International Match Report

အီတလီနဲ့ အိမ်ကွင်းမှာ သရေကျပြီး နေးရှင်းလိဂ်မှာ တန်းဆင်းဖို့ နီးလာတဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့ပွဲကို ဝင်ဘလီမှာ မကစားဘဲ ဝုလ်ဗာဟမ့်ပ်တန်အသင်းရဲ့ မိုလီနူးကွင်းမှာ ပြောင်းကစားပြီး ယတြာချေသလား မသိပေမယ့် အီတလီကိုတော့ ပုံစံကောင်းလည်း မပြ၊ အနိုင်လည်း မယူနိုင်ဘဲ နေးရှင်းလိဂ်(A)မှာ ဂျာမနီနဲ့အတူ နိုင်ပွဲမရသေးဘဲ အခြေအနေ ဆိုးရွားနေခဲ့ရပါတယ်။

၄-၂-၃-၁ ပုံစံ ပြန်ပြောင်းခဲ့ပေမယ့် ဘယ်နောက်ခံလူတော့ မရှိတဲ့ အင်္ဂလန်ဟာ ထရစ်ပီယာကို အဲ့ဒီနေရာမှာ ထားခဲ့ရပြီး သူနဲ့ တွဲဖက်တဲ့ ဘယ်အတွင်းခြမ်းမှာတော့ တိုမိုရီကို ထည့်သွင်းခဲ့သလို မက်ဂွိုင်းယား၊ ရီးစ် ဂျိမ်းစ်၊ ဂိုးသမား ရမ်းစ်ဒေးလ်တို့နဲ့ တွဲကစားခိုင်းခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်နဲ့ ဝါ့ဒ်-ပရောက်စ်တို့ ဝက်စ်ဟမ်း-ဆောက်သမ်တန် ကပ္ပတိန်နှစ်ယောက်ကို မာကျောစေဖို့ တွဲဖက်ပေးခဲ့တာပါ။

ဒါပေမယ့် တိုက်စစ်ပိုင်းမှာတော့ အလုပ်မဖြစ်တဲ့ ကစားသမားတွေချည်း ရွေးပြီး ပွဲထုတ်လာသလား မေးရမလိုဖြစ်နေခဲ့ပြီး စတာလင်နဲ့ ဂရီးလစ်ရှ်လို မန်စီးတီးရဲ့ ပလာတာညီနောင်ကို တောင်ပံတွေမှာ ထားခဲ့သလို ခြေပျောက်နေတဲ့ လန်ဒန်သား မေဆန်မောင့်နဲ့ ရိုးမားနဲ့ ဘာဆိုလား ဖြစ်ခဲ့တဲ့ အေဘရာဟမ်တို့ကို တွဲပေးခဲ့တာကလည်း ဆောက်ဂိတ်ရဲ့ အကြံကုန် ဂဠုန်ဆားချက်မှုပဲ ဖြစ်ခဲ့ပါတယ်။

အီတလီနည်းပြ မန်ချီနီကတော့ အင်္ဂလန်ကျွန်းကို လာကန်ရာမှာ နာမည်ကြီးတွေကိုတောင် အနားပေးခဲ့ပြီး စကာမက်ကာ၊ ပက်ဆီနာ၊ ဖရက်တေစီ၊ ဒီမာကို၊ ဂက်တီတို့လို နာမည်သိပ်မရှိသူတွေကို သုံးစွဲခဲ့သလို အမာခံတွေထဲကတော့ ဂိုးသမား ဒွန်နာရမ်မာ၊ လာဇီယိုအဘိုးကြီး အချယ်ဘီ၊ နာပိုလီရဲ့ ဒီလော်ရန်ဇို၊ အေစီရဲ့ တိုနာလီ၊ ဂျူဗီရဲ့ လိုကာတယ်လီနဲ့ ရိုးမားရဲ့ ပယ်လီဂရီနီတို့ကို ပွဲထုတ်လာခဲ့တာပါ။

လူကောင်းတွေရှိပြီး နည်းပြ အသုံးမကျတဲ့ အင်္ဂလန်နဲ့ တိုက်စစ်မျိုးဆက်ပြတ်ပြီး နည်းပြကောင်းရှိတဲ့ အီတလီတို့ရဲ့ အားပြိုင်မှုကတော့ ဗျူဟာအရ ဧည့်သည်တွေပဲ ထိထိရောက်ရောက် ကစားနိုင်ခဲ့ပြီး အိမ်ရှင်တွေကတော့ ဘောလုံးကိုင်ကစားပြီး ထိုးဖောက်မှုက မစွံသလို ပွဲချိန် ၂ မိနစ်မှာ ကတည်းက ဖရက်တေစီရဲ့ ကန်ချက် တိုင်ဘေးက ထွက်သွားခဲ့လို့ ဂိုးစမပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅ မိနစ်မှာ ဂိုးသမား ဒွန်နာရမ်မာရဲ့ လူမကြည့်ဘဲ ပေးတဲ့ ရောင်းချမှုကို အေဘရာဟမ် မဝယ်နိုင်ချိန်မှာ လိုကာတယ်လီ ကျားကုတ်ကျားခဲ လိုက်လံပိတ်ဆို့သွားခဲ့လို့ ဧည့်သည်တွေ သက်သာခဲ့ရပြီး ပွဲချိန် ၉ မိနစ်မှာ မေဆန်မောင့်ကလည်း ဘားထိအောင်ပဲ ကန်ခဲ့သလို အီတလီရဲ့ ဘီအဆင့်သာ ရှိတဲ့ အသင်းကို အလုပ်ဖြစ်အောင် မကြံနိုင်ခဲ့တာပါ။

အီတလီညာနောက်ခံလူ ဒီလော်ရန်ဇိုကတော့ ထရစ်ပီယာကို အေးအေးဆေးဆေး ကျော်ပြေးပြီး ဖြတ်တင်ဘောတွေ လုပ်နေခဲ့တာကို တိုက်စစ်က ညံ့လွန်းလို့သာ အင်္ဂလန်တို့ ဂိုးမပေးခဲ့ရတာဖြစ်ပြီး တစ်လုံးမှာတော့ တိုနာလီ အလွတ်ပိတ်ခွင့်ရအောင် နောက်တန်းတွေက လွှတ်ပေးခဲ့ချိန်မှာ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ် ပိတ်ဆို့ကာကွယ်သွားခဲ့ရတာဖြစ်ပါတယ်။

အသင်းငယ်လေးတွေကို အနိုင်ကျင့်တတ်ပြီး အသင်းကြီးတွေနဲ့ တွေ့တိုင်းရှုံးတတ်တဲ့ အင်္ဂလန်ကတော့ ဒီနေ့လို ပုံစံမျိုးနဲ့ ကာတာကို ဘာများ သွားလုပ်ကြမှာလဲလို့ မေးစရာဖြစ်ခဲ့ပြီး တိုက်စစ်အဆုံးသတ်ပိုင်းက ဝတ်ကျေတန်းကျေ ရှိလွန်းသလို ခံစစ်ကလည်း မန်ယူကပ္ပတိန် ခေါင်းကြီးရဲ့ ဓာတ်တွေကူးပြီး အိုးနင်းခွက်နင်းဖြစ်လွန်းတဲ့အခါမှာ အီတလီရှေ့တန်းက အပြိုင်ညံ့ခဲ့လို့သာ မျက်နှာမပျက်ခဲ့ရတာပါ။

ပထမပိုင်းမှာ ဘဲဉမကွဲကြသလို ဒုတိယပိုင်းစပြီးချိန်မှာလည်း ရီးစ်ဂျိမ်းစ်ရဲ့ အမြော်အမြင်ရှိရှိ ပေးပို့မှုကို လက်ပတ်ကြီးမှ အားမနာတတ်တဲ့ စတာလင်က တစ်ယောက်တည်းပိတ်ပြီး ဘားပေါ်ချော်ကန်ခဲ့သလို အီတလီရဲ့ ဒီလော်ရင်ဇိုနဲ့ ကွင်းလယ်က ဖန်တီးမှုတွေ ကောင်းနေသလောက် သုံးစားမရတဲ့ စကာမက်ကာတို့ အုပ်စုကလည်း ခြေစစ်ပွဲမအောင်တာ မဆန်းဘူးလို့ သက်သေထူနေခဲ့ပါသေးတယ်။

ပွဲချိန် ၆၄ မိနစ်မှာ အီတလီဘက်က လိုကာတယ်လီနဲ့ ပယ်လီဂရီနီတို့အစား ဂနွန်တိုနဲ့ အက်စ်ပိုစီတိုတို့ကို လဲခဲ့သလို တစ်မိနစ်အကြာမှာတော့ အင်္ဂလန်ဘက်က အေဘရာဟမ်၊ မေဆန်မောင့်နဲ့ ဒက်ကလန် ရိုက်စ်တို့အစား ဟာရီကိန်း၊ ဘိုဝင်နဲ့ ကယ်လ်ဗင် ဖိလစ်တို့ ဝင်ကစားခဲ့ကြပြီး အီတလီတို့ကတော့ ထရစ်ပီယာရဲ့ ညာခြမ်းကိုပဲ ရေတွင်းတူးဖို့ ကြိုးစားနေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အီတလီဘက်က စကာမက်ကာအစား ရက်စ်ပါဒိုရီ၊ ဒီမာကိုအစား ဖလော်ရင်ဇီ၊ ပက်ဆီနာအစား ခရစ္စတန်တေတို့ကို ထည့်သွင်းခဲ့ပြီး အင်္ဂလန်တို့ကတော့ စတာလင်အစား ဆာကာနဲ့ တိုမိုရီအစား ဂေးဟီတို့ကို အပြောင်းအလဲလုပ်ခဲ့ကြပေမယ့် အိမ်ရှင်ပရိသတ်တွေ ကျေနပ်ဖို့ ဘောလုံးကိုင်ပေးနိုင်တာကလွဲလို့ ဘာမှဖြစ်မလာတော့တဲ့အတွက် မိုလီနူးမှာ ကြက်ဉဘဲဉဖြစ်ခဲ့ကြရပါတယ်။

ဒီပွဲရလဒ်ကြောင့် သရေတစ်မှတ်ရတဲ့ အင်္ဂလန်တို့ သုံးပွဲကစားအပြီးမှာ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ အုပ်စု(၃)ရဲ့ အောက်ဆုံးနေရာကနေ တန်းဆင်းဖို့ မျှော်လင့်နိုင်ခဲ့ချိန်မှာ အီတလီတို့ကတော့ တစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ အုပ်စုထိပ်ကနေ ဦးဆောင်ခဲ့ကြပြီး ဒုတိယနေရာမှာ တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားတဲ့ ဟန်ဂေရီတို့ ရှိနေခဲ့သလို အင်္ဂလန်နဲ့ ထူးမခြားနား ဂျာမနီတို့ကလည်း နိုင်ပွဲမရှိသေးဘဲ သုံးပွဲသရေနဲ့ တတိယနေရာမှာသာ ရပ်တည်ခဲ့ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းအေနနဲ႔ ဒီေန႔ပြဲကို ဝင္ဘလီမွာ မကစားဘဲ ဝုလ္ဗာဟမ့္ပ္တန္အသင္းရဲ႕ မိုလီႏူးကြင္းမွာ ေျပာင္းကစားၿပီး ယၾတာေခ်သလား မသိေပမယ့္ အီတလီကိုေတာ့ ပုံစံေကာင္းလည္း မျပ၊ အႏိုင္လည္း မယူႏိုင္ဘဲ ေနးရွင္းလိဂ္(A)မွာ ဂ်ာမနီနဲ႔အတူ ႏိုင္ပြဲမရေသးဘဲ အေျခအေန ဆိုး႐ြားေနခဲ့ရပါတယ္။

၄-၂-၃-၁ ပုံစံ ျပန္ေျပာင္းခဲ့ေပမယ့္ ဘယ္ေနာက္ခံလူေတာ့ မရွိတဲ့ အဂၤလန္ဟာ ထရစ္ပီယာကို အဲ့ဒီေနရာမွာ ထားခဲ့ရၿပီး သူနဲ႔ တြဲဖက္တဲ့ ဘယ္အတြင္းျခမ္းမွာေတာ့ တိုမိုရီကို ထည့္သြင္းခဲ့သလို မက္ဂြိဳင္းယား၊ ရီးစ္ ဂ်ိမ္းစ္၊ ဂိုးသမား ရမ္းစ္ေဒးလ္တို႔နဲ႔ တြဲကစားခိုင္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္နဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔ ဝက္စ္ဟမ္း-ေဆာက္သမ္တန္ ကပၸတိန္ႏွစ္ေယာက္ကို မာေက်ာေစဖို႔ တြဲဖက္ေပးခဲ့တာပါ။

ဒါေပမယ့္ တိုက္စစ္ပိုင္းမွာေတာ့ အလုပ္မျဖစ္တဲ့ ကစားသမားေတြခ်ည္း ေ႐ြးၿပီး ပြဲထုတ္လာသလား ေမးရမလိုျဖစ္ေနခဲ့ၿပီး စတာလင္နဲ႔ ဂရီးလစ္ရွ္လို မန္စီးတီးရဲ႕ ပလာတာညီေနာင္ကို ေတာင္ပံေတြမွာ ထားခဲ့သလို ေျခေပ်ာက္ေနတဲ့ လန္ဒန္သား ေမဆန္ေမာင့္နဲ႔ ႐ိုးမားနဲ႔ ဘာဆိုလား ျဖစ္ခဲ့တဲ့ ေအဘရာဟမ္တို႔ကို တြဲေပးခဲ့တာကလည္း ေဆာက္ဂိတ္ရဲ႕ အႀကံကုန္ ဂဠဳန္ဆားခ်က္မႈပဲ ျဖစ္ခဲ့ပါတယ္။

အီတလီနည္းျပ မန္ခ်ီနီကေတာ့ အဂၤလန္ကြၽန္းကို လာကန္ရာမွာ နာမည္ႀကီးေတြကိုေတာင္ အနားေပးခဲ့ၿပီး စကာမက္ကာ၊ ပက္ဆီနာ၊ ဖရက္ေတစီ၊ ဒီမာကို၊ ဂက္တီတို႔လို နာမည္သိပ္မရွိသူေတြကို သုံးစြဲခဲ့သလို အမာခံေတြထဲကေတာ့ ဂိုးသမား ဒြန္နာရမ္မာ၊ လာဇီယိုအဘိုးႀကီး အခ်ယ္ဘီ၊ နာပိုလီရဲ႕ ဒီေလာ္ရန္ဇို၊ ေအစီရဲ႕ တိုနာလီ၊ ဂ်ဴဗီရဲ႕ လိုကာတယ္လီနဲ႔ ႐ိုးမားရဲ႕ ပယ္လီဂရီနီတို႔ကို ပြဲထုတ္လာခဲ့တာပါ။

လူေကာင္းေတြရွိၿပီး နည္းျပ အသုံးမက်တဲ့ အဂၤလန္နဲ႔ တိုက္စစ္မ်ိဳးဆက္ျပတ္ၿပီး နည္းျပေကာင္းရွိတဲ့ အီတလီတို႔ရဲ႕ အားၿပိဳင္မႈကေတာ့ ဗ်ဴဟာအရ ဧည့္သည္ေတြပဲ ထိထိေရာက္ေရာက္ ကစားႏိုင္ခဲ့ၿပီး အိမ္ရွင္ေတြကေတာ့ ေဘာလုံးကိုင္ကစားၿပီး ထိုးေဖာက္မႈက မစြံသလို ပြဲခ်ိန္ ၂ မိနစ္မွာ ကတည္းက ဖရက္ေတစီရဲ႕ ကန္ခ်က္ တိုင္ေဘးက ထြက္သြားခဲ့လို႔ ဂိုးစမေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာ ဂိုးသမား ဒြန္နာရမ္မာရဲ႕ လူမၾကည့္ဘဲ ေပးတဲ့ ေရာင္းခ်မႈကို ေအဘရာဟမ္ မဝယ္ႏိုင္ခ်ိန္မွာ လိုကာတယ္လီ က်ားကုတ္က်ားခဲ လိုက္လံပိတ္ဆို႔သြားခဲ့လို႔ ဧည့္သည္ေတြ သက္သာခဲ့ရၿပီး ပြဲခ်ိန္ ၉ မိနစ္မွာ ေမဆန္ေမာင့္ကလည္း ဘားထိေအာင္ပဲ ကန္ခဲ့သလို အီတလီရဲ႕ ဘီအဆင့္သာ ရွိတဲ့ အသင္းကို အလုပ္ျဖစ္ေအာင္ မႀကံႏိုင္ခဲ့တာပါ။

အီတလီညာေနာက္ခံလူ ဒီေလာ္ရန္ဇိုကေတာ့ ထရစ္ပီယာကို ေအးေအးေဆးေဆး ေက်ာ္ေျပးၿပီး ျဖတ္တင္ေဘာေတြ လုပ္ေနခဲ့တာကို တိုက္စစ္က ညံ့လြန္းလို႔သာ အဂၤလန္တို႔ ဂိုးမေပးခဲ့ရတာျဖစ္ၿပီး တစ္လုံးမွာေတာ့ တိုနာလီ အလြတ္ပိတ္ခြင့္ရေအာင္ ေနာက္တန္းေတြက လႊတ္ေပးခဲ့ခ်ိန္မွာ အာဆင္နယ္ဂိုးသမား ရမ္းစ္ေဒးလ္ ပိတ္ဆို႔ကာကြယ္သြားခဲ့ရတာျဖစ္ပါတယ္။

အသင္းငယ္ေလးေတြကို အႏိုင္က်င့္တတ္ၿပီး အသင္းႀကီးေတြနဲ႔ ေတြ႕တိုင္းရႈံးတတ္တဲ့ အဂၤလန္ကေတာ့ ဒီေန႔လို ပုံစံမ်ိဳးနဲ႔ ကာတာကို ဘာမ်ား သြားလုပ္ၾကမွာလဲလို႔ ေမးစရာျဖစ္ခဲ့ၿပီး တိုက္စစ္အဆုံးသတ္ပိုင္းက ဝတ္ေက်တန္းေက် ရွိလြန္းသလို ခံစစ္ကလည္း မန္ယူကပၸတိန္ ေခါင္းႀကီးရဲ႕ ဓာတ္ေတြကူးၿပီး အိုးနင္းခြက္နင္းျဖစ္လြန္းတဲ့အခါမွာ အီတလီေရွ႕တန္းက အၿပိဳင္ညံ့ခဲ့လို႔သာ မ်က္ႏွာမပ်က္ခဲ့ရတာပါ။

ပထမပိုင္းမွာ ဘဲဉမကြဲၾကသလို ဒုတိယပိုင္းစၿပီးခ်ိန္မွာလည္း ရီးစ္ဂ်ိမ္းစ္ရဲ႕ အေျမာ္အျမင္ရွိရွိ ေပးပို႔မႈကို လက္ပတ္ႀကီးမွ အားမနာတတ္တဲ့ စတာလင္က တစ္ေယာက္တည္းပိတ္ၿပီး ဘားေပၚေခ်ာ္ကန္ခဲ့သလို အီတလီရဲ႕ ဒီေလာ္ရင္ဇိုနဲ႔ ကြင္းလယ္က ဖန္တီးမႈေတြ ေကာင္းေနသေလာက္ သုံးစားမရတဲ့ စကာမက္ကာတို႔ အုပ္စုကလည္း ေျခစစ္ပြဲမေအာင္တာ မဆန္းဘူးလို႔ သက္ေသထူေနခဲ့ပါေသးတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာ အီတလီဘက္က လိုကာတယ္လီနဲ႔ ပယ္လီဂရီနီတို႔အစား ဂႏြန္တိုနဲ႔ အက္စ္ပိုစီတိုတို႔ကို လဲခဲ့သလို တစ္မိနစ္အၾကာမွာေတာ့ အဂၤလန္ဘက္က ေအဘရာဟမ္၊ ေမဆန္ေမာင့္နဲ႔ ဒက္ကလန္ ႐ိုက္စ္တို႔အစား ဟာရီကိန္း၊ ဘိုဝင္နဲ႔ ကယ္လ္ဗင္ ဖိလစ္တို႔ ဝင္ကစားခဲ့ၾကၿပီး အီတလီတို႔ကေတာ့ ထရစ္ပီယာရဲ႕ ညာျခမ္းကိုပဲ ေရတြင္းတူးဖို႔ ႀကိဳးစားေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အီတလီဘက္က စကာမက္ကာအစား ရက္စ္ပါဒိုရီ၊ ဒီမာကိုအစား ဖေလာ္ရင္ဇီ၊ ပက္ဆီနာအစား ခရစၥတန္ေတတို႔ကို ထည့္သြင္းခဲ့ၿပီး အဂၤလန္တို႔ကေတာ့ စတာလင္အစား ဆာကာနဲ႔ တိုမိုရီအစား ေဂးဟီတို႔ကို အေျပာင္းအလဲလုပ္ခဲ့ၾကေပမယ့္ အိမ္ရွင္ပရိသတ္ေတြ ေက်နပ္ဖို႔ ေဘာလုံးကိုင္ေပးႏိုင္တာကလြဲလို႔ ဘာမွျဖစ္မလာေတာ့တဲ့အတြက္ မိုလီႏူးမွာ ၾကက္ဉဘဲဉျဖစ္ခဲ့ၾကရပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ သေရတစ္မွတ္ရတဲ့ အဂၤလန္တို႔ သုံးပြဲကစားအၿပီးမွာ ႏွစ္ပြဲသေရ၊ တစ္ပြဲရႈံးနဲ႔ အုပ္စု(၃)ရဲ႕ ေအာက္ဆုံးေနရာကေန တန္းဆင္းဖို႔ ေမွ်ာ္လင့္ႏိုင္ခဲ့ခ်ိန္မွာ အီတလီတို႔ကေတာ့ တစ္ပြဲႏိုင္ ႏွစ္ပြဲသေရနဲ႔ အုပ္စုထိပ္ကေန ဦးေဆာင္ခဲ့ၾကၿပီး ဒုတိယေနရာမွာ တစ္ပြဲႏိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားတဲ့ ဟန္ေဂရီတို႔ ရွိေနခဲ့သလို အဂၤလန္နဲ႔ ထူးမျခားနား ဂ်ာမနီတို႔ကလည္း ႏိုင္ပြဲမရွိေသးဘဲ သုံးပြဲသေရနဲ႔ တတိယေနရာမွာသာ ရပ္တည္ခဲ့ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.