La Liga Premier League Transfer News

လာကာဇက္ကို တီကိုဆီ ေရာင္းခ်ဖို႔ စီစဥ္ေနတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ အသင္းရဲ႕ ဂိုးသြင္းဘုရင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ အလြန္နီးစပ္ေနခ်ိန္မွာ တျခားစီနီယာတုိက္စစ္မွဴးတစ္ဦးျဖစ္တဲ့ အလက္ဇန္းဒါး လာကာဇက္ကိုေတာ့ ေရာင္းထုတ္သြားေတာ့မယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။

ေျမာက္လန္ဒန္သားေတြအေနနဲ႔ ဒီရာသီမွာ ၿပဳိင္ပြဲစုံ ၂၉ ဂိုး သြင္းယူေပးခဲ့တဲ့ အူဘာမီယန္းရဲ႕ အေရးပါမွဳကို သိျမင္ထားၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆုိဖို႔ ႀကဳိးစားေနခ်ိန္မွာ နည္းျပ မီခယ္လ္ အာတီတာရဲ႕ နည္းစနစ္ပုိင္းနဲ႔ ကိုက္ညီျခင္းမရွိတဲ့ လာကာဇက္ကိုေတာ့ ေပါင္သန္း ၃၀ ရရင္ ေရာင္းထုတ္သြားဖို႔ ရွိေနတယ္လို႔လည္း ဆုိပါတယ္။

ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ၂၀၁၇ ႏွစ္ကုန္ပုိင္းကတည္းက ေဝးကြာေနခဲ့တဲ့ လီယြန္တုိက္စစ္မွဴးေဟာင္းဟာ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕လာၿပီး မၾကာခင္မွာပဲ အျပာေရာင္အက်ႌကို ဝတ္ဆင္ခြင့္မရေတာ့တာလည္းျဖစ္ၿပီး သူနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းမွတ္တမ္းက သိပ္ေတာ့ ေကာင္းမြန္ျခင္းမရွိခဲ့တာလည္းျဖစ္ပါတယ္။

ေဘာလုံးကိုင္ကစားႏုိင္မွဳေတြမွာ ေကာင္းမြန္ေပမယ့္ အဆုံးသတ္ပုိင္းမွာေတာ့ အေထာင္တုိက္စစ္မွဴးတစ္ဦးနဲ႔ ကိုက္ညီတဲ့ သြင္းဂိုးမ်ဳိးေတြကို ရယူထားႏိုင္ျခင္း မရွိတဲ့ အသက္ ၂၉ ႏွစ္အရြယ္ တုိက္စစ္မွဴးဟာ အာဆင္နယ္ တာဝန္ရွိသူေတြအတြက္ေတာ့ ေဈးေကာင္းရတုန္းမွာ ေရာင္းခ်သင့္တဲ့ ကစားသမားအျဖစ္ သတ္မွတ္ခံထားရၿပီး လက္ရွိမွာေတာ့ အက္သလက္တီကိုနဲ႔ ေဆြးေႏြးေနတယ္လို႔ သတင္းေတြ ထြက္လာခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္ရွိေနတဲ့ လာကာဇက္ကို ဒီအတုိင္း ေရာင္းခ်သြားမွာလား ဒါမွမဟုတ္ အသင္းက အလိုရွိေနတဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးနဲ႔ လွဲလွယ္ဖို႔ ေဈးသတ္မွတ္သြားမွာလားဆုိတာကိုေတာ့ မသိရေသးဘဲ ဆက္လက္ေစာင့္ၾကည့္ရဖြယ္ရွိေနၿပီး အာတီတာရဲ႕ လာမယ့္ရာသီ လူစာရင္းကလည္း အဝင္အထြက္မ်ားျပားဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ အသင်းရဲ့ ဂိုးသွင်းဘုရင် ပျယ်-အမ်မရိခ် အူဘာမီယန်းကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အလွန်နီးစပ်နေချိန်မှာ တခြားစီနီယာတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အလက်ဇန်းဒါး လာကာဇက်ကိုတော့ ရောင်းထုတ်သွားတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

မြောက်လန်ဒန်သားတွေအနေနဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၉ ဂိုး သွင်းယူပေးခဲ့တဲ့ အူဘာမီယန်းရဲ့ အရေးပါမှုကို သိမြင်ထားပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေချိန်မှာ နည်းပြ မီခယ်လ် အာတီတာရဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီခြင်းမရှိတဲ့ လာကာဇက်ကိုတော့ ပေါင်သန်း ၃၀ ရရင် ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ဝေးကွာနေခဲ့တဲ့ လီယွန်တိုက်စစ်မှူးဟောင်းဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာပြီး မကြာခင်မှာပဲ အပြာရောင်အင်္ကျီကို ဝတ်ဆင်ခွင့်မရတော့တာလည်းဖြစ်ပြီး သူနဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းမှတ်တမ်းက သိပ်တော့ ကောင်းမွန်ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘောလုံးကိုင်ကစားနိုင်မှုတွေမှာ ကောင်းမွန်ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ အထောင်တိုက်စစ်မှူးတစ်ဦးနဲ့ ကိုက်ညီတဲ့ သွင်းဂိုးမျိုးတွေကို ရယူထားနိုင်ခြင်း မရှိတဲ့ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ် တာဝန်ရှိသူတွေအတွက်တော့ ဈေးကောင်းရတုန်းမှာ ရောင်းချသင့်တဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး လက်ရှိမှာတော့ အက်သလက်တီကိုနဲ့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ လာကာဇက်ကို ဒီအတိုင်း ရောင်းချသွားမှာလား ဒါမှမဟုတ် အသင်းက အလိုရှိနေတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးနဲ့ လှဲလှယ်ဖို့ ဈေးသတ်မှတ်သွားမှာလားဆိုတာကိုတော့ မသိရသေးဘဲ ဆက်လက်စောင့်ကြည့်ရဖွယ်ရှိနေပြီး အာတီတာရဲ့ လာမယ့်ရာသီ လူစာရင်းကလည်း အဝင်အထွက်များပြားဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.