International Match Report

ချက်ကို အနိုင်ယူပြီး နေးရှင်းလိဂ်အုပ်စုကို ဆက်လက်ဦးဆောင်တဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော်စတာ၊ ခံစစ်မှာ ကန်ဆယ်လို၊ ပီပီ၊ ဒါနီလို ပါရဲရားနဲ့ ရာဖေးလ် ဂွါရဲရိုးတို့ကို ခင်းကျင်းပြီး ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ရူဘင် နာဗက်စ်၊ ဝီလီယမ် ကာဗာလ်ယို၊ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဒီယိုဂို ဂျိုတာနဲ့ ဂွန်ဆာလို ဂေးဒက်စ်တို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ချက်ပြည်ထောင်စုအသင်းကတော့ ဂိုးသမား စတာနက်ခ်၊ ခံစစ်မှာ မက်တီယူး၊ ဘရာဘက်ခ်၊ ဒေးဗစ် ဇီမာတို့ကို အထိုင်ချလာခဲ့သလို ကွင်းလယ် မှာတော့ ဆိုးချက်၊ ဆာဒီလက်ခ်၊ ဟေဗယ်လ်နဲ့ ဆိုဖာလ်တို့ကို အသုံးပြုလာခဲ့ပြီး တိုက်စစ်မှာတော့ ဟလိုဂျက်ခ်၊ ကွတ်ချ်တာနဲ့ လင်ဂါတို့ကို ပွဲထွက်စေခဲ့တာပါ။

အိမ်ရှင် ပေါ်တူဂီတို့အနေနဲ့ ဧည့်သည် ချက်တွေရဲ့ ခံစစ်ထိုင်ပြီး ပိတ်ကစားတဲ့ ကစားကွက်မှာ အခွင့်အရေးတွေ ဖော်ဆောင်ဖို့ ထင်တာထက် ခက်ခဲနေခဲ့တာကို တွေ့ခဲ့ရပြီး ဧရိယာအပြင်ကပဲ အမြင့်ဘောတွေနဲ့ ထိုးဖောက်နေရသလို ရော်နယ်လ်ဒိုကလည်း သိပ်ပြီး မလန်းတာကြောင့် တစ်ဖက် ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်နေခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ပေါ်တူဂီတို့ ချက်ရဲ့ မာကျောတဲ့ ခံစစ်ကို စတင်ချိုးဖျက်နိုင်ခဲ့ကြပြီး နောက်တန်းအမှားကနေ ဘောလုံးပြန်ရသွားတဲ့ ဂေးဒက်စ်က နောက်ကို ပြန်ယူပြီးမှ ပြေးတက်လာတဲ့ ကန်ဆယ်လိုရဲ့ ပြေးလမ်းထဲ ထည့်ပေးခဲ့ရာမှာ မန်စီးတီးနောက်ခံလူက မနားတမ်း ဆွဲပြေးပြီး ထောင့်ကျဉ်းအနေအထားက အပြင်းကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ငါးမိနစ်အကြာ ပွဲချိန် ၃၈ မိနစ်မှာ ပေါ်တူဂီတို့ပဲ နောက်တစ်ဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ချက်ဘယ်ခြမ်းခံစစ်ရဲ့ မပါးနပ်မှုကို အခွင့်ကောင်းယူပြီး ဘာနာဒို ဆေးလ်ဗားက လူကြားထဲက ထိုးပေးခဲ့တာကို ပထမဂိုးဖန်တီးရှင် ဂေးဒက်စ်ကပဲ ထောင့်ပိတ်ဖို့ ကြိုးစားတဲ့ ဂိုးသမားရဲ့ အဝေးတိုင်ဘက်ကို အနိမ့်ဘော အသာချိုးကန်နိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး ၂ မိနစ်မှာ လူစားသုံးယောက်လဲလာခဲ့တဲ့ ချက်တို့ ပေါ်တူဂီနောက်တန်းရဲ့ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ဂိုးပြန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အချိတ်အဆက် မမိတာကြောင့် အိမ်ရှင်တွေ ကံကောင်းခဲ့ရသလို ဧည့်သည်တွေကတော့ ဂိုးပေါက်တည့်အောင်ကန်နိုင်ဖို့ ခက်နေခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာ ဂေးဒက်စ်ရဲ့ ဒုတိယဂိုး ရသွားနိုင်တဲ့ ဧရိယာထဲက အနီးကပ်အခွင့်အရေးကို ချက်နောက်တန်းက ခပ်ကြမ်းကြမ်းဖျက်ပြီး တားဆီးသွားခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ပင်နယ်တီပေးဖို့ ငြင်းဆန်သွားခဲ့တာကြောင့် ဂိုးရဖို့ ခက်နေတဲ့ ရော်နယ်လ်ဒိုအတွက်တော့ အခွင့်အရေးကြီးနဲ့ လွဲခဲ့ရချိန်မှာ ချက်တို့ကတော့ ညာခြမ်းကောင်တာတွေကနေ မကြာခဏ ဖောက်ထွက်နိုင်ခဲ့ပေမယ့် ဂိုးဘေးကိုပဲ ကန်နေခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ပေါ်တူဂီဘက်က ဘရူနို ဖာနန်ဒက်စ်နဲ့ ရာဖေးလ် လီယာအိုတို့လို ကစားသမားတွေကို ထပ်မံထည့်သွင်းခဲ့ပေမယ့် ဂိုးထပ်ရခြင်းတော့ မရှိခဲ့သလို ချက်တို့ကလည်း တစ်ပွဲလုံးမှာ ဂိုးပေါက်တစ်ကြိမ်သာ တည့်ခဲ့တာကြောင့် ပွဲအပြီးမှာ အိမ်ရှင် ဆီလီဆာအိုတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပထမပိုင်းကအတိုင်းပဲ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီနေ့ပွဲ ရလဒ်ကြောင့် ပေါ်တူဂီတို့အနေနဲ့ နေးရှင်းလိဂ်(A) အုပ်စု(၂)မှာ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ ပထမနေရာကနေ အနီးကပ် ပြိုင်ဘက်ဖြစ်တဲ့ စပိန်အသင်းကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပြီး အုပ်စုကနေ နောက်တစ်ဆင့် တက်နိုင်ဖို့အတွက် ခြေတစ်လှမ်းကို စတင်လှမ်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ္စတာ၊ ခံစစ္မွာ ကန္ဆယ္လို၊ ပီပီ၊ ဒါနီလို ပါရဲရားနဲ႔ ရာေဖးလ္ ဂြါရဲ႐ိုးတို႔ကို ခင္းက်င္းၿပီး ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ႐ူဘင္ နာဗက္စ္၊ ဝီလီယမ္ ကာဗာလ္ယို၊ ဘာနာဒို ေဆးလ္ဗားတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ဒီယိုဂို ဂ်ိဳတာနဲ႔ ဂြန္ဆာလို ေဂးဒက္စ္တို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ခ်က္ျပည္ေထာင္စုအသင္းကေတာ့ ဂိုးသမား စတာနက္ခ္၊ ခံစစ္မွာ မက္တီယူး၊ ဘရာဘက္ခ္၊ ေဒးဗစ္ ဇီမာတို႔ကို အထိုင္ခ်လာခဲ့သလို ကြင္းလယ္ မွာေတာ့ ဆိုးခ်က္၊ ဆာဒီလက္ခ္၊ ေဟဗယ္လ္နဲ႔ ဆိုဖာလ္တို႔ကို အသုံးျပဳလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟလိုဂ်က္ခ္၊ ကြတ္ခ်္တာနဲ႔ လင္ဂါတို႔ကို ပြဲထြက္ေစခဲ့တာပါ။

အိမ္ရွင္ ေပၚတူဂီတို႔အေနနဲ႔ ဧည့္သည္ ခ်က္ေတြရဲ႕ ခံစစ္ထိုင္ၿပီး ပိတ္ကစားတဲ့ ကစားကြက္မွာ အခြင့္အေရးေတြ ေဖာ္ေဆာင္ဖို႔ ထင္တာထက္ ခက္ခဲေနခဲ့တာကို ေတြ႕ခဲ့ရၿပီး ဧရိယာအျပင္ကပဲ အျမင့္ေဘာေတြနဲ႔ ထိုးေဖာက္ေနရသလို ေရာ္နယ္လ္ဒိုကလည္း သိပ္ၿပီး မလန္းတာေၾကာင့္ တစ္ဖက္ ခံစစ္ကို ေက်ာ္ျဖတ္ဖို႔ ခက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ေပၚတူဂီတို႔ ခ်က္ရဲ႕ မာေက်ာတဲ့ ခံစစ္ကို စတင္ခ်ိဳးဖ်က္ႏိုင္ခဲ့ၾကၿပီး ေနာက္တန္းအမွားကေန ေဘာလုံးျပန္ရသြားတဲ့ ေဂးဒက္စ္က ေနာက္ကို ျပန္ယူၿပီးမွ ေျပးတက္လာတဲ့ ကန္ဆယ္လိုရဲ႕ ေျပးလမ္းထဲ ထည့္ေပးခဲ့ရာမွာ မန္စီးတီးေနာက္ခံလူက မနားတမ္း ဆြဲေျပးၿပီး ေထာင့္က်ဥ္းအေနအထားက အျပင္းကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ငါးမိနစ္အၾကာ ပြဲခ်ိန္ ၃၈ မိနစ္မွာ ေပၚတူဂီတို႔ပဲ ေနာက္တစ္ဂိုး ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခ်က္ဘယ္ျခမ္းခံစစ္ရဲ႕ မပါးနပ္မႈကို အခြင့္ေကာင္းယူၿပီး ဘာနာဒို ေဆးလ္ဗားက လူၾကားထဲက ထိုးေပးခဲ့တာကို ပထမဂိုးဖန္တီးရွင္ ေဂးဒက္စ္ကပဲ ေထာင့္ပိတ္ဖို႔ ႀကိဳးစားတဲ့ ဂိုးသမားရဲ႕ အေဝးတိုင္ဘက္ကို အနိမ့္ေဘာ အသာခ်ိဳးကန္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းစၿပီး ၂ မိနစ္မွာ လူစားသုံးေယာက္လဲလာခဲ့တဲ့ ခ်က္တို႔ ေပၚတူဂီေနာက္တန္းရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး ဂိုးျပန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အခ်ိတ္အဆက္ မမိတာေၾကာင့္ အိမ္ရွင္ေတြ ကံေကာင္းခဲ့ရသလို ဧည့္သည္ေတြကေတာ့ ဂိုးေပါက္တည့္ေအာင္ကန္ႏိုင္ဖို႔ ခက္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၆ မိနစ္မွာ ေဂးဒက္စ္ရဲ႕ ဒုတိယဂိုး ရသြားႏိုင္တဲ့ ဧရိယာထဲက အနီးကပ္အခြင့္အေရးကို ခ်က္ေနာက္တန္းက ခပ္ၾကမ္းၾကမ္းဖ်က္ၿပီး တားဆီးသြားခဲ့ေပမယ့္ ဒိုင္လူႀကီးကေတာ့ ပင္နယ္တီေပးဖို႔ ျငင္းဆန္သြားခဲ့တာေၾကာင့္ ဂိုးရဖို႔ ခက္ေနတဲ့ ေရာ္နယ္လ္ဒိုအတြက္ေတာ့ အခြင့္အေရးႀကီးနဲ႔ လြဲခဲ့ရခ်ိန္မွာ ခ်က္တို႔ကေတာ့ ညာျခမ္းေကာင္တာေတြကေန မၾကာခဏ ေဖာက္ထြက္ႏိုင္ခဲ့ေပမယ့္ ဂိုးေဘးကိုပဲ ကန္ေနခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ေပၚတူဂီဘက္က ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ရာေဖးလ္ လီယာအိုတို႔လို ကစားသမားေတြကို ထပ္မံထည့္သြင္းခဲ့ေပမယ့္ ဂိုးထပ္ရျခင္းေတာ့ မရွိခဲ့သလို ခ်က္တို႔ကလည္း တစ္ပြဲလုံးမွာ ဂိုးေပါက္တစ္ႀကိမ္သာ တည့္ခဲ့တာေၾကာင့္ ပြဲအၿပီးမွာ အိမ္ရွင္ ဆီလီဆာအိုတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပထမပိုင္းကအတိုင္းပဲ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဒီေန႔ပြဲ ရလဒ္ေၾကာင့္ ေပၚတူဂီတို႔အေနနဲ႔ ေနးရွင္းလိဂ္(A) အုပ္စု(၂)မွာ ၃ ပြဲကစား ၂ ပြဲႏိုင္ ၁ ပြဲသေရ၊ ရမွတ္ ၇ မွတ္နဲ႔ ပထမေနရာကေန အနီးကပ္ ၿပိဳင္ဘက္ျဖစ္တဲ့ စပိန္အသင္းကို ၂ မွတ္ျဖတ္ၿပီး ဦးေဆာင္ထားႏိုင္ခဲ့ၿပီး အုပ္စုကေန ေနာက္တစ္ဆင့္ တက္ႏိုင္ဖို႔အတြက္ ေျခတစ္လွမ္းကို စတင္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.