Premier League Transfer News

အပြောင်းအရွှေ့မှာ လူပေါင်းမနပ်တဲ့ ငတုံးတစ်ယောက်လို ဖြစ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနွေရာသီမှာလည်း လက်မသွက်သလို အသင်းနဲ့ တကယ် ခွင်တည့်နိုင်တဲ့ ကစားသမားတွေကို မခေါ်ယူနိုင်သေးဘဲ ဟိုလူနဲ့လိုလို ဒီလူနဲ့လိုလိုဖြစ်နေခဲ့ပြီး ဒါကတော့ လူငယ်တွေကြားမှာ ပေါင်းသင်းဆက်ဆံရေး အထာမနပ်တဲ့ ငတုံးတစ်ယောက်ကို ကြည့်နေရသလိုမျိုးတောင်ဖြစ်နေခဲ့ပါတယ်။

၁။ ကုန်းဆင်းဆီက ပိုက်ဆံသွားချေးတာမျိုး
အပေါင်းအသင်းတွေထဲမှာ ကုန်းဆင်းနေကျကောင်ဆီက ဘယ်တုန်းက ပိုက်ဆံချေးလို့ ရဖူးလို့လဲ… မောင်အာကြီးကတော့ လိုက်ချေးနေကျပါ။ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့တုန်းက ဖီအိုရင်တီးနားရဲ့ ဒူရှန် ဗလာဟိုဗစ်ချ်ကို ကြိုးစားခဲ့တာမျိုးပေါ့။ သာယာစီး ဆားဘီးယားသားဟာ ကုန်းဆင်းလို့ရမယ့် ဂျူဗင်တပ်စ်ကို ရွေးခဲ့ပြီး ချန်ပီယံလိဂ်အတွက် ဝင်ရုန်းပေးရမယ့် အာဆင်နယ်ကို ပစ်ခဲ့ပါတယ်။ ဒါဟာ စိတ်ဓာတ်မကောင်းတဲ့သူကို သွားပြီး ခေါ်မိတဲ့ အကျိုးဆက်ပါ။

၂။ ဆယ်လီကို သွားကြွေတဲ့ လိုသုံးလိုမျိုး
ဝိုင်းဝိုင်းလည်နေတဲ့ ဆယ်လီမက ခင်ဗျားမှာ ခိုင်းစားရလို့ရတဲ့ အချိန်မျိုးမှာသာ ခဏခေါ်သုံးမှာပါ။ ဘာနဲ့တူလဲဆိုတော့ ဂျေဆူးစ်ကို ဧပြီလလောက်က မျက်စပစ်ပြခဲ့တာနဲ့တူပါတယ်။ ဟိုက မောင်အာကြီးတို့ ချန်ပီယံလိဂ်ဝင်ဖို့ မျှော်လင့်ချက်ရှိနေလို့ မန်စီးတီးက ထွက်မယ့်အချိန်မျိုးမှာ လေသံပစ်တာပါ။ လက်ရှိ ယူရိုပါလိဂ်နဲ့တော့ ခင်ဗျားကို ကြားကောင်းအောင်ပြောပြီး လှည့်ကြည့်တော့မှာ မဟုတ်ပါ။ ဒါပေမယ့် အီဒူးလို ငတုံးမျိုးကတော့ ဘရာဇီးလ်သားချင်း ဖြစ်နိုင်ဦးမယ်လို့ ထင်နေပုံပါပဲ။

၃။ သားကြီးတွေကို ပစ်ပြီး တခြားမှာ အောက်လျှိုးတာမျိုး
ကိုယ့်မှာ ဘဝတူထဲက စိတ်ဓာတ်ကောင်းပြီး သဘောထားပြည့်တဲ့ သူငယ်ချင်းအရင်းကြီးတွေ ရှိကြမှာပါ… သားကြီးလို့ ခင်မင်မှုနဲ့ ခေါ်ကြတာမျိုးပေါ့။ အဲ့လိုကောင်တွေကို မောင်အာကြီးက ပစ်ပြီး တခြားမှာ ခေါင်းသွားလျှိုးပါတယ်။ ယူရိုပါလိဂ်ပဲ ကစားရမယ့်အချိန်မှာ ယူရိုပါလိဂ်ကို ကစားနေကျဖြစ်တဲ့ တီးလီးမန်းစ်လို ကစားသမားမျိုး၊ ယူရိုပါလိဂ်တောင် နပ်မမှန်တဲ့ အဲဗာတန်က ရစ်ချာလစ်ဆန်၊ ကဲလ်ဗတ်-လူဝင်လို ကစားသမားမျိုးတွေကို ခေါ်ရမယ့်အစား ချန်ပီယံလိဂ် ကန်နေကျအသင်းက ကစားသမားတွေကို အောက်ကျခံပြီး ကြိုးစားနေတာပါ။

၄။ ကိုယ့်ကိုကိုယ် ဆရာကြီးထင်နေတာမျိုး
အာဆင်နယ်မှာ ဖြစ်နေတာက ဆရာကြီးကွက်တွေပါ။ အီဒူးက ဈေးကွက်မှာ သူ့ကိုယ်သူ လည်လှပြီ ထင်နေသလို အာတီတာကလည်း အသင်းမှာ သူဘာမဆို လုပ်ပြနိုင်တယ်လို့ ထင်နေတာဖြစ်ပါတယ်။ ပေါချောင်ကောင်း ကစားသမားတွေနဲ့ လူငယ်ခြေတက်တွေကို လိုက်ချိတ်ရမယ့်အစား ဘယ်သူမှ မသိတဲ့ ကစားသမားမျိုးနဲ့ နာမည်ကြီး ထမင်းငတ် မိုရာတာ၊ ဇင်ချန်ကိုတို့လို ကစားသမားမျိုးတွေကို လိုက်ချိတ်ပါတယ်။ ဒါက အသင်းရဲ့ ဦးတည်ချက်ကို ပျက်စီးစေပြီး ဒီရာသီမှာ လက်စတာ၊ ဝက်စ်ဟမ်းတို့လို ပရီးမီးယားလိဂ်တစ်ခုတည်း ကန်မယ့် အသင်းတွေက ဝိုင်းဘေတာကို ခံရမယ့် ရုပ်ဖြစ်နေတာပါပဲ။

၅။ အရိပ်သုံးပါး နားမလည်တာမျိုး
ဒီနှစ် ကာတာ ကမ္ဘာ့ဖလားကန်မှာမို့ စောစောစီးစီး ပွဲတွေ ဖြတ်ဖို့ ကြိုးစားနေကြတာက နိုင်ငံတကာမှာရော ကလပ်အသင်းပြိုင်ပွဲတွေမှာပါ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ဟာ စာရွက်ပေါ်မှာ စက်တင်ဘာ ၁ ရက်နေ့ ပိတ်မှာဖြစ်ပေမယ့် အသင်းတွေကတော့ အနည်းဆုံး နှစ်ပတ်စောပြီး ကိုယ့်ဘာသာကိုယ် တည်ငြိမ်အောင် လူထပ်မရောင်းတော့ဘဲ ပိတ်သွားမယ့် သဘောရှိနေချိန်မှာ လက်သွက်သွက်နဲ့ လူမခေါ်နိုင်ဘဲ Panic Buy တွေ လုပ်ဦးမယ်ဆိုရင်တော့ ဒီရာသီမှာ ပိုက်ဆံပေးတိုင်းမရတာမျိုး ဆောင်းရာသီကလိုပဲ ထပ်ဖြစ်နိုင်ပါတယ်။

ဒါဟာ အာဆင်နယ်အသင်းကို ခေါင်းမာတဲ့ နည်းပြ၊ မလည်ရှုပ် နည်းစနစ်ဒါရိုက်တာနဲ့ ပစ္စည်းဟောင်း ဝယ်ရောင်းလုပ်တဲ့ အဆင့်လောက်နဲ့ CEO ဗင်ကာတီရှမ်လိုကောင်မျိုးတွေ ဦးဆောင်နေသမျှ ဖြစ်နေဦးမယ့် ပြဿနာဖြစ်ပြီး ခရွန်ကီတွေကတော့ ပရိသတ်တွေ ဆူပူမှ နားအေးအောင် ထွက်ချော့ပြီး မင်းသားလုပ်ပြဦးမယ့်သဘောမှာပဲ ရှိတာကြောင့် ဂန်းနားပရိသတ်တွေ အမှန်သိအောင် အမုန်းခံပြီး ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေႏြရာသီမွာလည္း လက္မသြက္သလို အသင္းနဲ႔ တကယ္ ခြင္တည့္ႏိုင္တဲ့ ကစားသမားေတြကို မေခၚယူႏိုင္ေသးဘဲ ဟိုလူနဲ႔လိုလို ဒီလူနဲ႔လိုလိုျဖစ္ေနခဲ့ၿပီး ဒါကေတာ့ လူငယ္ေတြၾကားမွာ ေပါင္းသင္းဆက္ဆံေရး အထာမနပ္တဲ့ ငတုံးတစ္ေယာက္ကို ၾကည့္ေနရသလိုမ်ိဳးေတာင္ျဖစ္ေနခဲ့ပါတယ္။

၁။ ကုန္းဆင္းဆီက ပိုက္ဆံသြားေခ်းတာမ်ိဳး
အေပါင္းအသင္းေတြထဲမွာ ကုန္းဆင္းေနက်ေကာင္ဆီက ဘယ္တုန္းက ပိုက္ဆံေခ်းလို႔ ရဖူးလို႔လဲ… ေမာင္အာႀကီးကေတာ့ လိုက္ေခ်းေနက်ပါ။ ၿပီးခဲ့တဲ့ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕တုန္းက ဖီအိုရင္တီးနားရဲ႕ ဒူရွန္ ဗလာဟိုဗစ္ခ်္ကို ႀကိဳးစားခဲ့တာမ်ိဳးေပါ့။ သာယာစီး ဆားဘီးယားသားဟာ ကုန္းဆင္းလို႔ရမယ့္ ဂ်ဴဗင္တပ္စ္ကို ေ႐ြးခဲ့ၿပီး ခ်န္ပီယံလိဂ္အတြက္ ဝင္႐ုန္းေပးရမယ့္ အာဆင္နယ္ကို ပစ္ခဲ့ပါတယ္။ ဒါဟာ စိတ္ဓာတ္မေကာင္းတဲ့သူကို သြားၿပီး ေခၚမိတဲ့ အက်ိဳးဆက္ပါ။

၂။ ဆယ္လီကို သြားေႂကြတဲ့ လိုသုံးလိုမ်ိဳး
ဝိုင္းဝိုင္းလည္ေနတဲ့ ဆယ္လီမက ခင္ဗ်ားမွာ ခိုင္းစားရလို႔ရတဲ့ အခ်ိန္မ်ိဳးမွာသာ ခဏေခၚသုံးမွာပါ။ ဘာနဲ႔တူလဲဆိုေတာ့ ေဂ်ဆူးစ္ကို ဧၿပီလေလာက္က မ်က္စပစ္ျပခဲ့တာနဲ႔တူပါတယ္။ ဟိုက ေမာင္အာႀကီးတို႔ ခ်န္ပီယံလိဂ္ဝင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနလို႔ မန္စီးတီးက ထြက္မယ့္အခ်ိန္မ်ိဳးမွာ ေလသံပစ္တာပါ။ လက္ရွိ ယူ႐ိုပါလိဂ္နဲ႔ေတာ့ ခင္ဗ်ားကို ၾကားေကာင္းေအာင္ေျပာၿပီး လွည့္ၾကည့္ေတာ့မွာ မဟုတ္ပါ။ ဒါေပမယ့္ အီဒူးလို ငတုံးမ်ိဳးကေတာ့ ဘရာဇီးလ္သားခ်င္း ျဖစ္ႏိုင္ဦးမယ္လို႔ ထင္ေနပုံပါပဲ။

၃။ သားႀကီးေတြကို ပစ္ၿပီး တျခားမွာ ေအာက္လွ်ိဳးတာမ်ိဳး
ကိုယ့္မွာ ဘဝတူထဲက စိတ္ဓာတ္ေကာင္းၿပီး သေဘာထားျပည့္တဲ့ သူငယ္ခ်င္းအရင္းႀကီးေတြ ရွိၾကမွာပါ… သားႀကီးလို႔ ခင္မင္မႈနဲ႔ ေခၚၾကတာမ်ိဳးေပါ့။ အဲ့လိုေကာင္ေတြကို ေမာင္အာႀကီးက ပစ္ၿပီး တျခားမွာ ေခါင္းသြားလွ်ိဳးပါတယ္။ ယူ႐ိုပါလိဂ္ပဲ ကစားရမယ့္အခ်ိန္မွာ ယူ႐ိုပါလိဂ္ကို ကစားေနက်ျဖစ္တဲ့ တီးလီးမန္းစ္လို ကစားသမားမ်ိဳး၊ ယူ႐ိုပါလိဂ္ေတာင္ နပ္မမွန္တဲ့ အဲဗာတန္က ရစ္ခ်ာလစ္ဆန္၊ ကဲလ္ဗတ္-လူဝင္လို ကစားသမားမ်ိဳးေတြကို ေခၚရမယ့္အစား ခ်န္ပီယံလိဂ္ ကန္ေနက်အသင္းက ကစားသမားေတြကို ေအာက္က်ခံၿပီး ႀကိဳးစားေနတာပါ။

၄။ ကိုယ့္ကိုကိုယ္ ဆရာႀကီးထင္ေနတာမ်ိဳး
အာဆင္နယ္မွာ ျဖစ္ေနတာက ဆရာႀကီးကြက္ေတြပါ။ အီဒူးက ေဈးကြက္မွာ သူ႔ကိုယ္သူ လည္လွၿပီ ထင္ေနသလို အာတီတာကလည္း အသင္းမွာ သူဘာမဆို လုပ္ျပႏိုင္တယ္လို႔ ထင္ေနတာျဖစ္ပါတယ္။ ေပါေခ်ာင္ေကာင္း ကစားသမားေတြနဲ႔ လူငယ္ေျခတက္ေတြကို လိုက္ခ်ိတ္ရမယ့္အစား ဘယ္သူမွ မသိတဲ့ ကစားသမားမ်ိဳးနဲ႔ နာမည္ႀကီး ထမင္းငတ္ မိုရာတာ၊ ဇင္ခ်န္ကိုတို႔လို ကစားသမားမ်ိဳးေတြကို လိုက္ခ်ိတ္ပါတယ္။ ဒါက အသင္းရဲ႕ ဦးတည္ခ်က္ကို ပ်က္စီးေစၿပီး ဒီရာသီမွာ လက္စတာ၊ ဝက္စ္ဟမ္းတို႔လို ပရီးမီးယားလိဂ္တစ္ခုတည္း ကန္မယ့္ အသင္းေတြက ဝိုင္းေဘတာကို ခံရမယ့္ ႐ုပ္ျဖစ္ေနတာပါပဲ။

၅။ အရိပ္သုံးပါး နားမလည္တာမ်ိဳး
ဒီႏွစ္ ကာတာ ကမာၻ႔ဖလားကန္မွာမို႔ ေစာေစာစီးစီး ပြဲေတြ ျဖတ္ဖို႔ ႀကိဳးစားေနၾကတာက ႏိုင္ငံတကာမွာေရာ ကလပ္အသင္းၿပိဳင္ပြဲေတြမွာပါ ျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕ေဈးကြက္ဟာ စာ႐ြက္ေပၚမွာ စက္တင္ဘာ ၁ ရက္ေန႔ ပိတ္မွာျဖစ္ေပမယ့္ အသင္းေတြကေတာ့ အနည္းဆုံး ႏွစ္ပတ္ေစာၿပီး ကိုယ့္ဘာသာကိုယ္ တည္ၿငိမ္ေအာင္ လူထပ္မေရာင္းေတာ့ဘဲ ပိတ္သြားမယ့္ သေဘာရွိေနခ်ိန္မွာ လက္သြက္သြက္နဲ႔ လူမေခၚႏိုင္ဘဲ Panic Buy ေတြ လုပ္ဦးမယ္ဆိုရင္ေတာ့ ဒီရာသီမွာ ပိုက္ဆံေပးတိုင္းမရတာမ်ိဳး ေဆာင္းရာသီကလိုပဲ ထပ္ျဖစ္ႏိုင္ပါတယ္။

ဒါဟာ အာဆင္နယ္အသင္းကို ေခါင္းမာတဲ့ နည္းျပ၊ မလည္ရႈပ္ နည္းစနစ္ဒါ႐ိုက္တာနဲ႔ ပစၥည္းေဟာင္း ဝယ္ေရာင္းလုပ္တဲ့ အဆင့္ေလာက္နဲ႔ CEO ဗင္ကာတီရွမ္လိုေကာင္မ်ိဳးေတြ ဦးေဆာင္ေနသမွ် ျဖစ္ေနဦးမယ့္ ျပႆနာျဖစ္ၿပီး ခ႐ြန္ကီေတြကေတာ့ ပရိသတ္ေတြ ဆူပူမွ နားေအးေအာင္ ထြက္ေခ်ာ့ၿပီး မင္းသားလုပ္ျပဦးမယ့္သေဘာမွာပဲ ရွိတာေၾကာင့္ ဂန္းနားပရိသတ္ေတြ အမွန္သိေအာင္ အမုန္းခံၿပီး ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.