Premier League

ချဲလ်ဆီးကို ပြောင်းရွှေ့လာဖို့ အာမခံချက်တစ်ခု လိုချင်နေတဲ့ မန်စီးတီးကြယ်ပွင့်

မန်ချက်စတာစီးတီး တောင်ပံကြယ်ပွင့် ရာဟင်း စတားလင်းဟာ ယခုနွေရာသီမှာ အစ်တီဟတ်ကနေ စတမ်းဖို့ဒ် ဘရစ်ချ်ကို စိတ်လှုပ်ရှားဖွယ် ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် ၎င်းရဲ့ ပွဲကစားချိန်နဲ့ပတ်သက်ပြီး အာမခံချက်ပေးတာ လိုချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးအသင်းနဲ့အတူ နောက်ထပ် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၁၇ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲထွက်လူစာရင်းမှာ ပထမဦးစားပေးရွေးချယ်မှုတော့ မဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ရာဟင်း စတားလင်းဟာ မန်ချက်စတာစီးတီးအသင်းကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အင်္ဂလန်တောင်ပံကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ချဲလ်ဆီးလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေရဲ့အဆိုအရ ဥရောပထိပ်သီးအသင်းကြီးအများအပြားဟာ စတားလင်းအနေနဲ့ ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမယ့်လည်း အစ်တီဟတ်ကို စွန့်ခွာချင်နေတယ်လို့ ခံစားနေရမှု မြင့်တက်လာနေတာ ဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ စတားလင်းကို ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ခေါ်ယူချင်နေပေမယ့် ကစားသမားက ၎င်းကို အရန်ခုံမှာ ထိုင်ခိုင်းထားမှာမဟုတ်ဘူးဆိုတဲ့ ကတိစကားကို နည်းပြ သောမတ်စ် တူဟယ်ဆီကနေ ကြားချင်နေတာဖြစ်ပါတယ်။

စတားလင်းဟာ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂါးရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာ ရွေးချယ်ခြင်းခံရနိုင်မယ့် အခွင့်အရေး တိုးတက်အောင် ပုံမှန် ပွဲထွက်ကစားချိန် ရရှိချင်နေတာဖြစ်ပါတယ်။ စတားလင်းရဲ့ မန်ချက်စတာစီးတီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ ၎င်းကို အလွတ်နဲ့ ထွက်ခွာခွင့်မပေးရအောင် ယခုနွေရာသီမှာ ရောင်းထုတ်သွားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပေမယ့်လည်း အင်္ဂလန်ကြယ်ပွင့်အတွက် မန်စီးတီးက ပေါင်သန်း ၆၀ အထိ တောင်းဆိုကောင်း တောင်းဆိုနိုင်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ပွဲကစားချိန် မရတာကြောင့် အသင်းကို စွန့်ခွာဖွယ်ရှိတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး အခြေအနေတွေ ပြောင်းလဲလာမလားဆိုတာကို စောင့်ကြည့်ဖို့ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေကို ရပ်တန့်ထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ မန်ချက်စတာစီးတီးရဲ့ လိဂ် ၃၈ ပွဲမှာ ၂၃ ပွဲ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပေမယ့်လည်း စတားလင်းဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ၂ ကျော့စလုံးအပါအဝင် အဓိကပွဲစဉ်အများအပြားမှာ အရန်ခုံထိုင်နေခဲ့ရတာဖြစ်ပါတယ်။

အာလင်း ဟာလန်းနဲ့ ယူလီယန် အဲဗားရက်ဇ်တို့ကို ခေါ်ယူခဲ့မှုက ဂျက် ဂရီးလစ်ရှ်အတွက် ဒုတိယမြောက်ရာသီမှာ ပွဲကစားချိန် ပိုမိုရရှိနိုင်ပေမယ့် စတားလင်းအတွက်တော့ ပွဲကစားချိန် အကန့်အသတ် ပိုမို ရှိလာတော့မှာဖြစ်ပါတယ်။ စတားလင်းဟာ ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီရဲ့ အဓိက အပြောင်းအရွှေ့ပစ်မှတ်ဖြစ်လာနိုင်ပြီး ရုရှားဘီလျံနာဆီကနေ အသင်းကို ပေါင် ၄.၂၅ ဘီလီယံနဲ့ လက်လွှဲဝယ်ယူခဲ့ပြီးနောက် ယခုနွေရာသီမှာ အသင်းကို ပြုပြင်တည်ဆောက်သွားချင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီး ေတာင္ပံၾကယ္ပြင့္ ရာဟင္း စတားလင္းဟာ ယခုေႏြရာသီမွာ အစ္တီဟတ္ကေန စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စိတ္လႈပ္ရွားဖြယ္ ေျပာင္းေ႐ႊ႕ျဖစ္ခဲ့မယ္ဆိုရင္ ၎ရဲ႕ ပြဲကစားခ်ိန္နဲ႔ပတ္သက္ၿပီး အာမခံခ်က္ေပးတာ လိုခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ရာသီမွာ မန္ခ်က္စတာစီးတီးအသင္းနဲ႔အတူ ေနာက္ထပ္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၄၇ ပြဲမွာ ၁၇ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ပြဲထြက္လူစာရင္းမွာ ပထမဦးစားေပးေ႐ြးခ်ယ္မႈေတာ့ မျဖစ္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ရာဟင္း စတားလင္းဟာ မန္ခ်က္စတာစီးတီးအသင္းကို စြန႔္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး အဂၤလန္ေတာင္ပံကစားသမားကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အသင္းေတြထဲမွာ ခ်ဲလ္ဆီးလည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။

သတင္းေတြရဲ႕အဆိုအရ ဥေရာပထိပ္သီးအသင္းႀကီးအမ်ားအျပားဟာ စတားလင္းအေနနဲ႔ ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ရည္႐ြယ္ခ်က္ကို ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသးေပမယ့္လည္း အစ္တီဟတ္ကို စြန႔္ခြာခ်င္ေနတယ္လို႔ ခံစားေနရမႈ ျမင့္တက္လာေနတာ ျဖစ္ပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ စတားလင္းကို ေပါင္သန္း ၆၀ ဝန္းက်င္နဲ႔ ေခၚယူခ်င္ေနေပမယ့္ ကစားသမားက ၎ကို အရန္ခုံမွာ ထိုင္ခိုင္းထားမွာမဟုတ္ဘူးဆိုတဲ့ ကတိစကားကို နည္းျပ ေသာမတ္စ္ တူဟယ္ဆီကေန ၾကားခ်င္ေနတာျဖစ္ပါတယ္။

စတားလင္းဟာ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ အဂၤလန္လက္ေ႐ြးစင္လူစာရင္းမွာ ေ႐ြးခ်ယ္ျခင္းခံရႏိုင္မယ့္ အခြင့္အေရး တိုးတက္ေအာင္ ပုံမွန္ ပြဲထြက္ကစားခ်ိန္ ရရွိခ်င္ေနတာျဖစ္ပါတယ္။ စတားလင္းရဲ႕ မန္ခ်က္စတာစီးတီးနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ ရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းအေနနဲ႔ ၎ကို အလြတ္နဲ႔ ထြက္ခြာခြင့္မေပးရေအာင္ ယခုေႏြရာသီမွာ ေရာင္းထုတ္သြားႏိုင္တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ေပမယ့္လည္း အဂၤလန္ၾကယ္ပြင့္အတြက္ မန္စီးတီးက ေပါင္သန္း ၆၀ အထိ ေတာင္းဆိုေကာင္း ေတာင္းဆိုႏိုင္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ ပြဲကစားခ်ိန္ မရတာေၾကာင့္ အသင္းကို စြန႔္ခြာဖြယ္ရွိတယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး အေျခအေနေတြ ေျပာင္းလဲလာမလားဆိုတာကို ေစာင့္ၾကည့္ဖို႔ ၎ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး အသင္းနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြကို ရပ္တန႔္ထားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီ မန္ခ်က္စတာစီးတီးရဲ႕ လိဂ္ ၃၈ ပြဲမွာ ၂၃ ပြဲ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့ေပမယ့္လည္း စတားလင္းဟာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ၂ ေက်ာ့စလုံးအပါအဝင္ အဓိကပြဲစဥ္အမ်ားအျပားမွာ အရန္ခုံထိုင္ေနခဲ့ရတာျဖစ္ပါတယ္။

အာလင္း ဟာလန္းနဲ႔ ယူလီယန္ အဲဗားရက္ဇ္တို႔ကို ေခၚယူခဲ့မႈက ဂ်က္ ဂရီးလစ္ရွ္အတြက္ ဒုတိယေျမာက္ရာသီမွာ ပြဲကစားခ်ိန္ ပိုမိုရရွိႏိုင္ေပမယ့္ စတားလင္းအတြက္ေတာ့ ပြဲကစားခ်ိန္ အကန႔္အသတ္ ပိုမို ရွိလာေတာ့မွာျဖစ္ပါတယ္။ စတားလင္းဟာ ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီရဲ႕ အဓိက အေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္လာႏိုင္ၿပီး ႐ုရွားဘီလ်ံနာဆီကေန အသင္းကို ေပါင္ ၄.၂၅ ဘီလီယံနဲ႔ လက္လႊဲဝယ္ယူခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ အသင္းကို ျပဳျပင္တည္ေဆာက္သြားခ်င္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.