Premier League Transfer News

စပါးစ်ကြယ်ပွင့်ကို အရခေါ်ဖို့ လီဗာပူးလ်ကို တောင်းဆိုခဲ့တဲ့ ဂလင်း ဂျွန်ဆင်

လီဗာပူးလ်အသင်းအနေနဲ့ ယခုနွေရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းကနေ ဟာရီ ကိန်းကို ခေါ်ယူဖို့ စဥ်းစားသင့်တယ်လို့ ညာနောက်ခံကစားသမားဟောင်း ဂလင်း ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။

ဟာရီ ကိန်းဟာ ပြီးခဲ့တဲ့ရာသီမှာ စပါးစ်အသင်းအတွက် ထိပ်တန်းပုံစံ ပြသနိုင်ခဲ့တာြဖစ်ပြီး ၎င်းရဲ့သွင်းဂိုးတွေက နည်းပြ အန်တိုနီယို ကွန်တီလက်အောက်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက်နိုင်ဖို့ နောက်ကွယ်က အဓိကမောင်းနှင်အားတစ်ခု ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ မြောက်လန်ဒန်ကလပ်အသင်းအတွက် ပရီးမီးယားလိဂ် ၃၇ ပွဲမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ပေးခဲ့တာြဖစ်ပြီး ခါးသီးပြိုင်ဘက် အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် ၇ ပွဲမှာ ၄ ဂိုးသွင်းယူပေးခဲ့ပြီး ဂါးရတ် ဆောက်ဂိတ်ရဲ့အသင်းကို ဗိုလ်လုပွဲတက်ရောက်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟာ ယခုလာမယ့်ဆောင်းရာသီ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရရှိအောင် ကြိုးပမ်းရာမှာလည်း အဓိကကျတဲ့နေရာကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို စွန့်ခွာနိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ကြာခဲ့ပြီဖြစ်ပေမယ့် မြောက်လန်ဒန်မှာပဲ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်ကစားသမားဟောင်း ဂလင်း ဂျွန်ဆင်က မာဆေးဆိုဒ်အသင်းအနေနဲ့ လာမယ့်ရာသီမတိုင်ခင် လူအင်အားဖြည့်တင်းရာမှာ ဟာရီ ကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“တစ်ဦးတည်းအမြင်အရတော့ ကျွန်တော် ဟာရီ ကိန်းကို လီဗာပူးလ်မှာ ကစားတာ မြင်တွေ့ချင်ပါတယ်။ သူက သူတို့အတွက် အရမ်းကို အံဝင်တဲ့ကစားသမားလို့ ကွန်တော် ထင်တယ်။ လီဗာပူးလ်က လူဘယ်လိုခေါ်လဲဆိုတာ ကျွန်တော်တို့ သိပြီး သူတို့တွေအနေနဲ့ ဟာရီလိုမျိုး အသက်အရွယ်နဲ့ ကစားသမားတစ်ဦးအတွက် ကြီးမားတဲ့ငွေကြေးပမာဏသုံးစွဲသွားမယ်လို့ မထင်ပါဘူး”

“သူက အသက်မကြီးသေးဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် လီဗာပူးလ်က ဒီလိုမျိုး အပြောင်းအရွှေ့ကို လုပ်မှာမဟုတ်ဘူး။ တကယ်လို့ အပြောင်းအရွှေ့သာဖြစ်လာခဲ့ရင် ကွန်တော် အရမ်းအံ့အားသင့်မိမှာပါ။ ဒါပေမယ့် အဲဒီလိုဖြစ်လာတာကို ကွန်တော် မြင်တွေ့ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းအေနနဲ႔ ယခုေႏြရာသီမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကေန ဟာရီ ကိန္းကို ေခၚယူဖို႔ စဥ္းစားသင့္တယ္လို႔ ညာေနာက္ခံကစားသမားေဟာင္း ဂလင္း ဂြၽန္ဆင္က ေျပာၾကားခဲ့ပါတယ္။

ဟာရီ ကိန္းဟာ ၿပီးခဲ့တဲ့ရာသီမွာ စပါးစ္အသင္းအတြက္ ထိပ္တန္းပုံစံ ျပသႏိုင္ခဲ့တာျဖစ္ၿပီး ၎ရဲ႕သြင္းဂိုးေတြက နည္းျပ အန္တိုနီယို ကြန္တီလက္ေအာက္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ေရာက္ႏိုင္ဖို႔ ေနာက္ကြယ္က အဓိကေမာင္းႏွင္အားတစ္ခု ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ ေျမာက္လန္ဒန္ကလပ္အသင္းအတြက္ ပရီးမီးယားလိဂ္ ၃၇ ပြဲမွာ သြင္းဂိုး ၁၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္ေပးခဲ့တာျဖစ္ၿပီး ခါးသီးၿပိဳင္ဘက္ အာဆင္နယ္အသင္းကို ေက်ာ္ျဖတ္ၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ကိန္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာလည္း အဂၤလန္အသင္းအတြက္ ၇ ပြဲမွာ ၄ ဂိုးသြင္းယူေပးခဲ့ၿပီး ဂါးရတ္ ေဆာက္ဂိတ္ရဲ႕အသင္းကို ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉးဟာ ယခုလာမယ့္ေဆာင္းရာသီ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ခြင့္ရရွိေအာင္ ႀကိဳးပမ္းရာမွာလည္း အဓိကက်တဲ့ေနရာကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို စြန႔္ခြာႏိုင္ေျခရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာ ၾကာခဲ့ၿပီျဖစ္ေပမယ့္ ေျမာက္လန္ဒန္မွာပဲ ဆက္လက္ရွိေနခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ လီဗာပူးလ္ကစားသမားေဟာင္း ဂလင္း ဂြၽန္ဆင္က မာေဆးဆိုဒ္အသင္းအေနနဲ႔ လာမယ့္ရာသီမတိုင္ခင္ လူအင္အားျဖည့္တင္းရာမွာ ဟာရီ ကိန္းကို ေခၚယူဖို႔ ႀကိဳးပမ္းသင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“တစ္ဦးတည္းအျမင္အရေတာ့ ကြၽန္ေတာ္ ဟာရီ ကိန္းကို လီဗာပူးလ္မွာ ကစားတာ ျမင္ေတြ႕ခ်င္ပါတယ္။ သူက သူတို႔အတြက္ အရမ္းကို အံဝင္တဲ့ကစားသမားလို႔ ကြန္ေတာ္ ထင္တယ္။ လီဗာပူးလ္က လူဘယ္လိုေခၚလဲဆိုတာ ကြၽန္ေတာ္တို႔ သိၿပီး သူတို႔ေတြအေနနဲ႔ ဟာရီလိုမ်ိဳး အသက္အ႐ြယ္နဲ႔ ကစားသမားတစ္ဦးအတြက္ ႀကီးမားတဲ့ေငြေၾကးပမာဏသုံးစြဲသြားမယ္လို႔ မထင္ပါဘူး”

“သူက အသက္မႀကီးေသးဘူးဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ဒါေပမယ့္ လီဗာပူးလ္က ဒီလိုမ်ိဳး အေျပာင္းအေ႐ႊ႕ကို လုပ္မွာမဟုတ္ဘူး။ တကယ္လို႔ အေျပာင္းအေ႐ႊ႕သာျဖစ္လာခဲ့ရင္ ကြန္ေတာ္ အရမ္းအံ့အားသင့္မိမွာပါ။ ဒါေပမယ့္ အဲဒီလိုျဖစ္လာတာကို ကြန္ေတာ္ ျမင္ေတြ႕ခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.