International Match Report

မနိုင်ကြေး မရှုံးကြေး ညှိကန်သလားတောင် ထင်ရတဲ့ စနေနေ့ည နေးရှင်းလိဂ်ပွဲစဉ်များ

ပြီးခဲ့တဲ့ စနေနေ့ညက ကျင်းပခဲ့တဲ့ နေးရှင်းလိဂ်(A) အုပ်စု ၃ နဲ့ ၄ ရဲ့ ပွဲစဉ်တွေမှာ အကြီးဆုံးပွဲဖြစ်တဲ့ အင်္ဂလန်နဲ့ အီတလီတို့ ဘဲဉမကွဲကျဘဲ သရေတစ်မှတ်စီ ခွဲယူခဲ့ကြသလို ကျန်တဲ့ ပွဲစဉ် ၃ ပွဲမှာလည်း ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်တို့လို အသင်းကြီးတွေအားလုံး နိုင်ပွဲပျောက်ဆုံးခဲ့ပြီး သရေပွဲ ၄ ပွဲအထိ မနိုင်ကြေး မရှုံးကြေး တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

အုပ်စု ၃ မှာ နည်းပြ ဆောက်ဂိတ်ရဲ့ အရည်အသွေးအမှန်တွေ ပေါ်ပြီးရင်းပေါ်လာနေသလို အသင်းရဲ့ ကစားပုံက ဆိုးရွားလွန်းနေခဲ့ပြီး အီတလီတို့ကတော့ တိုက်စစ်ပိုင်းမှာ ကစားသမားကောင်းတွေ မရှိတော့ချိန်မှာ ဥရောပ ထိပ်တန်းအဆင့်ကနေ လျှောကျတော့မလိုဖြစ်နေပြီး ဒီနေ့သရေပွဲက နှစ်ဖက်စလုံးအတွက် မျှတခဲ့တာပါ။

နောက်ထပ် အုပ်စု ၃ ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဟန်ဂေရီနဲ့ ဂျာမနီတို့ရဲ့ ပွဲစဉ်မှာတော့ စောစောစီးစီး သွင်းယူခဲ့ကြတဲ့ ဟန်ဂေရီရဲ့ ဇို့လ်စ် နာဂီနဲ့ ဂျာမနီရဲ့ ဟော့ဖ်မန်းတို့ရဲ့ သွင်းဂိုးတွေအပြီးမှာ နှစ်ဖက်စလုံး မိနစ် ၈၀ လောက်နီးပါး ဂိုးရဖို့ မတတ်နိုင်ကြတော့တာကြောင့် သရေကျခဲ့ပြီး မက်ဂ်ယာ မျိုးနွယ်တွေရဲ့ ပွတ်ရှ်ကပ်စ်ကွင်းကြီးကလည်း ခံတပ်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။

ဟန်ဂေရီတို့ အုပ်စု ၃ ရဲ့ ဒုတိယနေရာကို တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး၊ ရမှတ် ၄ မှတ်နဲ့ ရယူသွားခဲ့ချိန်မှာ ဂျာမနီတို့ကတော့ သုံးပွဲကစား သုံးပွဲသရေနဲ့ တိုက်စစ်ရော ခံစစ်မှာပါ အလယ်အလတ်တန်းစားပုံစံဖြစ်နေပြီး အသင်းကြီးတွေရဲ့ ထိပ်တန်းကစားသမားတွေ ခြေစွမ်းမပြနိုင်မှုကလည်း သူတို့ကို ရလဒ်တွေ ဆိုးစေခဲ့တာပါ။

အုပ်စု ၄ မှာတော့ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲကို အနိုင်ရရှိထားခဲ့တဲ့ နယ်သာလန်တို့ နောက်ကနေ လိုက်ကစားပြီးမှ သရေကျခဲ့ပြီး အိမ်ကွင်းမှာ ပိုလန်တို့ရဲ့ ဦးဆောင်မှုကို နှစ်ကြိမ်တိုင်တိုင် တွန်းလှန်ခဲ့ရသလို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် နှစ်ကြိမ်ကန်တာ နှစ်ဂိုးရတဲ့ ပိုးလ်တွေကို ဒတ်ချ်တွေ အနိုင်မရခဲ့ဘဲဖြစ်ခဲ့ရပါတယ်။

ပိုလန်ဘက်က သွင်းဂိုးတွေကို ပွဲချိန် ၁၈ မိနစ်နဲ့ ၄၉ မိနစ်တွေမှာ နောက်ခံလူ မက်တီ ကတ်ရှ်နဲ့ ကွင်းလယ်လူ ပျိုတာ ဇီလင်စကီးတို့က ဦးဆောင်သွင်းယူခဲ့ကြပြီး နယ်သာလန်အသင်းအတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၅၁ မိနစ်နဲ့ ၅၄ မိနစ်တွေမှာ ကွင်းလယ်လူ ဒေဗီ ကလာ့စ်ဆန်နဲ့ နောက်ခံလူ ဒင်ဇယ်လ် ဒမ်းဖရီးစ်တို့က သွင်းယူပေးခဲ့ကြတာပါ။

နောက်ထပ်ပွဲစဉ်တစ်ပွဲမှာတော့ ဝေးလ်စ်နဲ့ ဘယ်လ်ဂျီယမ်တို့ တစ်ဂိုးစီ သရေကျခဲ့ကြပြီး အိမ်ရှင်တို့ဘက်က အမ်ပါဒူးရဲ့ ပွဲချိန် ၅ မိနစ်က သွင်းဂိုးကို VAR နဲ့ ပယ်ဖျက်ခံခဲ့ရချိန်မှာ ဒုတိယပိုင်းကို ရောက်မှာ ဧည့်သည်ကွင်းလယ်လူ တီးလီးမန်းစ်က ဦးဆောင်ဂိုးသွင်းခဲ့ပြီး ပွဲပြီးခါနီးမှာတော့ ရမ်ဆေးရဲ့ ဖန်တီးမှုကနေ ဂျွန်ဆန်က ချေပသွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲစဉ်တွေအပြီးမှာတော့ သုံးပွဲစီ အားလုံးကစားပြီးချိန်မှာ အုပ်စု ၄ ကို နယ်သာလန်တို့က နှစ်ပွဲနိုင် တစ်ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ ဦးဆောင်နေပြီး ဘယ်လ်ဂျီယမ်ကတော့ ပိုလန်နဲ့ တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးနဲ့ ရမှတ် ၄ မှတ်ချင်း တူညီနေချိန်မှာ ဂိုးကွာခြားချက်အရ ဒုတိယနေရာမှာ ရပ်တည်နေခဲ့သလို ဝေးလ်စ်တို့ကတော့ တစ်ပွဲသရေ နှစ်ပွဲရှုံးနဲ့ တန်းဆင်းဇုန် အဆင့် ၄ ကို ရောက်ရှိနေခဲ့တာပါ။

နေးရှင်းလိဂ်ရဲ့ ဇွန်လအတွင်း ကစားကြမယ့် ပွဲစဉ် ၄ ပွဲမှာတော့ အသင်းတွေအနေနဲ့ တစ်ပွဲသာ ထပ်ကစားရဖို့ ကျန်ရှိတော့ပြီး လက်ကျန် ပွဲစဉ်တွေကိုတော့ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ထပ်မံကစားသွားကြမှာဖြစ်သလို ကလပ်အသင်းပွဲစဉ်တွေအပြီးမှာ အနားယူနေရမယ့် ကစားသမားတွေကို အလဟဿ ပင်ပန်းစေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ နေးရှင်းလိဂ်ကို စက်တင်ဘာလမှာမှ ပြန်ကစားကြတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ စေနေန႔ညက က်င္းပခဲ့တဲ့ ေနးရွင္းလိဂ္(A) အုပ္စု ၃ နဲ႔ ၄ ရဲ႕ ပြဲစဥ္ေတြမွာ အႀကီးဆုံးပြဲျဖစ္တဲ့ အဂၤလန္နဲ႔ အီတလီတို႔ ဘဲဉမကြဲက်ဘဲ သေရတစ္မွတ္စီ ခြဲယူခဲ့ၾကသလို က်န္တဲ့ ပြဲစဥ္ ၃ ပြဲမွာလည္း ဂ်ာမနီ၊ နယ္သာလန္၊ ဘယ္လ္ဂ်ီယမ္တို႔လို အသင္းႀကီးေတြအားလုံး ႏိုင္ပြဲေပ်ာက္ဆုံးခဲ့ၿပီး သေရပြဲ ၄ ပြဲအထိ မႏိုင္ေၾကး မရႈံးေၾကး ေတြ႕ျမင္ခဲ့ရတာျဖစ္ပါတယ္။

အုပ္စု ၃ မွာ နည္းျပ ေဆာက္ဂိတ္ရဲ႕ အရည္အေသြးအမွန္ေတြ ေပၚၿပီးရင္းေပၚလာေနသလို အသင္းရဲ႕ ကစားပုံက ဆိုး႐ြားလြန္းေနခဲ့ၿပီး အီတလီတို႔ကေတာ့ တိုက္စစ္ပိုင္းမွာ ကစားသမားေကာင္းေတြ မရွိေတာ့ခ်ိန္မွာ ဥေရာပ ထိပ္တန္းအဆင့္ကေန ေလွ်ာက်ေတာ့မလိုျဖစ္ေနၿပီး ဒီေန႔သေရပြဲက ႏွစ္ဖက္စလုံးအတြက္ မွ်တခဲ့တာပါ။

ေနာက္ထပ္ အုပ္စု ၃ ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဟန္ေဂရီနဲ႔ ဂ်ာမနီတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ေစာေစာစီးစီး သြင္းယူခဲ့ၾကတဲ့ ဟန္ေဂရီရဲ႕ ဇို႔လ္စ္ နာဂီနဲ႔ ဂ်ာမနီရဲ႕ ေဟာ့ဖ္မန္းတို႔ရဲ႕ သြင္းဂိုးေတြအၿပီးမွာ ႏွစ္ဖက္စလုံး မိနစ္ ၈၀ ေလာက္နီးပါး ဂိုးရဖို႔ မတတ္ႏိုင္ၾကေတာ့တာေၾကာင့္ သေရက်ခဲ့ၿပီး မက္ဂ္ယာ မ်ိဳးႏြယ္ေတြရဲ႕ ပြတ္ရွ္ကပ္စ္ကြင္းႀကီးကလည္း ခံတပ္တစ္ခုလို ျဖစ္လာခဲ့ပါတယ္။

ဟန္ေဂရီတို႔ အုပ္စု ၃ ရဲ႕ ဒုတိယေနရာကို တစ္ပြဲႏိုင္ တစ္ပြဲသေရ တစ္ပြဲရႈံး၊ ရမွတ္ ၄ မွတ္နဲ႔ ရယူသြားခဲ့ခ်ိန္မွာ ဂ်ာမနီတို႔ကေတာ့ သုံးပြဲကစား သုံးပြဲသေရနဲ႔ တိုက္စစ္ေရာ ခံစစ္မွာပါ အလယ္အလတ္တန္းစားပုံစံျဖစ္ေနၿပီး အသင္းႀကီးေတြရဲ႕ ထိပ္တန္းကစားသမားေတြ ေျခစြမ္းမျပႏိုင္မႈကလည္း သူတို႔ကို ရလဒ္ေတြ ဆိုးေစခဲ့တာပါ။

အုပ္စု ၄ မွာေတာ့ ၿပီးခဲ့တဲ့ ပြဲစဥ္ ၂ ပြဲကို အႏိုင္ရရွိထားခဲ့တဲ့ နယ္သာလန္တို႔ ေနာက္ကေန လိုက္ကစားၿပီးမွ သေရက်ခဲ့ၿပီး အိမ္ကြင္းမွာ ပိုလန္တို႔ရဲ႕ ဦးေဆာင္မႈကို ႏွစ္ႀကိမ္တိုင္တိုင္ တြန္းလွန္ခဲ့ရသလို ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ ႏွစ္ႀကိမ္ကန္တာ ႏွစ္ဂိုးရတဲ့ ပိုးလ္ေတြကို ဒတ္ခ်္ေတြ အႏိုင္မရခဲ့ဘဲျဖစ္ခဲ့ရပါတယ္။

ပိုလန္ဘက္က သြင္းဂိုးေတြကို ပြဲခ်ိန္ ၁၈ မိနစ္နဲ႔ ၄၉ မိနစ္ေတြမွာ ေနာက္ခံလူ မက္တီ ကတ္ရွ္နဲ႔ ကြင္းလယ္လူ ပ်ိဳတာ ဇီလင္စကီးတို႔က ဦးေဆာင္သြင္းယူခဲ့ၾကၿပီး နယ္သာလန္အသင္းအတြက္ ေခ်ပဂိုးေတြကိုေတာ့ ပြဲခ်ိန္ ၅၁ မိနစ္နဲ႔ ၅၄ မိနစ္ေတြမွာ ကြင္းလယ္လူ ေဒဗီ ကလာ့စ္ဆန္နဲ႔ ေနာက္ခံလူ ဒင္ဇယ္လ္ ဒမ္းဖရီးစ္တို႔က သြင္းယူေပးခဲ့ၾကတာပါ။

ေနာက္ထပ္ပြဲစဥ္တစ္ပြဲမွာေတာ့ ေဝးလ္စ္နဲ႔ ဘယ္လ္ဂ်ီယမ္တို႔ တစ္ဂိုးစီ သေရက်ခဲ့ၾကၿပီး အိမ္ရွင္တို႔ဘက္က အမ္ပါဒူးရဲ႕ ပြဲခ်ိန္ ၅ မိနစ္က သြင္းဂိုးကို VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရခ်ိန္မွာ ဒုတိယပိုင္းကို ေရာက္မွာ ဧည့္သည္ကြင္းလယ္လူ တီးလီးမန္းစ္က ဦးေဆာင္ဂိုးသြင္းခဲ့ၿပီး ပြဲၿပီးခါနီးမွာေတာ့ ရမ္ေဆးရဲ႕ ဖန္တီးမႈကေန ဂြၽန္ဆန္က ေခ်ပသြားခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲစဥ္ေတြအၿပီးမွာေတာ့ သုံးပြဲစီ အားလုံးကစားၿပီးခ်ိန္မွာ အုပ္စု ၄ ကို နယ္သာလန္တို႔က ႏွစ္ပြဲႏိုင္ တစ္ပြဲသေရ၊ ရမွတ္ ၇ မွတ္နဲ႔ ဦးေဆာင္ေနၿပီး ဘယ္လ္ဂ်ီယမ္ကေတာ့ ပိုလန္နဲ႔ တစ္ပြဲႏိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးနဲ႔ ရမွတ္ ၄ မွတ္ခ်င္း တူညီေနခ်ိန္မွာ ဂိုးကြာျခားခ်က္အရ ဒုတိယေနရာမွာ ရပ္တည္ေနခဲ့သလို ေဝးလ္စ္တို႔ကေတာ့ တစ္ပြဲသေရ ႏွစ္ပြဲရႈံးနဲ႔ တန္းဆင္းဇုန္ အဆင့္ ၄ ကို ေရာက္ရွိေနခဲ့တာပါ။

ေနးရွင္းလိဂ္ရဲ႕ ဇြန္လအတြင္း ကစားၾကမယ့္ ပြဲစဥ္ ၄ ပြဲမွာေတာ့ အသင္းေတြအေနနဲ႔ တစ္ပြဲသာ ထပ္ကစားရဖို႔ က်န္ရွိေတာ့ၿပီး လက္က်န္ ပြဲစဥ္ေတြကိုေတာ့ ၁၃ ရက္နဲ႔ ၁၄ ရက္ေန႔ေတြမွာ ထပ္မံကစားသြားၾကမွာျဖစ္သလို ကလပ္အသင္းပြဲစဥ္ေတြအၿပီးမွာ အနားယူေနရမယ့္ ကစားသမားေတြကို အလဟႆ ပင္ပန္းေစတယ္လို႔ ေဝဖန္မႈေတြ ထြက္ေပၚေနတဲ့ ေနးရွင္းလိဂ္ကို စက္တင္ဘာလမွာမွ ျပန္ကစားၾကေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.