Premier League

ဝေဖန်မှုတွေ မြင့်တက်နေတဲ့ PFA တစ်ရာသီတာအကောင်းဆုံးအသင်း

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမှာ သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် မိုဟာမက် ဆာလားနဲ့ ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့ပေမယ့်လည်း PFA ရဲ့တစ်ရာသီတာအကောင်းဆုံးအသင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

ဆာလားဟာ PFA တစ်ရာသီတာအကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တဲ့ လီဗာပူးလ်ကြယ်ပွင့် ၆ ဦးထဲက တစ်ဦးဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုက ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပြီးနောက် ကစားသမား ၃ ဦးအထိ ရွေးချယ်ခြင်းခံခဲ့ရပြီး ချဲလ်ဆီးကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ ရူဒီဂါလည်း ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ကီဗင် ဒီဘရိုင်းနား၊ ဂျာအို ကန်ဆယ်လို၊ ဆာလားတို့ဟာ ပြီးခဲ့တဲ့ရာသီ PFA ရဲ့အကောင်းဆုံးအသင်းက နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပြီး ထရင့် အလက်ဇန်းဒါး-အာနိုးလ်၊ ဗန်ဒိုက်၊ မာနေးတို့ဟာ ၂၀၁၉-၂၀၂၀ ရာသီ PFA အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ပြီးနောက် အယ်လစ်ဆန်၊ သီယေဂို အယ်လ်ကန်တာရာတို့နဲ့အတူ နောက်ထပ်တစ်ကြိမ် ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ ၂၀၁၈-၂၀၁၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးနောက်ပိုင်း ပထမဆုံးရာသီမှာပဲ ကစားသမားဘဝတလျှောက် ၅ ကြိမ်မြောက် ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

PFA ရဲ့တစ်ရာသီတာအကောင်းဆုံးအသင်းမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဆွန်ဟောင်မင် မပါဝင်ခဲ့တာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ထည့်သွင်းချင်တာကြောင့် ဖြစ်နိုင်တယ်လို့ ပရိသတ်တွေကြားမှာ ထင်ကြေးပေးပြောဆိုမှုတွေ ရှိနေခဲ့ပြီး အာရှကစားသမားဖြစ်တာကြောင့် ခွဲခြားဆက်ဆံခြင်း ခံခဲ့ရတာလို့ ပြစ်တင်ဝေဖန်သံတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီး နောက်ခံလူ လာပို့တ်လည်း PFA ရဲ့ တစ်ရာသီတာအကောင်းဆုံးအသင်းမှာ ချန်လှပ်ခံခဲ့ရတဲ့အတွက် မန်စီးတီးပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ပြီး စပိန်နောက်ခံလူဟာ ၂၀၂၁-၂၀၂၂ ရာသီအတွင်း ပရီးမီးယားလိဂ်မှာ ဘောလုံးပေးပို့ရာမှာ တိကျမှုအရှိဆုံး(၉၄ ရာခိုင်နှုန်း)နဲ့ မိနစ် ၉၀ အတွင်း တိကျတဲ့ပေးပို့မှု ၈၇.၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လာပို့တ်ဟာ ပထမဆုံး ပွဲ ၁၀၀ မှာ ရမှတ်အများဆုံး ရရှိခဲ့တဲ့ ကစားသမားအဖြစ် ပရီးမီးယားလိဂ်သမိုင်းစာအုပ်မှာ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာဖြစ်ပြီး အဲဒီအချက်အလက်တွေကို ၎င်းရဲ့ အင်စတာဂရမ်အကောင့် စတိုရီမှာ တင်ထားခဲ့ပြီး PFA ရဲ့ တစ်ရာသီတာအကောင်းဆုံးအသင်းကို မကျေနပ်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္တိုက္စစ္မႉး ဆြန္ေဟာင္မင္ဟာ ၿပီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမွာ သြင္းဂိုး ၂၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ မိုဟာမက္ ဆာလားနဲ႔ ေ႐ႊဖိနပ္ဆုကို ပူးတြဲရရွိခဲ့ေပမယ့္လည္း PFA ရဲ႕တစ္ရာသီတာအေကာင္းဆုံးအသင္းကေန ခ်န္လွပ္ခံခဲ့ရပါတယ္။

ဆာလားဟာ PFA တစ္ရာသီတာအေကာင္းဆုံးအသင္းမွာ ပါဝင္ခဲ့တဲ့ လီဗာပူးလ္ၾကယ္ပြင့္ ၆ ဦးထဲက တစ္ဦးျဖစ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အဆင့္ ၆ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ေပမယ့္လည္း ေရာ္နယ္လ္ဒိုက ေ႐ြးခ်ယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ခဲ့ၿပီးေနာက္ ကစားသမား ၃ ဦးအထိ ေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီး ခ်ဲလ္ဆီးကေန ထြက္ခြာခဲ့ၿပီျဖစ္တဲ့ ႐ူဒီဂါလည္း ေ႐ြးခ်ယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ကီဗင္ ဒီဘ႐ိုင္းနား၊ ဂ်ာအို ကန္ဆယ္လို၊ ဆာလားတို႔ဟာ ၿပီးခဲ့တဲ့ရာသီ PFA ရဲ႕အေကာင္းဆုံးအသင္းက ေနရာကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ၿပီး ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္၊ ဗန္ဒိုက္၊ မာေနးတို႔ဟာ ၂၀၁၉-၂၀၂၀ ရာသီ PFA အေကာင္းဆုံးအသင္းမွာ ပါဝင္ခဲ့ၿပီးေနာက္ အယ္လစ္ဆန္၊ သီေယဂို အယ္လ္ကန္တာရာတို႔နဲ႔အတူ ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားဟာ ၂၀၁၈-၂၀၁၉ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ျပန္လည္ပါဝင္လာခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ပထမဆုံးရာသီမွာပဲ ကစားသမားဘဝတေလွ်ာက္ ၅ ႀကိမ္ေျမာက္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

PFA ရဲ႕တစ္ရာသီတာအေကာင္းဆုံးအသင္းမွာ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆု ရရွိခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါး တိုက္စစ္မႉး ဆြန္ေဟာင္မင္ မပါဝင္ခဲ့တာဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ထည့္သြင္းခ်င္တာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ပရိသတ္ေတြၾကားမွာ ထင္ေၾကးေပးေျပာဆိုမႈေတြ ရွိေနခဲ့ၿပီး အာရွကစားသမားျဖစ္တာေၾကာင့္ ခြဲျခားဆက္ဆံျခင္း ခံခဲ့ရတာလို႔ ျပစ္တင္ေဝဖန္သံေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီး ေနာက္ခံလူ လာပို႔တ္လည္း PFA ရဲ႕ တစ္ရာသီတာအေကာင္းဆုံးအသင္းမွာ ခ်န္လွပ္ခံခဲ့ရတဲ့အတြက္ မန္စီးတီးပရိသတ္ေတြ ေဒါသေပါက္ကြဲခဲ့ၿပီး စပိန္ေနာက္ခံလူဟာ ၂၀၂၁-၂၀၂၂ ရာသီအတြင္း ပရီးမီးယားလိဂ္မွာ ေဘာလုံးေပးပို႔ရာမွာ တိက်မႈအရွိဆုံး(၉၄ ရာခိုင္ႏႈန္း)နဲ႔ မိနစ္ ၉၀ အတြင္း တိက်တဲ့ေပးပို႔မႈ ၈၇.၉ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ လာပို႔တ္ဟာ ပထမဆုံး ပြဲ ၁၀၀ မွာ ရမွတ္အမ်ားဆုံး ရရွိခဲ့တဲ့ ကစားသမားအျဖစ္ ပရီးမီးယားလိဂ္သမိုင္းစာအုပ္မွာ မွတ္တမ္းသစ္ ေရးထိုးႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်က္အလက္ေတြကို ၎ရဲ႕ အင္စတာဂရမ္အေကာင့္ စတိုရီမွာ တင္ထားခဲ့ၿပီး PFA ရဲ႕ တစ္ရာသီတာအေကာင္းဆုံးအသင္းကို မေက်နပ္ေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.