Premier League Transfer News

ဘရာဇီးလ္သားႏွစ္ေယာက္ထဲမွာ သူႀကဳိက္တဲ့သူကို ေရြးခ်ယ္လုိက္တဲ့ မာတင္ ကီးယြန္း

အာဆင္နယ္အသင္းနဲ႔ အသံထြက္ေနတဲ့ ဘရာဇီးလ္သား ကြင္းလယ္တုိက္စစ္သမားႏွစ္ဦးျဖစ္တဲ့ ဖလိပီ ေကာ္တင္ညဳိနဲ႔ ဝီလီယန္တို႔ႏွစ္ဦးအေနနဲ႔ ဘယ္သူက ပိုမိုအက်ဳိးျပဳၿပီး အသင္းနဲ႔ သင့္ေတာ္မလဲဆုိတာကို ေနာက္ခံလူေဟာင္း မာတင္ ကီးယြန္းက သုံးသပ္ျပခဲ့ၿပီး သူႀကဳိက္တဲ့ ကစားသမားကို ေရြးခ်ယ္လုိက္ပါတယ္။

အမ္းမရိတ္ကြင္းမွာ ဘယ္ျခမ္းမွာ ထင္သေလာက္ ေျခစြမ္းမျပႏုိင္တဲ့ နီကိုလတ္စ္ ေပေပရဲ႕ ညာျခမ္းက ေနရာကို ၿခိမ္းေျခာက္ဖို႔အတြက္ေတာ့ တိုက္စစ္မွာ ေနရာစုံကစားႏုိင္တဲ့ ဝီလီယန္က ပိုမိုဖိအားေပးႏုိင္ဖြယ္ရွိၿပီး တုိက္စစ္မွဴးေနာက္ အလယ္ေက်ာကေန ထိုးေဖာက္မယ့္ ေကာ္တင္ညဳိကေတာ့ မတူညီတဲ့ ဟန္ပန္နဲ႔ ဘယ္ျခမ္းကိုပဲ အဓိက စိုးမုိးမယ့္သူလည္းျဖစ္လာဖို႔ ရွိေနပါတယ္။

မာတင္ ကီးယြန္းကေတာ့ ဝီလီယန္ဟာ အသင္းအတြက္ စိတ္ခ်တဲ့ အေလာင္းအစားတစ္ခုလို႔ ဆုိလုိက္ၿပီး ပရီးမီးယားလိဂ္မွာ တစ္ရာသီမပ်က္ ကစားလာမွဳနဲ႔ ခ်ဲလ္ဆီးလိုအသင္းမ်ဳိးမွာ လက္ရွိအသက္အရြယ္အထိ ကစားသမားေပါင္းမ်ားစြာနဲ႔ ယွဥ္ၿပဳိင္ရင္း ေျခစြမ္းျပႏုိင္ဆဲျဖစ္ေနတာက ဘာစီလိုနာကြင္းလယ္သမားထက္ သာလြန္တဲ့ ေခၚယူမွဳျဖစ္ႏုိင္တယ္လုိ႔လည္း ဆုိလိုက္ပါတယ္။

“ေကာ္တင္ညဳိက အသင္းေတာ္ေတာ္မ်ားမ်ားနဲ႔ အခ်ိတ္အဆက္ရွိေနတာျဖစ္ၿပီး ဒါက သူ႕ကို မတည္မၿငိမ္ျဖစ္ေစပါတယ္။ ကၽြန္ေတာ့္ အတြက္ေတာ့ ဝီလီယန္က စိတ္ခ်ရတဲ့ အေလာင္းအစားပါပဲ။ သူက ဒီၿမဳိ႕ေတာ္ႀကီးမွာ အျမဲတမ္းရွိေနခဲ့တဲ့သူျဖစ္ၿပီး အျမဲတမ္း ေျခစြမ္းတည္ၿငိမ္ခဲ့တဲ့သူပါ။ ခ်ဲလ္ဆီးကေတာ့ သူ႕ကို လက္လႊတ္ရတာ ႀကီးမားတဲ့ ဆုံးရွဳံးမွဳျဖစ္ၿပီး တည္ကန္ေဘာေတြမွာ သူဟာ ဘယ္ေလာက္အားကိုးခဲ့ရသလဲဆိုတာကို ၾကည့္ရင္ သိႏိုင္ပါတယ္”လုိ႔ အာဆင္နယ္ေနာက္ခံလူေဟာင္းက ဆုိပါတယ္။

ဒါ့အျပင္ ကီးယြန္းက အာဆင္နယ္အသင္းအေနနဲ႔ ဝီလီယန္ေတာင္းဆိုတဲ့ စာခ်ဳပ္သက္တမ္းကိုလည္း ေပးအပ္သင့္ေၾကာင္းနဲ႔ သူ႕ဆီက အေတြ႕အႀကဳံေတြနဲ႔ ႏိုင္လိုစိတ္ဟာ အသင္းက အေတြ႕အႀကဳံႏုနယ္တဲ့ လူငယ္အမ်ားစုအတြက္ အတုယူစရာလည္းျဖစ္လာလိမ့္မယ္လုိ႔ ခန္႔မွန္းလုိက္ၿပီး ဒါကသာ မွန္ကန္တဲ့ ကစားသမားေရြးခ်ယ္မွဳျဖစ္မယ္လုိ႔လည္း ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းနဲ့ အသံထွက်နေတဲ့ ဘရာဇီးလ်သား ကွင်းလယ်တိုက်စစ်သမားနှစ်ဦးဖြစ်တဲ့ ဖလိပီ ကော်တင်ညိုနဲ့ ဝီလီယန်တို့နှစ်ဦးအနေနဲ့ ဘယ်သူက ပိုမိုအကျိုးပြုပြီး အသင်းနဲ့ သင့်တော်မလဲဆိုတာကို နောက်ခံလူဟောင်း မာတင် ကီးယွန်းက သုံးသပ်ပြခဲ့ပြီး သူကြိုက်တဲ့ ကစားသမားကို ရွေးချယ်လိုက်ပါတယ်။

အမ်းမရိတ်ကွင်းမှာ ဘယ်ခြမ်းမှာ ထင်သလောက် ခြေစွမ်းမပြနိုင်တဲ့ နီကိုလတ်စ် ပေပေရဲ့ ညာခြမ်းက နေရာကို ခြိမ်းခြောက်ဖို့အတွက်တော့ တိုက်စစ်မှာ နေရာစုံကစားနိုင်တဲ့ ဝီလီယန်က ပိုမိုဖိအားပေးနိုင်ဖွယ်ရှိပြီး တိုက်စစ်မှူးနောက် အလယ်ကျောကနေ ထိုးဖောက်မယ့် ကော်တင်ညိုကတော့ မတူညီတဲ့ ဟန်ပန်နဲ့ ဘယ်ခြမ်းကိုပဲ အဓိက စိုးမိုးမယ့်သူလည်းဖြစ်လာဖို့ ရှိနေပါတယ်။

မာတင် ကီးယွန်းကတော့ ဝီလီယန်ဟာ အသင်းအတွက် စိတ်ချတဲ့ အလောင်းအစားတစ်ခုလို့ ဆိုလိုက်ပြီး ပရီးမီးယားလိဂ်မှာ တစ်ရာသီမပျက် ကစားလာမှုနဲ့ ချဲလ်ဆီးလိုအသင်းမျိုးမှာ လက်ရှိအသက်အရွယ်အထိ ကစားသမားပေါင်းများစွာနဲ့ ယှဉ်ပြိုင်ရင်း ခြေစွမ်းပြနိုင်ဆဲဖြစ်နေတာက ဘာစီလိုနာကွင်းလယ်သမားထက် သာလွန်တဲ့ ခေါ်ယူမှုဖြစ်နိုင်တယ်လို့လည်း ဆိုလိုက်ပါတယ်။

“ကော်တင်ညိုက အသင်းတော်တော်များများနဲ့ အချိတ်အဆက်ရှိနေတာဖြစ်ပြီး ဒါက သူ့ကို မတည်မငြိမ်ဖြစ်စေပါတယ်။ ကျွန်တော့် အတွက်တော့ ဝီလီယန်က စိတ်ချရတဲ့ အလောင်းအစားပါပဲ။ သူက ဒီမြို့တော်ကြီးမှာ အမြဲတမ်းရှိနေခဲ့တဲ့သူဖြစ်ပြီး အမြဲတမ်း ခြေစွမ်းတည်ငြိမ်ခဲ့တဲ့သူပါ။ ချဲလ်ဆီးကတော့ သူ့ကို လက်လွှတ်ရတာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး တည်ကန်ဘောတွေမှာ သူဟာ ဘယ်လောက်အားကိုးခဲ့ရသလဲဆိုတာကို ကြည့်ရင် သိနိုင်ပါတယ်”လို့ အာဆင်နယ်နောက်ခံလူဟောင်းက ဆိုပါတယ်။

ဒါ့အပြင် ကီးယွန်းက အာဆင်နယ်အသင်းအနေနဲ့ ဝီလီယန်တောင်းဆိုတဲ့ စာချုပ်သက်တမ်းကိုလည်း ပေးအပ်သင့်ကြောင်းနဲ့ သူ့ဆီက အတွေ့အကြုံတွေနဲ့ နိုင်လိုစိတ်ဟာ အသင်းက အတွေ့အကြုံနုနယ်တဲ့ လူငယ်အများစုအတွက် အတုယူစရာလည်းဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး ဒါကသာ မှန်ကန်တဲ့ ကစားသမားရွေးချယ်မှုဖြစ်မယ်လို့လည်း ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.