားသမားေတြ အမ်ားႀကီး ရွိေနၿပီး ပက္က တသက္တာအေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးပါ။ အဲဒီေတာ့ ကြၽန္ေတာ့္ရဲ႕ ရည္မွန္းခ်က္ေတြကို ျဖည့္ဆည္းႏိုင္ဖို႔ မွန္ကန္တဲ့ေနရာမွာ ရွိေနၿပီလို႔ ယုံၾကည္ပါတယ္”

“ကြၽန္ေတာ္ ဂိုးေတြ သြင္းယူခ်င္တယ္။ ဆုဖလားေတြ ရရွိခ်င္ၿပီး ေဘာလုံးသမားတစ္ေယာက္အျဖစ္နဲ႔ တိုးတက္ခ်င္တယ္။ ကြၽန္ေတာ္ အဲဒါကို ဒီမွာ လုပ္ႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိပါတယ္။ ဒီအေျပာင္းအေ႐ႊ႕က ကြၽန္ေတာ့္အတြက္ အရမ္းေကာင္းတဲ့ အေျပာင္းအေ႐ႊ႕ျဖစ္ၿပီး ရာသီႀကိဳမွာ အသင္းနဲ႔အတူ စကစားဖို႔ မေစာင့္ဆိုင္းႏိုင္ေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာလန္း ေရာက္ရွိလာမႈေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဟာရီ ကိန္းကို ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဆီကေန ေခၚယူဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့တဲ့ေနာက္ အေထာင္တိုက္စစ္မႉးရွာေဖြေနတဲ့ မန္စီးတီးရဲ႕ရွာပုံေတာ္ခရီးဟာ အဆုံးသတ္ခဲ့ၿပီျဖစ္ပါတယ္။ ဟာလန္းဟာ ရာသီႀကိဳကာလ ကလပ္ အေမရိကနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ေျခစမ္းပြဲစဥ္မွာ ပထမဆုံးပြဲစဥ္အျဖစ္ ပါဝင္ကစားေပးသြားဖြယ္ရွိၿပီး လာမယ့္လ အေမရိကားမွာ ကစားရမယ့္ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲစဥ္မွာလည္း ပါဝင္ကစားေပးသြားမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ အဲဒီပြဲစဥ္ေတြအၿပီးမွာေတာ့ လာမယ့္ရာသီသစ္မတိုင္ခင္ ကြန္ျမဴနတီဒိုင္းလုပြဲအျဖစ္ အက္ဖ္ေအဖလား ခ်န္ပီယံ လီဗာပူးလ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.