La Liga

ရီးရဲလ်ကို ပြောင်းရွှေ့ပြီးနောက် ချဲလ်ဆီးပရိသတ်တွေရင်နာစေမယ့် စကားပြောခဲ့တဲ့ ရူဒီဂါ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ အန်တိုနီယို ရူဒီဂါက မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး MARCA နဲ့ အင်တာဗျူးမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အနိုင်လိုချင်တဲ့စိတ်ဓာတ်က ၎င်းရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့တော့ ကွက်တိပဲလို့ ပြောကြားပြီး ချဲလ်ဆီးပရိသတ်တွေကို မပျော်မရွှင်ဖြစ်စေခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင် နောက်ခံကစားသမားဟာ နည်းပြ တူဟယ်လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်နဲ့ ပုံမှန် ခြေစွမ်း ပြန်လည်ရရှိလာခဲ့သူဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရူဒီဂါက ချဲလ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်ကို မပြောင်းရွှေ့ခင် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို စပိန်သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ပြောနေတာတွေ အများစုက ဖြစ်ပျက်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် ရိုးရိုးသားသားပြောရရင် ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးကိုပဲ ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ကျွန်တော် အရမ်းဂုဏ်ယူမိပြီး ဒီအပြောင်းအရွှေ့က ဘာအဓိပ္ပာယ်လဲဆိုတာကို မသိသေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် မက်ဒရစ်ကို မရောက်သေးလို့ပါ။ ကျွန်တော် ဂျာမနီအသင်းနဲ့ ပွဲတွေပြီးရင် ဒီလေ့ကျင့်ရေးစခန်းကနေ ချက်ချင်းပဲ အဲဒီကို မိသားစုနဲ့ သွားမှာဖြစ်ပြီး အဲဒီအခါကျရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ရတာက ဘာအဓိပ္ပာယ်ရှိလဲဆိုတာ ကျွန်တော် သိမယ်လို့ ထင်ပါတယ်”

အန်တိုနီယို ရူဒီဂါက ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ၎င်းရဲ့အပြောင်းအရွှေ့ကို စိတ်ဝင်စားခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပြီး ဂျာမန်နောက်ခံလူက အဲဒီအတွက် အီတလီလူမျိုးနည်းပြကြီးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ ဘောလုံးလောကမှာ ရှိတဲ့ အားလုံးက အန်ဆယ်လော့တီက ဘယ်လောက် အရှိန်အဝါကြီးမားတဲ့နည်းပြလဲဆိုတာကို သိကြပါတယ်။ သူက ထိပ်တန်းနည်းပြဖြစ်ပြီး အဲဒါကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား နောက်ထပ်တစ်ကြိမ် ရယူပြီး သက်သေပြခဲ့ပါတယ်။ သူ့အကြောင်းပြောပြီး အချိန်အများကြီး ကျွန်တော် ဖြုန်းတီးဖို့မလိုပါဘူး”

“အန်ဆယ်လော့တီလိုမျိုး နည်းပြက ကျွန်တော့်ကို လိုချင်တယ်ဆိုတာကို သိရတာနဲ့တင် အမှန်တကယ် ဂုဏ်ယူစရာလို့ပဲ ကျွန်တော် ပြောနိုင်ပါတယ်။ ကျွန်တော် ကလေးဘဝကတည်းက သူ့ကို တီဗွီမှာ မြင်တွေ့ခဲ့ရပြီး ဂုဏ်ယူစရာပါ။ ကျွန်တော် သူနဲ့ စကားပြောခဲ့ပြီး သူက အရာအားလုံး ပြောပြီးဆိုပြီးတဲ့အခါကျတော့ ကျွန်တော့်ကို ကြိုဆိုခဲ့ပါတယ်”

“မက်ဒရစ်မှာ ရှိတဲ့ အားလုံးက ကျွန်တော့်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ကြတယ်လို့ ကျွန်တော့်ကို ပြောခဲ့ပြီး အဲဒါက ကျွန်တော့်ကို တကယ်ဂုဏ်ယူမိစေသလို ပျော်လည်း ပျော်ရွှင်စေပါတယ်။ အန်ဆယ်လော့တီက ရီးရဲလ်ကို ဘန်ဇီးမား၊ ခရူးစ်၊ မိုဒရစ်၊ ကက်စမီရိုတို့လိုကစားသမားတွေနဲ့ အားကောင်းတဲ့အသင်းဖြစ်လာအောင် လုပ်ခဲ့တယ်”

“သူက ကျွန်တော့်ကို အဲဒီလူတွေအားလုံးက ကျွန်တော် မက်ဒရစ်မှာ ရှိတော့မှာကို ပျော်ရွှင်နေကြတယ်လို့ ပြောခဲ့တယ်။ အဲဒါက ကျွန်တော့်ကို မက်ဒရစ်မှာ ပိုပြီးတောင် ကောင်းမွန်တဲ့အလုပ်တွေ လုပ်နိုင်အောင် စိတ်ဓာတ်ခွန်အားပေးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အောင်မြင်မှုကို အမြဲတမ်း ဆာလောင်တတ်တဲ့အသင်းဖြစ်တာကြောင့် ကစားသမားတွေအပေါ်မှာ ဖိအားပေးတဲ့သမိုင်းကြောင်းတွေ ရှိနေချိန်မှာ အန်တိုနီယို ရူဒီဂါက တစ်ခါတရံမှာ ဖိအားတွေက အကူအညီဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲဒါဟုတ်ပါတယ်။ ဒါက ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းကြောင်းပါ။ သူတို့တွေက အနိုင်ရနေကျဖြစ်ပြီး အဲဒါက သူတို့ရဲ့ အနိုင်ရချင်တဲ့ စိတ်ဓာတ်ပါပဲ။ ဒါပေမယ့် အဲဒီ အနိုင်ရချင်တဲ့ စိတ်ဓာတ်က ကျွန်တော့်ရဲ့ ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေးနဲ့တော့ ကွက်တိပဲ”လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ အန္တိုနီယို ႐ူဒီဂါက မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး MARCA နဲ႔ အင္တာဗ်ဴးမွာ ရီးရဲလ္မက္ဒရစ္ရဲ႕ အႏိုင္လိုခ်င္တဲ့စိတ္ဓာတ္က ၎ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔ေတာ့ ကြက္တိပဲလို႔ ေျပာၾကားၿပီး ခ်ဲလ္ဆီးပရိသတ္ေတြကို မေပ်ာ္မ႐ႊင္ျဖစ္ေစခဲ့ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ ေနာက္ခံကစားသမားဟာ နည္းျပ တူဟယ္လက္ေအာက္မွာ ပုံမွန္ ပြဲထြက္ခြင့္နဲ႔ ပုံမွန္ ေျခစြမ္း ျပန္လည္ရရွိလာခဲ့သူျဖစ္ၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ႐ူဒီဂါက ခ်ဲလ္ဆီးအသင္းကေန ရီးရဲလ္မက္ဒရစ္ကို မေျပာင္းေ႐ႊ႕ခင္ ၿပီးခဲ့တဲ့ လအနည္းငယ္အတြင္း ေနာက္ကြယ္မွာ ဘာေတြျဖစ္ပ်က္ခဲ့လဲဆိုတာကို စပိန္သတင္းဌာနနဲ႔ ေတြ႕ဆုံရာမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ေျပာေနတာေတြ အမ်ားစုက ျဖစ္ပ်က္ခဲ့တယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ ႐ိုး႐ိုးသားသားေျပာရရင္ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်ဲလ္ဆီးကိုပဲ ထည့္သြင္းစဥ္းစားခဲ့ပါတယ္။ ကြၽန္ေတာ္ အရမ္းဂုဏ္ယူမိၿပီး ဒီအေျပာင္းအေ႐ႊ႕က ဘာအဓိပၸာယ္လဲဆိုတာကို မသိေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ မက္ဒရစ္ကို မေရာက္ေသးလို႔ပါ။ ကြၽန္ေတာ္ ဂ်ာမနီအသင္းနဲ႔ ပြဲေတြၿပီးရင္ ဒီေလ့က်င့္ေရးစခန္းကေန ခ်က္ခ်င္းပဲ အဲဒီကို မိသားစုနဲ႔ သြားမွာျဖစ္ၿပီး အဲဒီအခါက်ရင္ေတာ့ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ရတာက ဘာအဓိပၸာယ္ရွိလဲဆိုတာ ကြၽန္ေတာ္ သိမယ္လို႔ ထင္ပါတယ္”

အန္တိုနီယို ႐ူဒီဂါက ရီးရဲလ္မက္ဒရစ္နည္းျပ အန္ဆယ္ေလာ့တီက ၎ရဲ႕အေျပာင္းအေ႐ႊ႕ကို စိတ္ဝင္စားခဲ့တယ္လို႔ အတည္ျပဳေျပာၾကားခဲ့ၿပီး ဂ်ာမန္ေနာက္ခံလူက အဲဒီအတြက္ အီတလီလူမ်ိဳးနည္းျပႀကီးကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“ဟုတ္ပါတယ္။ ေဘာလုံးေလာကမွာ ရွိတဲ့ အားလုံးက အန္ဆယ္ေလာ့တီက ဘယ္ေလာက္ အရွိန္အဝါႀကီးမားတဲ့နည္းျပလဲဆိုတာကို သိၾကပါတယ္။ သူက ထိပ္တန္းနည္းျပျဖစ္ၿပီး အဲဒါကို လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလား ေနာက္ထပ္တစ္ႀကိမ္ ရယူၿပီး သက္ေသျပခဲ့ပါတယ္။ သူ႔အေၾကာင္းေျပာၿပီး အခ်ိန္အမ်ားႀကီး ကြၽန္ေတာ္ ျဖဳန္းတီးဖို႔မလိုပါဘူး”

“အန္ဆယ္ေလာ့တီလိုမ်ိဳး နည္းျပက ကြၽန္ေတာ့္ကို လိုခ်င္တယ္ဆိုတာကို သိရတာနဲ႔တင္ အမွန္တကယ္ ဂုဏ္ယူစရာလို႔ပဲ ကြၽန္ေတာ္ ေျပာႏိုင္ပါတယ္။ ကြၽန္ေတာ္ ကေလးဘဝကတည္းက သူ႔ကို တီဗြီမွာ ျမင္ေတြ႕ခဲ့ရၿပီး ဂုဏ္ယူစရာပါ။ ကြၽန္ေတာ္ သူနဲ႔ စကားေျပာခဲ့ၿပီး သူက အရာအားလုံး ေျပာၿပီးဆိုၿပီးတဲ့အခါက်ေတာ့ ကြၽန္ေတာ့္ကို ႀကိဳဆိုခဲ့ပါတယ္”

“မက္ဒရစ္မွာ ရွိတဲ့ အားလုံးက ကြၽန္ေတာ့္ရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ခဲ့ၾကတယ္လို႔ ကြၽန္ေတာ့္ကို ေျပာခဲ့ၿပီး အဲဒါက ကြၽန္ေတာ့္ကို တကယ္ဂုဏ္ယူမိေစသလို ေပ်ာ္လည္း ေပ်ာ္႐ႊင္ေစပါတယ္။ အန္ဆယ္ေလာ့တီက ရီးရဲလ္ကို ဘန္ဇီးမား၊ ခ႐ူးစ္၊ မိုဒရစ္၊ ကက္စမီ႐ိုတို႔လိုကစားသမားေတြနဲ႔ အားေကာင္းတဲ့အသင္းျဖစ္လာေအာင္ လုပ္ခဲ့တယ္”

“သူက ကြၽန္ေတာ့္ကို အဲဒီလူေတြအားလုံးက ကြၽန္ေတာ္ မက္ဒရစ္မွာ ရွိေတာ့မွာကို ေပ်ာ္႐ႊင္ေနၾကတယ္လို႔ ေျပာခဲ့တယ္။ အဲဒါက ကြၽန္ေတာ့္ကို မက္ဒရစ္မွာ ပိုၿပီးေတာင္ ေကာင္းမြန္တဲ့အလုပ္ေတြ လုပ္ႏိုင္ေအာင္ စိတ္ဓာတ္ခြန္အားေပးပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ေအာင္ျမင္မႈကို အၿမဲတမ္း ဆာေလာင္တတ္တဲ့အသင္းျဖစ္တာေၾကာင့္ ကစားသမားေတြအေပၚမွာ ဖိအားေပးတဲ့သမိုင္းေၾကာင္းေတြ ရွိေနခ်ိန္မွာ အန္တိုနီယို ႐ူဒီဂါက တစ္ခါတရံမွာ ဖိအားေတြက အကူအညီျဖစ္ေစႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“အဲဒါဟုတ္ပါတယ္။ ဒါက ရီးရဲလ္မက္ဒရစ္ရဲ႕ သမိုင္းေၾကာင္းပါ။ သူတို႔ေတြက အႏိုင္ရေနက်ျဖစ္ၿပီး အဲဒါက သူတို႔ရဲ႕ အႏိုင္ရခ်င္တဲ့ စိတ္ဓာတ္ပါပဲ။ ဒါေပမယ့္ အဲဒီ အႏိုင္ရခ်င္တဲ့ စိတ္ဓာတ္က ကြၽန္ေတာ့္ရဲ႕ ကိုယ္ပိုင္ ကိုယ္ရည္ကိုယ္ေသြးနဲ႔ေတာ့ ကြက္တိပဲ”လို႔ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.