Premier League

ရွှေဖိနပ်ရထားတဲ့ သားဖြစ်သူက ကမ္ဘာ့အဆင့်မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဆွန်ရဲ့ဖခင်

ဆွန်ဟောင်မင်ရဲ့ ဖခင် ဆွန်ဝူးဂျွန်းက ၎င်းရဲ့ သားဖြစ်သူအနေနဲ့ ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာချင်တယ်ဆိုရင် အလုပ်ကြိုးစားရမှာဖြစ်ပြီး အခုလုပ်နေတာထက် ၁၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်လာဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ နောဝစ်ချ် စီးတီးနဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး သွင်းဂိုး ၂၃ ဂိုးအထိ ပြည့်မြောက်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားနဲ့ ပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိခဲ့တဲ့ ပထမဆုံး အာရှကစားသမားဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ခေတ်သစ်မှာ ရွှေဖိနပ်ဆုရရှိဖူးတဲ့ တတိယမြောက် စပါးစ်ကစားသမားလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။ တက်ဒီ ရှယ်ရင်ဟမ်က ၁၉၉၂-၁၉၉၃ ရာသီမှာ ရွှေဖိနပ်ဆုကို ရရှိခဲ့တာဖြစ်ပြီး ဟာရီ ကိန်းက ၂၀၂၀-၂၀၂၁ ရာသီမှာ ရွှေဖိနပ်ဆုကို တတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆွန်ရဲ့ဖခင်က ၎င်းရဲ့ သားဟာ ကမ္ဘာ့အဆင့်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်မျိုး ပိုင်ဆိုင်ထားတယ်လို့ မယုံကြည်သေးဘဲ အသက် ၂၉ နှစ်အရွယ် တောင်ကိုရီးယားတိုက်စစ်မှူးအနေနဲ့ ပထမဆုံး ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတွေထဲက တစ်သင်းမှာ ခိုင်မာတဲ့အခန်းကဏ္ဍကနေ ကစားပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ့အနေနဲ့ အလုပ်ပိုကြိုးစားရမှာဖြစ်ပြီး ပိုပြီး တိုးတက်အောင် လုပ်ရမှာပါ။ သူ အခုရရှိနေတဲ့ဟာနဲ့ စိတ်ကျေနပ်နေခဲ့မယ်ဆိုရင် ပြဿနာ ရှိနေပါပြီ။ အကောင်းဆုံးပုံစံမှာ ဆက်ရှိနေဖို့ သူ အမြဲတမ်း ပိုကောင်းအောင်လုပ်ရမယ်လို့ ခင်ဗျား မထင်ဘူးလား။ သူ ရှိနေတဲ့နေရာမှာ ဆက်နေဖို့ ပျော်ရွှင်နေမယ့်အစား ကျွန်တော် သူ့ကို အမြဲတမ်း ၁၀ ရာခိုင်နှုန်း ပိုကောင်းအောင် လုပ်စေချင်ပါတယ်”

ဆွန်ဝူးဂျွန်းက ဆွန်ဟောင်မင်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေကို အရိပ်အမြွက် ပြောကြားခဲ့ပြီး “သူ့အနေနဲ့ ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတွေထဲက တစ်သင်းမှာ ခိုင်မာတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနိုင်ရမယ်။ အဲဒီအချိန်ကျမှ သူက ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာပါလိမ့်မယ်။ ကျွန်တော် အရင်တုန်းက ပြောခဲ့ဖူးသလိုပဲ အဲဒီပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ ရှေ့မှာရှိတဲ့အရာအားလုံးကို ၁၀ ရာခိုင်နှုန်း ပိုကောင်းအောင် လုပ်မှရမယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆွန်ဝူးဂျွန်းက သားဖြစ်သူရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ပတ်သက်ပြီးလည်း ပြောဆိုခဲ့ပြီး ဆွန်ဟောင်မင်အနေနဲ့ လာမယ့်ရာသီမှာ ဒီခြေစွမ်းအတိုင်း ပြန်လည်မပြသနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

“သူက ဒီနှစ်မှာ ဂိုးတွေအများကြီး သွင်းယူခဲ့တယ်။ ဒါပေမယ့် အဲဒါက လာမယ့်နှစ်မှာ ဒီအတိုင်း သူ လုပ်နိုင်လိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အဆင်သင့်ဖြစ်အောင် လုပ်ထားတဲ့သူတွေကပဲ အခက်အခဲတွေကြားမှာ ရှင်သန်နိုင်မှာပါ။ သူ့အနေနဲ့ သတိမပြတ်ဘဲ အရာအားလုံးကို ရင်ဆိုင်ရမှာဖြစ်ပြီး အရမ်းဂုဏ်မောက်နေလို့ မရနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဆြန္ေဟာင္မင္ရဲ႕ ဖခင္ ဆြန္ဝူးဂြၽန္းက ၎ရဲ႕ သားျဖစ္သူအေနနဲ႔ ကမာၻ႔အဆင့္ ကစားသမားျဖစ္လာခ်င္တယ္ဆိုရင္ အလုပ္ႀကိဳးစားရမွာျဖစ္ၿပီး အခုလုပ္ေနတာထက္ ၁၀ ရာခိုင္ႏႈန္းပိုမိုေကာင္းမြန္လာဖို႔ လိုတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဆြန္ေဟာင္မင္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ ရာသီပိတ္ပြဲစဥ္ျဖစ္တဲ့ ေနာဝစ္ခ်္ စီးတီးနဲ႔ပြဲစဥ္မွာ ၂ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး သြင္းဂိုး ၂၃ ဂိုးအထိ ျပည့္ေျမာက္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ရဲ႕ ေ႐ႊဖိနပ္ဆုကို လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားနဲ႔ ပူးတြဲရရွိခဲ့တာျဖစ္ပါတယ္။

ရလဒ္အေနနဲ႔ ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆု ရရွိခဲ့တဲ့ ပထမဆုံး အာရွကစားသမားျဖစ္လာခဲ့ၿပီး ပရီးမီးယားလိဂ္ေခတ္သစ္မွာ ေ႐ႊဖိနပ္ဆုရရွိဖူးတဲ့ တတိယေျမာက္ စပါးစ္ကစားသမားလည္း ျဖစ္လာခဲ့တာျဖစ္ပါတယ္။ တက္ဒီ ရွယ္ရင္ဟမ္က ၁၉၉၂-၁၉၉၃ ရာသီမွာ ေ႐ႊဖိနပ္ဆုကို ရရွိခဲ့တာျဖစ္ၿပီး ဟာရီ ကိန္းက ၂၀၂၀-၂၀၂၁ ရာသီမွာ ေ႐ႊဖိနပ္ဆုကို တတိယအႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆြန္ရဲ႕ဖခင္က ၎ရဲ႕ သားဟာ ကမာၻ႔အဆင့္ကစားသမားဆိုတဲ့ ဂုဏ္ပုဒ္မ်ိဳး ပိုင္ဆိုင္ထားတယ္လို႔ မယုံၾကည္ေသးဘဲ အသက္ ၂၉ ႏွစ္အ႐ြယ္ ေတာင္ကိုရီးယားတိုက္စစ္မႉးအေနနဲ႔ ပထမဆုံး ကမာၻ႔ထိပ္တန္းကလပ္အသင္းေတြထဲက တစ္သင္းမွာ ခိုင္မာတဲ့အခန္းက႑ကေန ကစားေပးရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူ႔အေနနဲ႔ အလုပ္ပိုႀကိဳးစားရမွာျဖစ္ၿပီး ပိုၿပီး တိုးတက္ေအာင္ လုပ္ရမွာပါ။ သူ အခုရရွိေနတဲ့ဟာနဲ႔ စိတ္ေက်နပ္ေနခဲ့မယ္ဆိုရင္ ျပႆနာ ရွိေနပါၿပီ။ အေကာင္းဆုံးပုံစံမွာ ဆက္ရွိေနဖို႔ သူ အၿမဲတမ္း ပိုေကာင္းေအာင္လုပ္ရမယ္လို႔ ခင္ဗ်ား မထင္ဘူးလား။ သူ ရွိေနတဲ့ေနရာမွာ ဆက္ေနဖို႔ ေပ်ာ္႐ႊင္ေနမယ့္အစား ကြၽန္ေတာ္ သူ႔ကို အၿမဲတမ္း ၁၀ ရာခိုင္ႏႈန္း ပိုေကာင္းေအာင္ လုပ္ေစခ်င္ပါတယ္”

ဆြန္ဝူးဂြၽန္းက ဆြန္ေဟာင္မင္ရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ျဖစ္ႏိုင္ေျခကို အရိပ္အႁမြက္ ေျပာၾကားခဲ့ၿပီး “သူ႔အေနနဲ႔ ကမာၻ႔ထိပ္တန္းကလပ္အသင္းေတြထဲက တစ္သင္းမွာ ခိုင္မာတဲ့အခန္းက႑ကေန ပါဝင္ကစားေပးႏိုင္ရမယ္။ အဲဒီအခ်ိန္က်မွ သူက ကမာၻ႔အဆင့္ ကစားသမားျဖစ္လာပါလိမ့္မယ္။ ကြၽန္ေတာ္ အရင္တုန္းက ေျပာခဲ့ဖူးသလိုပဲ အဲဒီပန္းတိုင္ကို ေရာက္ရွိႏိုင္ဖို႔ ေရွ႕မွာရွိတဲ့အရာအားလုံးကို ၁၀ ရာခိုင္ႏႈန္း ပိုေကာင္းေအာင္ လုပ္မွရမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆြန္ဝူးဂြၽန္းက သားျဖစ္သူရဲ႕ ဂိုးသြင္းစြမ္းရည္နဲ႔ပတ္သက္ၿပီးလည္း ေျပာဆိုခဲ့ၿပီး ဆြန္ေဟာင္မင္အေနနဲ႔ လာမယ့္ရာသီမွာ ဒီေျခစြမ္းအတိုင္း ျပန္လည္မျပသႏိုင္တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ သတိေပးခဲ့ပါတယ္။

“သူက ဒီႏွစ္မွာ ဂိုးေတြအမ်ားႀကီး သြင္းယူခဲ့တယ္။ ဒါေပမယ့္ အဲဒါက လာမယ့္ႏွစ္မွာ ဒီအတိုင္း သူ လုပ္ႏိုင္လိမ့္မယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ အဆင္သင့္ျဖစ္ေအာင္ လုပ္ထားတဲ့သူေတြကပဲ အခက္အခဲေတြၾကားမွာ ရွင္သန္ႏိုင္မွာပါ။ သူ႔အေနနဲ႔ သတိမျပတ္ဘဲ အရာအားလုံးကို ရင္ဆိုင္ရမွာျဖစ္ၿပီး အရမ္းဂုဏ္ေမာက္ေနလို႔ မရႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.