Premier League

ပြီးခဲ့တဲ့နွေတုန်းကထက် ငွေကြေးပိုမိုသုံးစွဲပြီး အာဆင်နယ်တို့ ခေါ်ယူသင့်တဲ့ကစားသမား ၄ ဦး

၂၀၂၂ ခုနှစ်ရဲ့ နွေရာဦအပြောင်းအရွှေ့ဈေးကွက်ဟာ တရားဝင် ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး အာဆင်နယ်အသင်းဟာ လာမယ့်လအတွင်း အိပ်မက်ထားတဲ့ အပြောင်းအရွှေ့တွေကို ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

အာဆင်နယ်ဟာ ဥရောပထိပ်တန်းပြိုင်ပွဲကို ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိနိုင်ဖို့ သေချာနေရာကနေ ရုပ်ရှင်ဆန်ဆန် တေ့လွဲသွားခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ချန်ပီယံလိဂ်ပဲဖြစ်ဖြစ်၊ ယူရိုပါလိဂ်ပဲဖြစ်ဖြစ် ပွဲစဉ်တွေ ပိုမိုများပြားလာတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလည်း ၅ ဦးအထိ လူစားလဲလှယ်ခြင်း တိုးမြှင့်လိုက်တာဟာ လူစာရင်းထဲမှာ နောက်ထပ်အင်အားပိုမို လိုအပ်မှုကိုသာ မြင့်တက်စေမှာဖြစ်ပါတယ်။

အာတီတာနဲ့ အီဒူးတို့ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းသမိုင်းတလျှောက် ဈေးအကြီးဆုံး အပြောင်းအရွှေ့ဈေးကွက်တွေထဲက တစ်ခုကို ဖြတ်သန်းခဲ့တာဖြစ်ပြီး ကစားသမား ၆ ဦးအတွက် ပေါင်သန်း ၁၅၀ အထိ သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ အဲဒီပမာဏထက် ပိုမို သုံးစွဲရမယ်ဆိုတာကို လက်ခံနိုင်စရာရှိနေပြီး အရည်အတွက်ထက်စာရင် အရည်အသွေးကို ပိုဦးစားပေးရမယ်လို့ ထင်မြင်မိပါတယ်။

အာဆင်နယ်ရဲ့ လူစာရင်းဟာ ပုံကောင်းကောင်း ပေါ်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်ဟာ နောက်ထပ်တစ်ဆင့် ထပ်မြှင့်ရမယ့်အချိန်ဖြစ်ပြီး ထိပ်တန်းအရည်အသွေး ကစားသမားသစ်တွေ ခေါ်ယူမှသာ လာမယ့်ရာသီ ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးနိုင်မယ့် အခွင့်အရေးကို တိုးမြှင့်နိုင်မှာဖြစ်တာကြောင့် အာဆင်နယ်တို့ မဖြစ်မနေ ခေါ်ယူသင့်တဲ့ ကစားသမား ၄ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

ဂါဘရီယယ်လ် ဂျေဆူး

မန်စီးတီးတိုက်စစ်မှူးဟာ အာဆင်နယ်အတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုဖြစ်လာမှာသေချာပြီး ပရီးမီးယားလိဂ်မှာ ကစားနိုင်ကြောင်း သက်သေပြသထားပြီးဖြစ်သလို နေရာစုံကစားနိုင်ခြင်း၊ အလုပ်ကြိုးစားခြင်း၊ မယုံနိုင်လောက်အောင် အရည်အချင်းရှိခြင်း စတဲ့အချက်တွေဟာ ဂျေဆူး စိတ်လှုပ်ရှားစရာ ခေါ်ယူမှုဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။ ဂျေဆူးဟာ မန်စီးတီးအတွက် ၂၃၆ ပွဲမှာ သွင်းဂိုး ၉၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၆ ကြိမ် ပြုလုပ်ထားတာက ၎င်းက ဘယ်လိုကစားသမားလဲဆိုတာကို အတိအကျ ပြောပြနေတာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ အစ်တီဟတ်မှာ အကြိမ်ပေါင်းများစွာ တောင်ပံတိုက်စစ်အနေနဲ့ ကစားခဲ့ရတယ်ဆိုတာကို မမေ့ဖို့ လိုအပ်ပါတယ်။ ဂျေဆူးဟာ အထောင်တိုက်စစ်မှူးအဖြစ် ကစားရတဲ့အချိန်မှာ ၁၈၇ ပွဲမှာ ၈၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်ရဲ့ တိုက်စစ်ကို ကောင်းကောင်း ဦးဆောင်နိုင်မယ့် ကျောနံပါတ် ၉ ကစားသမားဆိုတာ အာတီတာလည်း သိပြီးသားဖြစ်မယ်ထင်ပါတယ်။

ဂနာဘရီ

အာဆင်နယ်ကို သံယောဇဉ်ကြီးတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟာ ဒီနွေရာသီမှာ ဘွန်ဒက်စ်လီဂါချန်ပီယံတွေနဲ့ လမ်းခွဲချင်နေပြီး ကမ္ဘာ့အဆင့် ကစားသမားဖြစ်တာကြောင့် အာဆင်နယ်တို့အတွက်တော့ အချိုပေါ် သကာဆင့်သလို ဖြစ်လာမယ့် အပြောင်းအရွှေ့ဖြစ်ပါတယ်။ နီကိုလာ ပေပေရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်နေတာကြောင့် အာဆင်နယ်အနေနဲ့ မဖြစ်မနေ တောင်ပံတိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူဖို့ လိုအပ်နေပြီး ဆာကာဟာ ညာတောင်ပံမှာ ပုံမှန်ပွဲထွက်ကစားနေခဲ့တာကြောင့် ဘယ်တောင်ပံမှာ ဂနာဘရီနဲ့ဆို အာဆင်နယ်တိုက်စစ်က ဂဏန်းငြိမ်သွားမှာဖြစ်ပါတယ်။

ယူရီ တီလီမန်းစ်

ပေါင် ၂၅ သန်းလောက်နဲ့ ခေါ်ယူလို့ရနိုင်တဲ့ လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့်ဟာ အင်္ဂလန်မှာ အောင်မြင်မှုတွေနဲ့ သက်သေပြသခဲ့ပြီးသူဖြစ်ပြီး အာတီတာလိုချင်တဲ့ အရည်အသွေးအားလုံး ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဘောလုံးကိုင်ထားချိန်မှာ သက်တောင့်သက်သာရှိပြီး တိုက်စစ်မှာ အန္တရာယ်ပေးနိုင်တဲ့ တီလီမန်းစ်ရဲ့ ဂိုးသွင်းနိုင်တဲ့ စွမ်းရည်ဟာ အာဆင်နယ်ကို တိုက်စစ်ပိုင်းရော ကွင်းလယ်ပိုင်းမှာပါ ပြိုင်ဘက်တွေကို ပိုမို ခြိမ်းခြောက်နိုင်စေမှာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေအနေနဲ့ တီလီမန်းစ်ရဲ့ ဘောလုံးမရှိဘဲ ဖြန့်ဝေနိုင်စွမ်းနဲ့ပတ်သက်ပြီး စိတ်ပူကြပေမယ့်ဆိုတာကို နားလည်ပေမယ့် လက်စတာစီးတီးကြယ်ပွင့်ဟာ ထင်ထားတာထက်တောင် ပိုလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြသခဲ့ပြီးဖြစ်ပါတယ်။

လက်စတာစီးတီးဟာ ကစားသမားအများစု သာမန်စွမ်းဆောင်ရည်အောက်ရောက်ရှိနေခဲ့တာရဲ့ နောက်ဆက်တွဲအနေနဲ့ အကောင်းဆုံးရာသီကို မပိုင်ဆိုင်ခဲ့တာက သာမန်ပဲဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ရာသီကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ ကွင်းလယ်ကနေ ဘောလုံး ပြန်အဆယ်ယူနိုင်ဆုံးကစားသမားစာရင်းမှာ ဒုတိယချိတ်ခဲ့တယ်ဆိုတာကို တွေ့ရမှာဖြစ်ပြီး အဲဒါက တီလီမန်းစ်အနေနဲ့ ခံစစ်ပိုင်းကိုလည်း ဆင်းကူနိုင်တယ်ဆိုတာကို မြင်သာစေခဲ့ပါတယ်။ ယူရီ တီလီမန်းစ်အနေနဲ့ အဲဒီလို တိုက်စစ်မှာရော ခံစစ်မှာပါ ဖြန့်ဝေနိုင်စွမ်းရှိလာဖို့အတွက် ယုံကြည်ချက်ရှိနေဖို့သာ လိုအပ်ပြီး အဲဒီယုံကြည်ချက်ကို အာဆင်နယ်မှာ နောက်ထပ်တစ်ကြိမ် ပြန်ရှာတွေ့နိုင်မယ်လို့ ထင်မိပါတယ်။

ဇင်ချန်ကို

ပြီးခဲ့တဲ့လတွေ၊ ရက်သတ္တပတ်တွေမှာ သတင်းခေါင်းစည်းတွေကို နေရာယူခဲ့တဲ့ ဇင်ချန်ကိုဟာ မန်စီးတီးက ဂွါဒီယိုလာရဲ့လူစာရင်းမှာ ခြေစွမ်းတည်ငြိမ်ပြီး အားထားရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီးနောက် တစ်ခါတရံမှာ ပိုပြီး အသိအမှတ်ပြုခြင်းခံရဖို့ ထိုက်တန်တယ်လို့ ခံစားမိပါတယ်။ ဘယ်နောက်ခံနေရာ၊ ကွင်းလယ်ဗဟိုနေရာတွေမှာ ကစားနိုင်စွမ်းရှိတဲ့ ယူကရိန်းကြယ်ပွင့်ရဲ့ ခံစစ်ပိုင်းရော၊ တိုက်စစ်ပိုင်းပါ လိုက်ပါနိုင်စွမ်းက မယုံနိုင်စရာကောင်းခဲ့ပါတယ်။ မကြာသေးမီက ကမ္ဘာ့ဖလားဝင်ခွင့် Play-off ပွဲစဉ်အဖြစ် စကော့တလန်နဲ့ကစားခဲ့တဲ့ပွဲစဉ်ကို ကြည့်ခဲ့မယ်ဆိုရင် ဇင်ချန်ကိုက ကွင်းထဲမှာ ဘယ်လောက်တောင် သက်တောင့်သက်သာရှိလဲဆိုတာကို သတိပြုမိမှာဖြစ်ပါတယ်။

မန်စီးတီးကြယ်ပွင့်ဟာ ခံစစ်ကနေ တိုက်စစ်ကို အကူးအပြောင်းလုပ်တာ ထမင်းစားရေသောက်သလိုပုံစံပေါ်နေခဲ့ပြီး အဲဒီအရည်အသွေးတွေက အာဆင်နယ်ကို အများကြီး အကူအညီဖြစ်စေမှာပါ။ ဆာလီဘာ ပြန်လာပြီး တာဗာရက်စ် အငှားနဲ့ ထွက်ချိန်မှာ အာဆင်နယ်ခံစစ်မှာ အနည်းဆုံး ဗဟိုခံစစ်ကစားသမား ၄ ဦးအထိ ရှိနေမှာဖြစ်ပေမယ့်လည်း နောက်ခံတောင်ပံနေရာမှာ တီယာနီ မကစားနိုင်တဲ့အချိန်ကျရင် အားနည်းသွားမှာဖြစ်တာကြောင့် ဇင်ချန်ကိုလိုမျိုး နေရာစုံကစားနိုင်တဲ့ ဂျိုကာတစ်ကောင်ကို ပိုင်ဆိုင်ထားတာ ဘယ်ဘက်ကပဲ ကြည့်ကြည့် အာတီတာအတွက် အရှုံးမရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:၂၀၂၂ ခုႏွစ္ရဲ႕ ေႏြရာဦအေျပာင္းအေ႐ႊ႕ေဈးကြက္ဟာ တရားဝင္ ဖြင့္လွစ္ခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္အသင္းဟာ လာမယ့္လအတြင္း အိပ္မက္ထားတဲ့ အေျပာင္းအေ႐ႊ႕ေတြကို ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

အာဆင္နယ္ဟာ ဥေရာပထိပ္တန္းၿပိဳင္ပြဲကို ျပန္လည္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိႏိုင္ဖို႔ ေသခ်ာေနရာကေန ႐ုပ္ရွင္ဆန္ဆန္ ေတ့လြဲသြားခဲ့တာျဖစ္ၿပီး ယူ႐ိုပါလိဂ္နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ ခ်န္ပီယံလိဂ္ပဲျဖစ္ျဖစ္၊ ယူ႐ိုပါလိဂ္ပဲျဖစ္ျဖစ္ ပြဲစဥ္ေတြ ပိုမိုမ်ားျပားလာေတာ့မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ကလည္း ၅ ဦးအထိ လူစားလဲလွယ္ျခင္း တိုးျမႇင့္လိုက္တာဟာ လူစာရင္းထဲမွာ ေနာက္ထပ္အင္အားပိုမို လိုအပ္မႈကိုသာ ျမင့္တက္ေစမွာျဖစ္ပါတယ္။

အာတီတာနဲ႔ အီဒူးတို႔ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းသမိုင္းတေလွ်ာက္ ေဈးအႀကီးဆုံး အေျပာင္းအေ႐ႊ႕ေဈးကြက္ေတြထဲက တစ္ခုကို ျဖတ္သန္းခဲ့တာျဖစ္ၿပီး ကစားသမား ၆ ဦးအတြက္ ေပါင္သန္း ၁၅၀ အထိ သုံးစြဲခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ အဲဒီပမာဏထက္ ပိုမို သုံးစြဲရမယ္ဆိုတာကို လက္ခံႏိုင္စရာရွိေနၿပီး အရည္အတြက္ထက္စာရင္ အရည္အေသြးကို ပိုဦးစားေပးရမယ္လို႔ ထင္ျမင္မိပါတယ္။

အာဆင္နယ္ရဲ႕ လူစာရင္းဟာ ပုံေကာင္းေကာင္း ေပၚေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္ဟာ ေနာက္ထပ္တစ္ဆင့္ ထပ္ျမႇင့္ရမယ့္အခ်ိန္ျဖစ္ၿပီး ထိပ္တန္းအရည္အေသြး ကစားသမားသစ္ေတြ ေခၚယူမွသာ လာမယ့္ရာသီ ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးႏိုင္မယ့္ အခြင့္အေရးကို တိုးျမႇင့္ႏိုင္မွာျဖစ္တာေၾကာင့္ အာဆင္နယ္တို႔ မျဖစ္မေန ေခၚယူသင့္တဲ့ ကစားသမား ၄ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

ဂါဘရီယယ္လ္ ေဂ်ဆူး

မန္စီးတီးတိုက္စစ္မႉးဟာ အာဆင္နယ္အတြက္ အရမ္းေကာင္းတဲ့ ေခၚယူမႈျဖစ္လာမွာေသခ်ာၿပီး ပရီးမီးယားလိဂ္မွာ ကစားႏိုင္ေၾကာင္း သက္ေသျပသထားၿပီးျဖစ္သလို ေနရာစုံကစားႏိုင္ျခင္း၊ အလုပ္ႀကိဳးစားျခင္း၊ မယုံႏိုင္ေလာက္ေအာင္ အရည္အခ်င္းရွိျခင္း စတဲ့အခ်က္ေတြဟာ ေဂ်ဆူး စိတ္လႈပ္ရွားစရာ ေခၚယူမႈျဖစ္တယ္ဆိုတာကို ျပသေနပါတယ္။ ေဂ်ဆူးဟာ မန္စီးတီးအတြက္ ၂၃၆ ပြဲမွာ သြင္းဂိုး ၉၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄၆ ႀကိမ္ ျပဳလုပ္ထားတာက ၎က ဘယ္လိုကစားသမားလဲဆိုတာကို အတိအက် ေျပာျပေနတာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ အစ္တီဟတ္မွာ အႀကိမ္ေပါင္းမ်ားစြာ ေတာင္ပံတိုက္စစ္အေနနဲ႔ ကစားခဲ့ရတယ္ဆိုတာကို မေမ့ဖို႔ လိုအပ္ပါတယ္။ ေဂ်ဆူးဟာ အေထာင္တိုက္စစ္မႉးအျဖစ္ ကစားရတဲ့အခ်ိန္မွာ ၁၈၇ ပြဲမွာ ၈၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး အာဆင္နယ္ရဲ႕ တိုက္စစ္ကို ေကာင္းေကာင္း ဦးေဆာင္ႏိုင္မယ့္ ေက်ာနံပါတ္ ၉ ကစားသမားဆိုတာ အာတီတာလည္း သိၿပီးသားျဖစ္မယ္ထင္ပါတယ္။

ဂနာဘရီ

အာဆင္နယ္ကို သံေယာဇဥ္ႀကီးတဲ့ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ဟာ ဒီေႏြရာသီမွာ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြနဲ႔ လမ္းခြဲခ်င္ေနၿပီး ကမာၻ႔အဆင့္ ကစားသမားျဖစ္တာေၾကာင့္ အာဆင္နယ္တို႔အတြက္ေတာ့ အခ်ိဳေပၚ သကာဆင့္သလို ျဖစ္လာမယ့္ အေျပာင္းအေ႐ႊ႕ျဖစ္ပါတယ္။ နီကိုလာ ေပေပရဲ႕ အနာဂတ္ကလည္း မေရမရာျဖစ္ေနတာေၾကာင့္ အာဆင္နယ္အေနနဲ႔ မျဖစ္မေန ေတာင္ပံတိုက္စစ္ကစားသမားတစ္ဦး ေခၚယူဖို႔ လိုအပ္ေနၿပီး ဆာကာဟာ ညာေတာင္ပံမွာ ပုံမွန္ပြဲထြက္ကစားေနခဲ့တာေၾကာင့္ ဘယ္ေတာင္ပံမွာ ဂနာဘရီနဲ႔ဆို အာဆင္နယ္တိုက္စစ္က ဂဏန္းၿငိမ္သြားမွာျဖစ္ပါတယ္။

ယူရီ တီလီမန္းစ္

ေပါင္ ၂၅ သန္းေလာက္နဲ႔ ေခၚယူလို႔ရႏိုင္တဲ့ လက္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ဟာ အဂၤလန္မွာ ေအာင္ျမင္မႈေတြနဲ႔ သက္ေသျပသခဲ့ၿပီးသူျဖစ္ၿပီး အာတီတာလိုခ်င္တဲ့ အရည္အေသြးအားလုံး ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ ေဘာလုံးကိုင္ထားခ်ိန္မွာ သက္ေတာင့္သက္သာရွိၿပီး တိုက္စစ္မွာ အႏၲရာယ္ေပးႏိုင္တဲ့ တီလီမန္းစ္ရဲ႕ ဂိုးသြင္းႏိုင္တဲ့ စြမ္းရည္ဟာ အာဆင္နယ္ကို တိုက္စစ္ပိုင္းေရာ ကြင္းလယ္ပိုင္းမွာပါ ၿပိဳင္ဘက္ေတြကို ပိုမို ၿခိမ္းေျခာက္ႏိုင္ေစမွာျဖစ္ပါတယ္။ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ တီလီမန္းစ္ရဲ႕ ေဘာလုံးမရွိဘဲ ျဖန႔္ေဝႏိုင္စြမ္းနဲ႔ပတ္သက္ၿပီး စိတ္ပူၾကေပမယ့္ဆိုတာကို နားလည္ေပမယ့္ လက္စတာစီးတီးၾကယ္ပြင့္ဟာ ထင္ထားတာထက္ေတာင္ ပိုလုပ္ႏိုင္စြမ္းရွိတယ္ဆိုတာကို သက္ေသျပသခဲ့ၿပီးျဖစ္ပါတယ္။

လက္စတာစီးတီးဟာ ကစားသမားအမ်ားစု သာမန္စြမ္းေဆာင္ရည္ေအာက္ေရာက္ရွိေနခဲ့တာရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ အေကာင္းဆုံးရာသီကို မပိုင္ဆိုင္ခဲ့တာက သာမန္ပဲျဖစ္ပါတယ္။ ၂၀၂၀-၂၀၂၁ ရာသီကို ျပန္ၾကည့္လိုက္မယ္ဆိုရင္ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ပရီးမီးယားလိဂ္မွာ ကြင္းလယ္ကေန ေဘာလုံး ျပန္အဆယ္ယူႏိုင္ဆုံးကစားသမားစာရင္းမွာ ဒုတိယခ်ိတ္ခဲ့တယ္ဆိုတာကို ေတြ႕ရမွာျဖစ္ၿပီး အဲဒါက တီလီမန္းစ္အေနနဲ႔ ခံစစ္ပိုင္းကိုလည္း ဆင္းကူႏိုင္တယ္ဆိုတာကို ျမင္သာေစခဲ့ပါတယ္။ ယူရီ တီလီမန္းစ္အေနနဲ႔ အဲဒီလို တိုက္စစ္မွာေရာ ခံစစ္မွာပါ ျဖန႔္ေဝႏိုင္စြမ္းရွိလာဖို႔အတြက္ ယုံၾကည္ခ်က္ရွိေနဖို႔သာ လိုအပ္ၿပီး အဲဒီယုံၾကည္ခ်က္ကို အာဆင္နယ္မွာ ေနာက္ထပ္တစ္ႀကိမ္ ျပန္ရွာေတြ႕ႏိုင္မယ္လို႔ ထင္မိပါတယ္။

ဇင္ခ်န္ကို

ၿပီးခဲ့တဲ့လေတြ၊ ရက္သတၱပတ္ေတြမွာ သတင္းေခါင္းစည္းေတြကို ေနရာယူခဲ့တဲ့ ဇင္ခ်န္ကိုဟာ မန္စီးတီးက ဂြါဒီယိုလာရဲ႕လူစာရင္းမွာ ေျခစြမ္းတည္ၿငိမ္ၿပီး အားထားရတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္လာခဲ့ၿပီးေနာက္ တစ္ခါတရံမွာ ပိုၿပီး အသိအမွတ္ျပဳျခင္းခံရဖို႔ ထိုက္တန္တယ္လို႔ ခံစားမိပါတယ္။ ဘယ္ေနာက္ခံေနရာ၊ ကြင္းလယ္ဗဟိုေနရာေတြမွာ ကစားႏိုင္စြမ္းရွိတဲ့ ယူကရိန္းၾကယ္ပြင့္ရဲ႕ ခံစစ္ပိုင္းေရာ၊ တိုက္စစ္ပိုင္းပါ လိုက္ပါႏိုင္စြမ္းက မယုံႏိုင္စရာေကာင္းခဲ့ပါတယ္။ မၾကာေသးမီက ကမာၻ႔ဖလားဝင္ခြင့္ Play-off ပြဲစဥ္အျဖစ္ စေကာ့တလန္နဲ႔ကစားခဲ့တဲ့ပြဲစဥ္ကို ၾကည့္ခဲ့မယ္ဆိုရင္ ဇင္ခ်န္ကိုက ကြင္းထဲမွာ ဘယ္ေလာက္ေတာင္ သက္ေတာင့္သက္သာရွိလဲဆိုတာကို သတိျပဳမိမွာျဖစ္ပါတယ္။

မန္စီးတီးၾကယ္ပြင့္ဟာ ခံစစ္ကေန တိုက္စစ္ကို အကူးအေျပာင္းလုပ္တာ ထမင္းစားေရေသာက္သလိုပုံစံေပၚေနခဲ့ၿပီး အဲဒီအရည္အေသြးေတြက အာဆင္နယ္ကို အမ်ားႀကီး အကူအညီျဖစ္ေစမွာပါ။ ဆာလီဘာ ျပန္လာၿပီး တာဗာရက္စ္ အငွားနဲ႔ ထြက္ခ်ိန္မွာ အာဆင္နယ္ခံစစ္မွာ အနည္းဆုံး ဗဟိုခံစစ္ကစားသမား ၄ ဦးအထိ ရွိေနမွာျဖစ္ေပမယ့္လည္း ေနာက္ခံေတာင္ပံေနရာမွာ တီယာနီ မကစားႏိုင္တဲ့အခ်ိန္က်ရင္ အားနည္းသြားမွာျဖစ္တာေၾကာင့္ ဇင္ခ်န္ကိုလိုမ်ိဳး ေနရာစုံကစားႏိုင္တဲ့ ဂ်ိဳကာတစ္ေကာင္ကို ပိုင္ဆိုင္ထားတာ ဘယ္ဘက္ကပဲ ၾကည့္ၾကည့္ အာတီတာအတြက္ အရႈံးမရွိဘူးလို႔ ဆိုရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.