Premier League

ဂျေဆူးကို ခေါ်နိုင်ဖို့ တော်တော်နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ပရိသတ်ဖြစ်တဲ့ ဒါရင်းဘန့်တ်ဟာ ဂါဘရီယယ်လ် ဂျေဆူးကို အမ်းမရိတ်စ်အရောက် ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိဖို့ တော်တော်လေး နီးစပ်နေပြီဆိုတဲ့သတင်းကြားခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါရင်း ဘန့်တ်ဟာ ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆူးမားနဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ကွန်ကူတို့ကို ထပ်မံခေါ်ယူစေချင်နေပြီး အာဆင်နယ်အသင်းဟာ ဘရာဇီးလ်လူငယ်ကြယ်ပွင့် မာကင်ညို့စ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း လာမယ့်ရက်ပိုင်းအတွင်း အတည်ပြုကြေညာသွားတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာကင်ညို့စ်ဟာ အာတီတာရဲ့အပြောင်းအရွှေ့အစီအစဥ◌်မှာ အဓိက ခေါ်ယူမှုတော့မဟုတ်ဘဲ လာကာဇက် ထွက်ခွာပြီးနောက်ပိုင်း မန်စီးတီးကြယ်ပွင့် ဂျေဆူးက ထိပ်တန်းတိုက်စစ်ပစ်မှတ်ဖြစ်လာတာဖြစ်ပါတယ်။

ဘန့်တ်က အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ထိပ်တန်းခေါ်ယူမှုဖြစ်လိမ့်မယ်လို့ ယုံကြည်နေပြီး သဘောတူညီမှု ရရှိဖို့အတွက် အတော်လေး နီးစပ်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဘယ်သူ့ကို ခေါ်ယူသင့်တယ်လို့ ထင်လဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ စပါးစ်တိုက်စစ်မှူးဟောင်းက “ပထမဆုံးအနေနဲ့ အာဆင်နယ်နဲ့ သတင်းထွက်နေတဲ့ တစ်စုံတယောက်ရှိပြီး သူနဲ့ သဘောတူညီမှုရဖို့ တော်တော်လေးနီးစပ်နေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ သူက ဂါဘရီယယ် ဂျေဆူးပါ။ သူ အာဆင်နယ်ကို သွားတာ ကျွန်တော် မြင်ချင်ပါတယ်။ သူက အရမ်းကောင်းမွန်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်”

“သူ့မှာ သက်သေပြစရာ ဘာမှမရှိပေမယ့် သူ ပုံမှန်ပွဲကစားချိန်လိုအပ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက အာဆင်နယ် ရှိချင်တဲ့နေရာကို ပြန်သွားနိုင်အောင် ကူညီဖို့ သွင်းဂိုးတွေ သွင်းယူဖို့အတွက် ကောင်းသင့်တာထက်ကို ပိုကောင်းတယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဒီအပြောင်းအရွှေ့ဟာ အာဆင်နယ် လူစာရင်းအတွက် အရမ်းကောင်းတဲ့ ဖြည့်စွက်မှုဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း ဂျေဆူးကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အာဆင်နယ်က မန်စီးတီးတိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပုံပေါ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒါရင်း ဘန့်တ်က အာတီတာကို ဘရိုက်တန်က ဘစ်ဆူးမားနဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး အန်ကွန်ကူကို ခေါ်ယူစေချင်နေပြီး ဘရိုက်တန်ကြယ်ပွင့်ကိုသာ ခေါ်ယူနိုင်ခဲ့ရင် သောမတ်စ် ပါတေးတောင် ပွဲထွက်လူစာရင်းမှာ နေရာပျောက်သွားနိုင်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ပရိသတ္ျဖစ္တဲ့ ဒါရင္းဘန႔္တ္ဟာ ဂါဘရီယယ္လ္ ေဂ်ဆူးကို အမ္းမရိတ္စ္အေရာက္ ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရရွိဖို႔ ေတာ္ေတာ္ေလး နီးစပ္ေနၿပီဆိုတဲ့သတင္းၾကားခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါရင္း ဘန႔္တ္ဟာ ဘ႐ိုက္တန္ ကြင္းလယ္လူ ဘစ္ဆူးမားနဲ႔ လိုက္ပ္ဇစ္ တိုက္စစ္မႉး အန္ကြန္ကူတို႔ကို ထပ္မံေခၚယူေစခ်င္ေနၿပီး အာဆင္နယ္အသင္းဟာ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ မာကင္ညိဳ႕စ္ကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း လာမယ့္ရက္ပိုင္းအတြင္း အတည္ျပဳေၾကညာသြားေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာကင္ညိဳ႕စ္ဟာ အာတီတာရဲ႕အေျပာင္းအေ႐ႊ႕အစီအစဥ◌္မွာ အဓိက ေခၚယူမႈေတာ့မဟုတ္ဘဲ လာကာဇက္ ထြက္ခြာၿပီးေနာက္ပိုင္း မန္စီးတီးၾကယ္ပြင့္ ေဂ်ဆူးက ထိပ္တန္းတိုက္စစ္ပစ္မွတ္ျဖစ္လာတာျဖစ္ပါတယ္။

ဘန႔္တ္က အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားဟာ ထိပ္တန္းေခၚယူမႈျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး သေဘာတူညီမႈ ရရွိဖို႔အတြက္ အေတာ္ေလး နီးစပ္ေနၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အေနနဲ႔ ဘယ္သူ႔ကို ေခၚယူသင့္တယ္လို႔ ထင္လဲလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ စပါးစ္တိုက္စစ္မႉးေဟာင္းက “ပထမဆုံးအေနနဲ႔ အာဆင္နယ္နဲ႔ သတင္းထြက္ေနတဲ့ တစ္စုံတေယာက္ရွိၿပီး သူနဲ႔ သေဘာတူညီမႈရဖို႔ ေတာ္ေတာ္ေလးနီးစပ္ေနၿပီလို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ သူက ဂါဘရီယယ္ ေဂ်ဆူးပါ။ သူ အာဆင္နယ္ကို သြားတာ ကြၽန္ေတာ္ ျမင္ခ်င္ပါတယ္။ သူက အရမ္းေကာင္းမြန္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္”

“သူ႔မွာ သက္ေသျပစရာ ဘာမွမရွိေပမယ့္ သူ ပုံမွန္ပြဲကစားခ်ိန္လိုအပ္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ သူက အာဆင္နယ္ ရွိခ်င္တဲ့ေနရာကို ျပန္သြားႏိုင္ေအာင္ ကူညီဖို႔ သြင္းဂိုးေတြ သြင္းယူဖို႔အတြက္ ေကာင္းသင့္တာထက္ကို ပိုေကာင္းတယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ ဒီအေျပာင္းအေ႐ႊ႕ဟာ အာဆင္နယ္ လူစာရင္းအတြက္ အရမ္းေကာင္းတဲ့ ျဖည့္စြက္မႈျဖစ္လာမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ကလည္း ေဂ်ဆူးကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း အာဆင္နယ္က မန္စီးတီးတိုက္စစ္မႉးကို ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံး ျဖစ္ေနပုံေပၚပါတယ္။ တစ္ဆက္တည္းမွာပဲ ဒါရင္း ဘန႔္တ္က အာတီတာကို ဘ႐ိုက္တန္က ဘစ္ဆူးမားနဲ႔ လိုက္ပ္ဇစ္တိုက္စစ္မႉး အန္ကြန္ကူကို ေခၚယူေစခ်င္ေနၿပီး ဘ႐ိုက္တန္ၾကယ္ပြင့္ကိုသာ ေခၚယူႏိုင္ခဲ့ရင္ ေသာမတ္စ္ ပါေတးေတာင္ ပြဲထြက္လူစာရင္းမွာ ေနရာေပ်ာက္သြားႏိုင္တယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.