Premier League

ပရိသတ်များတိုင်းမရတဲ့ PFA ဆုကို ဆာလား ဘာလို့ ရခဲ့တာလဲဆိုတာ ပြောပြလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က PFA ပရော်ဖက်ရှင်နယ်ကစားသမားဟောင်းများရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မိုဟာမက် ဆာလား ရရှိခဲ့တဲ့အပေါ်မှာ တုံ့ပြန်ခဲ့ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ကြာသပတေးနေ့ညမှာ အနိုင်ရရှိသူအဖြစ် အတည်ပြုခြင်းခံခဲ့ရတာဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ် အသင်းဖော်တွေဖြစ်တဲ့ ဗန်ဒိုက်၊ ဆာဒီယို မာနေးတို့အပြင် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဟာရီ ကိန်း၊ ကီဗင် ဒီ ဘရိုင်းနားတို့လို ကစားသမားတွေကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တူညီတဲ့တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးမှု အများဆုံးပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုပေးပွဲ တိုက်ရိုက်ထုတ်လွှင့်နေချိန်အတွင်း ကလော့ပ်က ဆာလားရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး စကားပြောဖို့ အင်တာဗျူးခံခဲ့ရချိန်မှာ ဂျာမန်လူမျိုးန်ညးပြက ဆာလားပိုင်ဆိုင်ခဲ့တဲ့ရာသီအပြင် အီဂျစ်တိုက်စစ်မှူးရဲ့ လေ့ကျင့်ရေးက ခံယူချက်အကြောင်းပါ အတွင်းကျကျ ပြောပြခဲ့တာဖြစ်ပါတယ်။

“ဒီဆုနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ကို နှစ်သက်ရတဲ့အရာက ကစားသမားတွေကနေ မဲပေးရတာကိုပါ။ အဲဒါက ခင်ဗျား စိတ်ဝင်စားသင့်တဲ့ ဆုတစ်ခုပါ။ ပရိသတ်တွေက ဘာတွေပဲ ပြောနေနေပါ။ ခင်ဗျား ပရိသတ်တွေကတော့ အမြဲတမ်း ခင်ဗျားက အကောင်းဆုံးလို့ ပြောနေမှာဖြစ်ပြီး ကျန်တဲ့လူတွေအားလုံးကတော့ ဘယ်လိုလုပ်ပြီး သူက ဒီ ဆုကို ရရှိသွားတာလဲလို့ ပြောကြမှာပါ။ အဲဒီတော့ မို ဆုရတဲ့နေရာမှာ ကိန်းဂဏန်းတွေကြောင့်ပါ။ ဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့်ပါ”

“ဒါပေမယ့် ရာသီအတွင်း အတက်အကျတွေနဲ့အတူ ဂိုးအများဆုံးသွင်းပြီး ဂိုးဖန်တီးမှုအများဆုံး ဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော် ဘောလုံးအကြောင်းသိထားသမျှတော့ ဒါက ထိုက်တန်တဲ့ အနိုင်ရရှိမှုပါ။ ဆာလား ဘယ်လောက်အထိ တိုးတက်နိုင်လဲဆိုတာ ကျွန်တော်တို့ သူ့ကို ကင်းထောက်တဲ့အချိန်မှာ တွေ့ခဲ့ပြီး မိုရဲ့ ဗီဒီယိုအများကြီးလည်း ကျွန်တော် မြင်တွေ့ခဲ့ပါတယ်။ သူက အဲဒီအချိန်တုန်းက အခု ကျွန်တော်တို့ မြင်တွေ့နေရတဲ့ အဆုံးသတ်ကောင်းတဲ့ သတ္တဝါကြီး မဖြစ်သေးပါဘူး”

“ကျွန်တော် သူနဲ့ အလုပ်လုပ်ရမယ့် အခွင့်အရေးနဲ့ပတ်သက်ပြီး မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ စကားပြောခဲ့တယ်။ အရမ်းကောင်းတဲ့ စကားစမြည်ပြောဆိုမှုလေး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူတစ်ယောက်အကြောင်းကို သိဖို့က အချိန်ကြာကြာ ဆက်ဆံဖို့ လိုအပ်ပါတယ်”

“ကျွန်တော် သူ့ကို လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သိခဲ့တဲ့အချိန်မှာ သူက အရမ်းကို ထူးချွန်လိမ့်မယ်ဆိုတာကို သိခဲ့ရတဲ့ အခိုက်အတန့့်ပါပဲ။ ဘာလို့လဲဆိုတော့ သူက စိတ်ဆန္ဒအပြည့်ရှိပြီး ဘယ်တော့မှ တိုးတက်တာကို မရပ်တန့်တဲ့ အလုပ်ပဲ ခေါင်းထဲရှိတဲ့သူမျိုးမို့လို့ပါ”

“ကျွန်တော်တို့ အဲဒီအကြောင်း အများကြီးပြောခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သူက လေ့ကျင့်ရေးမှာ ပထမဆုံး ရောက်တဲ့သူပါ။ ရံဖန်ရံခါတော့ ဂျိမ်းစ် မီလ်နာက သူ့ထက် စောပြီး သူကတော့ နောက်ဆုံးမှ ပြန်တဲ့သူပါ။ ကုသမှု ခံယူမှု၊ ကိုယ်ကာယကြံ့ခိုင်ရေးအလုပ် ဒီလိုအရာမျိုးတွေ အားလုံးပဲ။ ကွင်းထဲမှာ ခင်ဗျား မိုကို ပွဲရဲ့ ပြင်းထန်မှုကြောင့် ‘မို မင်းအခု ဝင်ကစားတော့။ ကျေးဇူးအများကြီးတင်ပါတယ်။ သူက ကျွန်တော် အဆင်ပြေတယ်’လို့ ပြောပါတယ်။ အဲဒီတော့ သူက ဒီဆုနဲ့ လုံးဝကို ထိုက်တန်ပါတယ်။ အဲဓါကြောင့်ပဲ ဒီလို အံ့အားသင့်ဖွယ်ဆုတံဆိပ်ကို ဒုတိယအကြိမ်မြောက် ရရှိသူဖြစ်လာတာပါ။ ဒါနဲ့စကားမစပ် အရမ်းထိုက်တန်ပါတယ် မို”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က PFA ပေရာ္ဖက္ရွင္နယ္ကစားသမားေဟာင္းမ်ားရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို မိုဟာမက္ ဆာလား ရရွိခဲ့တဲ့အေပၚမွာ တုံ႔ျပန္ခဲ့ပါတယ္။

လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ၾကာသပေတးေန႔ညမွာ အႏိုင္ရရွိသူအျဖစ္ အတည္ျပဳျခင္းခံခဲ့ရတာျဖစ္ၿပီး ကစားသမားဘဝတစ္ေလွ်ာက္ PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ပါတယ္။ အီဂ်စ္တိုက္စစ္မႉးဟာ လီဗာပူးလ္ အသင္းေဖာ္ေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဆာဒီယို မာေနးတို႔အျပင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ဟာရီ ကိန္း၊ ကီဗင္ ဒီ ဘ႐ိုင္းနားတို႔လို ကစားသမားေတြကို ေက်ာ္ျဖတ္ၿပီး ဆုရရွိခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၃၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး တူညီတဲ့တစ္ရာသီအတြင္း ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုနဲ႔ ဂိုးဖန္တီးမႈ အမ်ားဆုံးျပဳလုပ္ႏိုင္ခဲ့တဲ့ ကစားသမားဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ဆုေပးပြဲ တိုက္႐ိုက္ထုတ္လႊင့္ေနခ်ိန္အတြင္း ကေလာ့ပ္က ဆာလားရဲ႕ ေအာင္ျမင္မႈနဲ႔ပတ္သက္ၿပီး စကားေျပာဖို႔ အင္တာဗ်ဴးခံခဲ့ရခ်ိန္မွာ ဂ်ာမန္လူမ်ိဳးန္ညးျပက ဆာလားပိုင္ဆိုင္ခဲ့တဲ့ရာသီအျပင္ အီဂ်စ္တိုက္စစ္မႉးရဲ႕ ေလ့က်င့္ေရးက ခံယူခ်က္အေၾကာင္းပါ အတြင္းက်က် ေျပာျပခဲ့တာျဖစ္ပါတယ္။

“ဒီဆုနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ တကယ္ကို ႏွစ္သက္ရတဲ့အရာက ကစားသမားေတြကေန မဲေပးရတာကိုပါ။ အဲဒါက ခင္ဗ်ား စိတ္ဝင္စားသင့္တဲ့ ဆုတစ္ခုပါ။ ပရိသတ္ေတြက ဘာေတြပဲ ေျပာေနေနပါ။ ခင္ဗ်ား ပရိသတ္ေတြကေတာ့ အၿမဲတမ္း ခင္ဗ်ားက အေကာင္းဆုံးလို႔ ေျပာေနမွာျဖစ္ၿပီး က်န္တဲ့လူေတြအားလုံးကေတာ့ ဘယ္လိုလုပ္ၿပီး သူက ဒီ ဆုကို ရရွိသြားတာလဲလို႔ ေျပာၾကမွာပါ။ အဲဒီေတာ့ မို ဆုရတဲ့ေနရာမွာ ကိန္းဂဏန္းေတြေၾကာင့္ပါ။ ဂိုးေတြ သြင္းယူႏိုင္ခဲ့တာေၾကာင့္ပါ”

“ဒါေပမယ့္ ရာသီအတြင္း အတက္အက်ေတြနဲ႔အတူ ဂိုးအမ်ားဆုံးသြင္းၿပီး ဂိုးဖန္တီးမႈအမ်ားဆုံး ဖန္တီးမႈ ျပဳလုပ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ေဘာလုံးအေၾကာင္းသိထားသမွ်ေတာ့ ဒါက ထိုက္တန္တဲ့ အႏိုင္ရရွိမႈပါ။ ဆာလား ဘယ္ေလာက္အထိ တိုးတက္ႏိုင္လဲဆိုတာ ကြၽန္ေတာ္တို႔ သူ႔ကို ကင္းေထာက္တဲ့အခ်ိန္မွာ ေတြ႕ခဲ့ၿပီး မိုရဲ႕ ဗီဒီယိုအမ်ားႀကီးလည္း ကြၽန္ေတာ္ ျမင္ေတြ႕ခဲ့ပါတယ္။ သူက အဲဒီအခ်ိန္တုန္းက အခု ကြၽန္ေတာ္တို႔ ျမင္ေတြ႕ေနရတဲ့ အဆုံးသတ္ေကာင္းတဲ့ သတၱဝါႀကီး မျဖစ္ေသးပါဘူး”

“ကြၽန္ေတာ္ သူနဲ႔ အလုပ္လုပ္ရမယ့္ အခြင့္အေရးနဲ႔ပတ္သက္ၿပီး မယုံႏိုင္ေလာက္ေအာင္ စိတ္လႈပ္ရွားခဲ့ပါတယ္။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ စကားေျပာခဲ့တယ္။ အရမ္းေကာင္းတဲ့ စကားစျမည္ေျပာဆိုမႈေလး ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ လူတစ္ေယာက္အေၾကာင္းကို သိဖို႔က အခ်ိန္ၾကာၾကာ ဆက္ဆံဖို႔ လိုအပ္ပါတယ္”

“ကြၽန္ေတာ္ သူ႔ကို လူပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ သိခဲ့တဲ့အခ်ိန္မွာ သူက အရမ္းကို ထူးခြၽန္လိမ့္မယ္ဆိုတာကို သိခဲ့ရတဲ့ အခိုက္အတန႔့္ပါပဲ။ ဘာလို႔လဲဆိုေတာ့ သူက စိတ္ဆႏၵအျပည့္ရွိၿပီး ဘယ္ေတာ့မွ တိုးတက္တာကို မရပ္တန႔္တဲ့ အလုပ္ပဲ ေခါင္းထဲရွိတဲ့သူမ်ိဳးမို႔လို႔ပါ”

“ကြၽန္ေတာ္တို႔ အဲဒီအေၾကာင္း အမ်ားႀကီးေျပာခဲ့တယ္ဆိုတာ သိပါတယ္။ ဒါေပမယ့္ သူက ေလ့က်င့္ေရးမွာ ပထမဆုံး ေရာက္တဲ့သူပါ။ ရံဖန္ရံခါေတာ့ ဂ်ိမ္းစ္ မီလ္နာက သူ႔ထက္ ေစာၿပီး သူကေတာ့ ေနာက္ဆုံးမွ ျပန္တဲ့သူပါ။ ကုသမႈ ခံယူမႈ၊ ကိုယ္ကာယႀကံ့ခိုင္ေရးအလုပ္ ဒီလိုအရာမ်ိဳးေတြ အားလုံးပဲ။ ကြင္းထဲမွာ ခင္ဗ်ား မိုကို ပြဲရဲ႕ ျပင္းထန္မႈေၾကာင့္ ‘မို မင္းအခု ဝင္ကစားေတာ့။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ သူက ကြၽန္ေတာ္ အဆင္ေျပတယ္’လို႔ ေျပာပါတယ္။ အဲဒီေတာ့ သူက ဒီဆုနဲ႔ လုံးဝကို ထိုက္တန္ပါတယ္။ အဲဓါေၾကာင့္ပဲ ဒီလို အံ့အားသင့္ဖြယ္ဆုတံဆိပ္ကို ဒုတိယအႀကိမ္ေျမာက္ ရရွိသူျဖစ္လာတာပါ။ ဒါနဲ႔စကားမစပ္ အရမ္းထိုက္တန္ပါတယ္ မို”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.